နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label အင်္ဂလိပ်စာလေ့လာဖွယ်ရာ ဗီဒီယိုသင်ခန်းစာများ. Show all posts
Showing posts with label အင်္ဂလိပ်စာလေ့လာဖွယ်ရာ ဗီဒီယိုသင်ခန်းစာများ. Show all posts

Thursday, November 15, 2018

အင်္ဂလိပ်စကားပြော တိုးတက်စေဖို့ အကြံပြုဗီဒီယို

One question students often ask is “How can I improve my speaking?”

ကျောင်းသားတွေ မကြာခဏမေးတတ်တဲ့ မေးခွန်းတစ်ခုက “ကျွန်တော်/ကျွန်မရဲ့ စကားပြောတိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ။”တဲ့။
If you live somewhere where you don't have a lot of opportunity to speak English, this could feel like a big problem.
ခင်ဗျားက အင်္ဂလိပ်စကားပြောဖို့ အခွင့်အရေး အများကြီး မရှိတဲ့နေရာမှာ နေတယ်ဆိုရင် ဒါက ပြဿနာကြီးတစ်ခုလို့ ထင်စရာရှိတာပေါ့။
However, that doesn't mean there's nothing you can do to improve.
ဒါပေမဲ့ ဒါက တိုးတက်အောင် ခင်ဗျားလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။
The first piece of advice I would give is “listen”.
ကျွန်တော်ပေးမယ့် ပထမဆုံး အကြံတစ်ခုက “နားထောင်”ပါ။
It's never been easier to listen to lots of English.
အင်္ဂလိပ်စကားအများကြီး နားထောင်ရဖို့ တစ်ခါမှ ခုလောက် မလွယ်ဖူးဘူး။
The internet gives you access to millions of songs, podcasts, stories, video clips.
အင်တာနက်က သီချင်းတွေ၊ podcast (အင်တာနက်က ဒေါင်းလုပ် လုပ်နိုင်တဲ့ ရေဒီယိုအစီအစဉ်) တွေ၊ ဇာတ်လမ်းတွေ၊ ဗီဒီယိုအပိုင်းတွေ သန်းပေါင်းများစွာကို သုံးစွဲနိုင်ခွင့်တွေ ပေးထားတယ်။
There is so much stuff out there in English for you to listen to.
ခင်ဗျားနားထောင်ဖို့ အင်္ဂလိပ်လို အကြောင်းအရာတွေ အများကြီးရှိတယ်။ (stuff ဆိုတာ ပစ္စည်း၊ အရာ ဆိုတဲ့ အဓိပ္ပာယ်)
And if you're listening to songs, sing along.
ခင်ဗျားက သီချင်းတွေ နားထောင်နေတယ်ဆိုရင် လိုက်ဆိုပါ။
A lot of people find that it really helps.
လူတော်တော်များများကတော့ အဲဒါက တကယ်အကူအညီဖြစ်တယ်ဆိုတာ တွေ့ရတယ်။
If you're watching short video clips, pause them and repeat what you've heard.
ဗီဒီယိုအပိုင်းအတိုလေးတွေ ကြည့်နေတာဆိုရင် ခဏရပ်ရပ်ပြီး ကိုယ်ကြားတာတွေ ပြန်ပြောကြည့်ပါ။
Listening to get an idea of how people speak can really help you with your own speaking.
လူတွေ ဘယ်လိုပြောကြသလဲဆိုတာ စိတ်ကူးရဖို့ နားထောင်တာက ကိုယ်ပြောတာအတွက်လည်း တကယ့်ကို အကူအညီဖြစ်စေနိုင်ပါတယ်။
One thing that a lot of learners find difficult about speaking is that they worry too much about making mistakes-- grammar mistakes, vocabulary mistakes, and so on-- and this worry stops them from speaking fluently.
စကားပြောတာနဲ့ ပတ်သက်ပြီး လေ့လာသူအများ အခက်တွေ့ကြတာတစ်ခုက သူတို့အမှားလုပ်မိမှာ အလွန်အကျွံစိုးရိမ်နေကြတာပဲ။ သဒ္ဒါအမှားတွေ၊ ဝေါဟာရအမှားတွေ စသည်ဖြင့်ပေါ့လေ။ ဒီလိုစိုးရိမ်တာက သူတို့ စကားကို သွက်သွက်လက်လက် မပြောနိုင်အောင် အဟန့်အတား လုပ်နေတာ။
Remember, though, that speaking fluently is about accuracy, using language correctly, but it's also about fluency.
ဒါပေမဲ့ သတိရပေါ့နော်။ စကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်ဆိုတာ ဘာသာစကားကို မှန်မှန်ကန်ကန်သုံးတာဆိုတဲ့ “မှန်ကန်တိကျမှု” အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ သွက်သွက်လက်လက် ပြောနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။
