နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, December 16, 2012

နေ့ရက်တိုင်းမှာနေ့သစ်ရှိတယ်

                                    
ကောလိပ်စတက်တဲ့ပထမဆုံးနေ့မှာ ကောင်လေးတစ်ယောက်က သူ့ရဲ့ညာဘက်ဘေးမှာ ကောင်မလေးချောချော တစ်ယောက်ထိုင်နေတာတွေ့တော့ စာရွက်ပေါ်မှာ "ငါမင်းကိုချစ်တယ် ငါ့ကိုရော မင်းချစ်လား" လို့ ရေးပြီး စာရွက်လေးကို ကောင်မလေးကို ကမ်းပေးလိုက်တယ်။

"နိုး" ဆိုပြီး ကောင်မလေးက ပြန်ရေးပေးလိုက်တယ်။
ကောင်လေးကတော့ လက်မလျှော့ပါဘူး။သူကကောင်မလေးရဲ့ အဖြေကို ခဲဖျက်နဲ့ဖျက်ပြီး အဲဒီစာရွက်ကိုပဲ သူ့ရဲ့ဘယ်ဘက်ဘေးမှာထိုင်နေတဲ့တခြားကောင်မလေးချောချောတစ်ယောက်ကို ကမ်းပေးလိုက်တယ်။
 ကောင်မလေးပြန်ရေးပေးတာက
"ရက်စ်" တဲ့။

****************

ဒီဇာတ်လေးကိုဖတ်ပြီး နှစ်သက်သလို အဓိပ္ပာယ်ကောက်လို့ရပါမယ်။မူရင်းအင်္ဂလိပ်စာမှာပါတာကတော့ "စာရွက်တွေထုတ်ဖို့လိုအပ်တဲ့ သစ်ပင်တွေကို ကယ်တင်ပါ။ကမ္ဘာမြေကို ကယ်တင်ပါ။စာရွက်တွေကို ပြန်ပြီးတော့သုံးပါ" တဲ့။ဟာသသဘောလေးပါ။

ကျွန်တော်ကတော့ အမြင်ပြောင်းပြီး ကြည့်မိတယ်။

ကျွန်တော်တို့ရဲ့ဘဝမှာရှေ့ဆက်မရတဲ့ လမ်းတွေကြုံရမှာပါပဲ။အဲဒီအခါမှာ လမ်းကြောင်းပြောင်းပြီး လျှောက်တတ်ဖို့ လိုပါလိမ့်မယ်။

အခက်အခဲတစ်ခုကို ကြုံတိုင်း လက်လျှော့လိုက်မယ့်အစား နည်းလမ်းပြောင်းကြိုးစားမယ်ဆိုရင် အခက်အခဲတွေကိုအောင်မြင်နိုင်မှာ အသေအချာပါပဲ

"နေဝင်တာကိုမြင်ရုံနဲ့ အရာအားလုံးအဆုံးသတ်သွားပြီမထင်ပါနဲ့ နေ့ရက်တိုင်းမှာ နေ့သစ်ရှိနေပါတယ်"

စည်သူထက်(မအူပင်တက္ကသိုလ်)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