နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, August 24, 2017

“begin and start ဘယ်လိုကွာလဲ”


1.  begin နဲ့ start  ဘာကွာသလဲမေးရင် များသောအားဖြင့် ဘာမှမကွာပါဘူးလို့ ဖြေရမယ်။ 


ဟောဒီ ဥပမာလေးတွေ ကြည့်ပါ။ အတူတူပဲ ဆိုတာ မြင်လိမ့်မယ်။


◊ I started/ began teaching when I was twenty-four.

   ကျွန်တော့်အသက် နှစ်ဆယ့်လေးနှစ်မှာ စာကို စသင်ခဲ့တယ်။


◊ If John doesn’t come soon, let’s start/begin without him.

   မကြာခင် ဂျွန်ရောက်မလာဘူးဆိုရင် သူမပါဘဲ စကြတာပေါ့။


အဓိပာယ် မကွာဘူးဆိုပေမဲ့ သုံးစွဲတဲ့အခါ အကြိုက်လေးတွေတော့ ကွာတာ ပေါ့နော်။ ဘယ်လိုပါလိမ့်။ ကြည့်ကြရအောင်။


        အင်္ဂလိပ်လိုလေး အရင်ဖတ်ကြည့်လိုက်။


We prefer start when we talk about an activity that happens regularly, with ‘stops and starts’.

“ရပ်လိုက်၊ စလိုက်” နဲ့ ပုံမှန်ဖြစ်နေတဲ့ လုပ်ဆောင်ချက် အကြောင်းကို ပြောတဲ့ အခါမှာ start သုံးရတာ ပိုနှစ်သက်ပါသတဲ့။


ဘယ်လိုတွေရပ်ပြီး ဘယ်လိုတွေ စသလဲဆိုတာ ဥပမာဖတ်ကြည့်မှ ရှင်းပေမပေါ့။ ကြည့်ကြရအောင်ပါ။


◊ It’s starting to rain.

   မိုးစရွာနေပြီ။

(မိုးတိတ်သွားလိုက်၊ ပြန်ရွာလိုက်နဲ့ ပုံမှန်ဖြစ်နေတဲ့အခြေအနေမှာ ပြန်စရွာတော့ start သုံးတာ ပိုကောင်းတယ်)


◊ What time do you start teaching tomorrow morning?

   ခင်ဗျား မနက်ဖြန်မနက် ဘယ်အချိန်စာ စသင်မှာလဲ။


ရှည်ကြာ၊ နှေးကွေးတဲ့လုပ်ဆောင်ချက်တွေအကြောင်း ပြောတဲ့အခါမှာ နဲ့ ပိုပြီး အခံ့သုံးတဲ့ပုံစံကို သုံးတဲ့အခါမှာတော့ begin ကို ပိုသဘောကျတယ်တဲ့။


ပိုရှင်းအောင် အင်္ဂလိပ်လိုလေးလည်း ဖတ်ကြည့်ပါဦး။ 


♦ We prefer begin when we talk about long, slow activities, and when we are using a more formal style.


ဥပမာလေးတွေနဲ့ တွဲလေ့လာပါ။


◊   Very slowly, I began to realize that there was something wrong.

     တစ်ခုခုတော့မှားနေပြီဆိုတာ အရမ်းနှေးကွေးစွာပဲ ကျွန်တော် စပြီး    နားလည်လာတယ်။ 

(ရှည်ကြာ၊ နှေးကွေးတဲ့လုပ်ဆောင်ချက်တွေအကြောင်း ပြောတဲ့အခါမို့ begin က ပိုကောင်း)


◊ We will begin the meeting with a message from the President.

   သမ္မတကြီးဆီက သတင်းစကားနဲ့ ကျွန်တော်တို့ အစည်းအဝေးကို စကြမယ်။

   (အခံ့သုံးတဲ့ ပုံစံမို့)


2.  ဒီလိုကိစ္စတွေမှာတော့ start ကို ပဲသုံးပါ။ begin မသုံးပါနဲ့။


a.  start a journey (ခရီးတစ်ခုကို စတင်တာ)

◊ I think we ought to start at six, while the roads are empty.

ကျွန်တော်တို့ လမ်းတွေရှင်းနေတဲ့ ခြောက်နာရီထိုးမှာ စသင့်တယ်လို့  ထင်တယ်။


b.  start working (for machines) (စက်တွေ အလုပ်စလုပ်တာ)

◊ The car won’t start.

   ကားစက် မနိုးဘူး။


c.  make (machine) start (စက်တစ်ခုခုကို စတင်စေတာ)

◊ How do you start the washing machine?

   အဝတ်လျှော်စက်တစ်ခုကို ဘယ်လိုစတင်ရလဲ။


စည်သူထက်

Ref: Basic English Usage

Wednesday, August 23, 2017

“until” နဲ့ “by” ဘယ်လို ခွဲခြားသုံးမလဲ?


