နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Wednesday, April 4, 2018

Reading Comprehension for ME

2017 ခုနှစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ME ဝင်ခွင့်မေးခွန်းကို ကြည့်ပြီး reading comprehension လေ့လာကြည့်ရအောင်။
ဒီမေးခွန်းပုံစံမှာတော့ ပုံမှန်မေးနေကျ စာပိုဒ်ပေးထားပြီး ကွက်လပ်လေးတွေ၊ မေးခွန်းလေးတွေ ဖြေရုံသက်သက်မဟုတ်ဘဲ ဒီပုံစံတွေ တစ်ပါတည်းပါသွားအောင်မေးထားပါတယ်။
1.  စာပိုဒ်နဲ့ ခေါင်းစဉ်ယှဉ်တွဲတာ
2.  အဓိပ္ပာယ်ဆင်တူစကားလုံး ရှာပေးရတာ
3.  မေးခွန်းတွေ ဖြေရတာ
အခုလိုမေးပုံကို သဘောကျပါတယ်။ ပုံသေကျက်မှတ်နေရတာ မရှိဘဲ နားလည်ရုံနဲ့ ဖြေသွားလို့ ရတာတွေချည်းပါပဲ။ ခက်တယ်လို့ မပြောနိုင်ပါဘူး။ အဲ..လွယ်သလားဆိုတာတော့ ဖြေကြည့်ပြီးမှ ဆုံးဖြတ်တာပေါ့။
ဒီလို စပေးထားတယ်။
Read the passage below.
အောက်ပါ စာပိုဒ်ကို ဖတ်ပါ။
You are going to read a newspaper interview.
သင်က သတင်းစာအင်တာဗျူးတစ်ခုကို ဖတ်ရတော့မယ်တဲ့။ ဒီလိုပြောထားတဲ့အတွက် အင်တာဗျူး တွေရဲ့ ထုံးစံအတိုင်း အမေးတွေ၊ အဖြေတွေ လာတော့မယ်ဆိုတာ မှန်းဆလို့ ရနေပြီ။
          မေးခွန်းတစ်ခုဖြေရတော့မယ်ဆိုရင် မေးခွန်းဘာမေးထားသလဲဆိုတာ ဖတ်ဖို့လိုမယ်။ နံပါတ် A မှာ မေးထားတာကို ဖတ်ကြည့်ပါ။


A.  Choose the most suitable heading from the list (A-I) for each part (1-7) of the interview.
အင်တာဗျူးရဲ့ အပိုင်းတစ်ခုစီ (၁ မှ ၇) အတွက် စာရင်း (A မှ I) က အသင့်တော်ဆုံး ခေါင်းစီးတွေ ရွေးချယ်ပေးပါ။
There is only one extra heading which you do not need to use.
သင်သုံးဖို့မလိုတဲ့ အပိုခေါင်းစီးတစ်ခုပဲ ရှိပါတယ်။
There is an example at the beginning (0).
အစ (၀) မှာ ဥပမာတစ်ခု ရှိပါတယ်။
မေးခွန်းမှာ ဒီလို ညွှန်ကြားချက်ပေးထားတယ်။ ဒါပေမဲ့ ဖြေမယ့်သူမှန်းဆထားသင့်တာက ခေါင်းစီးလို့ မေးခွန်းမှာပြောထားပေမဲ့ ဒါကအင်တာဗျူးတစ်ခု မဟုတ်လား။ ဒီတော့ တချို့မေးခွန်းတွေမှာ အမေးနဲ့အဖြေ တွဲပေးခိုင်းတာ ဖြစ်နိုင်တယ်။ ဒီလိုတွေးမိရင် အဖြေစဉ်းစားရတာ အများကြီး ပိုလွယ်သွားနိုင်တယ်။
(A – I) မှာ ပေးထားတဲ့ စာကြောင်းတွေက ဒီလို။ ဆိုလိုရင်း နားလည်ရုံလေး ဘာသာပါ ပြန်လိုက်မယ်။
  A.  What do you wear to dress up?
စမတ်ကျကျဝတ်ဆင်နိုင်ဖို့ ဘာတွေဝတ်လဲ။
   B.  Do you diet?
အစားကို ချင့်ချိန်စားလား။
  C.  What kind of image are you trying to achieve?
ဘယ်လိုပုံရိပ်မျိုး ရအောင်ကြိုးစားနေသလဲ။
   D.  Do you exercise?
လေ့ကျင့်ခန်း လုပ်သလား။
  E.  What kind of clothes do you like?
ဘယ်လို အဝတ်အစားမျိုး ကြိုက်သလဲ။
  F.   Are you worried about ageing?
အသက်အရွယ်ကြီးလာတာကို ပူပန်မိသလား။
  G.  Has your appearance affected your career?
သင့်ရဲ့ရုပ်ရည်ကအသက်မွေးဝမ်းကျောင်းအလုပ်ကို အကျိုးသက်ရောက်သလား။
   H.  Are you happy with your body?
သင့်ရဲ့ ခနာကိုယ်ကို သဘောကျ ရဲ့လား။
   I.   What image do you have of yourself?
ကိုယ့်ကိုကိုယ် ဘယ်လို ပုံရိပ်မျိုး ရှိသလဲ။ (ဘယ်လို မြင်ထားသလဲလို့ ဆိုလိုတာ)


