နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, November 15, 2018

အင်္ဂလိပ်စကားပြော တိုးတက်စေဖို့ အကြံပြုဗီဒီယို

One question students often ask is “How can I improve my speaking?”

ကျောင်းသားတွေ မကြာခဏမေးတတ်တဲ့ မေးခွန်းတစ်ခုက “ကျွန်တော်/ကျွန်မရဲ့ စကားပြောတိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ။”တဲ့။
If you live somewhere where you don't have a lot of opportunity to speak English, this could feel like a big problem.
ခင်ဗျားက အင်္ဂလိပ်စကားပြောဖို့ အခွင့်အရေး အများကြီး မရှိတဲ့နေရာမှာ နေတယ်ဆိုရင် ဒါက ပြဿနာကြီးတစ်ခုလို့ ထင်စရာရှိတာပေါ့။
However, that doesn't mean there's nothing you can do to improve.
ဒါပေမဲ့ ဒါက တိုးတက်အောင် ခင်ဗျားလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။
The first piece of advice I would give is “listen”.
ကျွန်တော်ပေးမယ့် ပထမဆုံး အကြံတစ်ခုက “နားထောင်”ပါ။
It's never been easier to listen to lots of English.
အင်္ဂလိပ်စကားအများကြီး နားထောင်ရဖို့ တစ်ခါမှ ခုလောက် မလွယ်ဖူးဘူး။
The internet gives you access to millions of songs, podcasts, stories, video clips.
အင်တာနက်က သီချင်းတွေ၊ podcast (အင်တာနက်က ဒေါင်းလုပ် လုပ်နိုင်တဲ့ ရေဒီယိုအစီအစဉ်) တွေ၊ ဇာတ်လမ်းတွေ၊ ဗီဒီယိုအပိုင်းတွေ သန်းပေါင်းများစွာကို သုံးစွဲနိုင်ခွင့်တွေ ပေးထားတယ်။
There is so much stuff out there in English for you to listen to.
ခင်ဗျားနားထောင်ဖို့ အင်္ဂလိပ်လို အကြောင်းအရာတွေ အများကြီးရှိတယ်။ (stuff ဆိုတာ ပစ္စည်း၊ အရာ ဆိုတဲ့ အဓိပ္ပာယ်)
And if you're listening to songs, sing along.
ခင်ဗျားက သီချင်းတွေ နားထောင်နေတယ်ဆိုရင် လိုက်ဆိုပါ။
A lot of people find that it really helps.
လူတော်တော်များများကတော့ အဲဒါက တကယ်အကူအညီဖြစ်တယ်ဆိုတာ တွေ့ရတယ်။
If you're watching short video clips, pause them and repeat what you've heard.
ဗီဒီယိုအပိုင်းအတိုလေးတွေ ကြည့်နေတာဆိုရင် ခဏရပ်ရပ်ပြီး ကိုယ်ကြားတာတွေ ပြန်ပြောကြည့်ပါ။
Listening to get an idea of how people speak can really help you with your own speaking.
လူတွေ ဘယ်လိုပြောကြသလဲဆိုတာ စိတ်ကူးရဖို့ နားထောင်တာက ကိုယ်ပြောတာအတွက်လည်း တကယ့်ကို အကူအညီဖြစ်စေနိုင်ပါတယ်။
One thing that a lot of learners find difficult about speaking is that they worry too much about making mistakes-- grammar mistakes, vocabulary mistakes, and so on-- and this worry stops them from speaking fluently.
စကားပြောတာနဲ့ ပတ်သက်ပြီး လေ့လာသူအများ အခက်တွေ့ကြတာတစ်ခုက သူတို့အမှားလုပ်မိမှာ အလွန်အကျွံစိုးရိမ်နေကြတာပဲ။ သဒ္ဒါအမှားတွေ၊ ဝေါဟာရအမှားတွေ စသည်ဖြင့်ပေါ့လေ။ ဒီလိုစိုးရိမ်တာက သူတို့ စကားကို သွက်သွက်လက်လက် မပြောနိုင်အောင် အဟန့်အတား လုပ်နေတာ။
Remember, though, that speaking fluently is about accuracy, using language correctly, but it's also about fluency.
ဒါပေမဲ့ သတိရပေါ့နော်။ စကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်ဆိုတာ ဘာသာစကားကို မှန်မှန်ကန်ကန်သုံးတာဆိုတဲ့ “မှန်ကန်တိကျမှု” အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ သွက်သွက်လက်လက် ပြောနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။
So of course you need to try to use correct English, but fluency is just as important.
