စာမေးပွဲဖြေရမယ်။ မေးခွန်းမှာ
reading က unseen ဆိုရင် ဘယ်လိုလဲ။ အင်း..ဒုက္ခပါပဲလို့ ညည်းတော့မယ် ထင်တယ်နော်။ Reading
passage တစ်ခုဟာ unseen ဆိုတိုင်း မလန့်နဲ့လေ။ ဘာလို့လဲဆိုတော့ seen ဖြစ်ဖြစ်၊ unseen ဖြစ်ဖြစ်
စဉ်းစားယူပုံ၊ ဖြေပုံဖြေနည်းတွေက အတူတူပဲ။ ဟုတ်တယ် မဟုတ်လား။ သဘောတရား နားလည်ရင် ဘယ်အကြောင်းအရာလာလာ ကောင်းကောင်း ဖြေတတ်လိမ့်မယ်။ ပြောတော့မယ်ထင်တယ်… ကျွန်တော်တို့၊ ကျွန်မတို့ကလည်း အဲဒီ
သဘောတရား ဆိုတာကြီးကို စိတ်ညစ်တာဆိုပြီး…။ စိတ်မပူပါနဲ့။ လွယ်ပါတယ်။ လက်တွေ့ ဖြေကြည့်ကြမယ်လေ။
ခုပေးထားတဲ့ reading passage က ၂၀၁၄
ဒီဇင်ဘာလက တောင်ကြီးတက္ကသိုလ် နည်းပြ/သရုပ်ပြ ရေးဖြေစာမေးပွဲမှာမေးသွားတဲ့ မေးခွန်းက
ယူထားတာ။ တကယ်တော့ ဘယ်စာပိုဒ်ကို နမူနာယူပြီးလေ့လာလေ့လာ အတူတူပါပဲ။ ဒါပေမဲ့ လက်တွေ့ဖြေခဲ့ကြရတာလေးတစ်ခု
နမူနာပြတော့ ပိုပြီးမြင်လွယ်တာပေါ့လေ။ ထားပါတော့… ဖတ်ကြည့်ကြမယ်။
ပထမဆုံးအနေနဲ့ -
♦ စာပိုဒ်ကို အစကနေ အဆုံးဖတ်သွားပါ။
စာပိုဒ်ထဲမှာ မသိတဲ့စာလုံးတွေ၊ တိတိကျကျနားမလည်တဲ့
စာကြောင်းတွေ ပါရင်ပါလိမ့်မယ်။ အကြာကြီးစဉ်းစားမနေနဲ့။ ခေါင်းကုတ်၊ ခြေကုတ်နဲ့ စာတစ်ကြောင်းကို
ချွေးပြန်အောင် ဖတ်နေတာ အားမပေးဘူး။ မသိတဲ့စာလုံးတွေ့ရင်
စာကြောင်း ရှေ့နောက်အဆက်အစပ်နဲ့ မှန်းဖတ်သွား။ စာကြောင်းကိုလည်း ဒီလိုပဲ။ အဲဒါမှမသိရင်လည်း
ထားခဲ့။ ကဲ… ဖတ်လိုက်ပါ။
Read the passage
and answer the questions on it.
People differ in reading ability.
For example, those who have been reading a long time tend to understand what
they have read more quickly and more automatically than do new readers. In
addition, older readers bring more background experiences to their reading.
They can use their experiences to fill in important information that is not
clearly stated in the text.
A good reader uses various
reading techniques. The technique depends on the type and difficulty of the
material, the purpose for reading it, and the reader’s own language development
and familiarity with the subject.
Reading can be classified into
three main kinds: 1. recreational reading, 2. study-type reading, and 3. survey
reading. Recreational reading can provide hour after hour of enjoyment. When
reading a story purely for pleasure, most people read at a relaxed, uneven
speed. Study-type reading usually requires the reader to pay close attention to
the text. A good reader looks for significant ideas and details. Survey reading
involves covering a large amount of text to get a general idea of its content.
Good readers can easily shift from one kind to another, depending on the
purpose for reading and on the material itself. For instance, a student
collecting information to write a paper might begin surveying articles to see
if they fit to the topic. One article may lead the student to consider changing
the topic, and so the article is studied thoroughly and another topic chosen.
