နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, October 24, 2019

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် PhD ဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာ လမ်းညွှန်


14.11.2019 မှာ ဖြေရမယ့် PhD Entrance စာမေးပွဲအတွက် အကူအညီတောင်းကြတဲ့အတွက် အင်္ဂလိပ်ဘာသာအတွက် လမ်းညွှန်ချက်လေးပေးပြီး ကူညီပါရစေ။
ဒီနှစ်မေးခွန်းပုံစံကို ကြည့်ရင် -
I. Reading Comprehension
II. Cloze Type
III. Cloze Type without fillers
IV. Vocabulary
V. Tenses
VI. Preposition/Article
VII. Word Order
VIII. Argumentative Writing ဆိုပြီး တွေ့ရပါတယ်။
စာမေးပွဲ အောင်မြင်ဖို့ ရှုထောင့်က ကြည့်ရင် Reading Comprehension, Cloze Type, Tenses, Word Order တို့က အရင်သင်ကြားဖူးလေ့လာဖူးတဲ့ အခြေခံအရသော်လည်းကောင်း၊ အမှတ်ပေးပုံအရသော်လည်းကောင်း အမှတ်ရနိုင်ပါတယ်။ ဒါတွေမှာ အမှတ်ရအောင် ကြိုးစားပြီး တခြားမေးခွန်းနံပါတ်တွေအတွက်ပါ အခြေအနေကောင်းအောင် ပြင်ဆင်ထားရပါမယ်။
မေးခွန်းနံပါတ် တစ်ခုချင်းစီ ကြည့်ရအောင်ပါ။
နံပါတ် I. Reading Comprehension အတွက်က စာဖတ်ကျင့် ရှိထားရင် အကောင်းဆုံး ပြင်ဆင်ထားသလိုပါပဲ။ ခုကတော့ ဖြေဆိုတဲ့အခါ နည်းစနစ်လေးတွေ အကြံပြုချင်ပါတယ်။ ပထမဆုံး စာပိုဒ်တွေကို မြန်မြန် ဖတ်သွားပါ။ လုံးစေ့ပတ်စေ့ နားလည်ဖို့မဟုတ်ဘဲ ဘာအကြောင်းပြောထားတယ်၊ ဘယ်နေရာမှာ ဘယ်အချက်အလက်တွေပါတယ်ဆိုတာကို ယေဘုယျသိဖို့ ဖြစ်ပါတယ်။ ဒီလိုဖတ်တဲ့အချိန်မှာ စာပိုဒ်တစ်ခုရဲ့ အစဝါကျတွေနဲ့ အဆုံးဝါကျတွေကို ဦးစားပေး ဖတ်သွားပါ။ ဒါတွေက စာပိုဒ်တစ်ခုရဲ့ ဆိုလိုရင်းကို ကောင်းကောင်း ဖော်ပြပေးနိုင်တဲ့ စာကြောင်းတွေပါပဲ။
အကြမ်းဖျင်းနားလည်ပြီ ဆိုရင် မေးခွန်းတွေကို ဖတ်ပါ။ ဒါကိုတော့ သေချာဖတ်ပါ။ ဘာသာပြန်ကြည့်ဖို့ လိုရင် ပြန်ပါ။ ပြီးရင် မေးခွန်းမှာပါတဲ့ key words တွေသုံးပြီး စာပိုဒ်မှာ အဖြေရှာပါ။ သင့်တော်တဲ့ အဖြေကို ဆုံးဖြတ်ပါ။
မေးခွန်းဖြေဆိုပုံနဲ့ ပတ်သက်လို့ နမူနာဖြေပြထားတာတွေ ရှိပါတယ်။ အသစ်တွေလည်း ထပ်ဖြေပေးဖို့ စိတ်ကူးထားပါတယ်။
နံပါတ် II. Cloze Type ဖြေတတ်ဖို့ဆိုရင် Eight parts of speech တွေကို နားလည်ရပါမယ်။ Noun ဆိုရင် ဘယ်နေရာထားရမယ်၊ verb ကဘယ်နေရာ၊ Adj က ဘယ်နေရာထည့်ရမယ် စသည်ဖြင့် နားလည်တတ်ကျွမ်းမှ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ အခြေခံ Grammar တွေ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဖြေနည်းတချို့ ရေးပေးထားတာ ရှိပါတယ်။
