နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား
Showing posts with label English Usage. Show all posts
Showing posts with label English Usage. Show all posts

Tuesday, September 17, 2019

used to + infinitive

တစ်ခါတစ်လေမှာ used to ပါတဲ့ စာကြောင်းတွေ ဖတ်ရတာ နားလည်ရလွဲတတ်တယ်။ ဒီစာကြောင်းလေးတွေ အရင်ဖတ်ကြည့်ပေါ့။
§  I used to go to the beach every day.
§  I used to start work at 9 o'clock.
ကျွန်တော်တို့ အများစုက use ဆိုတာ မြင်တိုင်း အသုံးပြုသည်လို့ ပြောချင်ကြတာမဟုတ်လား။ အခုဝါကျတွေကိုလည်း အဲဒီလိုတွေးပြီး ဘာသာပြန်လို့ကတော့ လွဲပြီပေါ့။ တကယ်က ခုလိုတွေ ပြောချင်တာပါ။
§  I used to go to the beach every day.
ကျွန်တော်က နေ့တိုင်းကမ်းခြေကို သွားလေ့ရှိခဲ့တယ်။
§  I used to start work at 9 o'clock.
ကျွန်မက ကိုးနာရီမှာ အလုပ်စလေ့ရှိခဲ့တယ်။
ခုပြောခဲ့တာကို ပုံစံထုတ်လိုက်ရင် used to + infinitive ပုံစံပေါ့လေ။ ဒီပုံစံကို ဘယ်မှာသုံးမလဲ။
အင်္ဂလိပ်လို အရင် ကျက်မှတ်လိုက်ပါ။
v  Used to + infinitive is only used in the past: it has no present form. We use it to talk about past habits and states which are now finished.
v  used to + infinitive ကို အတိတ်ကာလမှာပဲ သုံးရမယ်။ သူ့မှာ ပစ္စုပ္ပန်ကာလ ပုံစံမရှိဘူး။ တို့က အဲဒါကို အတိတ်ကာလက အလေ့အထအတွေနဲ့ အခုအချိန်မှာ ပြီးသွားတဲ့ အခြေအနေတွေကို ပြောဖို့ သုံးတယ်။
ဒီဥပမာတွေကို ကြည့်ပါ။
§  I used to smoke, but I’ve stopped.
ကျွန်တော်က ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ ရပ်လိုက်ပါပြီ။
§  She used to be very shy.
သူက သိပ်ပြီး ရှက်လေ့ရှိခဲ့တာပေါ့။
ဟုတ်ပြီ။ used to က အတိတ်မှာ လုပ်လေ့လုပ်ထ ရှိခဲ့တဲ့ ကိစ္စတွေအကြောင်း ပြောချင်တာဆိုရင် လက်ရှိ ပစ္စုပ္ပန်ကာလမှာ လုပ်လေ့လုပ်ထရှိတာတွေ၊ အခြေအနေတွေကို ပြောချင်ရင်ကော ဘာသုံးရမလဲ။ ရှင်းပါတယ်။ simple present tense သုံးပါ။ simple present tense က လုပ်လေ့လုပ်ထရှိတာကို ပြောတဲ့အခါမှာ သုံးတယ်နော်။
ဒီဥပမာတွေကို ကြည့်ပါ။
§  He smokes.
သူက ဆေးလိပ်သောက်လေ့ရှိတယ်။ (He uses to smoke. လို့ မသုံးရဘူး)
§  Her sister is still very shy.
သူ့အစ်မက ရှက်တတ်တုန်းပဲ။
ခု ပြောခဲ့တဲ့အဆင့် အထိက ပုံမှန်မှတ်သင့်  မှတ်ထိုက်တာတွေပေါ့။ ဒီတစ်ခါ တဆင့်တိုးပြီး မှတ်ရအောင်။
