နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, April 2, 2019

every and all


every နဲ့ all သုံးစွဲပုံကို လေ့လာစလူတွေ အတော်များများ မှားတတ်ကြပါတယ်။ ပုံစံအတူတူလို့ ထင်ကြတာလည်းရှိ၊ အဓိပ္ပာယ်အတူတူလို့ ထင်ကြတာလည်း ရှိတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ အသေးစိတ်ကြည့်ကြရအောင်။ ဒီပုံလေးကို အရင်ကြည့်ပါ။


§  Every house in the street is the same.

ဒီလမ်းထဲမှာရှိတဲ့ အိမ်တိုင်းအတူတူပဲ။

every house in the street ဆိုတာ all the houses in the street နဲ့ အဓိပ္ပာယ်အတူတူပဲနော်။ (every house in the street = all the houses in the street)

every အကြောင်းကို အရင်စကြည့်ရအောင်။ every ကို မြန်မာလို “……တိုင်း” လို့ အဓိပ္ပာယ်ရတယ်။ အိမ်တိုင်း၊ လူတိုင်း ဆိုတာမျိုးပေါ့။

every ကို တစ်ခုကိန်း နာမ် (singular noun) နဲ့ သုံးရတယ်။ ဒါက အရေးကြီးတယ်။ ဘာလို့လဲဆိုတဲ့ မြန်မာအဓိပ္ပာယ်အရစဉ်းစားတဲ့အခါ အိမ်တိုင်း၊ လူတိုင်းဆိုတော့ အများကိန်းပုံစံ ထင်ပြီး ရေးမိတတ်တာကိုး။ ဒီပုံစံလေး သေချာမှတ်ထားပါ။

every + singular noun (every house/ every country etc.)

ဥပမာ ဝါကျတွေနဲ့ တွဲပြီး လေ့လာပါ။

§  Sarah has been to every country in Europe.

ဆာရာက ဥရောပမှာရှိတဲ့ နိုင်ငံတိုင်းကို ရောက်ဖူးတယ်။

§  Every summer we have a holiday by the sea.

နွေရာသီတိုင်း ပင်လယ်ကမ်းဘေးမှာ ကျွန်တော်တို့ အားလပ်ရက်ယူကြတယ်။

§  She looks different every time I see her.

သူ့ကို ကျွန်တော်မြင်တဲ့အခါတိုင်း ကွဲပြားနေသလိုပဲ။

          every ရဲ့နောက်မှာ singular noun လိုက်ရသလို verb ကလည်း တစ်ခုကိန်းကြိယာ (singular verb) ပဲ ဖြစ်ရမယ်။ ဒီပုံစံလေးပါ။



every…+ singular verb

§  Every house in the street is the same.

ဒီလမ်းထဲမှာရှိတဲ့ အိမ်တိုင်း အတူတူပဲ။ (ဒါကို are the same လို့ ပြောလို့ မရပါဘူး)

§  Every country has a national flag.

နိုင်ငံတိုင်းမှာ နိုင်ငံအလံရှိတယ်။ (have မဟုတ်)

every နဲ့ all ကို နှိုင်းယှဉ်ကြည့်ပါ။

§  Every student in the class passed the exam.

ဒီအတန်းထဲမှာရှိတဲ့ ကျောင်းသားတိုင်း စာမေးပွဲအောင်ခဲ့တယ်။

§  All the students in the class passed the exam.

ဒီအတန်းထဲမှာရှိတဲ့ ကျောင်းသားအားလုံး စာမေးပွဲ အောင်ခဲ့တယ်။

§  Every country has a national flag.

နိုင်ငံတိုင်းမှာ နိုင်ငံတော်အလံ ရှိတယ်။

§  All countries have a national flag.

