နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, November 25, 2017

Unless အကြောင်း

          ဒီလမှာ အင်္ဂလိပ်စာ သင်ကြားရေး ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ www.envid.com က Unless အကြောင်းသင်ခန်းစာကို တင်ဆက်ပေးပါမယ်။ ခုဆောင်းပါးမှာတော့ ဗီဒီယိုဖိုင်မှာပါတဲ့ သင်ခန်းစာတွေကို ကျောရိုးပြုထားတယ်။ ပြီးတော့ လေ့လာသူမြန်မာလူငယ်လေးတွေ ပိုပြီးနားလည်လွယ်အောင် ချဲ့ထွင်ရှင်းပြတာတို့၊ နောက်ထပ် ဥပမာတွေပေးတာတို့ လုပ်ပေးထားပါတယ်။ ကဲ..စပြောကြရအောင်။ အင်္ဂလိပ်လိုလေး အရင်ကြည့်ပါ။

The word unless expresses a negative situation. That means that unless one thing happens, something else cannot happen.
Unless ဆိုတဲ့ စကားက ငြင်းဆိုတာကိုပြတဲ့ အခြေအနေကို ဖော်ပြပါတယ်။ ဆိုလိုတာက တစ်ခုခုမဖြစ်ဘူးဆိုရင် နောက်ထပ်တစ်ခုခုလည်း မဖြစ်နိုင်ဘူးပေါ့။ 

 ဥပမာ-
You can’t go to university if you don’t finish high school.
အထက်တန်းကျောင်းမပြီးရင် မင်းတက္ကသိုလ်တက်လို့ မရဘူး။
ဒီနေရာမှာ ငြင်းဆိုတာကိုပြတဲ့ အခြေအနေက if you don’t finish high school-မင်းအထက်တန်းကျောင်းမပြီးရင်ပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒါကြောင့် if you don’t လို့ သုံးမယ့်အစား ခုလိုမျိုး unless သုံးပြီးရေးလို့ ရတယ်။
You can’t go to university unless you finish high school.

နောက်ထပ်ဥပမာတွေ ကြည့်ပါဦး။
ð You can’t enter the club if you don’t have ID.
    You can’t enter the club unless you have ID.
    သက်သေခံ ကတ်ပြားမပါရင် ကလပ်ထဲဝင်လို့ မရဘူး။
(ID ဆိုတာက IDENTITY: an ID card - သက်သေခံကတ်ပြား ကိုပြောတာပါ)

ð You can’t visit Italy if you don’t get a visa.
    You can’t visit Italy unless you get a visa.
    ဗီဇာ (ပြည်ဝင်ခွင့်) မရရင် အီတလီကို မင်းအလည်သွားလို့မရဘူး။

ð You can’t borrow books if you don’t have a library card.
    You can’t borrow books unless you have a library card.
    နင့်မှာ စာကြည့်တိုက်ကတ်ပြားမရှိရင် စာအုပ်တွေ ငှားလို့မရဘူး။

ð You can’t pass the TOEFL if you don’t prepare.
    You can’t pass the TOEFL unless you prepare.
မင်း မပြင်ဆင်ဘူးဆိုရင် တိုဖယ်လ် စာမေးပွဲကို အောင်နိုင်မှာ မဟုတ်ဘူး။
(TOEFL ဆိုတာ Test of English as a Foreign Language ရဲ့ အတိုကောက်ပါ။ အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာစကားအဖြစ် စစ်ဆေးခြင်း စာမေးပွဲပါ။)

အခုပြောခဲ့တာတွေကို ပြန်ကြည့်ရင် unless ဆိုတာ if…not နဲ့ အဓိပ္ပာယ် ဆင်တူတာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း အခြေခံပညာအဆင့် စာမေးပွဲတွေမှာ Stylistic Transformation မေးတဲ့အခါ if ကနေ unless ပြောင်းခိုင်းတဲ့ မေးခွန်းတွေကို တွေ့နေရတာပေါ့။ ဒါကို သဘောတရားနားလည်ပြီးမှ ဖြေရင် ပိုကောင်းပါတယ်။ ဒါတွေ့လို့ ဒါပြောင်းဆိုပြီး ပုံသေမှတ်နေရင် နောက်ထပ် အင်္ဂလိပ်စာတွေ ဆက်ပြီးလေ့လာချင်တဲ့အခါ အခက်အခဲတွေ့ရမှာပဲလေ။ ဒီလို မဖြစ်စေချင်ပါဘူး။

ထပ်လေ့ကျင့်ရအောင်။ အခြေအနေလေးတွေ ပေးထားမယ်။ unless သုံးပြီး ပြောကြည့်ပါ။

John can’t go out….
·         finish his homework
·         clean his room
·         take a shower

John can’t go out unless he finishes his homework.
John can’t go out unless he cleans his room.
John can’t go out unless he takes a shower.

I can’t improve my English…
·         read more books
·         write more often
·         watch more English lessons

I can’t improve my English unless I read more books.
I can’t improve my English unless I write more often.
I can’t improve my English unless I watch more English lessons.

ဒီသင်ခန်းစာကို ကျေညက်ပြီ ဆိုရင် native speaker ဆရာမ အင်္ဂလိပ်လို ရှင်းပြတာလေး နားထောင်ကြည့်ပါဦး။ 

ဗီဒီယိုဖိုင်မှာ မပါပေမဲ့ သိသင့်တဲ့အတွက် if နဲ့ when ကွာပုံလေးကို ရှင်းပြချင်ပါသေးတယ်။ Unless က if…not နဲ့ အဓိပ္ပာယ်ဆင်တူတယ်မဟုတ်လား။ ဒါကြောင့်လည်း ဆက်စပ်ရာ if အကြောင်းလေး သိထားသင့်ပါတယ်။

If you hear any news, can you ring me immediately?
သတင်းတစ်ခုခုကြားမယ်ဆိုရင် ငါ့ကို ချက်ချင်းဖုန်းဆက်ပေးနိုင်မလား။
(သတင်းက ကြားချင်မှ ကြားရမယ်။ ကြားရတဲ့အခါမှသာ ဖုန်းဆက်ဖို့ ပြောတာ။ ဒါကြောင့် ဖြစ်မယ်လို့ ကိုယ် ထင်တဲ့အရာအတွက် if သုံးရတယ်။ when သုံးလို့ မရဘူး)

When you hear some news, can you ring me immediately?
သတင်းကြားရတဲ့အခါ ငါ့ကိုဖုန်းဆက်ပေးနိုင်မလား။
(သတင်းကို ကြားရပါလိမ့်မယ်။ ကြားတဲ့အချိန် ဖုန်းဆက်ဖို့ ပြောတာ။ ဒါကြောင့် ဖြစ်မယ်လို့ ကိုယ် သိတဲ့အရာအတွက် when သုံးရတယ်)

          အင်္ဂလိပ်စာ လေ့ကျင့်ရင်း တိုးတက်အောင် ကြိုးစားကြပါစို့။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