နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, April 23, 2020

from…to until since for


ဒီခေါင်းစဉ်မှာပါတဲ့ စကားလုံးတွေက prepositions တွေပါပဲ။ ကျွန်တော်တို့ တစ်ခုချင်းစီ အသေးစိတ် ကြည့်ကြရအောင်။
ပထမဆုံးတစ်ခုအနေနဲ့ from…to ဆိုတာကို ကြည့်ကြမယ်။ “မှ….အထိ” လို့ မြန်မာလို အဓိပ္ပာယ်ရတာတော့ သိပြီး ဖြစ်မယ်နော်။ အချိန်တစ်ခုကစပြီး နောက်ထပ်အချိန်တစ်ခုအထိ အချိန်အတိုင်းအတာကို ပြောဖို့ သုံးပါတယ်။ ဥပမာလေးတွေနဲ့ ကြည့်ရအောာင်။
from…to
§  We lived in Japan from 2003 to 2010.
ကျွန်တော်တို့က ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဂျပန်နိုင်ငံမှာနေခဲ့တယ်။
§  I work from Monday to Friday.
ကျွန်တော်က တနင်္လာနေ့ကနေ သောကြာနေ့အထိ အလုပ်လုပ်တယ်။
from…to လို့ မပြောဘဲ from….until လို့ သုံးလည်း ရတယ်။ until က “အထိ၊ တိုင်အောင်” လို့ အဓိပ္ပာယ်ရတယ်။
§  We lived in Japan from 2003 until 2010.
ကျွန်တော်တို့က ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဂျပန်နိုင်ငံမှာနေခဲ့တယ်။
until အကြောင်းကိုလည်း ဆက်ကြည့်ရအောင်။ until က မြန်မာလိုဆိုရင် “အထိ၊ တိုင်အောင်” လို့ အဓိပ္ပာယ်ရတာ ပြောပြီးပြီနော်။
ဒီလိုတွေ သုံးလို့ရပါတယ်။
·         until Friday - သောကြာနေ့အထိ
·         until December - ဒီဇင်ဘာလအထိ
·         until 3 o’clock - သုံးနာရီထိုးအထိ
·         until I come back - ငါပြန်လာတဲ့အထိ
ဥပမာဝါကျတွေနဲ့ တွဲကြည့်ရအောင်။
§  They’re going away tomorrow. They’ll be away until Friday.
မနက်ဖြန် သူတို့တခြားကို သွားမယ်။ သူတို့ သောကြာနေ့အထိ တခြားမှာ ရှိနေမယ်။
§  I went to bed early, but I wasn’t tired. I read a book until 3 o’clock.
ကျွန်တော်က အိပ်ရာစောစောဝင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မပင်ပန်းခဲ့ပါဘူး။ ကျွန်တော် သုံးနာရီထိုးတဲ့အထိ စာအုပ်တစ်အုပ်ကို ဖတ်ခဲ့တာ။
§  Wait here until I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
          till က until နဲ့ အဓိပ္ပာယ်အတူတူပါပဲ။ ဒါကြောင့် until မသုံးဘဲ till သုံးလို့လည်း ရတယ်။
        till = until
§  Wait here till I come back.
ငါပြန်လာတဲ့အထိ ဒီနေရာမှာ စောင့်နေပါ။
နှိုင်းယှဉ်ကြည့်ရအောင်။
§  “How long will you be away?” “Until Monday.”
“တခြားမှာ ဘယ်လောက်ကြာအောင် နေမှာလဲ” “တနင်္လာနေ့အထိပေါ့”
          ဒီအပြန်အလှန်ပြောစကားကို ကြည့်ရင် ဒီနေ့ကစပြီး တနင်္လာနေ့အထိ နေမယ့်သဘောကို တွေ့မယ်နော်။ နောက်ထပ် အပြန်အလှန်စကားနဲ့ နှိုင်းယှဉ်လိုက်မယ်။
§  “When are you coming back?” “On Monday.”
