တစ်ခါက လူငါးဆယ်ပါတဲ့ အုပ်စုတစ်စုဟာ ဆွေးနွေးပွဲတစ်ခုကို တက်နေပါတယ်။
ဟောပြောသူက ရုတ်တရက် ရပ်တန့်လိုက်ပြီး လူတစ်ယောက်ကို ပူပေါင်းတစ်လုံးစီ စတင်ပေးပါတယ်။ အဲဒီလူတစ်ယောက်စီကို... အမှတ်အသားလုပ်တဲ့ မင်တံသုံးပြီး ပူပေါင်းပေါ်မှာ သူ ဒါမှမဟုတ် သူမရဲ့ နာမည်ကို ရေးခိုင်းတယ်။ အဲဒီနောက် ပူပေါင်းတွေ အားလုံးကို စုပြီး အခန်းတစ်ခန်းထဲထည့်လိုက်ပါတယ်။
အခု အဲဒီကိုယ်စားလှယ်တွေကို အခန်းထဲဝင်ခွင့်ပြုလိုက်ပြီး သူတို့ရဲ့ နာမည်ရေးထားတဲ့ ပူပေါင်းကို ငါးမိနစ်အတွင်းရှာခိုင်းပါတယ်။
လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ပူပေါင်းတွေကို ကသုတ်ကရက်ရှာကြပါတယ်။ တစ်ယောက်ကို တစ်ယောက် တွန်းထိုးရင်း တိုက်ရင်းနဲ့ပါ။ လုံးဝကို ပရမ်းပတာနဲ့ပေါ့။ ငါးမိနစ်ပြီးတဲ့နောက်မှာ ဘယ်သူကမှ သူတို့နာမည်ပါတဲ့ ပူပေါငိးကို ရှာလို့မရနိုင်ခဲ့ဘူး။
အခုတစ်ယောက်စီကို ပူပေါင်းတစ်လုံး ကြုံရာယူပြီး ပူပေါင်းပေါ်မှာ ရေးထားတဲ့ နာမည်ပိုင်ရှင်ကို ပေးခိုင်းပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ လူတိုင်းဟာ သူတို့ရဲ ကိုယ်ပိုင် ပူပေါင်းကို ပြန်ရသွားပါတယ်။
ဟောပြောသူက စတင်ပြောပါတယ်။ “ဒါဟာ ကျွန်တော်တို့ရဲ့ ဘဝမှာ ဖြစ်ပျက်နေတဲ့အတိုင်းအတိအကျပဲဗျ။ လူတိုင်းက ပျော်ရွှင်မှုဆိုတာကို ဘယ်နားရှိနေမှန်းမသိဘဲနဲ့ ကသုတ်ကရက် ရှာနေကြတယ်။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက တခြားသူတွေရဲ့ ပျော်ရွှင်မှုတွေမှာ ရှိနေပါတယ်။ တခြားသူတွေကို သူတို့ရဲ့ ပျော်ရွှင်မှုတွေပေးလိုက်ပါ။ ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရပါလိမ့်မယ်။
ပြီးတော့ ဒါဟာ လူ့ဘဝရဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။"
စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Finding Happiness by Author Unknown
The Best English Magazine, August, 2014
နှုတ်ခွန်းဆက်စကား
Showing posts with label ဘဝအတွေးအမြင်. Show all posts
Showing posts with label ဘဝအတွေးအမြင်. Show all posts
Saturday, August 9, 2014
Tuesday, April 22, 2014
မျှော်လင့်သလို ဖြစ်မလာသော်လည်း
တစ်ခါက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာတင်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ကိုကယ်ဖို့ လူတစ်ယောက်လွှတ်ပေးပါလို့ နေ့တိုင်းဘုရားသခင်ဆီမှာ သူဆုတောင်းတယ်။ ဒါပေမဲ့ ဘယ်သူမှရောက်မလာတော့သူစိတ်ပျက်ရတယ်။
လတွေကုန်လွန်သွားတယ်။ ဒီလူက ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ သိရှိလာခဲ့တယ်။ ဒီအချိန်တွေအတွင်းမှာ သူကကျွန်းပေါ်ကအရာဝတ္ထုတွေကိုစုဆောင်းပြီး သူဆောက်ထားတဲ့တဲထဲမှာသိုလှောင်ထားတယ်။ တစ်နေ့တော့ သူဟာအစားအသောက်ရှာဖွေပြီး သူ့ရဲ့တဲဆီကိုပြန်လာစဉ်မှာ သူပိုင်ဆိုင်တဲ့အရာအားလုံးနဲ့အတူ သူ့ရဲ့တဲကြီးမီးလောင်နေတာကိုအထိတ်တလန့်မြင်လိုက်ရတယ်။
သူပိုင်ဆိုင်တာတွေအားလုံး မီးခိုးတွေနဲ့ အပေါ်တက်သွားပြီလေ။ သူ့မှာကျန်ခဲ့တဲ့တစ်ခုတည်းသောအရာက သူ့ကျောပေါ်ကအဝတ်အစားတွေပဲဖြစ်ပါတယ်။ အစတုန်းက သူတုန်လှုပ်သွားတယ်။ နောက်တော့ထိန်းမနိုင်သိမ်းမရ ဒေါသတွေဟုန်းဟုန်းတောက်လာတယ်။
