before, during and
after
prepositions တွေဖြစ်တဲ့ before,
after, during နဲ့ while အကြောင်းတွေကို ကြည့်ကြ ရအောင်နော်။ ပထမဆုံးအနေနဲ့
before, during နဲ့ after ကို အရင်ကြည့်ကြမယ်။
§ before = မတိုင်ခင်၊ မတိုင်မီ
§ during = အတောအတွင်း။ အချိန်အတွင်း
§ after = ပြီးနောက်
ဒီအဓိပ္ပာယ်တွေရတယ်ဆိုတာ
သိမယ်နော်။ ပုံလေးကို ကြည့်ပါဦး။
ပထမဆုံးပုံမှာ လက်မှတ်ဝယ်တဲ့နေရာကို
ပြထားတယ်။ ဒါဆိုရင် ရုပ်ရှင်မစခင်ပေါ့။ မတိုင်မီဆိုတဲ့ အဓိပ္ပာယ်အတွက် before သုံးရမယ်။
before the film (ရုပ်ရှင်မတိုင်မီ/ရုပ်ရှင်မစခင်)။
ဒုတိယပုံမှာတော့ ရုပ်ရှင်ပြနေပြီ။ ပြီးတော့မပြီးသေးဘူး။ ရုပ်ရှင်အတွင်း (during the film) လို့ ပြောရမှာပေါ့။ နောက်ဆုံးပုံမှာကတော့
ရုပ်ရှင်ရုံကနေတောင် ပြန်ထွက်နေပြီ။ ရုပ်ရှင်ပြီးလို့ ထွက်တာမဟုတ်လား။ after the film (ရုပ်ရှင်ပြီးနောက်) လို့
ပြောမယ်။
ဥပမာတွေနဲ့ ပြည့်ပြည့်စုံစုံ ကြည့်ကြမယ်။
§
Everybody
feels nervous before exams.
စာမေးပွဲတွေမတိုင်ခင်မှာ
လူတိုင်းက ရင်ဖိုစိတ်လှုပ်ရှားကြတယ်။
§
I
feel asleep during the film.
ကျွန်တ်ာက
ရုပ်ရှင်ပြနေစဉ်အတွင်းမှာ အိပ်ချင်တယ်။
§
We
were tired after our visit to the
museum.
ကျွန်တော်တို့က
ပြတိုက်ကို သွားပြီးနောက် ပင်ပန်းသွားခဲ့တယ်။
before, while and after
ဒီတစ်ခါမှာတော့ before, while နဲ့
after ကို ကြည့်မယ်။ while က “စဉ်တွင်”
လို့ အဓိပ္ပာယ်ရပါတယ်။ ပုံလေးကို ကြည့်ရအောင်။
ပထမပုံမှာ တင်းနစ်ကွင်းကို လာနေတာလေး
ပြထားတယ်။ တင်းနစ် မကစားရသေးဘူး။ ဒီတော့ before
we played (တို့ မကစားခင်) လို့ ပြောတယ်။ ဒုတိယပုံမှာတော့ ကစားနေတာကို တွေ့မယ်နော်။
while we were playing (တို့တွေ ကစားနေစဉ်ပေါ့)။
နောက်ဆုံးပုံမှာတော့ ကစားပြီးလို့ အမောတောင် ဖြေနေပြီ။ ဒါကြောင့် after we played (တို့တွေ ကစားပြီးတဲ့နောက်မှာ)
လို့ ပြောတယ်။
ဥပမာလေးတွေနဲ့ ကြည့်ရအောင်။
§
Don’t
forget to close the window before you go
out.
မင်းအပြင်မထွက်ခင် ပြတင်းပေါက်ပိတ်ဖို့
မမေ့နဲ့။
§
I
often fall asleep while I’m reading.
ကျွန်တော်က စာဖတ်နေစဉ်မှာ အိပ်ပျော်သွားလေ့ရှိတယ်။
§
They
went home after they did the shopping.
သူတို့ဈေးဝယ်ပြီးတဲ့နောက်မှာ အိမ်ပြန်ခဲ့တယ်။
during, while and for
အခုထပ်ပြီး during, while နဲ့ for အကြောင်းကို
ကြည့်မယ်။ ဒီနေရာမှာတော့ for က “အတွက်” လို့ အဓိပ္ပာယ်မရပါဘူး။ “ကြာအောင်” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ သူတို့ကို
ဘယ်လို သုံးစွဲရမလဲ ကြည့်ကြရအောင်။
v
during + noun ပုံစံ သုံးရပါတယ်။ ဥပမာ during the film
v
while + verb ပုံစံ သုံးရတယ်။ ဥပမာ while
I’m reading
ပိုရှင်းသွားအောင် နမူနာဝါကျကို ကြည့်လိုက်ပါ။
§
We
didn’t speak during the meal.
