နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label Reading Comprehension ဖြေဆိုနည်းလမ်းညွှန်. Show all posts
Showing posts with label Reading Comprehension ဖြေဆိုနည်းလမ်းညွှန်. Show all posts

Sunday, March 24, 2019

A new kind of banking? ဘဏ်အမျိုးအစားအသစ်လော


ကျွန်တော်တို့ A new kind of banking? ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး အင်္ဂလိပ်စာ စာဖတ်စွမ်းရည် တိုးတက်အောင် လုပ်ကြပါမယ်။ ဒီထဲမှာပါတဲ့ ပါမောက္ခယူနွတ်ကို ကျွန်တော်တို့အများစု မစိမ်းကြဘူးထင်ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့အကြောင်းဖတ်တဲ့အခါ ကျွန်တော်တို့ စိတ်ကူး စိတ်သန်းကောင်းတစ်ခုရဲ့ အကျိုးကျေးဇူး၊ ပညာနဲ့ယှဉ်တဲ့လုပ်ရပ်၊ အများအတွက် ဦးစားပေးစဉ်းစားတဲ့ စေတနာ ဒါတွေကို လေးစားအားကျစရာ တွေ့နိုင်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် လူသားတွေအတွက် ကိုယ်ကျိုးမဖက်ကြိုးစားတဲ့စေတနာကို မြတ်နိုးလေးစား သင့်ပါတယ်။
နောက်ထပ် အကျိုးကျေးဇူးတစ်ခုအနေနဲ့ Grade 10 ရဲ့ Question No. V မှာပါတဲ့ Unseen အတွက် တိုက်ရိုက်အထောက်အကူဖြစ်အောင် မေးခွန်းငါးခု စီစဉ်ပေးထားပါတယ်။ ဆရာ၊ မတွေ စာပိုဒ်နဲ့မေးခွန်းကိုယူပြီး ကလေးတွေကို လေ့ကျင့်ပေးလို့ရပါတယ်။ ကိုယ်တိုင် Self-study လုပ်ချင်တဲ့သူတွေကတော့ ဘာသာပြန်တာတွေ၊ ရှင်းလင်းချက်တွေ ဖတ်ကြည့်ပြီး လေ့ကျင့်နိုင်ပါတယ်။ အင်္ဂလိပ်စာမေးခွန်းတွေ၊ ဝင်ခွင့်စာမေးပွဲတွေမှာလည်း Reading Comprehenison ပါတဲ့အတွက် အင်္ဂလိပ်စာနဲ့ဆက်နွယ်နေတဲ့ ဘယ်သူမဆိုအတွက် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်။
ဖတ်ကြည့်ရအောင်။
In 1976, Muhammed Yunus, a Bangladeshi professor of economics, started Grameen Bank. Grameen gives small loans – usually no more than US$ 100 – to very poor people who can’t get credit form normal banks. This kind of credit is called microcredit.
Most of Grammen’s customers live in villages in the Bangladeshi countryside. 97 percent of them are women. They use the credit to start small businesses and make money for their families. For example, they make furniture, repair clothes, or buy animals for milk.
Customers usually have to make repayments every week for twelve months. They pay about 16 percent interest a year. Grameen says that 98 percent of its customers make all their repayments.
People who want a loan form Grameen have to make groups of five people, called loan circles. The people in the circle meet regularly to talk about their ideas and help each other. If someone in the group doesn’t make their repayments, no one in the group can get credit in the future. However, if everyone makes their repayments, they can get bigger loans.
In 2007, Grameen Bank had over seven million customers in nearly eighty thousand villages. There are now more than seven thousand other microcredit organisations around the world, including in Europe and the United States.
Professor Yunus and Grameen Bank won the Nobel Peace Prize in December 2006.
Answer the following questions in complete sentences.
(1)  What is Muhammed Yunus and how much does his bank lend to poor people?
(2)  Where do Grameen’s customers live?
(3)  Why do the customers borrow money from Grameen?
(4)  If you want to borrow money form Grameen, what do you have to do?
(5)  When did Professor Yunus win the Nobel Peace Prize and why do you think he won it?