ဒေါပွပွနဲ့သူက လေထဲကို လက်သီးနဲ့ထိုးပြီး ဘုရားသခင်ကို ကျိန်ဆဲအော်ဟစ်တော့တယ်။ “ဘုရားသခင်၊ ကိုယ်တော်က တပည့်တော်ကိုဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ခွင့်ပေးရတာလဲ။ တပည့်တော်ကို ကယ်ပါလို့ လတွေအများကြီးကြာအောင် တပည့်တော်ဆုတောင်းနေတာ ဘယ်သူမှမလာဘူး။ အခုတော့ တပည့်တော်မှာရှိသမျှအားလုံးမီးလောင်ကုန်ပြီ။ တပည့်တော်ကို ဘယ်လိုများဒီလိုလုပ်ရက်တာလဲ။ ဘာကြောင့်ဒီလိုဖြစ်အောင်လုပ်ရတာလဲ"
နောက်တော့ အဲဒီလူက ဒူးထောက်ပြီး သည်းသည်းထန်ထန်ငိုကြွေးပါတယ်။ သူမော့ကြည့်မိတဲ့အခါ သင်္ဘောတစ်စီးသူ့ဘက်ကိုလာနေတာ တွေ့သွားတယ်။ သူ့ကိုကယ်ဆယ်ပေးပါတယ်။ လူသားတွေရှိရာအရပ်ကိုသူတို့ပြန်လာစဉ်မှာ သူကသင်္ဘောကပ္ပတိန်ကိုမေးတယ်။ “ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်လိုရှာတွေ့သွားတာလဲ"
ကပ္ပတိန်က ပြန်ဖြေပါတယ်။ “ကျွန်တော်တို့ သမုဒ္ဒရာကိုဖြတ်ပြီး ရေကြောင်းခရီးထွက်နေတုန်း မိုးကုပ်စက်ဝိုင်းမှာ မီးခိုးတန်း လေးအပေါ်တက်နေတာကို သတိထားမိလိုက်တယ်။ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ဆုံးဖြတ်တယ်။ အဲဒီမှာ ခင်ဗျားကိုတွေ့တာပါပဲဗျာ"
စည်သူထက် (မအူပင်တက္ကသိုလ်)
The Best English Magazine, April, 2014
Ref: “Author Unknown" ၏ “Things Are Not Always As They Appear"
Sunday, January 19, 2014
အမှိုက်ကင်းတဲ့နေ့
တစ်နေ့မှာ ကျွန်တော် အငှားကားတစ်စီးပေါ်တက်ပြီး လေဆိပ်ကို ထွက်လာပါတယ်။ ကျွန်တော်တို့ ညာဘက်လမ်းကြောကနေ ကားမောင်းလာစဉ်မှာ ကားရပ်နားတဲ့ နေရာတစ်ခုကနေ အနက်ရောင်ကားတစ်စီး ကျွန်တော်တို့ရဲ့ အရှေ့တည့်တည့်ကို ထိုးထွက်လာတယ်။
ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက ဘရိတ်ကို ဆောင့်နင်းချလိုက်တယ်။ ကားက အရှေ့ကို လျှောထွက်သွားပြီးမှ တစ်ဖက်ကားကို သီသီကလေးလွတ်သွားပါတယ်။
တစ်ဖက်ကားရဲ့ ဒရိုင်ဘာက ချာခနဲခေါင်းလှည့်ကြည့်ပြီး
ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက ပြုံးရုံပြုံးပြီး အဲဒီလူကို လက်ဝှေ့ယမ်းပြတယ်။ ကျွန်တော်ဆိုလိုချင်တာက တကယ့်ကို ရင်းရင်းနှီးနှီးလုပ်ပြတာဖြ
ဒီအခါကျမှ ကျွန်တော့်ရဲ့ အငှားကားဒရိုင်ဘာက “အမှိုက်သိမ်းကား ဥပဒေသ” လို့ အခု ကျွန်တော်ခေါ်နေတဲ့ အချက်ကို သင်ပြပေးတယ်။
လူအများဟာ အမှိုက်သိမ်းကားတွေနဲ့ တူတယ်လို့ သူက ရှင်းပြတယ်။ သူတို့တွေဟာ ( ခံပြင်းခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်ပျက်ခြင်းစတဲ့) အမှိုက်တွေ အပြည့်နဲ့ လှည့်လည်သွားနေကြတယ်။ သူတို့ရဲ့ အမှိုက်တွေ ပုံထပ်လာတာနဲ့အမျှ ဒါတွေကို ပစ်ရမယ့်နေရာတစ်ခုကို သူတို့လိုအပ်လာပါတယ်။ တစ်ခါတစ်ရံမှာ သူတို့က သင့်အပေါ်မှာ ပစ်မိပါလိမ့်မယ်။
ဒါတွေကို ကိုယ်တိုင်လက်မခံလိုက်ပါနဲ့
အဓိကအချက်ကတော့ အောင်မြင်နေတဲ့သူတွေဟာ အမှိုက်သိမ်းကားတွေကို သူတို့ရဲ့တစ်နေ့တာကို လွှဲပြောင်းရယူခွင့်မပေးပါဘူ
စိတ်ချမ်းမြေ့ဖွယ် အမှိုက်ကင်းစင်တဲ့ နေ့တစ်နေ့ ရရှိပါစေ။
စည်သူထက် (မအူပင်တက္ကသိုလ်)
Global English Magazine, September, 2013
"The Law of the Garbage Truck"
One day I hopped in a taxi and we took off for the airport. We were driving in the right lane when suddenly a black car jumped out of a parking space right in front of us.
