1. begin နဲ့ start ဘာကွာသလဲမေးရင် များသောအားဖြင့် ဘာမှမကွာပါဘူးလို့ ဖြေရမယ်။
ဟောဒီ
ဥပမာလေးတွေ ကြည့်ပါ။ အတူတူပဲ ဆိုတာ မြင်လိမ့်မယ်။
◊
I started/ began teaching
when I was twenty-four.
ကျွန်တော့်အသက် နှစ်ဆယ့်လေးနှစ်မှာ စာကို စသင်ခဲ့တယ်။
◊
If John doesn’t come soon, let’s start/begin
without him.
မကြာခင် ဂျွန်ရောက်မလာဘူးဆိုရင် သူမပါဘဲ စကြတာပေါ့။
အဓိပ္ပာယ် မကွာဘူးဆိုပေမဲ့ သုံးစွဲတဲ့အခါ အကြိုက်လေးတွေတော့
ကွာတာ ပေါ့နော်။ ဘယ်လိုပါလိမ့်။ ကြည့်ကြရအောင်။
အင်္ဂလိပ်လိုလေး အရင်ဖတ်ကြည့်လိုက်။
♦ We prefer start when we talk about an activity that
happens regularly, with ‘stops and starts’.
♦ “ရပ်လိုက်၊ စလိုက်” နဲ့ ပုံမှန်ဖြစ်နေတဲ့
လုပ်ဆောင်ချက် အကြောင်းကို ပြောတဲ့ အခါမှာ start သုံးရတာ ပိုနှစ်သက်ပါသတဲ့။
ဘယ်လိုတွေရပ်ပြီး
ဘယ်လိုတွေ စသလဲဆိုတာ ဥပမာဖတ်ကြည့်မှ ရှင်းပေမပေါ့။ ကြည့်ကြရအောင်ပါ။
◊
It’s starting to rain.
မိုးစရွာနေပြီ။
(မိုးတိတ်သွားလိုက်၊
ပြန်ရွာလိုက်နဲ့ ပုံမှန်ဖြစ်နေတဲ့အခြေအနေမှာ ပြန်စရွာတော့ start သုံးတာ ပိုကောင်းတယ်)
◊
What time do you start
teaching tomorrow morning?
ခင်ဗျား မနက်ဖြန်မနက် ဘယ်အချိန်စာ စသင်မှာလဲ။
♦
ရှည်ကြာ၊ နှေးကွေးတဲ့လုပ်ဆောင်ချက်တွေအကြောင်း
ပြောတဲ့အခါမှာ နဲ့ ပိုပြီး အခံ့သုံးတဲ့ပုံစံကို သုံးတဲ့အခါမှာတော့ begin ကို ပိုသဘောကျတယ်တဲ့။
ပိုရှင်းအောင်
အင်္ဂလိပ်လိုလေးလည်း ဖတ်ကြည့်ပါဦး။
♦ We
prefer begin when we talk about long, slow activities, and when we are using a
more formal style.
ဥပမာလေးတွေနဲ့
တွဲလေ့လာပါ။
◊
Very slowly, I began to realize that there was something wrong.
တစ်ခုခုတော့မှားနေပြီဆိုတာ အရမ်းနှေးကွေးစွာပဲ
ကျွန်တော် စပြီး နားလည်လာတယ်။
(ရှည်ကြာ၊ နှေးကွေးတဲ့လုပ်ဆောင်ချက်တွေအကြောင်း
ပြောတဲ့အခါမို့ begin က ပိုကောင်း)
◊ We will begin the meeting with a message
from the President.
သမ္မတကြီးဆီက သတင်းစကားနဲ့ ကျွန်တော်တို့ အစည်းအဝေးကို
စကြမယ်။
(အခံ့သုံးတဲ့ ပုံစံမို့)
a. start a journey (ခရီးတစ်ခုကို စတင်တာ)
◊ I think we ought to start at six, while the roads
are empty.
ကျွန်တော်တို့ လမ်းတွေရှင်းနေတဲ့ ခြောက်နာရီထိုးမှာ
စသင့်တယ်လို့ ထင်တယ်။
b. start working (for machines) (စက်တွေ အလုပ်စလုပ်တာ)
◊ The car won’t start.
ကားစက် မနိုးဘူး။
c. make (machine) start (စက်တစ်ခုခုကို စတင်စေတာ)
◊ How do you start the washing machine?
အဝတ်လျှော်စက်တစ်ခုကို
ဘယ်လိုစတင်ရလဲ။
စည်သူထက်
Ref:
Basic English Usage
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