While surveying for the new topic, the student looks for information to create
an outline. During the survey reading, the student may see and entertaining
article and read for pleasure.
Reading flexibility improves with
experience. Beginners may tend to read everything somewhat awkwardly, advancing
slowly word by word because they doubt their ability to recognize words. By
reading materials that follow their own language patterns – that is, familiar
words and sentences they use – even beginning readers can read with both speed
and understanding. In time, they learn that different reading materials make
different demands on their abilities.
ဟော …. တစ်ပုဒ်လုံးဖတ်ပြီးသွားပြီ။
ဘယ့်နှယ့်လဲ..နားမလည်ဘူးမလား။ (တစ်ခါတည်း ပိတ်ပြီး မေးထားတာ ဟားဟား..)
အသေးစိတ်တော့ ဘယ်နားလည်ပါ့မလဲ။ ဒါပေမဲ့
အကြမ်းဖျင်းတော့ ဘာအကြောင်းလဲဆိုတာ သိသွားမှာပေါ့။ ဒီစာပိုဒ်မှာ လူတွေရဲ့ စာဖတ်စွမ်းရည်ကွာတဲ့အကြောင်း၊
စာဖတ်နည်းအမျိုးမျိုးရှိကြောင်း၊ စာဖတ်နည်းတစ်နည်းနဲ့ဖတ်နေရင်း နောက်တစ်နည်းပြောင်းသွားတတ်ကြောင်း
ဘာညာဘာညာ သိသွားမှာပေါ့။ တော်ပြီ… ဒီလောက်ဆိုရင်ရပြီ။ ဒီလို general understanding ရအောင် ဖတ်တာကို skim လုပ်တယ်လို့ခေါ်တယ်။ စာမေးပွဲဖြေတဲ့အခါ
ဒီနည်းစနစ်တွေ တော်တော်အသုံးဝင်တယ်။
မေးခွန်းဖြေတဲ့ ဘက်ကိုသွားမယ်။ နံပါတ်
(၁) မေးခွန်းက ဒီမေးခွန်း..
1. How can old readers read more
quickly?
မေးခွန်းကို နားလည်ဖို့က အရေးအကြီးဆုံးပဲ။
အဲလိုမှမဟုတ်ရင် မေးတာတခြား ဖြေတာတခြားဖြစ်ပြီး စာစစ်တဲ့ ဆရာ၊ ဆရာမတွေ စိတ်ညစ်လို့ တောထွက်ချင်စိတ်ပေါက်သွားမယ်။ ကဲ..ဒါဆိုမေးခွန်းက ဘာမေးတာလဲဆိုတာ တိတိကျကျသိရအောင် ဘယ်လိုလုပ်မလဲ။
အဲလိုမှမဟုတ်ရင် မေးတာတခြား ဖြေတာတခြားဖြစ်ပြီး စာစစ်တဲ့ ဆရာ၊ ဆရာမတွေ စိတ်ညစ်လို့ တောထွက်ချင်စိတ်ပေါက်သွားမယ်။ ကဲ..ဒါဆိုမေးခွန်းက ဘာမေးတာလဲဆိုတာ တိတိကျကျသိရအောင် ဘယ်လိုလုပ်မလဲ။
မေးခွန်းစကားလုံး (Question word) နဲ့
အဓိကကြိယာ (main verb) တွဲပြီးကြည့်ပါ။
How can old readers read more quickly?