စာပိုဒ်ဘာသာပြန် ရှင်းလင်းချက်လေးကို ကြည့်ရအောင်။
ပထမစာပိုဒ်
In 1976, Muhammed Yunus, a Bangladeshi professor of economics, started Grameen Bank.
၁၉၇၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် ဘောဂဗေဒပါမောက္ခ မိုဟာမက် ယူနွတ်က ဂရမ်မီးဘဏ်ကို စတင်ခဲ့ပါတယ်။
Grameen gives small loans – usually no more than US$ 100 – to very poor people who can’t get credit form normal banks.
ဂရမ်မီးက ပုံမှန်ဘဏ်တွေက ချေးငွေမရနိုင်တဲ့ အင်မတန်ဆင်းရဲတဲ့သူတွေကို များသောအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ထက်မပိုတဲ့ ချေးငွေလေးတွေကို ထုတ်ပေးပါတယ်။
This kind of credit is called microcredit.
ဒီလို ချေးငွေမျိုးကို အသေးစားချေးငွေလို့ ခေါ်ပါတယ်။
ဒုတိယစာပိုဒ်
Most of Grameen’s customers live in villages in the Bangladeshi countryside.
ဂရမ်မီးရဲ့ ဖောက်သည်အများစုက ဘင်္ဂလားဒေ့ရှ်ကျေးလက်ဒေသက ရွာတွေမှာ နေထိုင်ကြပါတယ်။
97 percent of them are women.
ဖောက်သည် ၉၇ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။
They use the credit to start small businesses and make money for their families.
သူတို့က လုပ်ငန်းအသေးတွေ စတင်ဖို့နဲ့ မိသားစုအတွက် ပိုက်ဆံရှာဖို့ ဒီချေးငွေကို အသုံးပြုကြပါတယ်။
For example, they make furniture, repair clothes, or buy animals for milk.
ဥပမာ သူတို့က ပရိဘောကတွေ လုပ်တယ်။ အဝတ်အစားတွေ ဖာထေးတယ်/ချုပ်တယ်။ ဒါမှမဟုတ်ရင်လည်း နို့အတွက် တိရ စ္ဆာန်တွေကို ဝယ်တယ်။
တတိယစာပိုဒ်
Customers usually have to make repayments every week for twelve months.
ဖောက်သည်တွေက ဆယ့်နှစ်လကြာအောင် အပတ်စဉ်တိုင်း ငွေပြန်ဆပ်ရပါတယ်။
They pay about 16 percent interest a year.
သူတို့က တစ်နှစ်ကို အတိုး ၁၆ ရာခိုင်နှုန်းလောက်ပေးရပါတယ်။
Grameen says that 98 percent of its customers make all their repayments.
ဖောက်သည်တွေရဲ့ ၉၈ ရာခိုင်နှုန်းက ငွေအကုန်ပြန်ဆပ်ကြတယ်လို့ ဂရမ်မီးက ဆိုပါတယ်။
စတုတ္ထစာပိုဒ်
People who want a loan form Grameen have to make groups of five people, called loan circles.
ဂရမ်မီးကနေ ချေးငွေလိုချင်တဲ့သူတွေက ချေးငွေအသိုင်းအဝိုင်းလို့ ခေါ်တဲ့ ငါးယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ရပါတယ်။
The people in the circle meet regularly to talk about their ideas and help each other.
အဲဒီအသိုင်းအဝိုင်းထဲမှာရှိတဲ့သူတွေက သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို ပြောဖို့နဲ့ တစ်ဦးကိုတစ်ဦး ကူညီကြဖို့ ပုံမှန်တွေ့ဆုံကြပါတယ်။
If someone in the group doesn’t make their repayments, no one in the group can get credit in the future.
ဒီအုပ်စုထဲက တစ်ယောက်ယောက်က ငွေပြန်မဆပ်ဘူးဆိုရင် အဲဒီအုပ်စုထဲက ဘယ်သူမှ နောင်ဆိုရင် ချေးငွေမရနိုင်ပါဘူး။
However, if everyone makes their repayments, they can get bigger loans.
ဒါပေမဲ့ လူတိုင်းက ငွေပြန်ဆပ်မယ်ဆိုရင် သူတို့က ပိုများတဲ့ချေးငွေတွေကို ရနိုင်ပါတယ်။
ပဉ္စမစာပိုဒ်
In 2007, Grameen Bank had over seven million customers in nearly eighty thousand villages.
၂၀၀၇ ခုနှစ်မှာ ဂရမ်မီးဘဏ်ဟာ ရွာပေါင်း ရှစ်သောင်းနီးပါးလောက်မှာ ဖောင်သည်ပေါင်း ခုနစ်သန်းကျော်ရှိနေပါတယ်။
There are now more than seven thousand other microcredit organisations around the world, including in Europe and the United States.
အခု ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းမှာ တခြား အသေးစားချေးငွေ အဖွဲ့အစည်းပေါင်း ခုနစ်ထောင်ကျော်ရှိနေပါပြီ။
ဆဌမစာပိုဒ်
Professor Yunus and Grameen Bank won the Nobel Peace Prize in December 2006.
