နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, April 5, 2019

too

ကျွန်တော်တို့ ဒီတစ်ခါ too အကြောင်းကို ကြည့်ရအောင်။ too နဲ့ဆိုင်တာတွေကို ကျောင်း သင်ခန်းစာမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပါတော့ သဘောတရားကို နားလည်ထားရင် ဘယ်နေရာမှာမဆို အဆင်ပြေမှာပါ။
ပုံလေးကို စကြည့်ပါ။
ပထမပုံမှာ ကောင်လေးစီးထားတဲ့ ရှူးဖိနပ်ကို ကြည့်ကြည့်ပါဦး။ မတော်တရော်စီးထားတာလေ။ သူနဲ့ဆိုရင် ဖိနပ်က ကြီးလွန်းနေတာပေါ့။ ဒါဆိုရင် ဒီလိုပြောနိုင်ပါတယ်။
§  His shoes are too big for him.
သူ့ရဲ့ရှူးဖိနပ်တွေက သူ့အတွက် ကြီးလွန်းနေတယ်။
နောက်ထပ်တစ်ပုံမှာလည်းကြည့်ပါဦး။ သကြားကို ခွက်ထဲ မနည်းမနောထည့်နေတာ။ တကယ်တော့ တော်ရုံသင့်ရုံထည့်မှ သောက်လို့ကောင်းမှာကို သူထည့်ထားပုံက များလွန်းသွားပြီ။ ဒါကြောင့် ခုလိုပြောနိုင်ပါတယ်။
§  There is too much sugar in it.
ဒီထဲမှာ သကြားများလွန်းနေပြီ။
အခုထိကြည့်လိုက်မယ်ဆိုရင် too က များလွန်း၊ ပိုလွန်းတဲ့အဓိပ္ပာယ်ရှိမှန်းသိပြီးရောပေါ့။ သူ့ရဲ့ပုံစံကို ကြည့်ရအောင်။
too ကို Adjective/ Adverb နဲ့ သုံးပါတယ်။ အပေါ်က ဥပမာတွေအတိုင်းဆို too big တို့ too much တို့ပေါ့။ ဒီပုံစံနဲ့ မှတ်ရအောင်။
too+adjective/adverb (too big/too hard etc.)
ဥပမာလေးတွေ ကြည့်ရအောင်။
§  Can you turn the radio down?
ရေဒီယိုအသံလျှော့ပေးပါလား။
It’s too loud. (=louder than I want)
ကျယ်လွန်းနေတယ်။ (=ကိုယ်လိုချင်တာထက် ပိုကျယ်နေတယ်)

