နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, March 24, 2019

A new kind of banking? ဘဏ်အမျိုးအစားအသစ်လော


ကျွန်တော်တို့ A new kind of banking? ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး အင်္ဂလိပ်စာ စာဖတ်စွမ်းရည် တိုးတက်အောင် လုပ်ကြပါမယ်။ ဒီထဲမှာပါတဲ့ ပါမောက္ခယူနွတ်ကို ကျွန်တော်တို့အများစု မစိမ်းကြဘူးထင်ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့အကြောင်းဖတ်တဲ့အခါ ကျွန်တော်တို့ စိတ်ကူး စိတ်သန်းကောင်းတစ်ခုရဲ့ အကျိုးကျေးဇူး၊ ပညာနဲ့ယှဉ်တဲ့လုပ်ရပ်၊ အများအတွက် ဦးစားပေးစဉ်းစားတဲ့ စေတနာ ဒါတွေကို လေးစားအားကျစရာ တွေ့နိုင်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် လူသားတွေအတွက် ကိုယ်ကျိုးမဖက်ကြိုးစားတဲ့စေတနာကို မြတ်နိုးလေးစား သင့်ပါတယ်။
နောက်ထပ် အကျိုးကျေးဇူးတစ်ခုအနေနဲ့ Grade 10 ရဲ့ Question No. V မှာပါတဲ့ Unseen အတွက် တိုက်ရိုက်အထောက်အကူဖြစ်အောင် မေးခွန်းငါးခု စီစဉ်ပေးထားပါတယ်။ ဆရာ၊ မတွေ စာပိုဒ်နဲ့မေးခွန်းကိုယူပြီး ကလေးတွေကို လေ့ကျင့်ပေးလို့ရပါတယ်။ ကိုယ်တိုင် Self-study လုပ်ချင်တဲ့သူတွေကတော့ ဘာသာပြန်တာတွေ၊ ရှင်းလင်းချက်တွေ ဖတ်ကြည့်ပြီး လေ့ကျင့်နိုင်ပါတယ်။ အင်္ဂလိပ်စာမေးခွန်းတွေ၊ ဝင်ခွင့်စာမေးပွဲတွေမှာလည်း Reading Comprehenison ပါတဲ့အတွက် အင်္ဂလိပ်စာနဲ့ဆက်နွယ်နေတဲ့ ဘယ်သူမဆိုအတွက် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်။
ဖတ်ကြည့်ရအောင်။
In 1976, Muhammed Yunus, a Bangladeshi professor of economics, started Grameen Bank. Grameen gives small loans – usually no more than US$ 100 – to very poor people who can’t get credit form normal banks. This kind of credit is called microcredit.
Most of Grammen’s customers live in villages in the Bangladeshi countryside. 97 percent of them are women. They use the credit to start small businesses and make money for their families. For example, they make furniture, repair clothes, or buy animals for milk.
Customers usually have to make repayments every week for twelve months. They pay about 16 percent interest a year. Grameen says that 98 percent of its customers make all their repayments.
People who want a loan form Grameen have to make groups of five people, called loan circles. The people in the circle meet regularly to talk about their ideas and help each other. If someone in the group doesn’t make their repayments, no one in the group can get credit in the future. However, if everyone makes their repayments, they can get bigger loans.
In 2007, Grameen Bank had over seven million customers in nearly eighty thousand villages. There are now more than seven thousand other microcredit organisations around the world, including in Europe and the United States.
Professor Yunus and Grameen Bank won the Nobel Peace Prize in December 2006.
Answer the following questions in complete sentences.
(1)  What is Muhammed Yunus and how much does his bank lend to poor people?
(2)  Where do Grameen’s customers live?
(3)  Why do the customers borrow money from Grameen?
(4)  If you want to borrow money form Grameen, what do you have to do?
(5)  When did Professor Yunus win the Nobel Peace Prize and why do you think he won it?
စာပိုဒ်ဘာသာပြန် ရှင်းလင်းချက်လေးကို ကြည့်ရအောင်။
ပထမစာပိုဒ်
In 1976, Muhammed Yunus, a Bangladeshi professor of economics, started Grameen Bank.
