နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, January 19, 2020

might


might ဆိုရင် “ဖြစ်ကောင်းဖြစ်မယ်၊ ဖြစ်နိုင်တယ်” လို့ မြန်မာလို အဓိပ္ပာယ်ရတာတော့ သိပြီး ဖြစ်ပါလိမ့်မယ်။ ပိုပြီး အသေးစိတ်ကြည့်ကြတာပေါ့။
ပထမပုံလေးကို ကြည့်လိုက်ပါ။ ဒီမှာ လူနှစ်ယောက် စကားပြောနေတာ တွေ့မှာပေါ့။ တစ်ယောက်က ပြောတယ်။

§  Where are you going for your holidays?
နင့်ရဲ့ အားလပ်ရက်တွေအတွက် ဘယ်သွားမှာလဲ။
§  I’m not sure. I might go to New York.
မသေချာသေးဘူး။ နယူးယောက်ကို သွားရင်သွားမယ်။
ဒီအပြန်အလှန်ပြောစကားကို ကြည့်ရင် သူက နယူးယောက်ကို သွားဖို့ ဖြစ်နိုင်တယ်။ သွားကောင်းသွားနိုင်တယ် ဆိုတာ တွေ့ရမယ်။ ဒီလိုဖြစ်ကောင်းဖြစ်နိုင်တာကို ပြောဖို့ might သုံးရတာပေါ့။ အင်္ဂလိပ်လို ဒီလိုပြောမယ်။
§  He might go to New York.
သူ နယူးယောက်ကို သွားကောင်းသွားမယ်။ (= it is possible that he will go to New York.)
ဒုတိယပုံကို ကြည့်ပါဦး။ ဒီမှာတော့ မိုးတိမ်တွေ မည်းနေတာ တွေ့မယ်လေ။ ဒါဆို မိုးရွာနိုင်တာပေါ့။


အင်္ဂလိပ်လို ဒီလိုပြောနိုင်ပါတယ်။
§  It might rain.
မိုးရွာနိုင်တယ်။ ( = it is possible it will rain)
ခုပြောခဲ့တဲ့ ဥပမာလေးတွေ သေချာပြန်ကြည့်ရင် might ရဲ့ နောက်မှာ infinitive ပုံစံ သုံးရတာတွေ့မယ်နော်။ infinitive ဆိုတာက verb တစ်ခုရဲ့ မူရင်းပုံစံပါပဲ။ s/es/ed/en/ing စတာတွေ ဘာမှမထည့်ထားတဲ့ မူရင်းပုံစံက infinitive ပေါ့။ ခုပုံစံလေး မှတ်ထားပါ။
might + infinitive (might go/might be/might rain etc.)
I/we/you/they
he/she/it     
might (not)
be
go
play
come etc.