ဒါကြောင့် တကယ်တော့ မှန်ကန်တဲ့ အင်္ဂလိပ်စကားကို သုံးတတ်အောင် ကြိုးစားဖို့ လိုပါတယ်။ ဒါပေမဲ့ သွက်သွက်လက်လက် ရှိဖို့ကလည်း အဲဒီလိုပဲ အရေးကြီးပါတယ်။
One tip here is to record yourself speaking English.
ဒီနေရာမှာ အကြံပြုချက်တစ်ခုကတော့ ကိုယ်အင်္ဂလိပ်စကားပြောနေတာကို အသံသွင်းထားဖို့ ဖြစ်ပါတယ်။
You can try copying something you hear a native speaker say, or just record yourself talking about yourself or anything you want to.
မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်ပြောတာတစ်ခုခုကို ခင်ဗျား ကြားတဲ့အတိုင်း ပုံတူကူးပြောကြည့်ဖို့ ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်အကြောင်းကိုယ်ပြောတာ၊ ကိုယ်ပြောချင်တာ ဘာမဆို ပြောနေတာကို အသံသွင်းပါ။
Try speaking about a topic for a minute and see how you do.
ခေါင်းစဉ်တစ်ခုကို တစ်မိနစ်လောက် ပြောကြည့်ပြီး ကိုယ်ဘယ်လိုနေတယ်ဆိုတာ ကြည့်ပါ။
Another thing that students say a lot is “How can I sound like a native speaker?”
ကျောင်းသားတွေ ပြောတာများတဲ့တခြားတစ်ချက်ကတော့ “မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်နဲ့ တူအောင် ဘယ်လိုပြောရမလဲ”တဲ့။
My answer would be “Why do you want to?”
ကျွန်တော့်အဖြေကတော့ “ဘာလို့ တူချင်ရတာလဲ” လို့ပဲဖြစ်မယ်။
When you speak, the important thing is that people can understand you and you can communicate.
ခင်ဗျားစကားပြောတဲ့အခါ အရေးကြီးတာက လူတွေက ခင်ဗျားစကားကို နားလည်ပြီး ခင်ဗျားတို့ ဆက်သွယ်လို့ ရနိုင်တယ်ဆိုတာပဲလေ။
If your accent makes that difficult for people, then there are things you can do to improve it.
ကိုယ့်ရဲ့လေသံက လူတွေကို နားလည်ရခက်စေတာဆိုရင်တော့ ဒါကိုတိုးတက်အောင် လုပ်နိုင်တာတွေ ရှိတယ်။
You can practise individual sounds.
ခင်ဗျားက သီးခြားအသံတွေကို လေ့ကျင့်နိုင်တယ်။
Find out which sounds cause problems for speakers of your language.
ကိုယ့်ရဲ့ ဘာသာစကားကို ပြောနေသူတွေအတွက် ဘယ်အသံတွေက ပြဿနာဖြစ်စေသလဲဆိုတာ ရှာကြည့်ပါ။
You can practise intonation by listening to native speakers and getting used to the sound of sentence stress in English.
လေယူလေသိမ်းကို မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတွေကို နားထောင်ပြီးတော့ အင်္ဂလိပ်စကားရဲ့ ဝါကျဖိသံတွေရဲ့ အသံနဲ့ ကျင့်သားရအောင်လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။
There's a lot you can do to improve your spoken English, but you don't need to sound like a native speaker.
ကိုယ့်ရဲ့ အပြောစကားကို တိုးတက်အောင် လုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခင်ဗျားက မိခင်ဘာသာစကားအနေနဲ့ ပြောတဲ့သူတစ်ယောက်နဲ့ တူနေစရာတော့ မလိုပါဘူး။
As long as people can understand you, that's fine.
လူတွေခင်ဗျားကို နားလည်နိုင်သရွေ့ အဆင်ပြေပါတယ်။
On this page you can find links to help you find out more about the things I've mentioned, and you can share your own tips too.
ဒီစာမျက်နှာမှာ ကျွန်တော်ဖော်ပြခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားရှာတွေ့နိုင်အောင် ကူညီပေးတဲ့ လင့်ခ်တွေ တွေ့နိုင်ပါတယ်။ ခင်ဗျားရဲ့ အကြံပြုချက်တွေကိုလည်း မျှဝေနိုင်ပါတယ်ဗျာ။

ဗီဒီယိုထဲမှာ ပြောထားတဲ့ Link တွေကို ဒီမှာ စုစည်းပေးထားပါတယ်ခင်ဗျာ။



No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