နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label PSC စာမေးပွဲအတွက်. Show all posts
Showing posts with label PSC စာမေးပွဲအတွက်. Show all posts

Friday, September 29, 2017

"ဦးစီးအရာရှိဖြေဆိုမည့်သူများအတွက် အင်္ဂလိပ်စာလမ်းညွှန်" (Latest Update)

2016 နဲ့ 2017 မေးခွန်းတွေမှာတော့ 2015 နဲ့မတူဘဲ မေးခွန်းပုံစံအသစ် ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ ဒီလိုပါ။



ဒီမေးခွန်းပုံစံအရ လေ့လာစရာတွေကို ပြောရရင်-
(I) နံပါတ် ၁ က Reading Comprehension ပါ။ စာပိုဒ်တစ်ပိုဒ်ပေးထားပြီး မေးခွန်းငါးခုပါပါတယ်။ တစ်ခုကို နှစ်မှတ်နှုန်းနဲ့ စုစုပေါင်းဆယ်မှတ်ရပါတယ်။ တကယ်တော့ နံပါတ် ၁ ဟာ အမှတ်သဲ့ယူရမယ့် အပုဒ်ပါ။ (Reading Comprehension ဖြေဆိုနည်းတွေ ဒီ link မှာ ကြည့်ပါ >> https://web.facebook.com/sithuhtet.mub/posts/1411145335606280 )
၂၀၁၆ မေးခွန်းနဲ့၊ ၂၀၁၇ မေးခွန်းတွေကိုလည်း ဖြေနည်းနဲ့ပါ သင်ကြားပေးတဲ့စာ သို့မဟုတ် ဗီဒီယိုဖိုင် ဆက်တင်ပေးပါမယ်။ လိုအပ်တဲ့သူများ ကျွန်တော့်အကောင့်ကို See first လုပ်ထားရင် တင်သမျှ အရင်ဆုံးတွေ့ပါလိမ့်မယ်ဗျာ။


(II) နံပါတ် ၂ ကတော့ စာကြောင်းတစ်ကြောင်းလုံးကို ဖတ်ပြီး မှားတဲ့နေရာ ပြန်ပြင်ရေးပေးရပါမယ်။ မေးခွန်းစာကြောင်း ငါးကြောင်းပါပါတယ်။ စာကြောင်းတစ်ကြောင်းထဲမှာ အမှားက တစ်ခုထက်မက ရှိနိုင်ပါတယ်။ Sub + V ညီညွတ်ရဲ့လား၊ Tense မှန်လား၊ pronoun သုံးထားတာ ဟုတ်ရဲ့လား၊ article ပါရဲ့လား ၊ adjcective နဲ့ ရေးရမယ့်နေရာမှာ noun တို့ verb တို့ ဖြစ်နေသလား စသည်ဖြင့် ဂရုတစိုက်ကြည့်ပြီး အမှားပြင်ဆင်ပေးရပါမယ်။ Rewrite the following sentences, making necessary corrections. ဆိုတဲ့အတွက် အမှား အားလုံးကို ပြင်ဆင်ပြီး စာကြောင်း ပြန်ရေးကို ရေးပေးရပါမယ်။ တစ်ပုဒ်ကို နှစ်မှတ်နဲ့ စုစုပေါင်း ဆယ်မှတ်ပါပဲ။ ဒါအတွက်ကတော့ Grammar စာအုပ်ကောင်းကောင်းတစ်အုပ်လောက်ကို ကျေကျေညက်ညက်ဖတ်ထားနိုင်ရင် အဆင်ပြေမှာပါ။ English Grammar in Use (Raymond Murphy) ရေးတဲ့စာအုပ်ကောင်းပါတယ်။ ဒီမှာ Download လုပ်ပါ >> https://vk.com/wall-51506472…
ခုမှ ဖတ်ရင်တော့ အပြီးဖတ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒီတော့ မေးခွန်းပုံစံနဲ့ တိုက်ဆိုင်ပြီး လိုအပ်မှာလေးတွေ ရွေးချယ်လေ့ကျင့်ပါဗျာ။