ပါမောက္ခ ယူနွတ်နဲ့ ဂရမ်မီးဘဏ်ဟာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။
မေးခွန်းတွေနဲ့လည်း လေ့ကျင့်ရအောင်။
Answer the following questions in complete sentences.
ပြည့်စုံတဲ့ဝါကျတွေနဲ့ အောက်ပါမေးခွန်းတွေကို ဖြေပါ။
(1) What is Muhammed Yunus and how much does his bank lend to poor people?
ပထမမေးခွန်းကို ကြည့်ရင် မိုဟာမက်ယူနွတ်က ဘာလဲ။ သူ့ရဲ့ဘဏ်က ဆင်းရဲသားတွေကို ဘယ်လောက်များများ ငွေချေးပေးသလဲတဲ့။ ဒီနေရာမှာ သတိထားသင့်တာတစ်ချက်ကတော့ လူကို what နဲ့မေးထားရင် အလုပ်အကိုင်ကို မေးတာပါ။ ဥပမာ Who is your father? လို့မေးရင် နာမည်ဖြေပေးရုံပဲ။ ဒါပေမဲ့ What is your father? လို့မေးရင်တော့ a doctor/ a teacher/ an office staff စသည်ဖြင့်ပေါ့လေ အလုပ်အကိုင်ကိုပဲ ဖြေပေးပါ။ ဒီတော့ ပြန်ကြည့်မယ်။ ပထမဆုံး အလုပ်အကိုင်ကို ရှာကြည့်လိုက်ပေါ့။ a Bangladeshi professor of economics ဆိုတာ တွေ့မယ်။ ဟုတ်ပြီ တစ်ချက်မှတ်ထားမယ်။ နောက်တစ်ခုက ဆင်းရဲသားတွေကို ဘယ်လောက် ငွေချေးသလဲဆိုတော့ ငွေပမာဏကို ရှာကြည့်ရအောင်။ no more than US$ 100 ဆိုတာ တွေ့မှာပေါ့။ ဒီတော့ မေးခွန်းလေးကောက်ပြီး ဖြေကြည့်မယ်ဆိုရင် -
Muhammed Yunus is a Bangladeshi professor of economics and his bank lends no more than US$ 100 to poor people.
(2) Where do Grameen’s customers live?
နံပါတ် ၂ မေးခွန်းက ဂရမ်မီးရဲ့ ဖောက်သည်တွေ ဘယ်မှာ နေသလဲတဲ့။ နေရာကို ရှာပေးရမှာပေါ့။ ကြည့်ရအောင်။ in villages in the Bangladeshi countryside ဆိုတာလေး သွားတွေ့မယ်။ ဒါဆိုရင် ဒီလိုဖြေပါ။
Grameen’s customers live in villages in the Bangladeshi countryside.
(3) Why do the customers borrow money from Grameen?
နံပါတ် ၃ မှာမေးထားတာက ဖောက်သည်တွေက ဂရမ်မီးဆီကနေ ဘာကြောင့် ငွေချေးကြသလဲတဲ့။ လိုက်ရှာလိုက်မယ်ဆိုရင် to start small businesses and make money for their families တွေ့လိမ့်မယ်။ သတိထားရမှာက Why? နဲ့မေးထားရင် ရည်ရွယ်ချက်ကို မေးတာပါ။ ရည်ရွယ်ချက်ကို ပြောဖို့ စာလုံးတွေ အများကြီး ရှိတယ်။ ဒီအထဲမှာ to လည်း အပါအဝင်ပေါ့။ ဒီတော့ ခုလိုဖြေကြမယ်။
The customers borrow money from Grameen to start small businesses and make money for their families.
(4) If you want to borrow money form Grameen, what do you have to do?
နံပါတ် ၄ မှာ သင်ဟာ ဂရမ်မီးကနေ ငွေချေးချင်ရင် ဘာလုပ်ရမလဲတဲ့။ နားလည်အောင် ဖတ်ကြည့်လိုက်ရင် make groups of five people, called loan circles ဆိုတာ တွေ့ပါလိမ့်မယ်။ ဒီတော့ ဖြေလိုက်ပါ။
If I want to borrow money from Grameen, I have to make a group of five people, called a loan circle.
ဒီအဖြေမှာတော့ ကိုယ့်တစ်ယောက်တည်း အကြောင်းပြောတာမို့ ငါးယောက်တစ်ဖွဲ့ပဲ ဖွဲ့မယ်လို့ ယူပြီး a group of five people/ a loan circle ဆိုပြီး ပြောင်းထားတာပါ။
(5) When did Professor Yunus win the Nobel Peace Prize and why do you think he won it?
နောက်ဆုံးမေးခွန်းမှာ ပါမောက္ခယူနွတ်က ဘယ်အချိန်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့သလဲ။ ဘာကြောင့် သူရခဲ့တယ်လို့ သင်ထင်သလဲတဲ့။ ရခဲ့တဲ့ အချိန်ကို ရှာမယ်ဆိုရင် in December 2006 ဆိုတာ အလွယ်လေး တွေ့မှာပေါ့။ ဒါကို ဖြေမယ်။ ဒါပေမဲ့ နောက်မေးခွန်းတစ်ခုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ကို ဖြေရတော့မယ်။ စာကိုဖတ်ပြီး ကိုယ်နားသလည်လို ဖြေလို့ ရပါတယ်။ ယုတ္တိရှိပြီး မှန်ကန်တဲ့ဘယ်အဖြေမဆို အဆင်ပြေပါတယ်။ ဒီနေရာမှာတော့ အလွယ်ဆုံးပုံစံနဲ့ပဲ ဖြေလိုက်ပါမယ်။  ဖြေကြည့်ရအောင်။
Professor Yunus won the Nobel Peace Prize in December 2006 and he won it because he could help poor people.