အင်္ဂလိပ်လိုပဲ အရင်မှတ်ပါမယ်။
v  In a formal style, used to can have the forms of a modal auxiliary verb (questions and negatives without do).
v  အခန့်သုံးတဲ့ ပုံစံမှာ used to က အကူကြိယာပုံစံ ရှိနိုင်ပါတယ်။ (do မသုံးတဲ့ မေးခွန်းနဲ့ အငြင်းပုံစံတွေပါ)
ဒီလိုပြောရုံနဲ့ ရှင်းသွားဖို့တော့ ခက်ပါတယ်။ ဒီတော့ ဥပမာတွေ ကြည့်ရင်းနဲ့ မှတ်ကြမယ်။
ပုံမှန်ပြောနေကျပုံစံ၊ ပေါ့ပေါ့ပါးပါး ပုံစံတွေမှာ မေးခွန်းတွေ၊ အငြင်းဝါကျတွေလုပ်ရင် လုပ်နေကျအတိုင်းပဲ do သုံးပြီး မေးရတာပေါ့။
§  Did you use to play football at school?
ကျောင်းမှာတုန်းက ဘောလုံး ကစားလေ့ရှိခဲ့သလား။
ခုလို informal ပုံစံမှာ Did ….use..? ဆိုပြီး သုံးထားတာ သတိထားမိမယ်နော်။ အခန့်သုံး (formal) ပုံစံမှာဆိုရင်ကော ဘယ်လိုသုံးမလဲ။
§  Used you to play football at school?
ကျောင်းမှာတုန်းက ဘောလုံး ကစားလေ့ရှိခဲ့သလား။
ဒီတစ်ခါကျတော့ did မသုံးတော့ဘဲ used .. to ကို အကူကြိယာအနေနဲ့ သုံးထားတာ တွေ့ရလိမ့်မယ်။ ဒီလိုလည်း သုံးနိုင်တယ်ဆိုတာ သိထားပေါ့နော်။
နောက်ထပ် နှိုင်းယှဉ်ကြည့်ပါဦး။
§  I didn’t use to like opera, but now I do. (informal)
§  I used not to like opera, but now I do. (formal)
ကျွန်မက အော်ပရာပြဇာတ်ကို ကြိုက်လေ့မရှိခဲ့ဘူး။ ဒါပေမဲ့ ခုကြိုက်တယ်။
အတိုချုံ့ထားတဲ့ အငြင်းပုံစံလည်း သုံးလို့ရပါတယ်။
ဥပမာ -
I usedn’t to like….
နောက်တစ်ချက် မှတ်စရာ ပြောရမယ်ဆိုရင် တစ်ခုခု ဘယ်လောက်ကြာတယ်ဆိုတာ၊ ဒါမှမဟုတ် တစ်ခုခု ဘယ်နှစ်ကြိမ်ဖြစ်ပွားတယ်ဆိုတာ ပြောဖို့တော့ used to ကို မသုံးရပါဘူး။
ဥပမာ
§  I lived in Chester for three years.
ကျွန်တော် ချက်စတာမြို့မှာ သုံးနှစ်ကြာအောင် နေခဲ့တယ်။
(ဘယ်လောက်ကြာအောင် နေခဲ့တာကို ပြောတာမို့ I used to live in Chester for three years. ဆိုပြီး ရေးလို့ မရပါဘူး)
နောက်ဥပမာ တစ်ခု ကြည့်ရအောင်။
§  I went to France seven times.
ကျွန်တော် ပြင်သစ်ကို ခုနစ်ကြိမ် သွားခဲ့တယ်။
(ဘယ်နှစ်ကြိမ်သွားခဲ့တယ်ဆိုတာကို ပြောတာမို့ I used to go to France seven times. လို့ မသုံးရပါဘူး)
ခုပြောခဲ့တာတွေက used to + infinitive ပုံစံတွေချည်းပါပဲ။ ဒီပုံစံကို be used to ….ing နဲ့ မရောစေနဲ့နော်။ မရောရဘူးဆိုမှ သိပ်ပြီး မှားတတ်ကြပါတယ်။ ဒီတော့ နည်းနည်းချင်းမှတ်နိုင်အောင် be used to … ing ပုံစံကို သပ်သပ် ထပ်ပြောပြပါမယ်။