How နဲ့ read … ဘယ်လိုဖတ်လဲ ပေါ့။ ဟုတ်ပြီ
အဲဒါသိရင် အဓိကအချက်ကို ဆုပ်မိပြီ။ သူမေးချင်တာက စာဖတ်သူဟောင်းတွေ (စာဖတ်သက်ရင့်နေတဲ့သူတွေ)
ဘယ်လို ပိုပြီးမြန်မြန် ဖတ်နိုင်တာလဲတဲ့။
မေးချင်တဲ့အဓိကအချက်ကို သိပြီဆိုရင် နောက်တစ်ချက်လုပ်ရမှာက
key words တွေရှာရမယ်။ မေးခွန်းဆိုတာ ကြုံရာကို အသားလွတ်မေးတာ မဟုတ်ဘူး။ မေးခွန်းထဲမှာ
စာပိုဒ်ထဲက သဲလွန်စတွေ ပါပြီးသား။ ဒီတော့ မေးခွန်းကို ပြန်ဖတ်ပါ။ စာပိုဒ်ထဲမှာ ပါလောက်မဲ့
စာလုံးလေးတွေ ရှာပါဦး။
old readers / read / quickly ဆိုတဲ့ စာလုံးတွေကို စာပိုဒ်ထဲမှာ ပြန်တွေ့ရမယ်လို့ထင်တယ်။
ကွက်တိမဟုတ်တောင် ဆင်တူတဲ့ စာလုံးတွေ တွေ့မှာပဲ။ မေးခွန်းဆိုတာ များသောအားဖြင့် အစဉ်တိုင်းမေးလေ့ရှိတယ်။
ခုက နံပါတ် (၁) မို့ အစက စပြီးရှာ။ key words တွေကြည့်။ ကိုယ်လိုချင်တဲ့ စာလုံးတွေမတွေ့မချင်း
မြန်မြန်ကြည့်သွား။ တွေ့ရင် ရပ်လိုက်။ ကဲ… အခု အဖြေဖြစ်နိုင်တဲ့ အနီးစပ်ဆုံးစာကြောင်း
တွြေ့ပီ။ ဒီတစ်ခါတော့ စာကြောင်းကို နားလည်အောင်ကြိုးစားဖတ်ပါ။
For example, those who have been reading a long time tend to
understand what they have read more quickly and more automatically than do new
readers. In addition, older readers bring more background experiences to their
reading.
ပထမစာကြောင်းက စာဖတ်တာကြာပြီဖြစ်တဲ့သူတွေ
စာဖတ်ခါစလူတွေထက် ပိုပြီးမြန်မြန်နဲ့ ပိုပြီး အလိုအလျောက် ဖတ်နိုင်တဲ့အကြောင်းပဲ ပါသေးတယ်။
မေးခွန်းက မေးတာက ဘယ်လိုပိုပြီး မြန်မြန် ဖတ်နိုင်တာလဲ။ အိုကေ… ဆက်ကြည့်လိုက်လေ။ အဖြေတွေ့ပြီဟုတ်။
မေးခွန်းကောက်ပြီး ဖြေလိုက်မယ်။
Old
readers can read more quickly by bringing more background experiences to
their reading.
နံပါတ် (၂)
2. In what way can one’s experiences be helpful
to him?
ဒီမေးခွန်းမှာ အဓိက သိချင်တာက “ဘယ်နည်းနဲ့ အသုံးဝင်တာလဲ”။ အဲဒီအချက်ကို ရှာရမယ်။
မေးခွန်းက လူတစ်ယောက်ရဲ့အတွေ့အကြုံတွေက သူ့အတွက်ဘယ်နည်းနဲ့အသုံးဝင်နိုင်တာလဲ။ key
words တွေဖြစ်တဲ့ experiences / helpful ပါတဲ့
စာကြောင်းကို ရှာ။ မေးခွန်းတွေ အစဉ်တိုင်းမေးလေ့ရှိတာမို့ ခုနက ဖတ်ခဲ့၊ ရှာခဲ့ပြီးသားစာကြောင်းနောက်က
ရှာကြည့်။ ကြည့်တယ်ဆိုတွေ့တာပဲ။ ဟုတ်တယ်မဟုတ်လား။ တွေ့ရင် မေးခွန်းမှာမေးထားတဲ့ ဘယ်နည်းလဲဆိုတာ
ဆုံးဖြတ်။ ဒီလိုရှာဖွေတာကို scan လုပ်တယ်လို့
ခေါ်ပါတယ်။
ဒီစာကြောင်းတွေ့မယ်။
They can use their experiences to fill in important information
that is not clearly stated in the text.
မေးခွန်းကောက်ပြီး ဖြေလိုက်မယ်။
One’s
experiences can be helpful to him in that they can be used to fill in
important information that is not clearly stated in the text. (they က One’s experiences ကို အစားပြန်သုံးထားတာပါ။
Subject ချင်းညီညွတ်အောင် Passive Voice သုံးဖြေလိုက်ပါတယ်။)
3. Why do readers use different
reading techniques?
