နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Wednesday, April 3, 2019

Enough


enough က စကားလုံးတိုသလောက် အသုံးက စုံပါတယ်။ ကျွန်တော်တို့ ကျောင်းသင်ခန်းစာ တွေမှာလည်း enough နဲ့ဆိုင်တာတွေပါတော့ သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့်သိထားရင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် အဆင်ပြေတာပေါ့နော်။ ဒီတော့ လေ့လာကြည့်ကြရအောင်။
ပုံလေး အရင်ကြည့်ကြမယ်။
ဒီပုံထဲမှာ ကောင်မလေးက သူ့မှာ ပိုက်ဆံငါးပေါင်ပဲ ရှိတယ်။ ဒါဆို သူက တက္ကစီငှားစီမှာလား။ ဘယ်စီးပါ့မလဲနော်။ တက္ကစီခ မလောက်ဘူးလေ။

ဒါကို ခုလိုပြောမယ်။
§  She isn’t going to take a taxi.
သူတက္ကစီမစီးတော့ဘူး။
§  She hasn’t got enough money.
သူ့မှာ ပိုက်ဆံအလုံအလောက်မရှိဘူး။
နောက်ထပ် တစ်ပုံကို ကြည့်ပါဦး။ ဒီပုံထဲမှာ ကောင်လေးက စင်ပေါ်ကို လက်လှမ်းနေတာ တွေ့လိမ့်မယ်။ မီလား။ ဘယ်မီပါ့မလဲ။ စင်ကို မီရလောက်အောင် သူအရပ်မရှည်ဘူးလေ။