Tuesday, July 18, 2017

“Reading Comprehension လက်တွေ့ဖြေနည်းလမ်းညွှန်”


စာမေးပွဲဖြေရမယ်။ မေးခွန်းမှာ reading က unseen ဆိုရင် ဘယ်လိုလဲ။ အင်း..ဒုက္ခပါပဲလို့ ညည်းတော့မယ် ထင်တယ်နော်။ Reading passage တစ်ခုဟာ unseen ဆိုတိုင်း မလန့်နဲ့လေ။ ဘာလို့လဲဆိုတော့ seen ဖြစ်ဖြစ်၊ unseen ဖြစ်ဖြစ် စဉ်းစားယူပုံ၊ ဖြေပုံဖြေနည်းတွေက အတူတူပဲ။ ဟုတ်တယ် မဟုတ်လား။ သဘောတရား နားလည်ရင် ဘယ်အကြောင်းအရာလာလာ ကောင်းကောင်း ဖြေတတ်လိမ့်မယ်။ ပြောတော့မယ်ထင်တယ်… ကျွန်တော်တို့၊ ကျွန်မတို့ကလည်း အဲဒီ သဘောတရား ဆိုတာကြီးကို စိတ်ညစ်တာဆိုပြီး…။ စိတ်မပူပါနဲ့။ လွယ်ပါတယ်။ လက်တွေ့ ဖြေကြည့်ကြမယ်လေ။
ခုပေးထားတဲ့ reading passage က ၂၀၁၄ ဒီဇင်ဘာလက တောင်ကြီးတက္ကသိုလ် နည်းပြ/သရုပ်ပြ ရေးဖြေစာမေးပွဲမှာမေးသွားတဲ့ မေးခွန်းက ယူထားတာ။ တကယ်တော့ ဘယ်စာပိုဒ်ကို နမူနာယူပြီးလေ့လာလေ့လာ အတူတူပါပဲ။ ဒါပေမဲ့ လက်တွေ့ဖြေခဲ့ကြရတာလေးတစ်ခု နမူနာပြတော့ ပိုပြီးမြင်လွယ်တာပေါ့လေ။ ထားပါတော့… ဖတ်ကြည့်ကြမယ်။ 
ပထမဆုံးအနေနဲ့ -
♦ စာပိုဒ်ကို အစကနေ အဆုံးဖတ်သွားပါ။
စာပိုဒ်ထဲမှာ မသိတဲ့စာလုံးတွေ၊ တိတိကျကျနားမလည်တဲ့ စာကြောင်းတွေ ပါရင်ပါလိမ့်မယ်။ အကြာကြီးစဉ်းစားမနေနဲ့။ ခေါင်းကုတ်၊ ခြေကုတ်နဲ့ စာတစ်ကြောင်းကို ချွေးပြန်အောင် ဖတ်နေတာ အားမပေးဘူး။ မသိတဲ့စာလုံးတွေ့ရင် စာကြောင်း ရှေ့နောက်အဆက်အစပ်နဲ့ မှန်းဖတ်သွား။ စာကြောင်းကိုလည်း ဒီလိုပဲ။ အဲဒါမှမသိရင်လည်း ထားခဲ့။ ကဲ… ဖတ်လိုက်ပါ။ 
Read the passage and answer the questions on it.
People differ in reading ability. For example, those who have been reading a long time tend to understand what they have read more quickly and more automatically than do new readers. In addition, older readers bring more background experiences to their reading. They can use their experiences to fill in important information that is not clearly stated in the text.
A good reader uses various reading techniques. The technique depends on the type and difficulty of the material, the purpose for reading it, and the reader’s own language development and familiarity with the subject.
