နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, July 16, 2017

အခြေခံစကားပြော (၁၈)

What are the chances of + (verb-ing) အသုံးလေးကြည့်ပါ။ "…အခွင့်အလမ်း/ဖြစ်နိုင်စရာအကြောင်း/အလားအလာတွေက ဘာလဲ" လို့ ဆိုလိုတယ်။

examples:
(1) "What are the chances of getting tickets?"
လက်မှတ်ရနိုင်တဲ့ အခွင့်အရေးတွေက ဘာလဲ။
(2) "What are the chances of that happening?"
ဒါဖြစ်လာနိုင်စရာ အကြောင်းတွေက ဘာလဲ။
(3) "What are the chances of it raining today?"
ဒီနေ့ မိုးရွာနိုင်တဲ့ အလားအလာတွေက ဘာလဲ။
(4) "What are the chances of winning the lottery?"
ထီပေါက်နိုင်စရာ အလားအလာတွေက ဘာလဲ။

the chances လို့ ပြောမယ့်အစား your/our chances ဆိုပြီး ပြောလည်းရပါတယ်။ ကိုယ်နဲ့ပိုပြီး ဆိုင်သွားတာပေါ့။

examples:
(1) "What are the chances of you staying home today?"
ဒီနေ့ မင်း အိမ်မှာ နေစရာအကြောင်းက ဘာများလဲ။
(2) "What are your chances of getting the job?"
မင်းအလုပ်ရနိုင်တဲ့ အလားအလာက ဘာများလဲ။
(3) "What are your chances of improving?"
နင့်ရဲ့ တိုးတက်နိုင်စရာ အလားအလာက ဘာလဲ။
(3) "What are your chances of moving?"
ခင်ဗျားရဲ့ ရွှေ့ပြောင်းနိုင်စရာ အခွင့်အရေးက ဘာလဲ။
(4) "What are our chances of staying together?"
ကျွန်တော်တို့ရဲ့ အတူတူနေနိုင်စရာ အကြောင်းက ဘာလဲ။
(5) "What are our chances of working together?"
ကျွန်တော်တို့ရဲ့ အတူတူအလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းက ဘာများလဲ။
(6) "What are our chances of going together?"
ငါတို့ အတူတူသွားနိုင်မယ့် အခွင့်အလမ်းက ဘာလဲ။

 
ဆရာစည်သူထက်

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