၁၉၇၆ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် ဘောဂဗေဒပါမောက္ခ မိုဟာမက် ယူနွတ်က ဂရမ်မီးဘဏ်ကို စတင်ခဲ့ပါတယ်။
Grameen gives small loans – usually no more than US$ 100 – to very poor people who can’t get credit form normal banks.
ဂရမ်မီးက ပုံမှန်ဘဏ်တွေက ချေးငွေမရနိုင်တဲ့ အင်မတန်ဆင်းရဲတဲ့သူတွေကို များသောအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၀ ထက်မပိုတဲ့ ချေးငွေလေးတွေကို ထုတ်ပေးပါတယ်။
This kind of credit is called microcredit.
ဒီလို ချေးငွေမျိုးကို အသေးစားချေးငွေလို့ ခေါ်ပါတယ်။
ဒုတိယစာပိုဒ်
Most of Grameen’s customers live in villages in the Bangladeshi countryside.
ဂရမ်မီးရဲ့ ဖောက်သည်အများစုက ဘင်္ဂလားဒေ့ရှ်ကျေးလက်ဒေသက ရွာတွေမှာ နေထိုင်ကြပါတယ်။
97 percent of them are women.
ဖောက်သည် ၉၇ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ပါတယ်။
They use the credit to start small businesses and make money for their families.
သူတို့က လုပ်ငန်းအသေးတွေ စတင်ဖို့နဲ့ မိသားစုအတွက် ပိုက်ဆံရှာဖို့ ဒီချေးငွေကို အသုံးပြုကြပါတယ်။
For example, they make furniture, repair clothes, or buy animals for milk.
ဥပမာ သူတို့က ပရိဘောကတွေ လုပ်တယ်။ အဝတ်အစားတွေ ဖာထေးတယ်/ချုပ်တယ်။ ဒါမှမဟုတ်ရင်လည်း နို့အတွက် တိရ စ္ဆာန်တွေကို ဝယ်တယ်။
တတိယစာပိုဒ်
Customers usually have to make repayments every week for twelve months.
ဖောက်သည်တွေက ဆယ့်နှစ်လကြာအောင် အပတ်စဉ်တိုင်း ငွေပြန်ဆပ်ရပါတယ်။
They pay about 16 percent interest a year.
သူတို့က တစ်နှစ်ကို အတိုး ၁၆ ရာခိုင်နှုန်းလောက်ပေးရပါတယ်။
Grameen says that 98 percent of its customers make all their repayments.
ဖောက်သည်တွေရဲ့ ၉၈ ရာခိုင်နှုန်းက ငွေအကုန်ပြန်ဆပ်ကြတယ်လို့ ဂရမ်မီးက ဆိုပါတယ်။
စတုတ္ထစာပိုဒ်
People who want a loan form Grameen have to make groups of five people, called loan circles.
ဂရမ်မီးကနေ ချေးငွေလိုချင်တဲ့သူတွေက ချေးငွေအသိုင်းအဝိုင်းလို့ ခေါ်တဲ့ ငါးယောက်တစ်ဖွဲ့ အဖွဲ့တွေ ဖွဲ့ရပါတယ်။
The people in the circle meet regularly to talk about their ideas and help each other.
အဲဒီအသိုင်းအဝိုင်းထဲမှာရှိတဲ့သူတွေက သူတို့ရဲ့စိတ်ကူးစိတ်သန်းတွေကို ပြောဖို့နဲ့ တစ်ဦးကိုတစ်ဦး ကူညီကြဖို့ ပုံမှန်တွေ့ဆုံကြပါတယ်။
If someone in the group doesn’t make their repayments, no one in the group can get credit in the future.
ဒီအုပ်စုထဲက တစ်ယောက်ယောက်က ငွေပြန်မဆပ်ဘူးဆိုရင် အဲဒီအုပ်စုထဲက ဘယ်သူမှ နောင်ဆိုရင် ချေးငွေမရနိုင်ပါဘူး။
However, if everyone makes their repayments, they can get bigger loans.
ဒါပေမဲ့ လူတိုင်းက ငွေပြန်ဆပ်မယ်ဆိုရင် သူတို့က ပိုများတဲ့ချေးငွေတွေကို ရနိုင်ပါတယ်။
ပဉ္စမစာပိုဒ်
In 2007, Grameen Bank had over seven million customers in nearly eighty thousand villages.