My taxi driver slammed on his brakes, skidded, and missed the other car by just inches!
The driver of the other car whipped his head around and started yelling at us!
My taxi driver just smiled and waved at the guy. And I mean, really friendly. So I asked, “Why did you just do that? This guy almost ruined your car and sent us to the hospital!”
This is when my taxi driver taught me what I now call, “The Law of the Garbage Truck.”
He explained that many people are like garbage trucks. They run around full of garbage (frustration, anger, and disappointment, etc.). As their garbage piles up, they need a place to dump it and sometimes they’ll dump it on you.
Don’t take it personally. Just smile, wave, wish them well, and move on. Don’t take their garbage and spread it to other people at work, at home, or on the streets.
The bottom line is that successful people do not let garbage trucks take over their day. Life’s too short to wake up in the morning with regrets, so… love the people who treat you right & pray for the ones who don’t. Life is ten percent what you make it and ninety percent how you take it!
Have a blessed, garbage-free day.
Author Unknown
စိတ်ဖိစီးမှုတွေထည့်ထားတဲ့ဖန်ခွက်
စိတ်ပညာရှင်တစ်ဦးဟာ ပရိသတ်ကို စိတ်ဖိစီးမှုကိုင်တွယ်ဖြေရှင
အဖြေတွေက ၈ အောင်စကနေ ၂၀ အောင်စအထိ အသံထွက်လာတယ်။ “အဲဒါက ဒီဖန်ခွက်ကို ကျွန်မဘယ်လောက်ကြာအောင် ကိုင်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျွန်မဒါကို တစ်မိနစ်လောက် ကိုင်ထားမယ်ဆိုရင် ပြဿနာမဟုတ်ဘူး။ တစ်နာရီကြာအောင် ကိုင်ထားမယ်ဆိုရင်တော့ ကျွန်မရဲ့လက်မောင်းတွေ ကိုက်လာလိမ့်မယ်။ တစ်နေကုန်သာကိုင်ထားမယ်ဆိုရ
သူကဆက်ပြောတယ်။ “စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေဟာ ရေထည့်ထားတဲ့ ဒီဖန်ခွက်လိုပါပဲ။ သူတို့အကြောင်း ခဏစဉ်းစားကြည့်လိုက်၊ ဘာမှမဖြစ်ဘူး။ နည်းနည်းပိုကြာအောင် စဉ်းစားမယ်ဆိုရင် သူတို့က နာကျင်အောင်လုပ်လာပြီပေါ့။ သူတို့အကြောင်းတစ်နေကုန်သာ စဉ်းစားနေမယ်ဆိုရင်တော့ ရှင်တို့ဘာမှ မလုပ်နိုင်တော့ဘဲ အကြောသေသလိုခံစားရမှာပါပဲ။”
သင့်ရဲ့စိတ်ဖိစီးမှုတွေကို လွှတ်ချရမယ်ဆိုတာ သတိရဖို့အရေးကြီးပါတယ်။ ညနေခင်းမှာ စောနိုင်သမျှစောစော သင့်ရဲ့ဝန်ထုပ်ဝန်ပိုးတွေအာ
စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: “Let go of your stresses” by “Author Unknown”
English For All Magazine
No.318, December,2013
ဧကရာဇ်နဲ့မြင်းသည်တော်
ရှေးရှေးတုန်းက ဧကရာဇ်တစ်ပါးက သူ့ရဲ့မြင်းသည်တော်ကို မြင်းစီးပြီး
သူကြိုက်သလောက်မြေအကျယ်အ၀န်းကို ခရီးပေါက်အောင်သွားရင်
သူရောက်ရှိခဲ့သမျှမြေတွေပေးမယ်လို့ပြောလိုက်တယ်။
သေချာတာပေါ့။မြင်းသည်တော်ဟာ မြင်းပေါ်ကိုအမြန်ခုန်တက်ပြီး တတ်နိုင်သမျှအမြန်ဆုံး မြင်းစီးသွားတယ်။သူမရပ်မနား မြင်းစီးခဲ့တယ်။ မြင်းကိုလည်းမြန်နိုင်သမျှမြန်မြန်သွားဖို့ ကျာပွတ်နဲ့ရိုက်လာခဲ့တယ်။ သူဆာလောင် မောပန်းတဲ့အခါမှာလည်းမရပ်နားပါဘူး။သူကတတ်နိုင်သမျှ ခရီးပေါက်ချင်တာလေ။
အလွန်ကြီးမားတဲ့မြေအကျယ်အ၀န်းကိုခရီးပေါက်ပြီးတဲ့အချိန် တစ်နေရာအရောက်မှာတော့သူခြေကုန်လက်ပန်းကျပြီး သေလုမျောပါး ဖြစ်နေပါပြီ။ ဒီတော့မှသူ့ကိုယ်သူမေးမိတယ်။ "မြေနေရာအကျယ်ကြီးကို ခရီးပေါက်ဖို့ ဘာကြောင့်များငါ့ကိုယ်ငါ ဒီလောက်ပြင်းပြင်းထန်ထန် တွန်းအားပေးမိခဲ့ပါလိမ့်။ ငါအခုသေလုမျောပါးဖြစ်နေပြီ။ ငါ့ကိုမြေမြှုပ်ဖို့ မြေနေရာနည်းနည်းလေးပဲ လိုတော့တာပါ။"
အထက်ပါဇာတ်လမ်းလေးကကျွန်တော်တို့ရဲ့ဘ၀ခရီးနဲ့ဆင်တူပါတယ်။ကျွန်တော်တို့ဟာ ပိုက်ဆံပိုရဖို့၊အာဏာနဲ့အသိအမှတ်ပြုခံရမှုတွေ ရရှိဖို့ နေ့တိုင်းပြင်းပြင်းထန်ထန်တွန်းအားပေးနေတာပါ။ကိုယ့်ရဲ့ကျန်းမာရေး၊မိသားစုနဲ့အတူရှိတဲ့အချိန်တွေကိုကျွန်တော်တို့လျစ်လျူရှုမိတတ်ကြပါတယ်။ပတ်ဝန်းကျင်အလှတွေ၊ ကျွန်တော်တို့မြတ်နိုးတဲ့ဝါသနာတွေကို အသိအမှတ်ပြုခံစားဖို့ လျစ်လျူရှုမိတတ်ပါတယ်။
တစ်နေ့မှာ ကျွန်တော်တို့နောက်ကြောင်းပြန်ကြည့်တဲ့အခါ တကယ်တော့ကျွန်တော်တို့အဖို့ ဒီလောက်အများကြီး မလိုအပ်ဘူးဆိုတာ နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဒါပေမဲ့အဲဒီအချိန်မှာ ကျွန်တော်တို့လွဲချော်ခဲ့တဲ့အရာတွေအတွက်အချိန်တွေကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။
စည်သူထက်(မအူပင်တက္ကသိုလ်)
"Unknown Author" ၏ "The Emperor and The Horseman"

Sunday, August 11, 2013
"ကိုယ့်ကိုဘယ်လိုမျိုး အမှတ်ရစေချင်ပါသလဲ"
လွန်ခဲ့သောနှစ်တစ်ရာခန့်က လူတစ်ဦးသည် နံနက်ခင်းသတင်းစာကိုကြည့်မိစဉ်တွင် နာရေးကြော်ငြာ၌ သူ၏အမည်ကိုဖတ်လိုက်ရ၍ အံ့သြထိတ်လန့်သွားသည်။ သတင်းစာက သူသေဆုံးသည့်သတင်းကို မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ပထမတော့သူတုန်လှုပ်သွားသည်။ "ငါအသက်ရှင်နေတုန်းလား၊သေသွားပြီလား" ဟုသူတွေးမိခဲ့သည်။