So of course you need to try to use correct English, but fluency is just as important.
ဒါကြောင့် တကယ်တော့ မှန်ကန်တဲ့ အင်္ဂလိပ်စကားကို သုံးတတ်အောင် ကြိုးစားဖို့ လိုပါတယ်။ ဒါပေမဲ့ သွက်သွက်လက်လက် ရှိဖို့ကလည်း အဲဒီလိုပဲ အရေးကြီးပါတယ်။
One tip here is to record yourself speaking English.
ဒီနေရာမှာ အကြံပြုချက်တစ်ခုကတော့ ကိုယ်အင်္ဂလိပ်စကားပြောနေတာကို အသံသွင်းထားဖို့ ဖြစ်ပါတယ်။
You can try copying something you hear a native speaker say, or just record yourself talking about yourself or anything you want to.
မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်ပြောတာတစ်ခုခုကို ခင်ဗျား ကြားတဲ့အတိုင်း ပုံတူကူးပြောကြည့်ဖို့ ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်အကြောင်းကိုယ်ပြောတာ၊ ကိုယ်ပြောချင်တာ ဘာမဆို ပြောနေတာကို အသံသွင်းပါ။
Try speaking about a topic for a minute and see how you do.
ခေါင်းစဉ်တစ်ခုကို တစ်မိနစ်လောက် ပြောကြည့်ပြီး ကိုယ်ဘယ်လိုနေတယ်ဆိုတာ ကြည့်ပါ။
Another thing that students say a lot is “How can I sound like a native speaker?”
ကျောင်းသားတွေ ပြောတာများတဲ့တခြားတစ်ချက်ကတော့ “မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်နဲ့ တူအောင် ဘယ်လိုပြောရမလဲ”တဲ့။
My answer would be “Why do you want to?”
ကျွန်တော့်အဖြေကတော့ “ဘာလို့ တူချင်ရတာလဲ” လို့ပဲဖြစ်မယ်။
When you speak, the important thing is that people can understand you and you can communicate.
ခင်ဗျားစကားပြောတဲ့အခါ အရေးကြီးတာက လူတွေက ခင်ဗျားစကားကို နားလည်ပြီး ခင်ဗျားတို့ ဆက်သွယ်လို့ ရနိုင်တယ်ဆိုတာပဲလေ။
If your accent makes that difficult for people, then there are things you can do to improve it.
ကိုယ့်ရဲ့လေသံက လူတွေကို နားလည်ရခက်စေတာဆိုရင်တော့ ဒါကိုတိုးတက်အောင် လုပ်နိုင်တာတွေ ရှိတယ်။
You can practise individual sounds.
ခင်ဗျားက သီးခြားအသံတွေကို လေ့ကျင့်နိုင်တယ်။
Find out which sounds cause problems for speakers of your language.
ကိုယ့်ရဲ့ ဘာသာစကားကို ပြောနေသူတွေအတွက် ဘယ်အသံတွေက ပြဿနာဖြစ်စေသလဲဆိုတာ ရှာကြည့်ပါ။
You can practise intonation by listening to native speakers and getting used to the sound of sentence stress in English.
လေယူလေသိမ်းကို မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတွေကို နားထောင်ပြီးတော့ အင်္ဂလိပ်စကားရဲ့ ဝါကျဖိသံတွေရဲ့ အသံနဲ့ ကျင့်သားရအောင်လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။
There's a lot you can do to improve your spoken English, but you don't need to sound like a native speaker.
ကိုယ့်ရဲ့ အပြောစကားကို တိုးတက်အောင် လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခင်ဗျားက မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်နဲ့ တူနေစရာတော့ မလိုပါဘူး။
As long as people can understand you, that's fine.
လူတွေခင်ဗျားကို နားလည်နိုင်သရွေ့ အဆင်ပြေပါတယ်။
On this page you can find links to help you find out more about the things I've mentioned, and you can share your own tips too.
ဒီစာမျက်နှာမှာ ကျွန်တော်ဖော်ပြခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားရှာတွေ့နိုင်အောင် ကူညီပေးတဲ့ လင့်ခ်တွေ တွေ့နိုင်ပါတယ်။ ခင်ဗျားရဲ့ အကြံပြုချက်တွေကိုလည်း မျှဝေနိုင်ပါတယ်ဗျာ။