Reading can be classified into three main kinds: 1. recreational reading, 2. study-type reading, and 3. survey reading. Recreational reading can provide hour after hour of enjoyment. When reading a story purely for pleasure, most people read at a relaxed, uneven speed. Study-type reading usually requires the reader to pay close attention to the text. A good reader looks for significant ideas and details. Survey reading involves covering a large amount of text to get a general idea of its content. Good readers can easily shift from one kind to another, depending on the purpose for reading and on the material itself. For instance, a student collecting information to write a paper might begin surveying articles to see if they fit to the topic. One article may lead the student to consider changing the topic, and so the article is studied thoroughly and another topic chosen. While surveying for the new topic, the student looks for information to create an outline. During the survey reading, the student may see and entertaining article and read for pleasure.
Reading flexibility improves with experience. Beginners may tend to read everything somewhat awkwardly, advancing slowly word by word because they doubt their ability to recognize words. By reading materials that follow their own language patterns – that is, familiar words and sentences they use – even beginning readers can read with both speed and understanding. In time, they learn that different reading materials make different demands on their abilities.
ဟော …. တစ်ပုဒ်လုံးဖတ်ပြီးသွားပြီ။ ဘယ့်နှယ့်လဲ..နားမလည်ဘူးမလား။ (တစ်ခါတည်း ပိတ်ပြီး မေးထားတာ ဟားဟား..)
အသေးစိတ်တော့ ဘယ်နားလည်ပါ့မလဲ။ ဒါပေမဲ့ အကြမ်းဖျင်းတော့ ဘာအကြောင်းလဲဆိုတာ သိသွားမှာပေါ့။ ဒီစာပိုဒ်မှာ လူတွေရဲ့ စာဖတ်စွမ်းရည်ကွာတဲ့အကြောင်း၊ စာဖတ်နည်းအမျိုးမျိုးရှိကြောင်း၊ စာဖတ်နည်းတစ်နည်းနဲ့ဖတ်နေရင်း နောက်တစ်နည်းပြောင်းသွားတတ်ကြောင်း ဘာညာဘာညာ သိသွားမှာပေါ့။ တော်ပြီ… ဒီလောက်ဆိုရင်ရပြီ။ ဒီလို general understanding ရအောင် ဖတ်တာကို skim လုပ်တယ်လို့ခေါ်တယ်။ စာမေးပွဲဖြေတဲ့အခါ ဒီနည်းစနစ်တွေ တော်တော်အသုံးဝင်တယ်။
မေးခွန်းဖြေတဲ့ ဘက်ကိုသွားမယ်။ နံပါတ် (၁) မေးခွန်းက ဒီမေးခွန်း..
1.    How can old readers read more quickly?
မေးခွန်းကို နားလည်ဖို့က အရေးအကြီးဆုံးပဲ။ 

အဲလိုမှမဟုတ်ရင် မေးတာတခြား ဖြေတာတခြားဖြစ်ပြီး စာစစ်တဲ့ ဆရာ၊ ဆရာမတွေ စိတ်ညစ်လို့ တောထွက်ချင်စိတ်ပေါက်သွားမယ်။ ကဲ..ဒါဆိုမေးခွန်းက ဘာမေးတာလဲဆိုတာ တိတိကျကျသိရအောင် ဘယ်လိုလုပ်မလဲ။
မေးခွန်းစကားလုံး (Question word) နဲ့ အဓိကကြိယာ (main verb) တွဲပြီးကြည့်ပါ။