ဒီနေရာမှာ ဖြေနည်းကို အကြမ်းဖျင်းပြောရမယ်ဆိုရင် ပထမဆုံး ပေးထားတဲ့ ဖြည့်ပေးရမယ့် စာလုံးတွေကို သွက်သွက်လေး ကြည့်သွားပါ။ ဘယ်ဟာကဖြင့် noun ၊ ဘယ်ဟာက verb ၊ ဘယ်နေရာမှာ preposition စသည်ဖြင့် တစ်ခါတည်း အကြမ်းဖျင်း ဆုံးဖြတ်သွားပါ။
ခု ဘယ်နံပါတ်အတွက်ပဲ ပြောပြော “မြန်မြန်လေး/ သွက်သွက်လေး” ကြည့်ပါ၊ ဖတ်ပါ စသည်ဖြင့် ပြောနေတာကို သတိထားမိမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ စိမ်ပြေနပြေလုပ်နေရင် အချိန်မရပါဘူး။ မလိုတဲ့နေရာမှာ အချိန်ပိုသုံးရင် လိုတဲ့နေရာမှာ အချိန်မလောက်ဖြစ်တတ်ပါတယ်။
Cloze Type ဖြေပုံဘက် ပြန်လှည့်ပြောရရင် မေးခွန်းတွေကို ဖတ်သွားပြီး ဒီကွက်လပ်မှာက noun ၊ ဟိုကွက်လပ်မှာက verb စသည်ဖြင့် စဉ်းစားပြီး အဓိပ္ပာယ်အရ သင့်တော်တဲ့ စာလုံးတွေကို ရွေးချယ်ထည့်ရပါမယ်။ ဥပမာ- noun ထည့်ရမယ်ဆိုတာတော့ သိနေပြီ။ ဒါပေမဲ့ ထည့်ရမယ့် noun က သုံးလေးလုံး ဖြစ်နေတာမျိုး ရှိတတ်တယ်လေ။ ဒါဆိုရင် အဓိပ္ပာယ်အရ စဉ်းစားပြီး ထည့်ပါ။ အလေ့အကျင့် လုပ်ထားဖို့ လိုပါတယ်။ မဟုတ်ရင် ဖြေတဲ့အခါ ချွေးပြန်အောင် စဉ်းစားခါမှာ သုံးလေးလုံးပဲ ထည့်နိုင်တာ ဖြစ်တတ်ပါတယ်။
နံပါတ် III Cloze Type without fillers က ခက်သွားပြီ။ ဒါက Grammar အခြေခံရော၊ Vocabulary ပါ ပိုင်ပိုင်နိုင်နိုင် သိထားတာရော ရှိမှ အမှတ်ပြည့်ဖြေနိုင်ပါလိမ့်မယ်။ စကားအဆက်အစပ်ကို ကြည့်ပြီး စာလုံးကို မှန်းဆပါ။ ဖြည့်ရမယ့်စာလုံးသိပြီဆို Adj လား၊ noun လား၊ verb လား စသည်ဖြင့် ဆုံးဖြတ်ထည့်ပါ။ s,es,ed စတာမျိုး ထည့်ပေးဖို့ လိုမလို သတိထားပါ။ ဒါဆို အဆင်ပြေပါလိမ့်မယ်။ နမူနာ သင်ပြချက်တွေ အားတဲ့အခါ ကြိုးစားရေးပေးပါမယ်။
နံပါတ် IV. Vocabulary ဆိုတာကတော့ အတော်ကျယ်တဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဘာမေးမယ်ဆိုတာ မှန်းဆရဖို့ အတော်ခက်ပါလိမ့်မယ်။ ဖြစ်နိုင်တာက စာပိုဒ်မှာပေးထားတဲ့ စာလုံးတွေနဲ့ အဓိပ္ပာယ်ဆင်တူ၊ အဓိပ္ပာယ်ဆန့်ကျင်ဘက် စာလုံးတွေ မေးတာတို့၊ ဝါကျတစ်ကြောင်းပေးထားပြိး ရွေးစရာ သုံးလေးခုမှာ မှန်ကန်တဲ့ အဖြေရွေးခိုင်းတာမျိုး ပြင်ဆင်ထားသင့်ပါတယ်။
နံပါတ် V. Tenses တွေအတွက်ကလည်း ကြိုတင်ဖတ်ရှုလေ့ကျင့်ထားမှသာ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ ဆရာဦးသာနိုးရေးတဲ့ English Grammar for All တို့ English the easy way တို့လိုစာအုပ်တွေက self-study လုပ်ချင်သူတွေ အလွယ်တကူနားလည်ဖို့ ကူညီနိုင် ပါလိမ့်မယ်။ အင်္ဂလိပ်စာအုပ်ဖတ်ချင်ရင်တော့ Raymond Murphy ရဲ့ English Grammar in Use တို့ဖတ်ရင် နားလည်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလေးတွေရှာဖွေပြီး လေ့ကျင့်မှလည်း မေးခွန်းဖြေတဲ့အခါ မှန်ကန်မှာပါ။
နံပါတ် VI. က Prepositions နဲ့ Articles ပါ။