ဗီဒီယိုထဲမှာ ပြောထားတဲ့ Link တွေကို ဒီမှာ စုစည်းပေးထားပါတယ်ခင်ဗျာ။



Saturday, November 25, 2017

Unless အကြောင်း

          ဒီလမှာ အင်္ဂလိပ်စာ သင်ကြားရေး ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ www.envid.com က Unless အကြောင်းသင်ခန်းစာကို တင်ဆက်ပေးပါမယ်။ ခုဆောင်းပါးမှာတော့ ဗီဒီယိုဖိုင်မှာပါတဲ့ သင်ခန်းစာတွေကို ကျောရိုးပြုထားတယ်။ ပြီးတော့ လေ့လာသူမြန်မာလူငယ်လေးတွေ ပိုပြီးနားလည်လွယ်အောင် ချဲ့ထွင်ရှင်းပြတာတို့၊ နောက်ထပ် ဥပမာတွေပေးတာတို့ လုပ်ပေးထားပါတယ်။ ကဲ..စပြောကြရအောင်။ အင်္ဂလိပ်လိုလေး အရင်ကြည့်ပါ။

The word unless expresses a negative situation. That means that unless one thing happens, something else cannot happen.
Unless ဆိုတဲ့ စကားက ငြင်းဆိုတာကိုပြတဲ့ အခြေအနေကို ဖော်ပြပါတယ်။ ဆိုလိုတာက တစ်ခုခုမဖြစ်ဘူးဆိုရင် နောက်ထပ်တစ်ခုခုလည်း မဖြစ်နိုင်ဘူးပေါ့။ 

 ဥပမာ-
You can’t go to university if you don’t finish high school.
အထက်တန်းကျောင်းမပြီးရင် မင်းတက္ကသိုလ်တက်လို့ မရဘူး။
ဒီနေရာမှာ ငြင်းဆိုတာကိုပြတဲ့ အခြေအနေက if you don’t finish high school-မင်းအထက်တန်းကျောင်းမပြီးရင်ပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒါကြောင့် if you don’t လို့ သုံးမယ့်အစား ခုလိုမျိုး unless သုံးပြီးရေးလို့ ရတယ်။
You can’t go to university unless you finish high school.

နောက်ထပ်ဥပမာတွေ ကြည့်ပါဦး။
ð You can’t enter the club if you don’t have ID.
    You can’t enter the club unless you have ID.
    သက်သေခံ ကတ်ပြားမပါရင် ကလပ်ထဲဝင်လို့ မရဘူး။
(ID ဆိုတာက IDENTITY: an ID card - သက်သေခံကတ်ပြား ကိုပြောတာပါ)

ð You can’t visit Italy if you don’t get a visa.
    You can’t visit Italy unless you get a visa.
    ဗီဇာ (ပြည်ဝင်ခွင့်) မရရင် အီတလီကို မင်းအလည်သွားလို့မရဘူး။

ð You can’t borrow books if you don’t have a library card.
    You can’t borrow books unless you have a library card.
    နင့်မှာ စာကြည့်တိုက်ကတ်ပြားမရှိရင် စာအုပ်တွေ ငှားလို့မရဘူး။