§  I can’t work. I’m too tired.
ငါအလုပ်မလုပ်နိုင်ဘူး။ ငါပင်ပန်းလွန်းနေတယ်။
§  I think you work too hard.
မင်းအလုပ်လုပ်လွန်းတယ်လို့ ငါထင်တယ်။
too ရဲ့အဓိပ္ပာယ်ကို အကြမ်းဖျင်းပြောပြီးပြီနော်။ အခု အသေးစိတ် ထပ်ကြည့်ရအောင်။
too much/ too many ဆိုတာ လိုချင်တာထက် ပိုသော၊ ကောင်းတာထက်ပိုသော ဆိုတဲ့ အဓိပ္ပာယ်ပါ။ အင်္ဂလိပ်လိုတွဲမှတ်ပါ။
too much/too many = more than you want, more than is good
§  I don’t like the weather here. There is too much rain. (=more rain than is good)
ဒီက ရာသီဥတုကို ကျွန်တော်မကြိုက်ဘူး။ မိုးများလွန်းတယ်။ (ကောင်းတဲ့ အနေအထားထက်ပိုတဲ့ မိုး)
§  Let’s go to another restaurant. There are too many people here.
တခြားဆိုင်တစ်ဆိုင်ကို သွားကြစို့။ ဒီမှာ လူများလွန်းတယ်။
§  Emily studies all the time. I think she studies too much.
အမ်မလီက တချိန်လုံး စာလုပ်နေတယ်။ သူစာလုပ်တာ များလွန်းနေတယ်လို့ ငါထင်တယ်။
§  Traffic is a problem in this town. There are too many cars.
ဒီမြို့မှာ ယာဉ်အသွားအလာက ပြဿနာတစ်ခုပဲ။ ကားတွေများလွန်းတယ်။
too and not enough ကို နှိုင်းယှဉ်ကြည့်ရအောင်။
too ကို အရင်ကြည့်မယ်။
§  The hat is too big for him.
ဒီဦးထုပ်က သူ့အတွက် ကြီးလွန်းတယ်။
§  The music is too loud. Can you turn it down, please?
ဂီတသံက ကျယ်လွန်းတယ်။ ကျေးဇူးပြုပြီး အသံလျှော့ပေးနိုင်မလား။
§  There’s too much sugar in my coffee. (=more sugar than I want)
ကျွန်တော့်ရဲ့ကော်ဖီထဲမှာ သကြားတွေ များလွန်းနေတယ်။ (လိုချင်တာထက် ပိုများတဲ့ သကြားတွေ)
§  I don’t feel very well. I ate too much.
§  သိပ်ပြီး နေလို့ထိုင်လို့မကောင်းဘူး။ ကျွန်တော်စားတာ များလွန်းသွားတယ်။
not enough ကိုလည်းကြည့်ပါဦး။ ဘာသာပြန်တာတွေကတော့ ဆီလျော်အောင် ပြန်တာ မဟုတ်ဘဲ not enough ကို ပေါ်လွင်အောင် ပြန်ထားလို့ မြန်မာဝါကျအနေနဲ့ နည်းနည်း ထောက်နေ ပါလိမ့်မယ်။
§  The hat isn’t big enough for him. (=it’s too small)
ဒီဦးထုပ်က သူ့အတွက်လုံလောက်အောင် မကြီးဘူး။ (အဲဒါ သေးလွန်းနေတယ်)
§  The music isn’t loud enough. Can you turn it up, please?
ဒီဂီတသံက လုံလောက်အောင် မကျယ်ဘူး။ ကျေးဇူးပြုပြီး အသံချဲ့ပေးပါလား။
§  There’s not enough sugar in my coffee. (=I need more sugar)
ကျွန်တော့်ရဲ့ ကော်ဖီထဲမှာ သကြားအလုံအလောက် မရှိဘူး။ (ကျွန်တော် သကြား ပိုလိုတယ်)
§  You’re very thin. You don’t eat enough.
§  နင်က အရမ်းပိန်နေတယ်။ နင်လုံလုံလောက်လောက်မစားဘူး။
အင်္ဂလိပ်တွေ ဒီလိုသုံးကြပါတယ်။ ဒီပုံစံတွေလည်း မှတ်သားပါ။
too…for somebody/something
§  These shoes are too big for me.
ဒီရှူးဖိနပ်တွေက ကျွန်တော့်အတွက် ကြီးလွန်းနေတယ်။
§  It’s a small house – too small for a large family.
ဒါက အိမ်သေးလေးတစ်လုံးပါ။ မိသားစုအကြီးတစ်ခုအတွက်ဆို သေးလွန်းနေတယ်။
too….to do something
§  I’m too tired to go out.
ကျွန်တော် အပြင်မထွက်နိုင်လောက်အောင် ပင်ပန်းနေတယ်။
§  It’s too cold to sit outside.
အပြင်မှာမထိုင်နိုင်လောက်အောင် အေးလွန်းတယ်။
too…for somebody to do something
She speaks too fast for me to understand.
သူက ပြောတာမြန်လွန်းလို့ ကျွန်တော် နားမလည်ဘူး။
ဒီလောက်ဆိုရင် too နဲ့ ပတ်သက်တဲ့ အခြေခံအဆင့် သိသင့်သိထိုက်တာတွေ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