၂၀၀၇ ခုနှစ်မှာ ဂရမ်မီးဘဏ်ဟာ ရွာပေါင်း ရှစ်သောင်းနီးပါးလောက်မှာ ဖောင်သည်ပေါင်း ခုနစ်သန်းကျော်ရှိနေပါတယ်။
There are now more than seven thousand other microcredit organisations around the world, including in Europe and the United States.
အခု ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းမှာ တခြား အသေးစားချေးငွေ အဖွဲ့အစည်းပေါင်း ခုနစ်ထောင်ကျော်ရှိနေပါပြီ။
ဆဌမစာပိုဒ်
Professor Yunus and Grameen Bank won the Nobel Peace Prize in December 2006.
ပါမောက္ခ ယူနွတ်နဲ့ ဂရမ်မီးဘဏ်ဟာ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။
မေးခွန်းတွေနဲ့လည်း လေ့ကျင့်ရအောင်။
Answer the following questions in complete sentences.
ပြည့်စုံတဲ့ဝါကျတွေနဲ့ အောက်ပါမေးခွန်းတွေကို ဖြေပါ။
(1) What is Muhammed Yunus and how much does his bank lend to poor people?
ပထမမေးခွန်းကို ကြည့်ရင် မိုဟာမက်ယူနွတ်က ဘာလဲ။ သူ့ရဲ့ဘဏ်က ဆင်းရဲသားတွေကို ဘယ်လောက်များများ ငွေချေးပေးသလဲတဲ့။ ဒီနေရာမှာ သတိထားသင့်တာတစ်ချက်ကတော့ လူကို what နဲ့မေးထားရင် အလုပ်အကိုင်ကို မေးတာပါ။ ဥပမာ Who is your father? လို့မေးရင် နာမည်ဖြေပေးရုံပဲ။ ဒါပေမဲ့ What is your father? လို့မေးရင်တော့ a doctor/ a teacher/ an office staff စသည်ဖြင့်ပေါ့လေ အလုပ်အကိုင်ကိုပဲ ဖြေပေးပါ။ ဒီတော့ ပြန်ကြည့်မယ်။ ပထမဆုံး အလုပ်အကိုင်ကို ရှာကြည့်လိုက်ပေါ့။ a Bangladeshi professor of economics ဆိုတာ တွေ့မယ်။ ဟုတ်ပြီ တစ်ချက်မှတ်ထားမယ်။ နောက်တစ်ခုက ဆင်းရဲသားတွေကို ဘယ်လောက် ငွေချေးသလဲဆိုတော့ ငွေပမာဏကို ရှာကြည့်ရအောင်။ no more than US$ 100 ဆိုတာ တွေ့မှာပေါ့။ ဒီတော့ မေးခွန်းလေးကောက်ပြီး ဖြေကြည့်မယ်ဆိုရင် -
Muhammed Yunus is a Bangladeshi professor of economics and his bank lends no more than US$ 100 to poor people.
(2) Where do Grameen’s customers live?
နံပါတ် ၂ မေးခွန်းက ဂရမ်မီးရဲ့ ဖောက်သည်တွေ ဘယ်မှာ နေသလဲတဲ့။ နေရာကို ရှာပေးရမှာပေါ့။ ကြည့်ရအောင်။ in villages in the Bangladeshi countryside ဆိုတာလေး သွားတွေ့မယ်။ ဒါဆိုရင် ဒီလိုဖြေပါ။
Grameen’s customers live in villages in the Bangladeshi countryside.
(3) Why do the customers borrow money from Grameen?
နံပါတ် ၃ မှာမေးထားတာက ဖောက်သည်တွေက ဂရမ်မီးဆီကနေ ဘာကြောင့် ငွေချေးကြသလဲတဲ့။ လိုက်ရှာလိုက်မယ်ဆိုရင် to start small businesses and make money for their families တွေ့လိမ့်မယ်။ သတိထားရမှာက Why? နဲ့မေးထားရင် ရည်ရွယ်ချက်ကို မေးတာပါ။ ရည်ရွယ်ချက်ကို ပြောဖို့ စာလုံးတွေ အများကြီး ရှိတယ်။ ဒီအထဲမှာ to လည်း အပါအဝင်ပေါ့။ ဒီတော့ ခုလိုဖြေကြမယ်။
The customers borrow money from Grameen to start small businesses and make money for their families.