ð You can’t pass the TOEFL if you don’t prepare.
    You can’t pass the TOEFL unless you prepare.
မင်း မပြင်ဆင်ဘူးဆိုရင် တိုဖယ်လ် စာမေးပွဲကို အောင်နိုင်မှာ မဟုတ်ဘူး။
(TOEFL ဆိုတာ Test of English as a Foreign Language ရဲ့ အတိုကောက်ပါ။ အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာစကားအဖြစ် စစ်ဆေးခြင်း စာမေးပွဲပါ။)

အခုပြောခဲ့တာတွေကို ပြန်ကြည့်ရင် unless ဆိုတာ if…not နဲ့ အဓိပ္ပာယ် ဆင်တူတာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း အခြေခံပညာအဆင့် စာမေးပွဲတွေမှာ Stylistic Transformation မေးတဲ့အခါ if ကနေ unless ပြောင်းခိုင်းတဲ့ မေးခွန်းတွေကို တွေ့နေရတာပေါ့။ ဒါကို သဘောတရားနားလည်ပြီးမှ ဖြေရင် ပိုကောင်းပါတယ်။ ဒါတွေ့လို့ ဒါပြောင်းဆိုပြီး ပုံသေမှတ်နေရင် နောက်ထပ် အင်္ဂလိပ်စာတွေ ဆက်ပြီးလေ့လာချင်တဲ့အခါ အခက်အခဲတွေ့ရမှာပဲလေ။ ဒီလို မဖြစ်စေချင်ပါဘူး။

ထပ်လေ့ကျင့်ရအောင်။ အခြေအနေလေးတွေ ပေးထားမယ်။ unless သုံးပြီး ပြောကြည့်ပါ။

John can’t go out….
·         finish his homework
·         clean his room
·         take a shower

John can’t go out unless he finishes his homework.
John can’t go out unless he cleans his room.
John can’t go out unless he takes a shower.

I can’t improve my English…
·         read more books
·         write more often
·         watch more English lessons

I can’t improve my English unless I read more books.
I can’t improve my English unless I write more often.
I can’t improve my English unless I watch more English lessons.

ဒီသင်ခန်းစာကို ကျေညက်ပြီ ဆိုရင် native speaker ဆရာမ အင်္ဂလိပ်လို ရှင်းပြတာလေး နားထောင်ကြည့်ပါဦး။ 

ဗီဒီယိုဖိုင်မှာ မပါပေမဲ့ သိသင့်တဲ့အတွက် if နဲ့ when ကွာပုံလေးကို ရှင်းပြချင်ပါသေးတယ်။ Unless က if…not နဲ့ အဓိပ္ပာယ်ဆင်တူတယ်မဟုတ်လား။ ဒါကြောင့်လည်း ဆက်စပ်ရာ if အကြောင်းလေး သိထားသင့်ပါတယ်။

If you hear any news, can you ring me immediately?
သတင်းတစ်ခုခုကြားမယ်ဆိုရင် ငါ့ကို ချက်ချင်းဖုန်းဆက်ပေးနိုင်မလား။
(သတင်းက ကြားချင်မှ ကြားရမယ်။ ကြားရတဲ့အခါမှသာ ဖုန်းဆက်ဖို့ ပြောတာ။ ဒါကြောင့် ဖြစ်မယ်လို့ ကိုယ် ထင်တဲ့အရာအတွက် if သုံးရတယ်။ when သုံးလို့ မရဘူး)

When you hear some news, can you ring me immediately?
သတင်းကြားရတဲ့အခါ ငါ့ကိုဖုန်းဆက်ပေးနိုင်မလား။
(သတင်းကို ကြားရပါလိမ့်မယ်။ ကြားတဲ့အချိန် ဖုန်းဆက်ဖို့ ပြောတာ။ ဒါကြောင့် ဖြစ်မယ်လို့ ကိုယ် သိတဲ့အရာအတွက် when သုံးရတယ်)