          might သုံးတဲ့ ပုံစံကို ဥပမာဝါကျတွေနဲ့ ထပ်ပြီး ပြည့်ပြည့်စုံစုံ လေ့လာကြည့်ရအောင်။ might ရဲ့ အဓိပ္ပာယ်က မြန်မာလိုဆိုရင် “ဖြစ်ကောင်းဖြစ်မယ်၊ ဖြစ်နိုင်တယ်” လို့ ဆိုတယ်။ အင်္ဂလိပ်လိုလည်း မှတ်ထားပါ။
I might = it is possible that I will
§  I might go to the cinema this evening, but I’m not sure. ( = it is possible that I will go)
ငါ ဒီညနေ ရုပ်ရှင်ရုံကို သွားရင် သွားမယ်။ ဒါပေမဲ့ မသေချာဘူး။
§  A: When is Rebecca going to phone you?
ရီဘက်ကာက မင်းဆီ ဘယ်အချိန်ဖုန်းဆက်မှာလဲ။
B: I don’t know. She might phone this afternoon.
မသိဘူး။ ဒီမွန်းလွဲ သူဖုန်းဆက်ရင် ဆက်လိမ့်မယ်။
§  Take an umbrella with you. It might rain.
ထီးယူသွားပါလား။ မိုးရွာရင် ရွာလိမ့်မယ်။
§  Buy a lottery ticket. You might be lucky. (= perhaps you will be lucky)
ထီထိုးလေ။ နင်ကံကောင်းချင် ကောင်းမှာ။
§  A: Are you going out tonight?
ဒီည နင်အပြင်ထွက်မှာလား။
B: I might. (= I might go out.)
ထွက်ဖြစ်ရင် ထွက်ဖြစ်လိမ့်မယ်။
ကွာခြားချက်လေးကို ကြည့်ရအောင်။
§  I’m playing tennis tomorrow. (sure)
မနက်ဖြန် ငါတင်းနစ်ကစားမယ်။ (am playing သုံးတာက စီစဉ်ပြီးသား ဆုံးဖြတ်ပြီးသားဖြစ်တယ်။ သေချာတဲ့ သဘော သက်ရောက်တယ်။)
I might play tennis tomorrow. (possible)
မနက်ဖြန် ငါတင်းနစ်ကစားရင် ကစားမယ်။ (might သုံးတဲ့အခါကျတော့ ဖြစ်နိုင်တဲ့ သဘောကိုပဲ ပြတယ်။ မသေချာဘူး။ ကစားရင်ကစားမယ်။ မကစားရင် မကစားဘူး)
§  Rebecca is going to phone later. (sure)
ရီဘက်ကာ နောက်တော့ ဖုန်းဆက်လိမ့်မယ်။
Rebecca might phone later. (possible)
ရီဘက်ကာက နောက်တော့ ဖုန်းဆက်ရင် ဆက်လိမ့်မယ်။
အငြင်းပုံစံပြောချင်ရင်တော့ might not သုံးရတယ်။ မလုပ်မှာ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့။ အင်္ဂလိပ်လို မှတ်ထားပါ။
I might not = it is possible that I will not
§  I might not go to work tomorrow.
မနက်ဖြန် ငါ အလုပ်ကို သွားချင်မှ သွားမယ်။
§  Sue might not come to the party.
ဆူးက ပါတီပွဲကို သွားချင်မှ သွားမယ်။
ခုထိ might အသုံးတွေ အတော်ပြည့်ပြည့်စုံစုံ ပြောခဲ့ပြီးပြီ။ may နဲ့ ယှဉ်တွဲလေ့လာကြည့်ရအောင်။
may ကို might နဲ့ ပုံစံတူ သုံးနိုင်ပါတယ်။ I may နဲ့ I might တူတူပါပဲ။
§  I may go to the cinema this evening. (= I might go)
ဒီညနေ ငါရုပ်ရှင်ရုံကို သွားကောင်းသွားမယ်။
§  Sue may not come to the party.
ဆူးက ပါတီပွဲကို သွားချင်မှ သွားမယ်။
          may သုံးတဲ့ နောက်ထပ်ပုံစံတွေကိုလည်း ကြည့်ကြမယ်။ May I..? ဆိုပြီးပြောတဲ့အခါ လုပ်လို့၊ ပြောလို့ အဆင်ပြေမလား၊ လုပ်လို့ရမလား စတဲ့ အဓိပ္ပာယ်ရပါတယ်။
v  May I…? = Is it OK to…?/ Can I…?

§  May I ask a question? (= is it OK to ask/ can I ask?)
မေးခွန်းလေးတစ်ခုလောက် မေးလို့ ရမလားခင်ဗျာ။ (မေးခွန်းတစ်ခုလောက် မေးပါရစေ)
§  May I sit here?” “Yes, of course.”
“ဒီမှာ ထိုင်လို့ ရမလားခင်ဗျာ” “ဟုတ်ကဲ့ ရတာပေါ့”

ခုဆိုရင် might, may အသုံးတွေ ပြည့်ပြည့်စုံစုံ နားလည်လောက်ပြီထင်ပါတယ်။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)