နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Sunday, January 19, 2014

ငြိမ်းချမ်းပါစေ




တရစပ်မြည်ဟီးပေါက်ကွဲနေတဲ့
လက်နက်သံတွေထက်
ရင်ကိုထိုးနှက်နာကျင်စေတာ
စစ်မြေစာပင်လူသားတွေရဲ့
ငိုရှိုက်သံသဲ့သဲ့ပါ။

စစ်ဆိုတာ....
မာရ်နတ်မင်းရဲ့
ဖျက်အားပြင်းတဲ့လက်နက်
ယမမင်းရဲ့ရက်စက်တဲ့အမိန့်တစ်ရပ်
ပါဝင်နေရသူတွေအားလုံးအတွက်တော့
ရုန်းထွက်မလွယ်တဲ့ငရဲတွင်းနက်။

သွေးစွန်းရက်စက်နေရတဲ့ မျက်နှာတွေအစား
နွေးထွေးအပြစ်ကင်းတဲ့အပြုံးတွေ မြင်ချင်မိပြီ။
လူသားချင်းနူးညံ့နှလုံးသားနဲ့
ငြိမ်းချမ်းစွာရှိစေချင်ပြီ။
အမြင်မတူတာတွေဘေးဖယ်လို့
ညှိနှိုင်းကာဆောင်ရွက်ပြီး
ပိုကောင်းတဲ့လောကကြီးကို
အားလုံးအတူပါဝင်ဖန်တီးစေချင်မိပြီ။

စည်သူထက်(မအူပင်တက္ကသိုလ်)


(စစ်ပွဲတွေအားလုံးကိုရည်ညွှန်းပါတယ)်

မယှဉ်သာ"





ငှက်ငယ်တို့၏

ချိုမြိန်သာယာ တေးသံသာကို


ကြားစဉ်ကာလ စိတ်ကြည်မြ။


ငွေလမင်း၏


အေးမြလွှမ်းခြုံ ငွေဝတ်ရုံဖြင့်


လုံစဉ်ခဏ စိတ်အေးမြ။



မည်သို့ဆိုစေ


မိခင်မေတ္တာ စကားသံသာနှင့်


နှိုင်းယှဉ်ခါမှ

ယခင်ကာလ ထင်ခဲ့ရသည့်

အေးမြမှုသည်


ဆေးရောင်မှိန်သည့် ထိုပန်းချီ

မိခင်မေတ္တာ တုမမီ။




စည်သူထက်(မအူပင်တက္ကသိုလ်)

Sunday, December 16, 2012

   

  "ပြုံးပါ"

အပြုံးတစ်ပွင့်ဟာ
ရင်းနှီးဖော်ရွေတဲ့ သင်္ကေတပါ။

သုန်မှုန်နေပြီး အပြုံးမရှိတဲ့မျက်နှာဟာ

ခြောက်သယောင်းနေတဲ့ မြေပြင်ပမာ။

ရိုးသားဖော်ရွေတဲ့ အပြုံးဟာ
လူတကာစိတ်နှလုံးကို ရွှင်ပြုံးစေတာ။

ကိုယ့်ကိုရိုင်းစိုင်းသူလို့ ထင်စေမယ့်
လှောင်ပြုံး သရော်ပြုံးရှောင်ပါ။

ဒုက္ခကြုံရရင်လည်း
ရဲရဲဝံ့နဲ့ပြုံးပါ။

ငိုကြွေးဖို့ရာ ဘယ်သောခါမှ မစဉ်းစားပါနဲ့။

ပြုံးလိုက်ပါ။

ကိုယ့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်ဆုံးပါ။

စည်သူထက်(မအူပင်တက္ကသိုလ်)