How can old readers read more quickly?
          How နဲ့ read … ဘယ်လိုဖတ်လဲ ပေါ့။ ဟုတ်ပြီ အဲဒါသိရင် အဓိကအချက်ကို ဆုပ်မိပြီ။ သူမေးချင်တာက စာဖတ်သူဟောင်းတွေ (စာဖတ်သက်ရင့်နေတဲ့သူတွေ) ဘယ်လို ပိုပြီးမြန်မြန် ဖတ်နိုင်တာလဲတဲ့။
          မေးချင်တဲ့အဓိကအချက်ကို သိပြီဆိုရင် နောက်တစ်ချက်လုပ်ရမှာက key words တွေရှာရမယ်။ မေးခွန်းဆိုတာ ကြုံရာကို အသားလွတ်မေးတာ မဟုတ်ဘူး။ မေးခွန်းထဲမှာ စာပိုဒ်ထဲက သဲလွန်စတွေ ပါပြီးသား။ ဒီတော့ မေးခွန်းကို ပြန်ဖတ်ပါ။ စာပိုဒ်ထဲမှာ ပါလောက်မဲ့ စာလုံးလေးတွေ ရှာပါဦး။ 
          old readers / read / quickly ဆိုတဲ့ စာလုံးတွေကို စာပိုဒ်ထဲမှာ ပြန်တွေ့ရမယ်လို့ထင်တယ်။ ကွက်တိမဟုတ်တောင် ဆင်တူတဲ့ စာလုံးတွေ တွေ့မှာပဲ။ မေးခွန်းဆိုတာ များသောအားဖြင့် အစဉ်တိုင်းမေးလေ့ရှိတယ်။ ခုက နံပါတ် (၁) မို့ အစက စပြီးရှာ။ key words တွေကြည့်။ ကိုယ်လိုချင်တဲ့ စာလုံးတွေမတွေ့မချင်း မြန်မြန်ကြည့်သွား။ တွေ့ရင် ရပ်လိုက်။ ကဲ… အခု အဖြေဖြစ်နိုင်တဲ့ အနီးစပ်ဆုံးစာကြောင်း တွြေ့ပီ။ ဒီတစ်ခါတော့ စာကြောင်းကို နားလည်အောင်ကြိုးစားဖတ်ပါ။
For example, those who have been reading a long time tend to understand what they have read more quickly and more automatically than do new readers. In addition, older readers bring more background experiences to their reading.
ပထမစာကြောင်းက စာဖတ်တာကြာပြီဖြစ်တဲ့သူတွေ စာဖတ်ခါစလူတွေထက် ပိုပြီးမြန်မြန်နဲ့ ပိုပြီး အလိုအလျောက် ဖတ်နိုင်တဲ့အကြောင်းပဲ ပါသေးတယ်။ မေးခွန်းက မေးတာက ဘယ်လိုပိုပြီး မြန်မြန် ဖတ်နိုင်တာလဲ။ အိုကေ… ဆက်ကြည့်လိုက်လေ။ အဖြေတွေ့ပြီဟုတ်။
မေးခွန်းကောက်ပြီး ဖြေလိုက်မယ်။ 
Old readers can read more quickly by bringing more background experiences to their reading.
နံပါတ် (၂)
2.    In what way can one’s experiences be helpful to him?
ဒီမေးခွန်းမှာ အဓိက သိချင်တာက “ဘယ်နည်းနဲ့ အသုံးဝင်တာလဲ”။ အဲဒီအချက်ကို ရှာရမယ်။ မေးခွန်းက လူတစ်ယောက်ရဲ့အတွေ့အကြုံတွေက သူ့အတွက်ဘယ်နည်းနဲ့အသုံးဝင်နိုင်တာလဲ။ key words တွေဖြစ်တဲ့ experiences / helpful ပါတဲ့ စာကြောင်းကို ရှာ။ မေးခွန်းတွေ အစဉ်တိုင်းမေးလေ့ရှိတာမို့ ခုနက ဖတ်ခဲ့၊ ရှာခဲ့ပြီးသားစာကြောင်းနောက်က ရှာကြည့်။ ကြည့်တယ်ဆိုတွေ့တာပဲ။ ဟုတ်တယ်မဟုတ်လား။ တွေ့ရင် မေးခွန်းမှာမေးထားတဲ့ ဘယ်နည်းလဲဆိုတာ ဆုံးဖြတ်။ ဒီလိုရှာဖွေတာကို scan လုပ်တယ်လို့ ခေါ်ပါတယ်။ 
ဒီစာကြောင်းတွေ့မယ်။
They can use their experiences to fill in important information that is not clearly stated in the text.
မေးခွန်းကောက်ပြီး ဖြေလိုက်မယ်။ 
One’s experiences can be helpful to him in that they can be used to fill in important information that is not clearly stated in the text. (they က One’s experiences ကို အစားပြန်သုံးထားတာပါ။ Subject ချင်းညီညွတ်အောင် Passive Voice သုံးဖြေလိုက်ပါတယ်။)