          အင်္ဂလိပ်စာ လေ့ကျင့်ရင်း တိုးတက်အောင် ကြိုးစားကြပါစို့။

Friday, November 24, 2017

house / home နဲ့ ပတ်သတ်တဲ့ စကားလုံး၊ အသုံးအနှုန်းလေးတွေ

ဒီလမှာ house / home နဲ့ ပတ်သတ်တဲ့ စကားလုံး၊ အသုံးအနှုန်းလေးတွေ လေ့ကျင့် ကြည့်ရအောင်နော်။

ပထမဆုံးအနေနဲ့ house နဲ့ home ကွာခြားချက်လေး အရင်ကြည့်ရအောင်။ ကျောင်းသားတွေအဖို့ အင်္ဂလိပ်စာဆရာတွေကို ခဏခဏမေးရတဲ့ စကားလုံးနှစ်လုံးဆိုလည်း မမှာဘူးပေါ့။ ဒီတော့ မသိသေးတဲ့သူတွေလည်းသိအောင်၊ သိပြီးသားသူတွေလည်း ပိုပြီးမှတ်မိသွားအောင် ပြန်ကြည့်ကြမယ်။

Home ဆိုတာက house, apartment (တိုက်ခန်း), condo စသည်ဖြင့် လူတစ်ယောက်နေတဲ့ ဘယ်နေရာကို မဆိုခေါ်ပါတယ်။ ကိုယ်နေရင် ကိုယ့်အိမ်ပေါ့နော်။ ဥပမာ-ရွက်ဖျင်တဲ ထဲမှာနေတယ်ဆိုပါတော့။ ဒီရွက်ဖျင်တဲ့ဟာ ကိုယ့်အတွက် အိမ် (home) ပါ။ house နဲ့တော့ အဓိပာယ်ကွာပါတယ်။

House ဆိုတာကတော့ အဆောက်အဦးပုံစံတစ်မျိုးပေါ့။ တိုက်ခန်းတို့၊ ကွန်ဒိုတို့ဆိုတာ house မဟုတ်ပါဘူး။ house ဆိုတာ အိမ်ဆိုတဲ့ သီးခြားပုံစံတစ်မျိုးပါ။ ဒီတော့ နှစ်ခုယှဉ်ပြီးပြန်ပြောရရင် home ဆိုတာ ကိုယ်နေတဲ့ ဘယ်နေရာမဆိုကို ခေါ်ပြီးတော့ အိမ်ပုံစံရှိတဲ့ အဆောက်အဦးမှသာ house ပါ။ 

house နဲ့ home ဆိုင်ရာ အသုံးအနှုန်းတွေလည်း လေ့လာကြရအောင်။ သိပြီးသားတွေလည်း ပါပါမယ်။ မသိသေးတာတွေလည်း မှတ်သားပေါ့နော်။ 

ပထမဆုံးစာလုံးက hometown ပါ။ ဥပမာလေး အရင်ကြည့်ပါ။
My hometown is Toronto.
ကဲ.. hometown က ဘယ်လိုအဓိပာယ်ရမယ်ထင်လဲ။ ဟုတ်ပါတယ် hometown (ဇာတိမြို့) ဆိုတာ ကိုယ်မွေးခဲ့တဲ့ နေရာ ဒါမှမဟုတ် ကိုယ့်ရဲ့ငယ်ဘဝကို ကုန်ဆုံးစေခဲ့တဲ့ နေရာ (where you were born or where you spent your childhood) ပါပဲ။ ဥပမာ-
He was born in Bristol, but he considers London his home town since he's lived there most of his life.
သူ့ကို ဘရစ်စတိုမြို့မှာမွေးတယ်။ ဒါပေမဲ့သူက လန်ဒန်မြို့ကိုပဲ သူ့ဘဝရဲ့ အချိန်အများစု နေထိုင်ခဲ့ရာဖြစ်တဲ့အတွက် ဇာတိမြို့လို့ယူဆတယ်။