Prepositions အတွက်ကတော့ ရှာဖွေမှတ်သားရပါမယ်။ အချိန်ပြတဲ့/နေရာပြတဲ့/phrasal verbs တွေက preposition အားလုံး မှတ်သားပါ။ English Grammar in Use (Raymond Murphy) ရေးတဲ့ စာအုပ်လိုမျိုးမှာ ပြည့်ပြည့်စုံစုံရှင်းပြထားတာပါပါတယ်။ ဆရာ/မ တစ်ယောက်နဲ့ လေ့လာနိုင်ရင်တော့ အချိန်ကုန်သက်သာပါလိမ့်မယ်။
Articles ကလည်း မလွယ်ပါဘူး။ articles ကိုမှ မှန်မှန်ကန်ကန်မသုံးတတ်ရင် အင်္ဂလိပ်စာ မတတ်သေးဘူးလို့ ပြောရတာဖြစ်လို့ ဘယ်လွယ်ပါ့မလဲ။ ဒါတွေအတွက် ဖြတ်လမ်းမရှိပါဘူး။ ပေးထားတဲ့ Grammar စာအုပ်တွေမှာ ဖတ်လို့ရပါတယ်။ တခြားစာအုပ်တွေလည်း ရှာဖွေလေ့ကျင့်လို့ရပါတယ်။
နံပါတ် VII. Word order ကတော့ ရောသမမွှေထားတဲ့ စကားလုံးတွေကို ဝါကျမှန်မှန်ကန်ကန်တစ်ကြောင်းဖြစ်အောင် တည်ဆောက်ရပါလိမ့်မယ်။ အစ စာလုံးပေးထားပါလိမ့်မယ်။ ဒါတွေကို စဉ်တဲ့အခါ S + V + O ဆိုတဲ့ ယေဘုယျ ပုံစံကို အဓိက စဉ်းစားပါ။ Sub ကို အထူးပြုမယ့် Adj လုံးချင်းလား၊ adj အစုလား စဉ်းစားပြီးတွဲပေး။ ဝါကျနှစ်ကြောင်း ဖြစ်နေမယ် အကြောင်းအရာ နှစ်မျိုးဖြစ်နေမယ်ဆို စကားစပ်ထည့်ပေး။ စသည်ဖြင့် စဉ်းစားပြီးလုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ ဝါကျတွေကို မနိုင်မနင်းအရှည်ကြီး မမေးလောက်ဘူးလို့ မျှော်လင့်ပါတယ်။
Word Order ဖြေဆိုနည်းကို ဒီမှာကြည့်ပါ > https://m.facebook.com/story.php?story_fbid=1951430441577764&id=100001324820385
နောက်ဆုံး နံပါတ် VIII. Argumentative Writing ကိုတော့ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ကိုယ်ကြုံခဲ့ဖူးတဲ့ IELTS writing ရဲ့ Task 2 လိုပါပဲ။ လမ်းညွှန်ပေးထားတာ ရှိပါတယ်။
အချုပ်အနေနဲ့ ပြန်ကြည့်ရအောင်။
Reading comprehension အတွက် ဖြေနည်းတွေ သိအောင်လုပ်ပါ။ ဒီမှာပြောထားတဲ့ နည်းစနစ်တွေသုံးပြိး လေ့ကျင့်ထားပါ။
Cloze Type အတွက်လည်း ခြောက်ပုဒ် ခုနစ်ပုဒ်လောက် အနည်းဆုံး လေ့ကျင့်ထားစေချင်ပါတယ်။
Tenses တွေအတွက် စည်းမျည်းလေးတွေ ပြန်နွှေးထားပါ။ လေ့ကျင့်ခန်းလေးတွေနဲ့ လေ့ကျင့်ပါ။ ချဖြေကြည့်ပါ။ မျက်လုံးနဲ့ပဲကြည့်လို့ကတော့ လွဲပါဦးမယ်။
Prepositons/Vocabulary/Articles အတွက်လည်း ပစ်မထားပါနဲ့။ မေးခွန်းဟောင်းလေးတွေ ရှာပြီး လေ့ကျင့်ထားပါ။
မအားတဲ့ကြားက ကြိုးစားရေးပေးတာဆိုတော့ ရေးပေးထားတာ အကုန် Link မချိတ်ပေးနိုင်သေးပါဘူး။ လိုအပ်တာတွေ edit လုပ်ပြီး ထပ်ဖြည့်တာ၊ ပြန်ပြင်တာ၊ Link ချိတ်တာ လုပ်ပေးပါမယ်။ ဘာတွေ လေ့ကျင့်ရမှန်းမသိသူတွေအတွက်လည်း လေ့ကျင့်စရာလေးတွေ တင်ပေးပါ့မယ်။ ခဏတော့ စောင့်ပေးပေါ့နော်။ စာစစ်နေတော့ သိပ်အချိန်မရလို့ပါ။
အဆင်ပြေ အောင်မြင်ပြီး ရာထူး၊ ပညာတိုးတက်ပါစေ။