သူသည်တည်ငြိမ်မှုပြန်လည်ရရှိလာသောအခါ နောက်ထပ်တွေးမိသည်က သူ၏အကြောင်းကို လူအများမည်သို့ပြောကြသည်ကို ရှာကြည့်ရန်ဖြစ်သည်။ နာရေးကြော်ငြာတွင် "ယမ်းဘီလူးဘုရင်ကွယ်လွန်ပြီ " ဟူ၍ ရေးသားထားသည်။ ထို့ပြင် သူသည် "သေမင်းတမန်ကုန်သည်ဖြစ်သည်" ဟုလည်းရေးထားသည်။
သတင်းစာဖတ်နေသောသူသည် ယမ်းဘီလူးကိုတီထွင်ခဲ့သူဖြစ်သည်။ "သေမင်းတမန်ကုန်သည်" ဟူသောစာသားကို ဖတ်မိစဉ်တွင် သူ့ကိုယ်သူမေးခွန်းတစ်ခုမေးမိသည်။
"ဒါကငါ့ကိုအမှတ်ရနေမယ့် ပုံစံလား"
ထိုသို့သူ့ကို အမှတ်ရသည့်ပုံစံကို ခံစားမှုရှိခဲ့သည့်အတွက် သူသည်ထိုပုံစံကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့မှစ၍ သူသည်ငြိမ်းချမ်းရေးအတွက် စတင်ဆောင်ရွက်တော့သည်။ သူ၏အမည်က "အဲဖရက်နိုဗယ်"ဖြစ်ပါသည်။ ယနေ့တွင် သူ့ကို ကြီးကျယ်လှသော " နိုဗယ်ဆု" ကြောင့် လူအများအမှတ်ရနေကြပေသည်။
အဲဖရက်နိုဗယ်သည် သူ့ခံစားချက်ဖြစ်ခဲ့သည့်အချိန်တွင် သူ၏တန်ဖိုးကိုပြန်လည်သတ်မှတ်အဓိပ္ပာယ်ဖွင့်ခဲ့သည်။ ကျွန်ုပ်တို့လည်း စဉ်းစားဆင်ခြင်၍ အလားတူဆောင်ရွက်သင့်ပေသည်။
ကျွန်ုပ်တို့ အောက်ပါမေးခွန်းများ မေးကြည့်သင့်ပေသည်။
"သင်ချန်ထားခဲ့မယ့်အမွေက ဘာလဲ"
"သင့်ကိုဘယ်လိုမျိုးအမှတ်ရနေစေချင်လဲ"
"သင်ကောင်းတဲ့အကြောင်းပြောကြမှာလား"
"သင့်ကို ချစ်မြတ်နိုးမှု၊ လေးစားမှုတွေနဲ့ သတိရကြမှာလား"
"သင့်ကိုလွမ်းဆွတ်တမ်းတကြမှာလား"
မေးခွန်းအားလုံးကို လေးလေးနက်နက်ဖြေဆိုပြီးချိန်တွင် ကျွန်ုပ်တို့ကို လူအများက အမှတ်ရစေချင်းသည့်ပုံစံကို သိနိုင်ပါပြီ။ ကျွန်ုပ်တို့အားလုံး ကောင်းသောနာမည်၊ ဂုဏ်သတင်းချန်ထားခဲ့လိုသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ကောင်းသောနာမည်၊ ဂုဏ်သတင်းကျန်ခဲ့စေရန် ကျွန်ုပ်တို့ယခု လုပ်ဆောင်နေသည်များကို အပြစ်ကင်းသော၊ အကျိုးပြုသော အလုပ်ဖြစ်စေရန် သတိပြုရမည်မှာ အမှန်ပင်ဖြစ်ပါသတည်း။
စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: http://great-motivational-stories.blogspot.com/
မင်္ဂလာမောင်မယ်၊ ဇူလိုင်၊၂၀၁၃
"ကမ္ဗည်းတင်ရမည့်နေရာ"
သူငယ်ချင်းနှစ်ယောက်သည် သဲကန္တာရတစ်ခုကိုကိုဖြတ်ပြီး ခြေကျင်ခရီးသွားနေကြသည်။ လမ်းခရီးတစ်နေရာတွင် သူတို့နှစ်ယောက်အငြင်းအခုံဖြစ်ကြသောအခါ သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်၏ မျက်နှာကို ရိုက်လိုက်မိသည်။