နောက်ထပ်စကားလုံးတစ်လုံးက homesick ပါ။ ဒီဥပမာလေးကို အရင်ကြည့်ပါဦး။ I’m homesick. I miss my family. ဒီဝါကျအရ homesick က ဘာအဓိပာယ်ဖြစ်မလဲ။ ပျော်တာလား။ ဝမ်းနည်းတာလား။ တကယ်တော့ homesick (အိမ်ကိုလွမ်းသော) ဖြစ်နေတယ်ဆိုရင် ဝမ်းနည်းတာကို ပြောချင်တာပါပဲ။ ဘာလို့ ဝမ်းနည်းရမှာလဲ။ အိမ်မှာမရှိလို့၊ ကိုယ့်နိုင်ငံမှာမရှိလို့၊ ကိုယ့်မြို့မှာမရှိလို့ ဝမ်းနည်းတာမျိုးပါ။ ဥပမာ-
As I read my mother's letter, I began to feel more and more homesick.
အမေ့ရဲ့စာကို ဖတ်နေရင်း ကျွန်တော် ပိုပိုပြီး အိမ်ကိုလွမ်းလာတယ်။

နောက်ထပ်စကားလုံးနှစ်လုံးက homeless နဲ့ homelessness ပါ။ ဒီစကားလုံးနှစ်လုံးရဲ့ အဓိပာယ်ကတော့ အတူတူပါပဲ။ ဒါပေမဲ့ homeless  (အိုးမဲ့အိမ်မဲ့) က Adjective ဖြစ်ပြီး  homelessness (အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း)  က Adverb ပါ။ ဥပမာ-
(1)  Accommodation needs to be found for thousands of homeless  families.
အိုးမဲ့အိမ်မဲ့မိသားစုတွေ ထောင်ပေါင်းများစွာအတွက် နေရာထိုင်ခင်းတွေ ရှာတွေ့ဖို့လိုတယ်။
(2)  One common cause of homelessness  is separation or divorce.
အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းရဲ့ အတွေ့ရများတဲ့အကြောင်းတစ်ခုက လင်မယားကွဲတာရယ်၊ ကွာရှင်း ပြတ်စဲကြတာကြောင့်ဖြစ်တယ်။

ခုပြောမယ့် စကားအသုံးအနှုန်းတစ်ခုကတော့ ကောင်းတဲ့အသုံးအနှုန်းလေးပါ။ Home sweet home. တဲ့။ ရပ်ဝေးတစ်ခုခုသွားပြီး အိမ်ပြန်ရောက်တဲ့အခါ ဝမ်းသာအားရပြောကြလေ့ရှိတဲ့ စကားလေးပါပဲ။ I am happy to be home.  လို့ အဓိပာယ်ရပါတယ်။ 

နောက်ထပ် ကျောင်းသားတွေ မကြာခဏဆိုသလို ရောထွေးတတ်တဲ့ စကားလုံးတွေကို ကြည့်ပါဦး။ housework နဲ့ homework ပါ။ ရောတတ်တာလည်း အပြစ်တင်ရခက်ပါတယ်။ စကားလုံးတွေက ဆင်တူနေတာကိုး။ 

housework က အိမ်သန့်ရှင်းရေးနဲ့ဆိုင်ပါတယ်။ အဝတ်လျှော်တာတို့၊ ပန်းကန်တွေဆေးကြောတာတို့၊ ချက်ပြုတ်တာတို့ဖြစ်နိုင်ပါတယ်။ ကိုယ့်အိမ်ကို သန့ှ်ရှင်းအောင်ထားဖို့ လုပ်တဲ့အလုပ်အားလုံး (All of the work that you do to keep your house clean is housework.) ကို housework (အိမ်တွင်းမှုအလုပ်၊ အိမ်မှုကိစ္စ) လို့ခေါ်ပါတယ်။ ဥပမာ သူက သန့်ရှင်းရေးအကုန်လုပ်၊ ချက်ပြုတ်တာတွေအကုန်လုပ်၊ လျှော်ဖွပ်တာတွေ အကုန်လုပ်ရင် She does all the housework. လို့ ပြောနိုင်ပါတယ်။

homework (အိမ်စာ) ကတော့ housework နဲ့ အဓိပာယ်ကွာပါတယ်။ ကိုယ်ကကျောင်းသားသာဆို homework ကို ကောင်းကောင်းသိမှာပေါ့။ အိမ်မှာလုပ်ဖို့အတွက် ကျောင်းကနေရလာတဲ့ အလုပ်လေ။ ပြီးတော့နောက်တစ်နေ့ ကျောင်းကို ယူသွားပြီး ဆရာမက အမှတ်ခြစ်ပေးတာ။ ဒါဟာ homework ပေါ့။ ဥပမာ-
Our teacher gave us too much homework.
ဆရာမက အိမ်စာတွေအများကြီးပေးလိုက်တယ်။