“ခင်ဗျား ဘယ်အချိန် ပြန်လာမှာလဲ” “တနင်္လာနေ့မှာ”
          ဒီစကားမှာတော့ ပြန်လာမယ့်ရက်က တနင်္လာနေ့ တိတိကျကျဖြစ်ကြောင်းတွေ့ရမယ်။ ဘယ်နေ့ကစပြီး ဘယ်နေ့အထိဆိုတဲ့ သဘောမပါပါဘူး။
နောက်ထပ်တစ်ခုအနေနဲ့ since အကြောင်းကို ကြည့်ရအောင်။ since ဆိုတာ မြန်မာလို “ကတည်းက” လို့ အဓိပ္ပာယ်ရတယ်။ အတိတ်ကာလ အချိန်တစ်ခုနဲ့ တွဲသုံးတယ်။ အဲဒီအချိန်ကတည်းက (ခုထိ) ဆိုတဲ့ သဘောပေါ့။
v  since + a time in the past (to now)
since ကို present perfect နောက်မှာ သုံးရတယ်။ (We use since after the present perfect.) Present perfect ဆိုတာ သိတယ်နော်။ have been/ have done စသည်ဖြင့် has/have + V3 ပုံစံပါ။
ဒီလိုတွေ သုံးကြပါတယ်။
·         since Monday - တနင်္လာနေ့ကတည်းက
·         since 1998 - ၁၉၉၈ ခုနှစ်ကတည်းက
·         sicne 2.30 - ၂.၃၀ ကတည်းက
·         since I arrived - ကျွန်တော်ရောက်ကတည်းက
ဥပမာတွေ ကြည့်ရအောင်။
§  Joe is in hospital. He has been in hospital since Monday. ( = from Monday to now)
ဂျိုးက ဆေးရုံမှာ။ သူက တနင်္လာနေ့ကတည်းက ဆေးရုံတက်နေရတာ။ (=တနင်္လာနေ့ကနေ အခုထိ)
§  Sue and Dave have been married since 1998. ( = from 1998 to now)
ဆူးနဲ့ ဒေ့ဗ်က ၁၉၉၈ ခုနှစ်ကတည်းက လက်ထပ်ထားတာ။ (=၁၉၉၈ ကနေ ခုထိ)
§  It has been raining since I arrived.
ကျွန်တော်ရောက်ကတည်းက မိုးရွာနေတာ။
          နှိုင်းယှဉ်ကြည့်ရအောင်။
§  We lived in Japan from 2003 to 2010.
We lived in Japan until 2010.
ကျွန်တော်တို့က ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဂျပန်နိုင်ငံမှာနေခဲ့တယ်။
ကျွန်တော်တို့က ဂျပန်နိုင်ငံမှာ ၂၀၁၀ ခုနှစ်အထိ နေခဲ့တယ်။
§  Now we live in Canada. We came to Canada in 2010.
We have lived in Canada since 2010.  ( = from 2010 until now)
အခု ကျွန်တော်တို့ ကနေဒါနိုင်ငံမှာ နေကြတယ်။ ကျွန်တော်တို့ ၂၀၁၀ ခုနှစ်မှာ ကနေဒါနိုင်ငံကို လာခဲ့တယ်။
ကျွန်တော်တို့ ကနေဒါနိုင်ငံမှာ ၂၀၁၀ ခုနှစ်ကတည်းက နေလာကြတာ။ (၂၀၁၀ ကနေ ခုထိ)
          အချိန်အပိုင်းအခြားတစ်ခုနဲ့ သုံးဖို့ဆိုရင် since သုံးလို့မရဘဲ for သုံးရပါတယ်။ ဥပမာ three days/ ten years စတာတွေက အချိန်အပိုင်းအခြားမဟုတ်လား။ ဒါမျိုးကို since three days လို့ ပြောလို့ မရဘူး။ for three days လို့ ပြောရတယ်။
§  Joe has been in hospital for three days. (not since three days)
ဂျိုးက ဆေးရုံတက်နေရတာ သုံးရက်ရှိပြီ။
for ကို သုံးစွဲပုံ အသေးစိတ် ထပ်ကြည့်ကြမယ်။ ဒီလိုမျိုး သုံးလို့ရပါတယ်။
v  for + a period of time
·         for three days - သုံးရက်ကြာအောင်
·         for ten years - ဆယ်နှစ်ကြာအောင်
·         for five minutes - ငါးမိနစ်ကြာအောင်
·         for a long time - အချိန်အကြာကြီး ကြာအောင်
ဥပမာ-
§  Gary stayed with us for three days.  
ဂယ်ရီက ကျွန်တော်တို့နဲ့ သုံးရက်ကြာ နေခဲ့တယ်။
§  I’m going away for a few weeks.
ကျွန်တော်က ရက်သတ္တပတ်အနည်းငယ်ကြာအောင် တခြားသွားမယ်။
§  I’m going away for the weekend.
ကျွန်တော်က စနေ၊တနင်္ဂနွေမှာ တခြားသွားမယ်။
§  They’ve been married for ten years.
သူတို့အိမ်ထောင်ပြုထားတာ ဆယ်နှစ်ကြာပြီ။
ဒီလောက်ဆိုရင် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