(4) If you want to borrow money form Grameen, what do you have to do?
နံပါတ် ၄ မှာ သင်ဟာ ဂရမ်မီးကနေ ငွေချေးချင်ရင် ဘာလုပ်ရမလဲတဲ့။ နားလည်အောင် ဖတ်ကြည့်လိုက်ရင် make groups of five people, called loan circles ဆိုတာ တွေ့ပါလိမ့်မယ်။ ဒီတော့ ဖြေလိုက်ပါ။
If I want to borrow money from Grameen, I have to make a group of five people, called a loan circle.
ဒီအဖြေမှာတော့ ကိုယ့်တစ်ယောက်တည်း အကြောင်းပြောတာမို့ ငါးယောက်တစ်ဖွဲ့ပဲ ဖွဲ့မယ်လို့ ယူပြီး a group of five people/ a loan circle ဆိုပြီး ပြောင်းထားတာပါ။
(5) When did Professor Yunus win the Nobel Peace Prize and why do you think he won it?
နောက်ဆုံးမေးခွန်းမှာ ပါမောက္ခယူနွတ်က ဘယ်အချိန်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့သလဲ။ ဘာကြောင့် သူရခဲ့တယ်လို့ သင်ထင်သလဲတဲ့။ ရခဲ့တဲ့ အချိန်ကို ရှာမယ်ဆိုရင် in December 2006 ဆိုတာ အလွယ်လေး တွေ့မှာပေါ့။ ဒါကို ဖြေမယ်။ ဒါပေမဲ့ နောက်မေးခွန်းတစ်ခုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်ကို ဖြေရတော့မယ်။ စာကိုဖတ်ပြီး ကိုယ်နားသလည်လို ဖြေလို့ ရပါတယ်။ ယုတ္တိရှိပြီး မှန်ကန်တဲ့ဘယ်အဖြေမဆို အဆင်ပြေပါတယ်။ ဒီနေရာမှာတော့ အလွယ်ဆုံးပုံစံနဲ့ပဲ ဖြေလိုက်ပါမယ်။  ဖြေကြည့်ရအောင်။
Professor Yunus won the Nobel Peace Prize in December 2006 and he won it because he could help poor people.

Saturday, March 16, 2019

not+any no none


ဒီတစ်ခါမှာတော့ not+any, no, none အသုံးလေးတွေအကြောင်း ပြောပြပါမယ်။ အသေးစိတ်မပြောခင်မှာ နားလည်တာ ပိုမြန်အောင် အခြေအနေလေး တစ်ခု ကြည့်ရအောင်။
ပုံလေးကို ကြည့်ပါ။

§  The car park is empty.
ကားရပ်နားနေရာက လွတ်နေတယ်။
§  There aren’t any cars in the park.
ကားရပ်နားနေရာမှာ ဘာကားမှ မရှိဘူး။
§  There are no cars in the car park.
ကားရပ်နားနေရာမှာ ဘာကားမှ မရှိဘူး။
(အပေါ်ကစာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ။ aren’t any cars/ are no cars သုံးစွဲထားပုံတွေ လေ့လာကြည့်ပါ။)
§  How many cars are there in the car park?
ကားရပ်နားနေရာမှာ ကားဘယ်လောက်များများရှိသလဲ။
§  None.
တစ်စီးမှ မရှိဘူး။
not (-n’t) + any
not (-n’t) + any သုံးစွဲပုံက စကြည့်မယ်။ ဥပမာ ဝါကျတွေကို လေ့လာပါ။
§  There aren’t any cars in the car park.
ကားရပ်နားနေရာမှာ ကားတစ်စီးမှ မရှိဘူး။
§  Tracy and Jack don’t have any children.
ထရေစီနဲ့ ဂျက်မှာ သားသမီးတွေ မရှိဘူး။
§  You can have some coffee, but I don’t want any.