အရိုက်ခံလိုက်ရသော သူငယ်ချင်းသည် နာသွားသော်လည်း တစ်စုံတစ်ရာပြန်မပြောဘဲ သဲပြင်ပေါ်တွင် "ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ငါ့မျက်နှာကိုရိုက်တယ်" ဟုသာရေးထားလိုက်သည်။
သူတို့ခရီးဆက်ကြသောအခါ အိုအေစစ်တစ်ခုကို တွေ့ရ၍ ထိုနေရာတွင် ရေချိုးရန်ဆုံးဖြတ်လိုက်ကြသည်။ မျက်နှာအရိုက်ခံထားရသော သူငယ်ချင်းသည် ရေထဲသို့ဆင်းချိန်တွင်နွံထဲနစ်သွားပြီး ရေနစ်လေသည်။ ဤတွင် သူ၏သူငယ်ချင်းက သူ့ကို ကယ်တင်လိုက်နိုင်သည်။
ရေနစ်သွားသော သူငယ်ချင်းသည် သက်သာလာသောအခါ "ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ဒီနေ့ ငါ့အသက်ကိုကယ်တယ်" ဟုကျောက်တုံးပေါ်တွင် ရေးမှတ်ပြန်သည်။
အချစ်ဆုံးသူငယ်ချင်းကို ရိုက်လည်းရိုက်မိ၊ အသက်လည်းကယ်ခဲ့ရသော သူငယ်ချင်းက ဤသို့မေးသည်။
"ငါမင်းကိုနာသွားအောင် လုပ်မိတုန်းက မင်းကသဲပေါ်မှာ စာရေးမှတ်တယ်၊ အခု အသက်ကယ်တော့ ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာဖြစ်လို့လဲ။"
သူ၏သူငယ်ချင်းက ဤသို့ပြန်ဖြေပါသည်။
"တစ်ယောက်ယောက်က တို့ကိုထိခိုက်နာကျင်အောင်လုပ်မိတဲ့အခါ သဲပေါ်မှာပဲရေးမှတ်သင့်တယ်။ 'ခွင့်လွှတ်ခြင်း' ဆိုတဲ့ 'လေ' က ဖျက်ပစ်နိုင်တာကိုး။ ဒါပေမဲ့ တစ်ယောက်ယောက်က တို့ကိုကောင်းတာတစ်ခုခုလုပ်ပေးရင်တော့ ကျောက်တုံးပေါ်မှာကမ္ဗည်းတင်ရမယ်။ ဘယ်လေကမှ အဲဒါကို မဖျက်ပစ်နိုင်တော့ဘူး။"
စည်သူထက် (မအူပင်တက္ကသိုလ်)
မင်္ဂလာမောင်မယ်၊ ၂၀၁၃၊မေလ
"အထင်မှား"
အဘိုးအိုတစ်ဦးနှင့် အသက်၂၅-နှစ်အရွယ်ရှိသားဖြစ်သူတို့သည် ရထားတစ်စီးပေါ်တွင် ထိုင်နေကြသည်။ ဘူတာမှ ရထားထွက်ခွာတော့မည်ဖြစ်သဖြင့် ခရီးသည်အားလုံးသည် မိမိတို့၏ထိုင်ခုံတွင်ကိုယ်စီထိုင်နေကြသည်။`
ရထားစတင်ထွက်ခွာလာသောအခါ လူငယ်သည်အလွန်ပျော်ရွှင်နေပြီး သိလိုမြင်လိုစိတ်လည်း အလွန်များနေသည်။ သူသည် ရထား၏ပြတင်းပေါက်ရှိသောဘက်တွင်ထိုင်နေသူဖြစ်ရာ လက်တစ်ဖက်ကိုပြတင်းပေါက်၏အပြင်သို့ထုတ်ပြီး ဖြတ်သန်းတိုက်ခတ်နေသောလေကို ခံစားနေသည်။
သူက-
"ဖေဖေ ကြည့်ပါဦး။ သစ်ပင်တွေအကုန်လုံး ရထားနောက်ပြေးလိုက်နေတယ်" ဟုအော်ပြောသည်။
အဘိုးအိုက သားဖြစ်သူ၏ ခံစားချက်ကို သဘောကျကာ ပြုံးနေလိုက်သည်။
လူငယ်လေး၏ နံဘေးတွင် စုံတွဲတစ်တွဲထိုင်နေပြီး သားအဖနှစ်ယောက်၏ပြောစကားများကို နားထောင်နေသည်။ သူတို့စုံတွဲသည် အသက်၂၅-နှစ်အရွယ်ရှိ လူငယ်တစ်ယောက်က ကလေးငယ်သဖွယ် ပြုမူနေ၍ အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နေကြသည်။
တစ်ဖန် လူငယ်လေးက ရုတ်တရက်အော်ပြောပြန်သည်။
"ဖေဖေ ဟိုမှာရေအိုင်လေးနဲ့ တိရစ္ဆာန်လေးတွေကို ကြည့်ပါဦး။ အရမ်းလှတယ်။ တိမ်တွေလည်း ရထားသွားရာနောက် လိုက်နေတယ်။"