ဒီတစ်ခါ make yourself at home ဆိုတဲ့ အသုံးအနှုန်းလေးကို လေ့လာပါဦး။  သိပ်အသုံးဝင်တဲ့ စကားအသုံးအနှုန်းပါ။ အိမ်ကို ဧည့်သည်တစ်ယောက် လာလည်ပြီဆိုပါတော့။ သူ့ကို သက်သောင့် သက်သာလေး နေစေချင်တယ်ဆိုရင် make yourself at home (ကိုယ့်အိမ်လိုသဘောထားပါ) လို့ ပြောရမှာပေါ့။

ကျောင်းသားအများစု မသိကြပေမဲ့ အင်မတန်အသုံးဝင်တဲ့ နောက်ထပ်စကားအသုံးအနှုန်းတစ်ခုက on the house ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေသွားတဲ့အခါ ဒီစကားများကြားရပြီဆိုရင် အတော်ဝမ်းသာစရာ ကောင်းမှာပါ။ on the house ဆိုတာ ဆိုင်ရာက ကျခံသော၊ အခမဲ့ ဆိုတဲ့ အဓိပာယ်ရပါတယ်။ ဥပမာ-
All the drinks were on the house.
အဖျော်ယမကာတွေ အကုန်လုံးက အခမဲ့ပါ။

နောက်ထပ်အသုံးအနှုန်းကလည်း စားသောက်ဆိုင်နဲ့ ဆိုင်တာပါပဲ။ house speciality တဲ့။ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ နာမည်ကျော်တဲ့ အစားအစာ ဒါမှမဟုတ် အစားအသောက်တစ်မျိုးမျိုးကို ဆိုလိုပါတယ်။ ဥပမာ-
Pizza is their house specialty.
ပီဇာက သူတို့ဆိုင်ရဲ့ နာမည်ကျော်အစားအစာပဲ။

စကားအသုံးအနှုန်းလေး နည်းနည်းထပ်ကြည့်ရအောင်။ အဲဒီထဲက တစ်ခုကတော့ house wine ပါ။ house wine ဆိုတာ စားသောက်ဆိုင်တစ်ခုမှာ ဈေးပိုသက်သာတဲ့ ဝိုင်အမျိုးအစားပါ။

House music ဆိုတာ ကလပ်တွေမှာ သိပ်ပြီးတော့လူသိများတဲ့ အက ဂီတတစ်မျိုးပါ။ ဥပမာ-
The club plays house and hip hop music.

ဒီဥပမာလေးကို ကြည့်ပါဦး။ It’s a fullhouse. There are no more tickets for the play. ဥပမာကို ဖတ်ကြည့်ရုံနဲ့ အဓိပာယ်ကို အလွယ်တကူမှန်းဆနိုင်မှာပေါ့။ fullhouse (ရုံပြည့်) ဆိုတဲ့ အဓိပာယ်ပါ။ ပြဇာတ်ရုံတွေ၊ ပြဇာတ်တွေနဲ့ ဆိုင်ရာမှာ သုံးပါတယ်။

နောက်ဆုံးပြောမှာက house party ဆိုတဲ့ စကားလုံးပါ။ အဓိပာယ်မှန်းဆရတာ လွယ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အိမ်မှာလုပ်တဲ့ ပါတီက house party ပါပဲ။

စာတွေ ဖတ်ပြီးလေ့လာပြီးပြီးဆိုရင် ဥပမာဝေဝေဆာဆာနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရှင်းပြထားတဲ့ native speaker ဆရာမရဲ့ ဗီဒီယိုလေးလည်း ကြည့်ပါဦး။

အင်္ဂလိပ်စာလေ့လာရင်း တိုးတက်အောင် ကြိုးစားကြပါစို့။