မင်းကော်ဖီသောက်လို့ရတယ်။ ဒါပေမဲ့ ငါတော့ မသောက်ချင်ဘူး။
          ဒီဝါကျတွေကြည့်လိုက်တဲ့အခါ အငြင်းဝါကျတွေမှာ any ထည့်သုံးရတာ သတိထားမိမှာပေါ့။
no + noun (no cars/ no garden etc.)
no ကို noun တွေနဲ့ တွဲသုံးပါတယ်။ no ဆိုတာ not any ဒါမှမဟုတ် not a နဲ့ အဓိပ္ပာယ်တူတယ်။ ဒါလေး သတိထားစေချင်ပါတယ်။ no ရဲ့နောက်မှာ noun တစ်ခုကိန်း လိုက်ပေးရမလား၊ အများကိန်း ပုံစံ လိုက်ရမလားဆိုပြီး တချို့က ဇဝေဇဝါဖြစ်ကြတယ်။ တကယ်တော့ နှစ်ခုစလုံး လိုက်ပေးလို့ရပါတယ်။ ဥပမာတွေ ဖတ်တဲ့အခါ သတိပြုကြည့်သွားပေးပါ။
§  There are no cars in the car park. (= there aren’t any cars)
ကားရပ်နားတဲ့နေရာမှာ ကားတွေ မရှိဘူး။
§  We have no coffee. (= we don’t have any coffee)
တို့မှာ ကော်ဖီမရှိဘူး။
§  It’s a nice house, but there’s no garden. (= there isn’t a garden)
ဒါက အိမ်ကောင်းလေးပဲ။ ဒါပေမဲ့ ဥယျာဉ်တော့ မရှိဘူး။
ကျွန်တော်တို့က no ကို အထူးသဖြင့် have နဲ့ There is/are နောက်မှာ သုံးရပါတယ်။ ဒါလေးလည်း ဂရုပြုပေါ့နော်။
ဆိုတော့ ခုပြောခဲ့တာလေးနှစ်ခုကို ပြန်နှိုင်းယှဉ်ကြည့်လိုက်မယ်။ negative verb (ဆိုလိုတာက is not/are not/ don’t စတာမျိုး) ရဲ့နောက်မှာ any သုံးပြီး postitive verb (ဆိုလိုတာက is/are/have စတာတွေ) ရဲ့နောက်မှာ no သုံးရပါတယ်။ ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ဒီပုံစံလေး ကြည့်ပါ။
negative verb + any = positive verb + no
ဥပမာလေးတွေလည်း ကြည့်ပါဦး။
§  They don’t have any children. (or) They have no children.
သူတို့မှာ သားသမီးမရှိကြဘူး။ (They don’t have no children. လို့တော့ မပြောရပါဘူး)
§  There isn’t any sugar in your coffee. (or) There’s no sugar in your coffee.
ခင်ဗျားရဲ့ကော်ဖီမှာ သကြားမပါပါဘူး။
no and none
no ကို noun နဲ့ တွဲသုံးတယ်။ no money/ no children စသည်ဖြင့်။
§  We have no money.
တို့မှာ ပိုက်ဆံမရှိဘူး။
§  Everything was OK. There were no problems.
အရာအားလုံး အိုကေတယ်။ ပြဿနာမရှိပါဘူး။
none ကိုတော့ သူ့ချည်း သုံးရတယ်။ noun ထည့်မသုံးရပါဘူး။
§  “How much money do you have?” “None.” (= no money)
“မင်းမှာ ပိုက်ဆံဘယ်လောက်များများ ရှိသလဲ” “ဘယ်လောက်မှ မရှိပါဘူး”
§  “Were there any problems?” “No, none.” (= no problmes)
“ပြဿနာရှိသလား” “ဟင့်အင်း၊ ဘာမှမရှိဘူး။”
none and no-one
none = 0 (zero)
no-one = nobody
None က How much?/ How many? ဆိုတဲ့ မေးခွန်းတွေဖြေတဲ့ အဖြေပါ။ ဥပမာ-
§  A: How much money do you have?
ခင်ဗျားမှာ ပိုက်ဆံဘယ်လောက်များများ ရှိသလဲ။
B: None. (= no money)
ဘယ်လောက်မှ မရှိပါဘူး။
§  A: How many people did you meet?
လူဘယ်လောက်များများနဲ့ ရှင်တွေ့ဆုံခဲ့လဲ။
B: None. (= no people)                                      
တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။
          No-one က Who? မေးခွန်းကို ဖြေတဲ့အဖြေပါ။
§  A: Who did you meet?
မင်းဘယ်သူနဲ့ တွေ့ခဲ့တာလဲ။
B: No-one. (or Nobody.)
ဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး။


Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press