စာဖတ်သူတွေက ဘာလို့ မတူတဲ့ စာဖတ်နည်းတွေကို
သုံးတာလဲ။
key words – readers / different reading techniques / စာကြောင်းတွေ့ရင် “ဘာကြောင့်သုံးလဲ” ဆိုတဲ့ reason စဉ်းစား။ ဒီစာကြောင်းတွေ့မယ်။
A good reader uses various reading techniques. The technique
depends on the type and difficulty of the material, the purpose for reading it,
and the reader’s own language development and familiarity with the subject.
အဖြေ -
Readers
use different reading techniques because/as/since the technique depends
on the type and difficulty of the material, the purpose for reading it, and the
reader’s own language development and familiarity with the subject.
4. What are the different kinds of reading mentioned in the passage?
စာပိုဒ်ထဲမှာ ဖော်ပြထားတဲ့ မတူညီတဲ့
စာဖတ်ခြင်းအမျိုးအစားတွေက ဘာလဲတဲ့။
ဒီမေးခွန်းမှာ သတိထားရမှာက the
different kinds of reading ကို mentioned in the passage အထူးပြုထားတယ်။ ဒါကြောင့်
မေးခွန်းကောက်တဲ့အခါ တစ်တွဲလုံးယူရမယ်။ အဲဒီ အတွဲလိုက်ဖြစ်တဲ့ Subject နောက်မှာမှ
Verb ကို ပြန်ထည့်ပေးရမယ်။ မေးခွန်းမှာ အရောင်တွေနဲ့ ပြထားတဲ့ key words တွေသုံးပြီး
ရှာပါ။
တွေ့ပြီဆိုရင် ဒီလို ဖြေလိုက်မယ်။
The
different kinds of reading mentioned in the passage are recreational reading,
study-type reading, and survey reading.
5. How would people read for pleasure?
လူတွေက ပျော်ရွှင်မှုအတွက် ဘယ်လို စာဖတ်သလဲ။
(key words – for pleasure / ဖတ်တဲ့ နည်းလမ်းရှာပေး) ဒီစာကြောင်းတွေ့မယ်။
When reading a story purely for pleasure, most people read at a
relaxed, uneven speed.
အဖြေ ဖြေမယ်ဆိုရင် ဒီလိုဖြစ်ပါလိမ့်မယ်။
People
read for pleasure at a relaxed, uneven speed.
6. When will a reader use study-type reading?
စာဖတ်သူက ဘယ်အချိန်မှာ study-type
reading ကို သုံးလဲ။ (key words တွေ အရောင်နဲ့ ပေးထားမယ်) ဒီစာကြောင်းနှစ်ကြောင်းတွေ့မယ်။
Study-type reading usually requires the reader to pay close
attention to the text. A good reader looks for significant ideas and details.
အဖြေက -
A
reader will use study-type reading when he looks for significant ideas
and deatails. (clause
သုံးပြီး ဖြေဖို့လိုတဲ့အခါ when နဲ့ ဆက်ပေးပါ)
7. Why do some readers change their
reading
techniques as they continue
reading?
တချို့စာဖတ်သူတွေက သူတို့စာဆက်ဖတ်တဲ့အခါ
ဘာလို့ စာဖတ်တဲ့နည်းလမ်းပြောင်းလဲတာလဲ။
key words တွေကြည့်ရှာတဲ့အခါ ဒီစာကြောင်းတွေ့မယ်။
Good readers can easily shift from one kind to another,
depending on the purpose for reading and on the material itself.
အဖြေ -
Some readers change their reading
techniques as they continue reading because it depends on the purpose
for reading and on the material itself.
8. According to the passage, why
can’t beginners
read quickly?
စာပိုဒ်အရ အစသမားတွေ ဘာလို့ မြန်မြန်မဖတ်နိုင်တာလဲ။
(ဒီစာကြောင်း ရှာတွေ့လိမ့်မယ်)
Beginners may tend to read everything somewhat awkwardly,
advancing slowly word by word because they doubt their ability to recognize
words.
အဖြေ ဖြေမယ်။
According
to the passage, beginners can’t read quickly because they doubt their
ability to recognize words.
9. How can new readers read with
speed and
understanding?
စာဖတ်သူအသစ်တွေက အမြန်နှုန်းတွေ၊ နားလည်မှုတွေနဲ့
ဘယ်လိုဖတ်သလဲ။
တွေ့တဲ့စာကြောင်း-
By reading materials that follow their own language patterns –
that is, familiar words and sentences they use – even beginning readers can
read with both speed and understanding.
