အခန်းထဲမှာ ဖယောင်းတိုင်လေး လေးတိုင်တောက်လောင်နေပါတယ်။ ပတ်ဝန်းကျင်က အလွန်တိုးဖျော့တဲ့အတွက် သူတို့စကားပြောသံကို ကြားနေရပါတယ်။
ပထမဖယောင်းတိုင်ကပြောပါတယ်။ “ကျွန်တော်က ငြိမ်းချမ်းရေးပါ။ ဒါပေမဲ့ ဘယ်သူကမှ ကျွန်တော့်ကို လင်းနေအောင် မထားနိုင်ဘူး။ ကျွန်တော်မီးငြိမ်းသွားရလိမ့်မယ်လို့ ယုံကြည်တယ်။”
သူ့ရဲ့မီးတောက်လေး အလျင်အမြန်လျော့နည်းလာပြီး လုံးဝငြိမ်းသွားတယ်။
ဒုတိယဖယောင်းတိုင်က ပြောတယ်။ “ကျွန်တော်က ယုံကြည်မှုပါ။ ကျွန်တော်က မရှိမဖြစ်မဟုတ်တော့ဘူး။ ဒါကြောင့်ကျွန်တော်ဆက်ပြီးလင်းနေလို့ ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။”
သူစကားပြောလို့ပြီးတဲ့အခါ လေပြေလေညှင်းလေးက ညင်ညင်သာသာတိုက်လာပြီး သူ့ကို ငြိမ်းလိုက်ပါတယ်။
တတိယဖယောင်းတိုင်က သူ့ရဲ့အလှည့်မှာ ဝမ်းနည်းစွာနဲ့ပြောတယ်။ “ကျွန်တော်က ချစ်မေတ္တာပါ။ ကျွန်တော့်မှာ ဆက်ပြီးလင်းနေဖို့ အားအင်မရှိတော့ပါဘူး။ လူတွေက ကျွန်တော့်ကိုဘေးဖယ်ထားပြီး ကျွန်တော့်ရဲ့အရေးပါမှုကို နားမလည်ဘူး။ သူတို့က သူတို့နဲ့အနီးဆုံးမှာရှိတဲ့သူတွေကို ချစ်ဖို့တောင်မေ့နေပါတယ်။” စောင့်ဆိုင်းရင်း မကြာခင်မှာ သူငြိမ်းသွားပါတယ်။
ရုတ်တရက် ကလေးတစ်ယောက်က အခန်းထဲဝင်လာပြီး ဖယောင်းတိုင်သုံးတိုင် တောက်လောင်ခြင်းမရှိတာကို တွေ့သွားပါတယ်။ “မင်းတို့ အဆုံးထိမီးလင်းနေသင့်တာ။ ဘာလို့မလောင်တော့တာလဲ”
ဒီလိုပြောရင်း ကလေးက စတင်ပြီးငိုကြွေးပါတယ်။
အဲဒီနောက် စတုတ္ထဖယောင်းတိုင်လေးက ပြောတယ်။ “မစိုးရိမ်ပါနဲ့။ ကျွန်တော်တောက်လောင်နေသေးတဲ့ အချိန်မှာ ကျွန်တော်တို့ တခြားဖယောင်းတိုင်တွေကို မီးပြန်ညှိပေးနိုင်ပါတယ်။ ကျွန်တော်က မျှော်လင့်ချက်ပါ။”
တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ ကလေးက မျှော်လင့်ခြင်းဖယောင်းတိုင်လေးကို ယူပြီးတခြားဖယောင်းတိုင်တွေကို မီးညှိပေးပါတော့တယ်။
မျှော်လင့်ခြင်းမီးတောက်ဟာ ကျွန်တော်တို့ရဲ့ဘဝက ဘယ်တော့မှ မထွက်သွားသင့်ပါဘူး။ ပြီးတော့ ကျွန်တော်တို့တစ်ယောက်စီဟာလည်း မျှော်လင့်ချက်၊ ယုံကြည်မှု၊ ငြိမ်းချမ်းမှုတွေနဲ့ ချစ်မေတ္တာတွေကို ထိန်းထားနိုင်ပါတယ်။
စည်သူထက် (မအူပင်တက္ကသိုလ်)
Ref: Author Unknown ၏ “Four Burning Candles"
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