(II) B က မေးခွန်းဆယ်ပုဒ်ပါပါတယ်။ တစ်ပုဒ်ကို တစ်မှတ်ပါ။ အသင့်တော်ဆုံး စာလုံးရွေးပြီး ဖြည့်ပေးရတဲ့ မေးခွန်းဖြစ်ပါတယ်။ စာလုံး လေးလုံးပေးထားပါတယ်။ အဓိပ္ပာယ် ဆင်တူယိုးမှားလေးတွေ ပေးထားတာပါ။
ဒီမေးခွန်းလေး နမူနာကြည့်ပါ။ Teaching is a job that can really ……… (make, do, create, form) a difference to people’s life. အဖြေဘယ်ဟာ ဖြစ်နိုင်သလဲ။ အဖြေက make ပါ။ make a difference - ထူးခြားမှုရှိစေသည် ဆိုတဲ့ အသုံးရှိပါတယ်။ ကျန်တဲ့စကားလုံးတွေ မဖြစ်နိုင်ပါဘူး။ ဒီမေးခွန်းပုံစံက အင်္ဂလိပ်စာဖတ်ပြီး အသုံးအနှုန်းတွေနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ထားမယ်ဆိုရင် ဖြေနိုင်လောက်ပါတယ်။ Synonym (အဓိပ္ပာယ်ဆင်တူစာလုံး) လေးတွေ ရှာဖွေပြီး လေ့ကျင့်ထားနိုင်ရင် အဆင်ပြေပါတယ်။ အင်္ဂလိပ်စာ အသုံးအနှုန်းအတွက် Basic English Usage လို စာအုပ် ထဲမှာ အရေးကြီးမယ်ထင်တာလေးတွေလည်း ရွေးချယ်လေ့ကျင့်သင့်ပါတယ်။
စာအုပ်ကို ဒီမှာ Download လုပ်နိုင်ပါတယ် >> http://www.zuj.edu.jo/downl…/basic-english-usage-oxford-pdf/


II (C) ကတော့ ပေးထားတဲ့ ညွှန်ကြားချက်အတိုင်း ဝါကျတွေ ပြန်ရေးပေးရတာပါ။ ကိုးတန်း/ ဆယ်တန်းက Stylistic Transformation လိုမျိုးပါတတ်တယ်။ အမေးများတာမျိုးက Reported speech/ Passive/ As..as/ not only…but also တို့လိုမျိုး စကားဆက်မေးတဲ့စာ၊ word form စတာတွေပါ။ အမေးများနိုင်တာကို ဦးစားပေးကြည့်ပေါ့နော်။ မေးခွန်းငါးခု၊ တစ်ခုကို နှစ်မှတ်နဲ့ ဆယ်မှတ်ဖိုးမေးထားပါတယ်။

(III) နံပါတ် ၃ ကတော့ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ခိုင်းတာပါ။ အမှန် ၂၀ ဖိုးမေးပါတယ်။ တကယ်တော့ ဘာသာပြန်ရတယ်ဆိုတာက အခက်ဆုံးပါပဲ။ မြန်မာ့အလင်းသတင်းစာနဲ့ The Global New Light of Myanmar သတင်းစာနှစ်စောင်ကို နှိုင်းယှဉ်ဖတ်ပြီး အသုံးအနှုန်းတွေ လေ့ကျင့်ပါ။ အကုန်မဖတ်နိုင်ရင်တောင် အယ်ဒီတာ့အာဘော်ဆိုတာက အထူးခြားဆုံးအကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်ထားတာမို့ အဲဒီတစ်ခုကိုတော့ ပုံမှန်ဖတ်သင့်ပါတယ်။ သတင်းစာဝယ်ဖို့ မလွယ်တဲ့သူတွေအတွက် ဒီ website တွေ ဝင်ကြည့်ပါ
မြန်မာ့အလင်း >> http://www.moi.gov.mm/npe/mal/
The Global New Light of Myanmar >> http://www.globalnewlightofmyanmar.com/


(IV) နံပါတ် ၄ က For or Against writing ပုံစံပါ။ ရေးရမယ့်ပုံစံတွေ အခြေခံနားလည်ထားဖို့လိုပါတယ်။ စံပြအရေးအသားတွေလည်း ဖတ်သင့်ပါတယ်။ ရေးသားနည်းကို ဒီ link မှာ ကြည့်ပါ >> https://web.facebook.com/sithuhtet.mub/posts/1418036998250447

(V) နံပါတ် ငါးကတော့ အက်ဆေးပါ။ ဒါကတော့ ပုံမှန် ရေးနေကြပုံစံအတိုင်းပါပဲ။ ပုံမှန်ရေးနေကြဆိုလို့ The subject I like best တို့ The season I dislike most တို့လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ခေါင်းဆောင်မှု၊ သဘာဝပတ်ဝန်းကျင်၊ အချိန် စတာတွေနဲ့ ဆိုင်တာလေးတွေ ရှာဖွေ ဖတ်ပါ။