Reference:
Basic English Usage (Michael Swan)

Monday, September 2, 2019

Go ဆိုတိုင်း သွားတာလား


go ရဲ့ အဓိပ္ပာယ်ကို ပြောပါဦးလို့ ပြောလိုက်ရင် အများစုက သွားသည် လို့ ပြောကြလိမ့်မယ်။  မဟုတ်လို့လားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဝါကျတစ်ကြောင်းကို ဖတ်ကြည့်ပါဦး။
§  Leaves go brown in autumn.
သစ်ရွက်တွေက ဆောင်းဦးရာသီမှာ အညိုရောင်ဖြစ်လာတယ်။
ဒီဝါကျမှာတော့ go က တစ်နေရာကနေ တစ်နေရာကို သွားသည်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်တော့ဘူး။ အညိုရောင်ဖြစ်လာသည်။ ညိုလာသည် ဆိုတဲ့ သဘောကိုပြတဲ့ဖြစ်လာသည်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
အင်္ဂလိပ်လိုလေး တစ်ချက်အရင်မှတ်ကြမယ်။
v  We use go to mean ‘become’ before some adjectives.
တချို့ adjectives တွေရဲ့ ရှေ့မှာ go ကို ဖြစ်လာသည် (become) ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတယ်။
go ကို ဖြစ်လာသည် လို့ မှတ်တာကတော့ ဟုတ်ပါပြီ။ ဘယ်စကားလုံးတွေ၊ ဘယ် adjective တွေနဲ့ တွဲရင် ခုလို အဓိပ္ပာယ်ဖြစ်တာလဲ။
ပထမတစ်ချက်ကို အရင်ကြည့်မယ်။
(1)  အရောင်ကိုပြတဲ့ စကားလုံးတွေနဲ့ တွဲလိုက်ရင် ဖြစ်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ရမယ်။
§  Leaves go brown in autumn.
ဆောင်းဦးရာသီမှာ သစ်ရွက်တွေ အညိုရောင် ဖြစ်လာတယ်။ (အညိုရောင် ပြောင်းလာတယ်)
§  People go red, pale or white with anger; blue with cold; green with seasickness.
လူတွေက ဒေါသနဲ့ (မျက်နှာ) နီရဲလာ/ ဖျော့တော့လာ/ ဖြူလာတတ်တယ်။ အအေးဒဏ်နဲ့ ပြာလာတတ်တယ်။ လှိုင်းမူးတဲ့ဒဏ်နဲ့ စိမ်းလာတတ်တယ်။
§  If you faint, everything goes black.
သင်သတိလစ်သွားတဲ့အခါ အရာရာ အမှောင်ကျသွားတယ်။
          ခုလိုဝါကျတွေမှာ go ကို သုံးတယ်ဆိုပေမဲ့ ခံ့ခံ့ညားညားရေးတဲ့ ပုံစံနဲ့ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ go အစား turn ကိုသုံးတယ်။
          နောက်ထပ် အချက် တစ်ခုကို အင်္ဂလိပ်လို အရင် မှတ်ကြမယ်။

(2) We use go with some other adjectives to talk about things changing for the worse.
အဆိုးဘက်ကို ပြောင်းသွားတဲ့ အရာတွေအကြောင်းကို ပြောဖို့တခြား Adjectives တချို့နဲ့ go ကို သုံးတယ်။
Her father's going deaf.
သူ့အဖေက နားလေးလာတယ်။
If anything goes wrong, you can call our emergency hotline free of charge.
တစ်ခုခု အမှားအယွင်းဖြစ်ရင် ကျွန်တော်တို့ရဲ့ အရေးပေါ်ဖုန်းလိုင်းကို အခမဲ့ ခေါ်နိုင်ပါတယ်။

Reference:
Basic English Usage (Michael Swan)
https://dictionary.cambridge.org/dictionary/english/go