ကျွန်တော်တို့ အစားအသောက်(စားနေစဉ်)အတွင်းမှာ
စကားမပြောခဲ့ကြဘူး။
§
We
didn’t speak while we were eating. (not during we were eating)
ကျွန်တော်တို့ အစားအသောက်စားနေစဉ်မှာ
စကားမပြောခဲ့ကြဘူး။
ဒီဝါကျနှစ်ကြောင်းက
အဓိပ္ပာယ်တူပေမဲ့ during + noun ပုံစံသုံးရပြီး
while + verb ပုံစံ သုံးရတာ သတိထားပါ။
for ကို တော့ အချိန်အပိုင်းအခြားတစ်ခု (a period of time) နဲ့ တွဲသုံးဖို့ သုံးတယ်။
ဥပမာ - for three days, for two hours, for a year စသည်ဖြင့် သုံးရတာပေါ့။ ဒီပုံစံလေး
မှတ်ထားပါ။
v
for + a period of time
ဥပမာ-
§
We
played tennis for two hours. (not during two hours)
ကျွန်တော်တို့က နှစ်နာရီကြာအောင် တင်းနစ်ကစားခဲ့ကြတယ်။
(during မသုံးရ)
§
I
lived in London for a year. (not during a year)
ကျွန်တော်က လန်ဒန်မြို့မှာ တစ်နှစ်ကြာအောင်
နေခဲ့တယ်။ (during မသုံးရ)
နောက်ထပ် တစ်ချက်ကို မှတ်သားရအောင်။
before/after + -ing ပုံစံ သုံးလို့ရပါတယ်။
before going / after eating စတဲ့ ပုံစံမျိုးပေါ့။
နမူနာဝါကျတွေကို ကြည့်ရအောင်။
§
I
always have breakfast before going
to work. ( = before I go to work)
ကျွန်တော်က အလုပ်မသွားခင် နံနက်စာ အမြဲစားတယ်။
§
After doing the shopping, they went home. (
= after they did)
ဈေးဝယ်ပြီးတဲ့နောက်မှာ သူတို့က အိမ်ပြန်တယ်။
after + -ing/
before + -ing ပုံစံ
သုံးရတာနော်။ ဆိုပါစို့ before going /
after doing စသည်ဖြင့်ပဲ ပြောရတယ်။ before
to go တို့ after to do တို့ စသည်ဖြင့် သုံးလို့ မရပါဘူး။
ဥပမာ-
§
Before eating the apple, I washed it
carefully. (not before to eat)
ပန်းသီးကို မစားခင်မှာ ကျွန်တော်က ဂရုတစိုက်
ဆေးကြောပါတယ်။
§
I
started work after reading the
newspaper. (not after to read)
ကျွန်တော်က သတင်းစာဖတ်ပြီးတဲ့နောက်မှာ
အလုပ်စခဲ့တယ်။
ကဲ…များသွားပြီဆိုတော့ ရှုပ်ကုန်ပြီလား မသိဘူး။
ပြန်ချုပ်ပြီး ကြည့်ရအောင်။
Ø
ခုလို
အဓိပ္ပာယ်တွေ ရတယ်။
§ before
= မတိုင်ခင်၊ မတိုင်မီ
§ during
= အတောအတွင်း။ အချိန်အတွင်း
§ while
= စဉ်တွင်
§ after
= ပြီးနောက်
§ for
= ကြာအောင်
Ø
during
နဲ့ while က အဓိပ္ပာယ်ဆင်တယ်။ သုံးစွဲပုံမတူဘူး။
§
during + noun
§
while + verb ပုံစံ သုံးတယ်။
Ø
before/ after ရဲ့ နောက်မှာ noun ပုံစံ သုံးလို့ရသလို -ing ပုံစံ သုံးလို့လည်း ရတယ်။
Ø
for ကိုတော့ အချိန်အပိုင်းအခြားတစ်ခု (a period of time)နဲ့ တွဲသုံးတယ်။
ဒီလောက်ဆိုရင် အတော်အသင့် နားလည်ပြီလို့
ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝ တိုးတက်နိုင်ပါစေ။
စည်သူထက်
Ref:
Essential Grammar in Use (Raymond Murphy