အချုပ်အားဖြင့်ဆိုရင် အင်္ဂလိပ်စာက အင်္ဂလိပ်စာတော်ပြီးသားလူတွေအဖို့ စာလေးနည်းနည်းပါးပါး ကြည့်ရုံနဲ့ ရပေမဲ့ အင်္ဂလိပ်စာအားနည်းတဲ့သူတွေအဖို့ အမှတ်ကောင်းဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် အချိန်ရှိတုန်းလေးမှာ ဆရာတစ်ယောက်ယောက်နဲ့ သေသေချာချာ လေ့ကျင့်သင်ကြားတာပဲဖြစ်ဖြစ်၊ စာအုပ်စာတမ်းတွေ သုံးပြီး အားသွန်ခွန်စိုက် လေ့လာတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အများထဲက ရွေးချယ်မှာမို့ ကြိုးစားတဲ့သူတွေအတွက်ပဲ အခွင့်အလမ်းသာနိုင်ပါတယ်။
ကံကောင်းစွာနဲ့ ဖြေဆိုနိုင်ပါစေ။ အရာရှိဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်


စည်သူထက်
30.9.2017

Sunday, July 16, 2017

ဦးစီးအရာရှိ အင်္ဂလိပ်စာ စာမေးပွဲလမ်းညွှန် (2016)



ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျင်းပတဲ့ ဦးစီးအရာရှိစာမေးပွဲ အင်္ဂလိပ်စာမေးခွန်းကို ကြည့်မယ်ဆို အပိုင်းလေးပိုင်း တွေ့ရပါမယ်။
I. Essay >> 30 marks
II. Translation >> 20 marks
III. Reading comprehension >> 30 marks
IV. Appropriate Expression >> 20 marks