စုံတွဲသည် လူငယ်လေးကို စိတ်ကသိကအောက်ဖြစ်စွာ ကြည့်လိုက်ကြသည်။
မိုးရွာလာသောအခါ ရေစက်အချို့သည် လူငယ်လေး၏ လက်ကိုလာရောက်ထိမှန်သည်။ သူသည်အလွန်ပျော်ရွှင်သွားပြီး မျက်လုံးမှိတ်ထားလိုက်သည်။
သူကအော်ပြောပြန်သည်။
"ဖေဖေ၊ မိုးတွေရွာနေပြီ။ သားကိုရေတွေလာထိတယ်။ ကြည့်ပါဦးဖေဖေ။"
လင်မယားစုံတွဲသည် မနေနိုင်တော့ဘဲ-
"ဘာဖြစ်လို့ ခင်ဗျားသားကို ဆရာဝန်ဆီပို့ပြီး မကုပေးသေးတာလဲ " ဟုမေးလေသည်။
အဘိုးအိုက ဤသို့ဖြေပါသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ ဒီနေ့ပဲ ဆေးရုံကပြန်လာကြတာပါ။ ကျွန်တော့်ရဲ့သားက သူ့ဘဝတစ်လျှောက်လုံးမှာ ဒါပထမဆုံးအကြိမ် မျက်စိမြင်ရတာမို့ပါဗျာ။"
(သင်ခန်းစာ-အဖြစ်မှန်ကို မသိရသေးခင်တွင် အပြစ်တင်ဝေဖန်ခြင်း မစောပါနှင့်။)
စည်သူထက်(မအူပင်တက္ကသိုလ်)
မင်္ဂလာမောင်မယ်၊၂၀၁၃-ခုနှစ်၊ဧပြီလ
Sunday, December 16, 2012
"ကားသူခိုး"
ကျွန်တော့်အစ်မ၀မ်းကွဲဟာ ခင်ပွန်းသည်နဲ့အတူ လန်ဒန်မြို့ရဲ့ ဆင်ခြေဖုံးတစ်ခုဖြစ်တဲ့ ဟန်ဝဲ(လ်)မှာ နေထိုင်ပါတယ်။တစ်မနက် သူတို့အိပ်ရာက နိုးလာတဲ့အချိန်မှာ အိမ်အပြင်ဘက်မှာထားတဲ့ သူတို့ရဲ့ကား အခိုးခံလိုက်ရပြီဆိုတာ သိရလို့ တုန်လှုပ်ခြောက်
ခြားသွားကြပါတယ်။ကားအခိုးခံရတဲ့အကြောင်း ရဲအဖွဲ့ကို ချက်ချင်းဖုန်ဆက်သတင်းပို့ပြီးမှ အလုပ်ကို ဘတ်(စ်)ကားနဲ့ သွားကြရပါတော့တယ်။
အဲဒီနေ့နှောင်းပိုင်း သူတို့တွေ အိမ်ပြန်ရောက်ချိန်မှာ သူတို့ရဲ့ကားပြန်ရောက်နေပြီး အိမ်အပြင်ဘက် ထားနေကျနေရာမှာရပ်ထားတာ တွေ့ရတော့ အံ့သြကြရပြန်ပါတယ်။လေကာမှန်သုတ်တံတစ်ချောင်းအောက်မှာ စာအိတ်လေး တစ်အိတ်ရှိနေပါတယ်။
စာအိတ်ကို အမြန်ဖောက်ကြည့်တော့ သူတို့ရဲ့ကားကို "ငှား"သွားရတဲ့အတွက် အများကြီးတောင်းပန်ထားတဲ့စာကို တွေ့ရတယ်။စာရေးတဲ့သူရှင်းပြထားတာကတော့ သူ့မှာကားအပိုင်မရှိပါဘူးတဲ့။သူ့ဇနီးကလည်း ညသန်းခေါင်လောက်မှာ သားဦးလေးမွေးတယ်။ဒါကြောင့် ဇနီးကိုအရေးပေါ်ဆေးရုံပို့ဖို့ သူတို့ရဲ့ခွင့်ပြုချက်မရဘဲ ကားယူသွားမိတာကို အများကြီးစိတ်မဆိုးလောက်ပါဘူးလို့ မျှော်လင့်ပါတယ်တဲ့။
လျော်ကြေးပေးတဲ့အနေနဲ့ စနေနေ့ညနေမှာကျင်းပမယ့် "West End" အဖွဲ့ရဲ့ဖျော်ဖြေပွဲ "နေ၀င်ချိန်လမ်းမကျယ်" (Sunset Boulevard) အတွက်လက်မှတ်နှစ်စောင် ထည့်ထားပါသေးတယ်။သူတို့နှစ်ယောက်စလုံးက "အင်ဒရူးလွိုက်ဝက်ဘာ"ရဲ့ဂီတကိုလည်း သဘောကျ၊အဆိုကိုအခြေခံတဲ့ အဲဒီပြဇာတ်အတွက် လက်မှတ်ရဖို့ကြိုးစားနေတာလည်း ကြာပြီဆိုတော့ ၀မ်းသာသွားကြပါတယ်.