YTU PhD ဝင်ခွင့်အတွက် အင်္ဂလိပ်စာ


ကျွန်တော် YTU PhD ဝင်ခွင့်အတွက် လေ့လာသင့်တဲ့ပုံစံတွေကို ပြောခဲ့တယ်နော်။ ဒီ link မှာပါ > https://m.facebook.com/story.php?story_fbid=2486471698073633&id=100001324820385
ခု လေ့လာသင့်တဲ့ အထောက်အကူပြု စာတွေကို Download link ယူနိုင်အောင်၊ ကြည့်နိုင်အောင် ပေးသွားပါမယ်။

(I) Reading Comprehension အတွက်က PhD အတွက်သီးသန့်ရေးပေးထားတာ ကြည့်မယ်ဆိုရင် ဒီ link မှာကြည့်ပါ။
RC for PhD > https://m.facebook.com/story.php?story_fbid=1960747420646066&id=100001324820385
အသစ်လည်း ထပ်ရေးပါမယ်။

(II) Cloze Type အတွက်က mediafire မှာ အရင်က upload လုပ်ပေးထားပါတယ်။ ဖြေနည်းနဲ့ လေ့ကျင့်ခန်းတွေပါပါတယ်။ တင်ထားတုန်းက ME အတွက်ဆိုပေမဲ့ ဘယ်သူလေ့ကျင့်လေ့ကျင့် တူတူပါပဲ။ ဒီမှာ ဒေါင်းပါ > http://www.mediafire.com/.../ME_Entrance_%2528Cloze.../file

(III) Cloze Type without fillers ဆိုတာက ခုမှ ထည့်ထားတဲ့ ပုံစံဖြစ်တဲ့အတွက် အရင်ရေးထားတာ မရှိပါဘူး။ ခု အသစ် ရေးပေးပါမယ်။

(IV) Vocabulary ဆိုတာက နည်းနည်းကျယ်ပြန့်ပါတယ်။ အရင်မေးထားဖူးတဲ့ ပုံစံတွေကိုကြည့်မယ်ဆိုရင် ဒီ link တွေမှာ ကြည့်ပါ။
Vocabulary (1) > https://m.facebook.com/story.php?story_fbid=1961914603862681&id=100001324820385

Vocabulary (2) > https://m.facebook.com/story.php?story_fbid=1961938443860297&id=100001324820385

Vocabulary (3) > https://m.facebook.com/story.php?story_fbid=1961938443860297&id=100001324820385

(V) Tenses တွေအတွက် PhD မေးခွန်းဟောင်းတွေ ဖြေပြထားတာ ရှိပါတယ်။ ရှင်းလင်းချက်တွေလည်း ဒီ Link မှာပဲ ကြည့်ပါ။

Tenses မေးခွန်းဟောင်း > https://m.facebook.com/story.php?story_fbid=1965010073553134&id=100001324820385

ရှင်းလင်းချက်တွေက ဒီ link ကနေ ဒေါင်းလည်း ရပါတယ်။ > http://www.mediafire.com/.../ME_Entrance_%2528Tenses.../file
နောက်ထပ်လေ့ကျင့်ချင်ရင် ဒီ link မှာ ယူပါ။ > http://www.mediafire.com/.../ME_Entrance_Tenses.../file

(VI) Preposition / Article အတွက် ဒီမှာကြည့်ပါ။

Preposition အတွက်။ မူရင်းက ME သမားတွေအတွက်ပါ။ ဒါပေမဲ့ ဘယ်သူလေ့ကျင့်လေ့ကျင့်ရပါတယ် > https://m.facebook.com/story.php?story_fbid=2168492853204854&id=100001324820385

Articles > https://m.facebook.com/story.php?story_fbid=1067124243341726&id=100001324820385

(VII) Word Order အတွက် ဒီမှာ ဒေါင်းပါ။ > http://www.mediafire.com/.../ME_Entrance_%2528Word.../file

(VIII) Argumentative Wiring အတွက် ရေးထားတာ ဒီမှာ ဖတ်ပါ။
Argumentative Writing > https://m.facebook.com/story.php?story_fbid=2049694491751358&id=100001324820385

ဒီလောက်ဆို ပြည့်စုံပြီထင်ပါတယ်။ ပညာ၊ ရာထူး၊ ဥစ္စာတိုးတက်ပါစေ 😊