နိုင်ငံအားလုံးမှာ နိုင်ငံတော်အလံ ရှိတယ်။

every day and all day

every day = on all days

every day ဆိုတာက နေ့တိုင်းလို့ အဓိပ္ပာယ်ရပါတယ်။ နေ့အားလုံးကို ရည်ညွှန်းတယ်။ တစ်ပတ်မှာ ခုနစ်ရက်ရှိတယ်မဟုတ်လား။ အဲဒီခုနစ်ရက်စလုံးကို ဆိုလိုချင်ရင် every day ပြောနိုင်တာပေါ့။ ရှင်းသွားအောင် ပုံနဲ့ ကြည့်ပါ။ 
 ဒီပုံမှာ မိုးရွာတဲ့ နေ့တွေအကြောင်း ပြထားတယ်။ ဘယ်နှစ်ကြိမ်ရွာသလဲ။ တနင်္ဂနွေနေ့က ရွာတယ်။ တနင်္လာနေ့လည်း ရွာတာပဲ။ နေ့တိုင်းရွာသွားလိုက်တာ စနေနေ့အထိ။ ဒါဆိုရင် အဲဒီ နေ့တိုင်းဆိုတာကို ပြောဖို့ every day ကို သုံးရတယ်။

ဥပမာ ဝါကျတွေကိုလည်း ကြည့်ပါဦး။

§  It rained every day last week.

ပြီးခဲ့တဲ့အပတ်တုန်းက နေ့တိုင်း မိုးရွာခဲ့တယ်။

§  Ben watches TV for about two hours every evening.

ဘန်က ညနေတိုင်း နှစ်နာရီကြာအောင် တီဗီကြည့်ခဲ့တယ်။

every day/ every evening ဆိုပြီးပြောသွားလို့ ဒီနှစ်ခုပဲ သုံးလို့ရတယ် မထင်နဲ့ဦးနော်။ every morning/ night/ summer စသည်ဖြင့်လည်း သုံးလို့ရပါတယ်။

all day = the complete day

every day နဲ့ မတူတာက all day ဆိုတာ တစ်နေ့လုံးလို့ အဓိပ္ပာယ်ရပါတယ်။ တစ်နေ့တာရဲ့အစကနေ တစ်နေ့တာအဆုံးထိ တစ်နေ့လုံးကို ပြောဖို့ all day သုံးရတာပေါ့။ ပိုရှင်းအောင် ပုံနဲ့ တွဲကြည့်ပါ။




ဥပမာ ဝါကျတွေကိုလည်း ကြည့်ပါဦး။

§  It rained all day.

တစ်နေ့လုံး မိုးရွာခဲ့တယ်။

§  On Monday, I watched TV all evening.

တနင်္လာနေ့မှာ ကျွန်တော် တစ်ညနေလုံး တီဗီကြည့်ခဲ့တယ်။

        all morning/night/summer စသည်ဖြင့် သုံးလို့လည်း ရပါတယ်။

ဒီတစ်ခါ everybody (everyone)/ everything/everywhere တို့အကြောင်းကို ကြည့်ကြမယ်။

everybody or everyone (people)

everybody သို့မဟုတ် everyone က လူကို ညွှန်းတာပါ။ လူတိုင်းလို့ အဓိပ္ပာယ်ရပါတယ်။

Everybody (or Everyone) needs friends. (= all people need friends)

လူတိုင်း မိတ်ဆွေတွေ လိုအပ်တယ်။

everything (things)

Everything က အရာတိုင်း/ ပစ္စည်းတိုင်း စသည်ဖြင့် အဓိပ္ပာယ်ရတယ်။ အရာဝတ္ထုတွေကို ညွှန်းတယ်။

Do you have everything you need? (= all the things you need)

မင်းမှာ လိုတဲ့အရာတိုင်းရှိသလား။

everywhere (places)

everywhere က နေရာတိုင်းလို့ အဓိပ္ပာယ်ရတယ်။ နေရာကို ညွှန်းတယ်။

I lost my watch. I’ve looked everywhere for it.

ငါနာရီပျောက်သွားတယ်။ အဲဒါကို ငါနေရာတိုင်း ရှာပြီးပြီ။

everybody/everyone/everything တွေရဲ့နောက်မှာ singular verb (တစ်ခုကိန်းကြိယာ) ကို သုံးပါတယ်။

Everybody has problems.

လူတိုင်းမှာ ပြဿနာရှိတာပဲ။ (Everybody have ဆိုပြီး မသုံးရဘူးနော်)

ဒီလောက်ဆိုရင် အခြေခံအဆင့်တွေ နားလည်လောက်ပါပြီ။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက် အောင်မြင်ကြပါစေ။

စည်သူထက်

Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