နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, July 16, 2017

အခြေခံစကားပြော (၁၇)

How come + (subject + verb) - ဘယ်လိုဖြစ်တာလဲ

တစ်ခုခုဘယ်လိုဖြစ်တာလဲ မေးချင်ရင် How come + (subject + verb) ပုံစံသုံးပါ။ 

examples:
(1) "How come parents worry so much?"
မိဘတွေက ဘယ်လိုဖြစ်လို့ အရမ်းစိုးရိမ်ပူပန်ကြတာလဲ။
(2) "How come you are so upset?"
မင်းက ဘယ်လိုဖြစ်လို့ သိပ်စိတ်ပျက်နေတာလဲ။
(3) "How come he will not call you?"
ဘယ်လိုဖြစ်လို့ သူက နင့်ဆီဖုန်းမဆက်ရမှာလဲ။
(4) "How come you stayed out so late?"
ဘယ်လိုဖြစ်လို့ မင်းက အပြင်မှာ အရမ်း နောက်ကျအောင် နေရတာလဲ။


ထပ်ပြီးလေ့ကျင့်ပါဦး။ အင်္ဂလိပ်လိုပြောကြည့်ပါ။

(1) ခင်ဗျားက ဘယ်လိုဖြစ်လို့ ဆုံးဖြတ်ချက် မချနိုင်တာလဲ။
(2) မင်းက ဘယ်လိုဖြစ်ပြီး ငါ့ကိုမေးခွန်း အမြဲမေးနေရတာလဲ။
(3) ဘယ်လိုဖြစ်လို့ တို့ ဘယ်တော့မှ သဘောထားမတူရတာလဲ။
(4) ခွေးတွေက ဘယ်လိုဖြစ်လို့ ခြံထဲမှာ တူးနေရတာလဲ။
(5) သူက ဘယ်လိုဖြစ်လို့ မလာတာလဲ။


နမူနာဝါကျများ
========
(1) "How come you cannot make a decision?"
(2) "How come you always question me?"
(3) "How come we never agree?"
(4) "How come your dog digs in the yard?"
(5) "How come she will not come over?"


ဆရာစည်သူထက်

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