3.    Why do readers use different reading techniques?
စာဖတ်သူတွေက ဘာလို့ မတူတဲ့ စာဖတ်နည်းတွေကို သုံးတာလဲ။
key words – readers / different reading techniques / စာကြောင်းတွေ့ရင် “ဘာကြောင့်သုံးလဲ” ဆိုတဲ့ reason စဉ်းစား။ ဒီစာကြောင်းတွေ့မယ်။
A good reader uses various reading techniques. The technique depends on the type and difficulty of the material, the purpose for reading it, and the reader’s own language development and familiarity with the subject.
အဖြေ -
Readers use different reading techniques because/as/since the technique depends on the type and difficulty of the material, the purpose for reading it, and the reader’s own language development and familiarity with the subject.
4.    What are the different kinds of reading mentioned in the passage?
စာပိုဒ်ထဲမှာ ဖော်ပြထားတဲ့ မတူညီတဲ့ စာဖတ်ခြင်းအမျိုးအစားတွေက ဘာလဲတဲ့။
ဒီမေးခွန်းမှာ သတိထားရမှာက the different kinds of reading ကို mentioned in the passage အထူးပြုထားတယ်။ ဒါကြောင့် မေးခွန်းကောက်တဲ့အခါ တစ်တွဲလုံးယူရမယ်။ အဲဒီ အတွဲလိုက်ဖြစ်တဲ့ Subject နောက်မှာမှ Verb ကို ပြန်ထည့်ပေးရမယ်။ မေးခွန်းမှာ အရောင်တွေနဲ့ ပြထားတဲ့ key words တွေသုံးပြီး ရှာပါ။ 
တွေ့ပြီဆိုရင် ဒီလို ဖြေလိုက်မယ်။
The different kinds of reading mentioned in the passage are recreational reading, study-type reading, and survey reading.

5.    How would people read for pleasure?
လူတွေက ပျော်ရွှင်မှုအတွက် ဘယ်လို စာဖတ်သလဲ။ (key words – for pleasure / ဖတ်တဲ့ နည်းလမ်းရှာပေး) ဒီစာကြောင်းတွေ့မယ်။
When reading a story purely for pleasure, most people read at a relaxed, uneven speed.
          အဖြေ ဖြေမယ်ဆိုရင် ဒီလိုဖြစ်ပါလိမ့်မယ်။
People read for pleasure at a relaxed, uneven speed.

6.    When will a reader use study-type reading?
စာဖတ်သူက ဘယ်အချိန်မှာ study-type reading ကို သုံးလဲ။ (key words တွေ အရောင်နဲ့ ပေးထားမယ်) ဒီစာကြောင်းနှစ်ကြောင်းတွေ့မယ်။
Study-type reading usually requires the reader to pay close attention to the text. A good reader looks for significant ideas and details.
          အဖြေက -
A reader will use study-type reading when he looks for significant ideas and deatails. (clause သုံးပြီး ဖြေဖို့လိုတဲ့အခါ when နဲ့ ဆက်ပေးပါ)

7.    Why do some readers change their reading techniques as they continue reading?
တချို့စာဖတ်သူတွေက သူတို့စာဆက်ဖတ်တဲ့အခါ ဘာလို့ စာဖတ်တဲ့နည်းလမ်းပြောင်းလဲတာလဲ။
key words တွေကြည့်ရှာတဲ့အခါ ဒီစာကြောင်းတွေ့မယ်။
Good readers can easily shift from one kind to another, depending on the purpose for reading and on the material itself.
          အဖြေ -
        Some readers change their reading techniques as they continue reading because it depends on the purpose for reading and on the material itself.