အဖြေ -
New readers can
read with speed and understanding by reading materials that follow their
own language patterns.
10. What will beginners finally know if
they continue
reading for some time?
အစသမားတွေ အချိန်အတော်ကြာဆက်ဖတ်မယ်ဆိုရင်
နောက်ဆုံးဘာကို သိလာလိမ့်မလဲ။
တွေ့တဲ့စာကြောင်း -
In time, they learn that different reading materials make
different demands on their abilities.
အဖြေ ဖြေပုံ -
Begineers
will finally know that different reading materials make different demands on
their abilities if they continue reading for some time.
ဒီနည်းလမ်းတွေက ထင်ရာမြင်ရာတွေတော့
မဟုတ်ဘူး။ စာမေးပွဲဖြေတဲ့အခါမှာ အသုံးဝင်တဲ့ နည်းလမ်းပါ။ ဒါပေမဲ့ စာများများဖတ်ဖူးတဲ့သူ၊
ဝေါဟာရများများသိတဲ့သူ၊ အခြေခံကောင်းတဲ့သူဆိုရင် ပိုပြီးမြန်မြန်၊ မှန်မှန်နဲ့ ဖြေနိုင်လိမ့်မယ်။
ခု ရှင်းပြချက်တွေက လူတော်တွေအတွက်တော့ မဟုတ်ပါဘူး။ နည်းစနစ်မသိလို့ ရမ်းဖြေနေရတယ်ဆိုတဲ့သူတွေအတွက်
နည်းနည်းဖြစ်ဖြစ် အကျိုးရှိလည်း မဆိုးပါဘူးနော။
တစ်ခုရှိတာက စာနဲ့ရေးရတာက ပါးစပ်နဲ့ပြောတာလောက်
အဆင်မပြေပါဘူး။ မစုံလင်ပါဘူး။ စာရိုက်ရတာ ကြာတာကိုး။ အဆင်ပြေပါစေတော့ရယ်လို့ စေတနာအခံနဲ့သာ
လုပ်လိုက်ရတာ အတော်တော့ အလောသုံးဆယ်ဖြစ်သွားတယ်။
ဒါတစ်ခုတည်းဖတ်ပြီး ဖြေတတ်သွားမယ်တော့ မထင်ပါဘူး။ သိကြားမင်း ဆင်းသင်တာတာင် ရမယ်မထင်ဘူး။ (သူမှအင်္ဂလိပ်စာ မတတ်တာ ဟားဟားဟား။ နောက်တာပါ) ဒီတော့ တခြားအလားတူမေးခွန်းတွေ ဖြေပြီးလေ့ကျင့်ရမယ်။ သင်ပြပေးမဲ့သူရှိရင် ကိုယ်ဖြေထားတာကို စစ်ခိုင်းရမယ်။ ဒါမှသာ ကျွမ်းကျင်ပါလိမ့်မယ်။
ဒါတစ်ခုတည်းဖတ်ပြီး ဖြေတတ်သွားမယ်တော့ မထင်ပါဘူး။ သိကြားမင်း ဆင်းသင်တာတာင် ရမယ်မထင်ဘူး။ (သူမှအင်္ဂလိပ်စာ မတတ်တာ ဟားဟားဟား။ နောက်တာပါ) ဒီတော့ တခြားအလားတူမေးခွန်းတွေ ဖြေပြီးလေ့ကျင့်ရမယ်။ သင်ပြပေးမဲ့သူရှိရင် ကိုယ်ဖြေထားတာကို စစ်ခိုင်းရမယ်။ ဒါမှသာ ကျွမ်းကျင်ပါလိမ့်မယ်။
ဒီစာကို ဖတ်ပြီး နားမလည်တာရှိရင် ရေးတဲ့သူညံ့လို့ပါ။
နားလည်သွားတယ်၊ ဖြေတဲ့အခါမှာ လုံးဝမှန်မှန်ကန်ကန်ဖြေနိုင်တယ်ဆိုရင် ကိုယ်က တော်လို့ရတာပဲလို့
မှတ်ပါလို့။
စေတနာဖြင့်
စည်သူထက်
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