Actress and writer Carrie Fisher is best known for her portrayal of the cynical Princess Leia in the film Star Wars.
မင်းသမီးလည်းဖြစ်၊ စာရေးဆရာမလည်းဖြစ်တဲ့ ကယ်ရီဖစ်ရှာဟာ Star Wars ရုပ်ရှင်ကားမှာ အဆိုးမြင်ဆန်တဲ့ မင်းသမီး Leia အဖြစ် သရုပ်ဆောင်မှုကြောင့် လူသိများပါတယ်။
She has subsequently appeared in films such as The Blues Brothers, Hannah and her Sisters and When Harry Met Sally.
သူက The Blues Brothers, Hannah and her Sisters and When Harry Met Sally တို့လို ရုပ်ရှင်ကားတွေမှာ နောက်တော့ ပါဝင်လာပါတယ်။
She has also written three novels – Postcards from the Edge won the Los Angeles PEN award for the first novel: her latest is Delusions of Grandma.
သူက ဝတ္ထုသုံးအုပ်လည်း ရေးခဲ့ပါတယ်။ Postcards from the Edge စာအုပ်က the Los Angeles PEN ဆုရခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးစာအုပ်ကတော့ Delusions of Grandma ဖြစ်ပါတယ်။

0
                                  I

I don’t have a good physical image of myself but it’s OK – I’m attractive enough.
ကျွန်မကိုယ်ကျွန်မ ရုပ်ရည်နဲ့ဆိုင်တဲ့ ပုံရိပ်ကောင်းကောင်းမရှိဘူး။ ဒါပေမဲ့ အိုကေပါလေ။ ကျွန်မက ဆွဲဆောင်မှုရှိနေတာပဲ။
I am short, tough and bossy.
ကျွန်မက အရပ်ပုတယ်။ ခပ်ကြမ်းကြမ်းနိုင်တယ်။ ဆရာကြီးလုပ်တတ်တယ်။
I understand that people think I am funny and I’m terrifically fun at a party and good to shop with.
ကျွန်မက ရယ်စရာကောင်းတယ်၊ ပါတီပွဲတွေမှာ အလွန်အမင်းပျော်တတ်တယ်၊ အတူ ဈေးဝယ်ထွက်လို့ ကောင်းတယ်ဆိုပြီး လူတွေထင်ကြတယ်လို့ ကျွန်မနားလည်ပါတယ်။
(ဒါအတွက် အဖြေက ပေးထားပါတယ်။ နံပါတ် ၀ အတွက် အဖြေက I ပါ။ ဒီတော့ ဒါကို မဆွေးနွေးတော့ဘူး။)

1


I want to be taken seriously but the Princess Leia image is a gigantic thing: if Thumbelina wrote a novel, she would still be Thumbelina.
ကျွန်မကို အလေးအနက်ထားစေချင်ပါတယ်။ ဒါပေမဲ့ မင်းသမီး Leia ဆိုတဲ့ ပုံရိပ်က ဧရာမပုံရိပ်။ Thumbelina က ဝတ္ထုရေးခဲ့ရင် သူက Thumbelina ဖြစ်နေဦးမှာ။
Even enough I live in Hollywood, my image is not that important.
ကျွန်မက ဟောလီးဝုဒ်မှာ နေနေတာတောင် ကျွန်မရဲ့ပုံရိပ်က ဒီလောက်အရေးမပါဘူး။
I try to make what I am saying more important than how I look.
ကျွန်မက ကျွန်မရဲ့ ရုပ်ရည်ထက် ကျွန်မပြောနေတာက ပိုအရေးပါအောင်လုပ်ဖို့ ကြိုးစားတယ်။
(ကိုယ့်ရဲ့ပုံရိပ်အကြောင်း ကိုယ်ပြောသွားတာမို့ နံပါတ် 1 ကို C နဲ့ တွဲပေးပါ)