8.    According to the passage, why can’t beginners read quickly?
စာပိုဒ်အရ အစသမားတွေ ဘာလို့ မြန်မြန်မဖတ်နိုင်တာလဲ။ (ဒီစာကြောင်း ရှာတွေ့လိမ့်မယ်)
Beginners may tend to read everything somewhat awkwardly, advancing slowly word by word because they doubt their ability to recognize words.
အဖြေ ဖြေမယ်။
According to the passage, beginners can’t read quickly because they doubt their ability to recognize words.


9.    How can new readers read with speed and understanding?
စာဖတ်သူအသစ်တွေက အမြန်နှုန်းတွေ၊ နားလည်မှုတွေနဲ့ ဘယ်လိုဖတ်သလဲ။
တွေ့တဲ့စာကြောင်း-
By reading materials that follow their own language patterns – that is, familiar words and sentences they use – even beginning readers can read with both speed and understanding.
အဖြေ -
New readers can read with speed and understanding by reading materials that follow their own language patterns.

10. What will beginners finally know if they continue reading for some time?
အစသမားတွေ အချိန်အတော်ကြာဆက်ဖတ်မယ်ဆိုရင် နောက်ဆုံးဘာကို သိလာလိမ့်မလဲ။
တွေ့တဲ့စာကြောင်း -
In time, they learn that different reading materials make different demands on their abilities.
အဖြေ ဖြေပုံ -
Begineers will finally know that different reading materials make different demands on their abilities if they continue reading for some time.
ဒီနည်းလမ်းတွေက ထင်ရာမြင်ရာတွေတော့ မဟုတ်ဘူး။ စာမေးပွဲဖြေတဲ့အခါမှာ အသုံးဝင်တဲ့ နည်းလမ်းပါ။ ဒါပေမဲ့ စာများများဖတ်ဖူးတဲ့သူ၊ ဝေါဟာရများများသိတဲ့သူ၊ အခြေခံကောင်းတဲ့သူဆိုရင် ပိုပြီးမြန်မြန်၊ မှန်မှန်နဲ့ ဖြေနိုင်လိမ့်မယ်။ ခု ရှင်းပြချက်တွေက လူတော်တွေအတွက်တော့ မဟုတ်ပါဘူး။ နည်းစနစ်မသိလို့ ရမ်းဖြေနေရတယ်ဆိုတဲ့သူတွေအတွက် နည်းနည်းဖြစ်ဖြစ် အကျိုးရှိလည်း မဆိုးပါဘူးနော။
တစ်ခုရှိတာက စာနဲ့ရေးရတာက ပါးစပ်နဲ့ပြောတာလောက် အဆင်မပြေပါဘူး။ မစုံလင်ပါဘူး။ စာရိုက်ရတာ ကြာတာကိုး။ အဆင်ပြေပါစေတော့ရယ်လို့ စေတနာအခံနဲ့သာ လုပ်လိုက်ရတာ အတော်တော့ အလောသုံးဆယ်ဖြစ်သွားတယ်။ 

ဒါတစ်ခုတည်းဖတ်ပြီး ဖြေတတ်သွားမယ်တော့ မထင်ပါဘူး။ သိကြားမင်း ဆင်းသင်တာတာင် ရမယ်မထင်ဘူး။ (သူမှအင်္ဂလိပ်စာ မတတ်တာ ဟားဟားဟား။ နောက်တာပါ) ဒီတော့ တခြားအလားတူမေးခွန်းတွေ ဖြေပြီးလေ့ကျင့်ရမယ်။ သင်ပြပေးမဲ့သူရှိရင် ကိုယ်ဖြေထားတာကို စစ်ခိုင်းရမယ်။ ဒါမှသာ ကျွမ်းကျင်ပါလိမ့်မယ်။ 
ဒီစာကို ဖတ်ပြီး နားမလည်တာရှိရင် ရေးတဲ့သူညံ့လို့ပါ။ နားလည်သွားတယ်၊ ဖြေတဲ့အခါမှာ လုံးဝမှန်မှန်ကန်ကန်ဖြေနိုင်တယ်ဆိုရင် ကိုယ်က တော်လို့ရတာပဲလို့ မှတ်ပါလို့။
စေတနာဖြင့်
စည်သူထက်