တကယ့်ကို ပြီးပြည့်စုံတဲ့ ညနေခင်းလေးပါပဲ။သူတို့တွေ ရှေ့တန်းကခုံလည်းရသလို ဖျော်ဖြေပွဲကလည်းသူတို့မျှော်လင့်ထားတဲ့အတိုင်းကောင်းမှကောင်းပါပဲ။သူတို့တွေ ပျော်ရွှင်နေတာကြောင့် ပွဲပြီးသွားတဲ့အခါ သူတို့အကြိုက်ဆုံး အီတလီစားသောက်ဆိုင်ကို သွားစားသောက်ကြပါသေးတယ်။နောက်ဆုံး သန်းခေါင်လွန်ချိန် အိမ်ပြန်ရောက်တဲ့အခါ ထိတ်လန့်စရာအသစ်တစ်ခုက စောင့်နေပါတယ်။သူတို့မရှိခင်မှာ အိမ်ဖောက်ထွင်းခံလိုက်ရပါပြီ။တန်ဖိုးရှိတဲ့ အရာမှန်သမျှအခိုးခံလိုက်ရပါတယ်။သူခိုးဘယ်သူလဲဆိုတာ သူတို့ချက်ချင်းပဲ သိလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မီးဖိုစားပွဲပေါ်မှာ သူတို့မှတ်မိတဲ့ လက်ရေးနဲ့ရေးထားတဲ့စာတစ်စောင် ရှိနေပါတယ်။စာမှာရေးထားတာကတော့ "ဖျော်ဖြေပွဲမှာ ပျော်ခဲ့မယ်လို့မျှော်လင့်ပါတယ်"တဲ့။
စည်သူထက်(မအူပင်တက္ကသိုလ်)
Ref:Peter Watcyn-Jones ၏ Test Your Grammar and Usage:Cambridge First Certificate
***********
The Best English Magazine,May,2012

နေ့ရက်တိုင်းမှာနေ့သစ်ရှိတယ်
ကောလိပ်စတက်တဲ့ပထမဆုံးနေ့မှာ ကောင်လေးတစ်ယောက်က သူ့ရဲ့ညာဘက်ဘေးမှာ ကောင်မလေးချောချော တစ်ယောက်ထိုင်နေတာတွေ့တော့ စာရွက်ပေါ်မှာ "ငါမင်းကိုချစ်တယ် ငါ့ကိုရော မင်းချစ်လား" လို့ ရေးပြီး စာရွက်လေးကို ကောင်မလေးကို ကမ်းပေးလိုက်တယ်။
"နိုး" ဆိုပြီး ကောင်မလေးက ပြန်ရေးပေးလိုက်တယ်။
ကောင်လေးကတော့ လက်မလျှော့ပါဘူး။သူကကောင်မလေးရဲ့ အဖြေကို ခဲဖျက်နဲ့ဖျက်ပြီး
အဲဒီစာရွက်ကိုပဲ
သူ့ရဲ့ဘယ်ဘက်ဘေးမှာထိုင်နေတဲ့တခြားကောင်မလေးချောချောတစ်ယောက်ကို
ကမ်းပေးလိုက်တယ်။
ကောင်မလေးပြန်ရေးပေးတာက
"ရက်စ်" တဲ့။
****************
ဒီဇာတ်လေးကိုဖတ်ပြီး နှစ်သက်သလို အဓိပ္ပာယ်ကောက်လို့ရပါမယ်။မူရင်းအင်္ဂလိပ်စာမှာပါတာကတော့ "စာရွက်တွေထုတ်ဖို့လိုအပ်တဲ့ သစ်ပင်တွေကို ကယ်တင်ပါ။ကမ္ဘာမြေကို ကယ်တင်ပါ။စာရွက်တွေကို ပြန်ပြီးတော့သုံးပါ" တဲ့။ဟာသသဘောလေးပါ။
ကျွန်တော်ကတော့ အမြင်ပြောင်းပြီး ကြည့်မိတယ်။
ကျွန်တော်တို့ရဲ့ဘဝမှာရှေ့ဆက်မရတဲ့ လမ်းတွေကြုံရမှာပါပဲ။အဲဒီအခါမှာ လမ်းကြောင်းပြောင်းပြီး လျှောက်တတ်ဖို့ လိုပါလိမ့်မယ်။
အခက်အခဲတစ်ခုကို ကြုံတိုင်း လက်လျှော့လိုက်မယ့်အစား နည်းလမ်းပြောင်းကြိုးစားမယ်ဆိုရင် အခက်အခဲတွေကိုအောင်မြင်နိုင်မှာ အသေအချာပါပဲ
"နေဝင်တာကိုမြင်ရုံနဲ့ အရာအားလုံးအဆုံးသတ်သွားပြီမထင်ပါနဲ့ နေ့ရက်တိုင်းမှာ နေ့သစ်ရှိနေပါတယ်"
စည်သူထက်(မအူပင်တက္ကသိုလ်)

Subscribe to:
Comments (Atom)