2


If I were prettier, I would have had a bigger acting career – it’s easier if you look like Michella Pfeiffer.
ကျွန်မသာ ပိုလှမယ်ဆိုရင် ပိုကြီးမားတဲ့ သရုပ်ဆောင်အလုပ်ရှိနေမှာပေါ့လေ။ Michella Pfeiffer နဲ့ တူနေမယ်ဆို ပိုတောင်လွယ်တယ်။
I had a pretty woman say to me once: “You don’t know what prejudice there is against beautiful women”. What an insult!
ရုပ်လှတဲ့မိန်းမတစ်ယောက်က ကျွန်မကို တစ်ခါကပြောဖူးတယ်။ “လှတဲ့မိန်းမတစ်ယောက်ကို ဘယ်လို မလိုမုန်းထားမှုတွေရှိနေတယ်ဆိုတာ ရှင်မသိပါဘူး” တဲ့။ ဘယ်လောက်တောင် စော်ကားလိုက်သလဲ။
(ရုပ်ရည်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆက်စပ်ပြောသွားတာမို့ နံပါတ် 2 ကို G နဲ့ တွဲပေးပါ)

3


I dress by accident.
ကျွန်မကတော့ မတော်တဆ ဝတ်မိတာပဲ။
I wear a lot of black and dress for comfort: there is something slovenly about my clothes.
ကျွန်မက အနက်ရောင်တွေအများကြီး ဝတ်တယ်။ သက်တောင့်သက်သာရှိအောင် ဝတ်တယ်။ ကျွန်မရဲ့ အဝတ်အစားတွေကတော့ ဖိုသီဖတ်သီပဲ။
I don’t wear anything sleeveless anymore because my arms are fat.
လက်ပြတ်တွေကိုတော့ မဝတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ လက်မောင်းတွေက ဝတယ်လေ။
(ကိုယ်ဝတ်ပုံ၊ ကိုယ့်အကြိုက်ကို ပြောနေတာမို့ နံပါတ် 3 ကို E နဲ့ တွဲပေးပါ)



4


I have some clothes I bought last year from the designer Valentino, in an effort to look more elegant, like my mother.
ကျွန်မရဲ့အမေလိုမျိုး ပိုပြီးကျက်သရေရှိအောင် ကြိုးစားတဲ့အနေနဲ့ ဒီဇိုင်နာ Valentino ဆီကနေ မနှစ်ကဝယ်လာခဲ့တဲ့ အဝတ်အစားတချို့ရှိတယ်။
(ဝတ်ကောင်းစားလှ၊ စမတ်ကျကျဝတ်တာနဲ့ ပတ်သက်တာမို့ နံပါတ် 4 ကို A နဲ့ တွဲပေးပါ)

5


No, I would never parade around naked in front of anybody.
ဟင့်အင်း.. ကျွန်မ ဘယ်တော့မှ ဘယ်သူ့ရှေ့မှာမှ ကိုယ်လုံးတီး မြင်သာအောင် လျှောက်ပြမှာမဟုတ်ဘူး။
I have been given a good body but I am 37 years old now and I have had a child. You do the maths.
ကျွန်မ ခနာကိုယ်လှလှ ရပြီးပါပြီ။ ဒါပေမဲ့ အခုကျွန်မအသက် ၃၇ လေ။ ကလေးလည်း ရှိတယ်။ ရှင်တွက်တတ်ပါတယ်။
(ခနာကိုယ်နဲ့ ပတ်သက်ပြီး ပြောသွားတာမို့ နံပါတ် 5 ကို H နဲ့ တွဲပေးပါ)

6


I sometimes do the treadmill but I don’t want to spend two hours – even one hour – in the gym.
ကျွန်မက တစ်ခါတစ်လေ ပြေးစက်ပေါ်မှာ ပြေးတယ်။ ဒါပေမဲ့ အားကစားရုံမှာ ကျွန်မ နှစ်နာရီ (တစ်နာရီတောင်မှ) အချိန်မကုန်ချင်ဘူး။
(လေ့ကျင့်ခန်းလုပ်တဲ့အကြောင်း ပြောတာမို့ နံပတ် 6 နဲ့ D ကို တွဲပေးပါ)

7


I am worried about dying a painful death.
ကျွန်မက နာကျင်ခံစားပြီး သေရမှာတော့ ပူမိပါတယ်။
As for ageing, I’m already ageing.
အသက်ကြီးတာနဲ့ ပတ်သက်လို့ကတော့ အသက်ကြီးနှင့်နေပြီလေ။
With women the limits are more graphic: men – like Harrison Ford – can go on forever, it would seem.
အမျိုးသမီးတွေနဲ့ဆို ဒီအကန့်အသတ်က ပိုပြီးတောင် ပီပြင်ပါသေးတယ်။ Harrison Ford တို့လို အမျိုးသားတွေကတော့ ထာဝရဆက်နေနိုင်တယ် (အောင်မြင်နိုင်တယ်)။ ထင်ရတာပဲလေ။
(ဒီစာပိုဒ်မှာက အသက်အရွယ်အကြောင်းပြောသွားလို့ နံပါတ် 7 အဖြေက F)
ပိုနေတဲ့ ခေါင်းစီးတစ်ခုက B ပေါ့။