ဒါကို ခုလိုပြောကြမယ်။
§  He can’t reach the shelf.
သူက စင်ကို လက်လှမ်းမမီဘူး။
§  He isn’t tall enough.
သူက လုံလောက်အောင် အရပ်မရှည်ဘူး။
enough ကို ဝါကျထဲမှာ လက်တွေ့သုံးစွဲထားပုံကို မြင်ပြီးတဲ့အခါ ကျွန်တော်တို့ အသေးစိတ် ပြန်ကြည့်ကြမယ်။
enough ကို noun ရဲ့ ရှေ့မှာ သုံးရတယ်။ ဒါကို သိပြီးထင်တယ်နော်။ money ဆိုပါတော့။ လုံလောက်တဲ့ ပိုက်ဆံဆိုရင် enough money ဆိုပြီး သုံးရတယ်။ အခုပုံစံလေး မှတ်ထားပါ။
enough + noun (enough money/enough people etc.)
ဝါကျလေးတွေနဲ့ တွဲမှတ်ရအောင်။
§  A: Is there enough milk in your coffee?
မင်းရဲ့ ကော်ဖီထဲမှာ နို့အလုံအလောက်ရှိရဲ့လား။
§  B: Yes, thank you.
ဟုတ်ကဲ့ ကျေးဇူးနော်။
§  We wanted to play football, but we didn’t have enough players.
တို့က ဘောလုံးကစားချင်တယ်။ ဒါပေမဲ့ တို့မှာကစားသမား အလုံအလောက်မရှိဘူး။
§  Why don’t you buy a car? You’ve got enough money. (not money enough)
ကားတစ်စီးဝယ်လိုက်ပါလား။ ခင်ဗျားမှာ ပိုက်ဆံအလုံအလောက်ရှိနေတာပဲ။
enough without a noun
enough ကို noun မပါဘဲ သူ့ချည်းလည်း သုံးနိုင်ပါတယ်။ ဒီဝါကျတွေနဲ့ တွဲမှတ်လိုက်နော်။
§  I’ve got some money, but not enough to buy a car. (= I need more money to buy a car)
ကျွန်တော့်မှာ ပိုက်ဆံတချို့တော့ ရှိတယ်။ ဒါပေမဲ့ ကားဝယ်ဖို့တော့ မလုံလောက်သေးဘူး။ (= ကားဝယ်ဖို့ ပိုက်ဆံ ပိုလိုတယ်)
§  A: Would you like some more to eat?
မင်းထပ်စားချင်သေးလား။
§  B: No, thanks. I’ve had enough.
ဟင့်အင်း ကျေးဇူးပါပဲ။ ကျွန်မတော်ပါပြီ။ (လုံလောက်ပါပြီ)
§  You’re always at home. You don’t go out enough.
မင်းက အမြဲတမ်း အိမ်မှာချည်းပဲ။ မင်းအပြင်သိပ်မထွက်ဘူး။ (အပြင်ကိုလုံလောက်အောင် မထွက်ဘူး)
အခုထိပြောခဲ့တာက enough+noun နော်။ ဒီတစ်ခါ နောက်ထပ်ပုံစံလေးတစ်ခု ထပ်မှတ် ကြရအောင်။
enough က adjective နဲ့ တွဲရမယ်ဆိုရင်တော့ adjective နောက်မှာ သုံးရပါတယ်။ ဒီပုံစံလေး မှတ်ထားပေါ့။
adjective + enough (good enough/ tall enough etc.)
ဥပမာဝါကျလေးတွေလည်း ကြည့်ပါဦး။
§  A: Shall we sit outside?
တို့အပြင်မှာ ထိုင်ကြမလား။
§  B: No, it isn’t warm enough.
ဟင့်အင်း အဲဒါကလုံလောက်အောင် မနွေးဘူး။ (ကျွန်တော်တို့ မြန်မာတွေစကားပြောရင် ဒီလိုဘယ်ပြောပါ့မလဲ။ မနွေးလှဘူး ဆိုပြီးတော့ဘဲ ပြောမှာပေါ့။ ဒါပေမဲ့ enough အကြောင်းပေါ်လွင်အောင် ဘာသာပြန်လိုက်တာပါ)
§  Can you hear the radio? Is it loud enough for you?
ရေဒီယိုသံကြားရလား။ မင်းအတွက် လုံလောက်အောင် ကျယ်ရဲ့လား။
§  Don’t buy that coat. It’s nice, but it isn’t long enough. (= it’s too short)
အဲဒီကုတ်အကျကို မဝယ်နဲ့။ အဲဒါက ကောင်းတယ် ဒါပေမဲ့ လုံလောက်အောင် မရှည်ဘူး။ (တိုလွန်းနေတယ်)
ခုပြောခဲ့တာတွေ အကျဉ်းချုပ်ပြန်မှတ်သားမယ်နော်။ enough + noun သုံးရပေမဲ့ adjective + noun သုံးရပြန်တယ်။ ဥပမာလေးတွေနဲ့ မှတ်ပါ။
enough+ noun but adjective + enough
enough money         tall enough
enough time            good enough
enough people                  old enough
နောက်ထပ် ပြောဆိုပုံလေးတွေလည်း ကြည့်ကြရအောင်။
enough for somebody/something
§  The pullover isn’t big enough for me.
ဒီခေါင်းစွပ်ဆွယ်တာအကျက ငါ့အတွက် လုံလောက်အောင် မကြီးဘူး။
§  I haven’t got enough money for a new car.
ကျွန်တော့်မှာ ကားအသစ်တစ်စီးအတွက် ပိုက်ဆံအလုံအလောက်မရှိဘူး။
enough to do something
§  I haven’t got enough money to buy a new car.
ကျွန်တော့်မှာ ကားသစ်တစ်စီးဝယ်ဖို့ ပိုက်ဆံအလုံအလောက်မရှိဘူး။
§  Is your English good enough to have a conversation?
မင်းရဲ့အင်္ဂလိပ်စကားက စကားစမြည်ပြောဖို့ လုံလောက်အောင် ကောင်းရဲ့လား။
enough for somebody/something to do something
There aren’t enough chairs for everybody to sit down.
လူတိုင်းထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ကုလားထိုင်တွေမရှိဘူး။

စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