♦ until က ဒီအဓိပာယ်တွေရှိပါတယ်။
(1)  တိုင်အောင်၊ အထိ
(2)  မ..မချင်း

အချိန်ကာလတစ်ခုအထိ ဆက်ဖြစ်သွားမယ့် အခြေအနေကိုပြောဖို့ until သုံးရတယ်။

အင်္ဂလိပ်လို မှတ်ချင်ရင် ဒီစာကြောင်းလေးနဲ့ မှတ်ပါ။
♦ We use until to talk about a situation or state that will continue up to a certain moment.

ဟောဒီဥပမာလေးကြည့်ရင် မြင်လွယ်မယ်။
Can I stay until the weekend?
ကျွန်တော် ဒီစနေ၊ တနင်္ဂနွေအထိ နေလို့ရနိုင်မလား။

ဒီဝါကျမှာ နေမယ်ဆိုတာက စနေ၊ တနင်္ဂနွေအထိပေါ့။ ခုအချိန်ကစပြီးနေမှာ စနေ၊ တနင်္ဂနွေရောက်တဲ့အထိပဲ။ အဲဒီအချိန်ကျော်ရင်တော့ မနေတော့ပါဘူးလေ။ ဒီလိုမျိုး အချိန်ကာလတစ်ခုအထိ ဆက်လုပ်သွားမှာကို ပြောတဲ့အခါ until သုံးတာပေါ့။

until ကိုတော့ သိပါပြီတဲ့။ by ကိုရော ဘယ်လိုသုံးပါလိမ့်။
♦ by ကို “(အချိန်) နောက်ဆုံးထား၊ ထက်နောက်မကျဘဲ၊ မှာ” ဆိုတဲ့ အဓိပာယ်တွေနဲ့ သုံးနိုင်တယ်။

မြန်မာအဓိပာယ်သိရင် သုံးစွဲပုံကို မှန်းလို့ရပြီပေါ့။

အနာဂတ်အချိန်တစ်ခုမှာ၊ ဒါမှမဟုတ် အဲဒီအချိန်မတိုင်ခင်မှာ ဖြစ်မယ့် လုပ်ဆောင်ချက်ကို ပြောဖို့ by ကို သုံးပါတယ်တဲ့။

နားရှင်းသွားအောင် အင်္ဂလိပ်လိုလည်း ကြည့်လိုက်ပါဦး။
♦ We use by to talk about an action that will happen on or before a future moment.

ဥပမာလေး ကြည့်ပါ။

You’ll have to leave by Monday midday at the latest.
ခင်ဗျား တနင်္လာနေ့ နေ့လယ်မတိုင်ခင်ကို နောက်အကျဆုံးထားပြီး ထွက်ခွာ ရမယ်။
ဆိုလိုတာက တနင်္လာနေ့ ဆယ့်နှစ်နာရီမှာ ထွက်ချင်ထွက်၊ ဒါမှမဟုတ်ရင် အဲဒီအချိန် မတိုင်ခင်ကြိုထွက်ပဲ။ အဲဒါထက် နောက်မကျစေနဲ့ ဆိုတဲ့သဘော။

ကဲ “until” နဲ့ “by” နှိုင်းယှဉ်ကြည့်ရအောင်လား။

Can you repair my watch by Tuesday?
ကျွန်မရဲ့ နာရီလေးကို အင်္ဂါနေ့ နောက်ဆုံးထားပြီး ပြင်ပေးပါလား။ 

(အရေးကြီးနေပြီ။ အင်္ဂါနေ့ထက်နောက်မကျစေချင်ဘူး။စောရင် ကြိုက်သလောက်စော။ အဲဒီလို။ ဒါကို until သုံးရင် ခုချိန်ကစပြီးပြင်တာ အင်္ဂါနေ့ထိပြင်နေပါ ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ ကိုယ်က မြန်ချင်လို့ပြောနေတာ အဲဒီလိုသွား မသုံးနဲ့နော်။)

 ‘No, I’ll have to keep it until Saturday.’
“ဟင့်အင်း ကျွန်တော်အဲဒါကို စနေနေ့အထိတော့ သိမ်းထားရမယ်။”

        ကဲ နာရီပြင်သမားက မအားဘူး။ အဲဒီတော့ သူ့အနေနဲ့ စနေနေ့ဆိုတဲ့ အချိန်ကာလအထိတော့ သိမ်းထားရမယ်။ ဒီနေရာမှာတော့ by သုံးလို့ မရပြန်ဘူး။

        ပုံလေးနဲ့ ကြည့်ရင် ပိုရှင်းပါတယ်လေ။ နှိုင်းယှဉ်ကြည့်ပါဦး။




စည်သူထက်
Ref: Basic English Usage