စုစုပေါင်း အမှတ် (100) ဖိုးပါ။

*
*
လေ့လာသင့်တာတွေကို တစ်ခုချင်းစီပြောရမယ်ဆိုရင်--
I. Essay က စာလုံးရေ 350 ရေးရပါမယ်။ ကိုယ့်ရဲ့ ခေတ်အခြေအနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးကို ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ Challenges countries in the world are facing today ဆိုတာမျိုးတွေ မေးခဲ့ပါတယ်။ ဒီတော့ personal essays တွေထက် အချက်အလက်၊ အတွေးအမြင်ကွန့်မြူးရတဲ့ မေးခွန်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။
*
*
II. ဘာသာပြန်ရတာတော့ နည်းနည်းခက်မယ်ထင်ပါတယ်။ စာပိုဒ်တိုလေးတစ်ပုဒ် မြန်မာလိုပေးထားတာကို အင်္ဂလိပ်လိုပြန်ရေးရတာမို့ပါ။ The Global New Light of Myanmar တို့ Myanmar Times တို့လို သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းတွေ ဖတ်ပေးမယ်ဆို လိုအပ်တဲ့ အသုံးအနှုန်း၊ စကားလုံးတွေ စုထားပြီး ဖြစ်နိုင်ပါတယ်။ ပင်ကို အင်္ဂလိပ်စာကျွမ်းကျင်မယ်ဆိုရင်တော့ လက်တန်းဘာသာပြန်ရုံပေါ့ခင်ဗျာ။
*
*
III. က စာဖတ်စွမ်းရည်ကို စစ်ဆေးတာပါ။ A. B. C ဆိုပြီး No. III မှာတင် သုံးခုထပ်ခွဲပါတယ်။ တစ်ခုစီအတွက် ဆယ်မှတ်ပေးပါတယ်။
A. က TRUE or FALSE ဖြေပေးရတာပါ။
B. က ကွက်လပ်ဖြည့်ပေးရမယ်။
C. က ပြည့်စုံတဲ့ဝါကျနဲ့မေးခွန်းတွေ ဖြေပေးရပါမယ်။
ဖြေတဲ့အခါ စာပိုဒ်ကို တစ်ခေါက်ဖတ်ထားလိုက်ပါ။ True or False တို့ Blanksတို့ အတွက် မေးခွန်းကိုဖတ်ပါ။ မေးခွန်းထဲက key words ကြည့်ပြီး စာပိုဒ်ထဲမှာ အဖြေအနီးစပ်ဆုံးရှာပါ။ မေးခွန်းလှည့်ထားနိုင်တာကို သတိထားပြီး အသေချာဆုံးအဖြေကို ဆုံးဖြတ်ပါ။ short questions တွေကို ဖြေရာမှာတော့ မေးခွန်းစကားလုံးနဲ့ main verb ဆက်စပ်လိုက်ရင် မေးခွန်းရဲ့ အဓိက ဆိုလိုရင်းကို သိနိုင်ပါပြီ။ ဒီတော့ key words အရ အဖြေစာကြောင်းရှာပြီး မှန်မှန်ကန်ကန် ဖြေဆိုရပါတယ်။ Tenses တွေ၊ Sub-verb agreement တွေ သတိပြုနိုင်ရင် ကွက်တိဖြေနိုင်မှာပါ။ သေချာတဲ့ အမှတ်ဖြစ်ပါတယ်။ ရသစာတွေထက် အချက်အလက်နဲ့ဆိုင်တဲ့ စာပိုဒ်တွေဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စာသင်ကြားရေးစာအုပ်တွေထဲက Reading ကဏ္ဍကိုလေ့ကျင့်မယ်ဆိုရင် သဘောသဘာဝကို နားလည်နိုင်ပါတယ်။ 
*
*
IV. က အသုံးအနှုန်းတွေကို မေးတာပါ။ ဆင်တူယိုးမှား စကားလုံးလေးတွေပေးပြီး ဘယ်စကားလုံးက ဖြစ်နိုင်သလဲတို့၊ noun, adj, verb ဘယ်ဟာဖြစ်သင့်သလဲ ဆုံးဖြတ်တာတို့၊ ဘယ်လို tense သုံးသင့်တာလဲ ဆုံးဖြတ်ခိုင်းတာတို့ မေးပါတယ်။ ခက်ခဲလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မှားတတ်ပါတယ်။ Grammar in Use တို့လိုမျိုး grammar စာအုပ်တွေ၊ မေးခွန်းဟောင်းတွေ ထဲက လေ့ကျင့်ထားရင် ရနိုင်ပါတယ်။
*
*
အတိုချုပ်ပြန်ပြောရရင် တကယ်ခက်ခဲနိုင်တာက I. Essay, 2. Translation လောက်ပဲရှိပါတယ်။ ကျန်တာတွေက အလွယ်တကူရနိုင်တာမျိုးပါ။ ဒီတော့ မေးခွန်းဟောင်းတွေ များများစုပြီး (ဖြစ်နိုင်ရင် ဆရာတစ်ယောက်အကူအညီနဲ့) လေ့ကျင့်တာမျိုး၊  စာမေးပွဲအတွက် ရည်ရွယ်ပြုစုထားတဲ့ မှတ်စုတွေ လေ့လာထားတာမျိုးဆို အတော်အသင့် အဆင်ပြေမှာပါ။
နောက်နှစ်များမှ ဖြေဆိုဖို့ စိတ်ကူးရှိတဲ့ မိတ်ဆွေတွေ အနေနဲ့ကတော့ လေ့လာချိန်ကောင်းကောင်းရတဲ့အတွက် ခုကတည်းက အင်္ဂလိပ်သတင်းစာဖတ်၊ အခြေခံ grammar စာအုပ်တွေ ပိုင်အောင်လေ့ကျင့်ထားပြီး မေးခွန်းပုံစံနဲ့ လေ့ကျင့်မယ်ဆို မြေကြီးလက်ခတ်မလွဲ အောင်မြင်မှုရမှာပါ။ ဖြတ်လမ်းနည်းတွေ၊ အလွယ်နည်းတွေ ရှိပေမဲ့ အများသိတဲ့အတိုင်း စစ်မှန်တဲ့ပညာကို ကျားကုတ်ကျားခဲ လေ့လာကြိုးစားမှ ရနိုင်မှာပါ။ မေးခွန်းက လက်ရွေးစင်လူတွေကို ခေါ်တဲ့မေးခွန်းမျိုးဆိုရင် ကိုယ့်အနေနဲ့ လုပ်သင့်တာ အပိုင်လုပ်ထားတာက စိတ်အချရဆုံးဖြစ်ပါလိမ့်မယ် ခင်ဗျာ။

ဆရာစည်သူထက်