မေးခွန်းက နောက်ထပ် နံပါတ်တစ်ခုကို ဖတ်ကြည့်ပါ။
B.  Find the words in the passage that are similar to the meaning of the following.
အောက်ပါတို့နဲ့ အဓိပ္ပာယ်ဆင်တူတဲ့ စကားလုံးတွေ စာပိုဒ်မှာ ရှာပေးပါ။
The first letter is given for you.
သင့်အတွက် ပထမ စာလုံးပေးထားပါတယ်တဲ့။
1.    The way someone or something is described or shown in a book, film, play etc (n) = p___________
(တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် တစ်စုံတစ်ခုကို စာအုပ်၊ ရုပ်ရှင်၊ ပြဇာတ်စတာတွေမှာ ဖော်ပြထားပုံ ဆိုတာနဲ့ တူတဲ့စကားလုံး p နဲ့ စတာဆိုရင် portrayal ပါ။)
2.    After an event in the past (adv) = s_____________
(အတိတ်တုန်းက ဖြစ်ရပ်အပြီး ဆိုတာနဲ့ တူတဲ့စကားလုံးက subsequently ဖြစ်ပါတယ်)
3.    Always telling other people what to do, in a way that is annoying (adj) = b___________
(စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ပုံစံနဲ့ တခြားသူတွေကို ဘာလုပ်ရမလဲ အမြဲပြောနေတယ်ဆိုတာနဲ့ တူတဲ့စကားလုံးက bossy ပါ)
4.    A picture that you have in your mind, especially about what someone or something is like or the way they look (n) = i__________
(ကိုယ့်စိတ်ထဲမှာ ရှိတဲ့ ရုပ်ပုံ အထူးသဖြင့် တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက ဘယ်လိုမျိုးလဲ၊ ဘယ်ပုံစံရှိလဲဆိုတာနဲ့ ပတ်သက်တာကို image လို့ခေါ်ပါတယ်)

နောက်ထပ် မေးခွန်းတစ်ခုက အမေးအဖြေပုံစံပါ။

C.  Answer the following questions.
အောက်ပါ မေးခွန်းတွေကို ဖြေပါတဲ့။
1.    What does Carrie Fisher look like?
ကယ်ရီဖစ်ရှာက ဘာနဲ့ဆင်တူလဲဆိုတော့ Carrie Fisher looks like the cynical Princess Leia.
2.    What do the words “her” in line (5) and “there” in line (16) refer to?
စာကြောင်းရေ (၅) က her  နဲ့ စာကြောင်းရေ (၁၆) က there က ဘာကိုရည်ညွှန်းတာလဲဆိုတော့ The word “her” in line (5) refers to “Carrie Fisher’s” and “there” in line (16) refers to “preparatory there”.
(her က ပိုင်ဆိုင်မှုပြတာမို့ ‘s ထည့်ပေး။ there က ဘာကိုမှ ရည်ညွှန်းတာမဟုတ်။ ရှေ့ကနေ အကြိုအနေနဲ့ ထည့်တာမို့ preparatory)
3.    According to Carrie Fisher, who can get long-lasting success: the actor or actress?
ကယ်ရီဖစ်ရှာရဲ့အဆိုအရ ဘယ်သူတွေက ရေရှည်အောင်မြင်မှုရနိုင်သလဲ ။ မင်းသားလား မင်းသမီးလားမေးတာဆိုတော့ According to Carrie Fisher, the actor can get long-lasting success.
4.    Give a suitable title for the passage.
ဒီစာပိုဒ်အတွက် သင့်တော်တဲ့ခေါင်းစဉ်ပေးပါဆိုတော့ အဆင်ပြေရာပေးနိုင်တယ်။ ခပ်လွယ်လွယ်ပြောရရင် ဥပမာ .. Carrie Fisher’s views on her life and career
(စကားမစပ်ပြောပြရရင် မင်းသမီးကြီး Carrie Fisher ဟာ ၂၀၁၆ ဒီဇင်ဘာလ ၂၈ ရက် အသက် (၆၀) အရွယ်မှာ လော့စ်အင်ဂျလိစ်မှာ ကွယ်လွယ်ခဲ့ပါတယ်)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