နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, April 11, 2019

In/at/on (position) 1


နေရာပြတဲ့ in, at, on အကြောင်းကို လေ့လာကြည့်ရအောင်။ ဒီပုံလေးတွေကို အရင်ကြည့်ပါ။

in ဆိုတာ မြန်မာလို အတွင်းမှာ၊ အထဲမှာ လို့ အဓိပ္ပာယ်ရှိတယ်နော်။
ပထမပုံမှာဆိုရင် in a room/ in a building/ in a box ဆိုပြီး ပေးထားတယ်။ ဒါဆိုရင် ပုံကြည့်ပြီး နားလည်နိုင်လောက်ပါပြီ။ အခန်း၊ အဆောက်အဦး၊ သေတ္တာတို့လို သုံးဘက်မြင်နေရာတစ်ခုအတွင်းမှာဆို in သုံးရတယ်။
ဒုတိယပုံမှာ in a garden/ in a town/country/ in the city centre ဆိုပြီး ပြထားတယ်။ ဒီလိုအဝန်းအဝိုင်း၊ နယ်မြေတစ်ခုအတွင်းမှာဆိုရင် in သုံးရတယ်ဆိုတာ မှတ်ထားပါဦး။
နောက်ဆုံးပုံမှာ in a pool/in the sea/in a river ဆိုပြီး တွေ့တယ်နော်။ ဒီလိုမျိုးတွေမှာလည်း in သုံးရတယ်ဆိုတာ သေချာမှတ်ထားပါ။
ကျွန်တော်တို့ တစ်ခုခုကိုမှတ်သားတဲ့အခါ သဘောသဘာဝနဲ့ အဓိပ္ပာယ်လောက်ပဲ မှတ်တာထက် ဝါကျတွေနဲ့ တွဲမှတ်တာက ပိုမှတ်မိတတ်ပါတယ်။ ဒါကြောင့် ဒီ ဥပမာဝါကျလေးတွေကို ကြည့်ပါဦး။
§  There’s no-one in the room/ in the building/ in the garden.
အခန်းထဲမှာ/အဆောက်အဦးထဲမှာ/ဥယျာဉ်ထဲမှာ ဘယ်သူမှမရှိဘူး။
§  What have you got in your hand/ in your mouth?
မင်းလက်ထဲမှာ/ပါးစပ်ထဲမှာ ဘာရှိတာလဲ။
§  When we were in Italy, we spent a few days in Venice.
တို့အီတလီမှာရှိနေတုန်းက ဗင်းနစ်မြို့မှာ ရက်နည်းနည်းလောက် အချိန်ကုန်ဆုံးခဲ့တယ်။
§  I have a friend who lives in a small village in the mountains.
§  ကျွန်တော့်မှာ တောင်တွေထဲက ရွာလေးမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။
§  There were some people swimming in the pool/ in the sea/ in the river.
ရေကန်ထဲမှာ/ပင်လယ်ထဲမှာ/မြစ်ထဲမှာ ရေကူးနေတဲ့ လူတချို့ရှိတယ်။
အခုဆိုရင် in အကြောင်း သိပြီထင်တယ်နော်။ at အကြောင်းဆက်ပြောမယ်။ “at” ကို မြန်မာလို “၊မှာ၊တွင်၊ဝယ်” ဆိုတဲ့အဓိပ္ပာယ်တွေ ရှိတယ်။ နေရာတစ်ခု၊ အမှတ်တစ်ခုအနေနဲ့ ပြောချင်ရင် သုံးပါတယ်။ အထဲတွေ အပေါ်တွေပြောချင်တာမဟုတ်ဘူး။ နေရာလေးတစ်ခုအနေနဲ့ပဲ ပြောချင်တာဆိုသုံးရတာပေါ့။ ဒီပုံထဲမှာ ပြထားတာလေးတွေ ကြည့်ပါဦး။
at the bustop - မှတ်တိုင်မှာ၊ at the door - တံခါးမှာ၊ at the roundabout - အဝိုင်းမှာ၊ at reception – ဧည့်ကြိုနေရာမှာ ဒါလေးတွေ တွေ့မှာပေါ့။ တခြားဟာတွေလည်း ဒီသဘောအတိုင်း ဆင့်ပွားမှတ်ယူပါ။

ဥပမာဝါကျတွေ ကြည့်ပါဦး။
§  Who is that man standing at the bus stop/at the door/at the window?
ဘတ်စကားမှတ်တိုင်မှာ/တံခါးမှာ/ပြတင်းပေါက်မှာရပ်နေတဲ့လူက ဘယ်သူလဲ။
§  Turn left at the traffic lights/at the church/at the roundabout/at the junction.
မီးပွိုင့်မှာ/ဘုရားကျောင်းမှာ/အဝိုင်းမှာ/လမ်းဆုံမှာ ဘယ်ဘက်ကွေ့ပါ။
§  We have to get off the bus at the next stop.
နောက်မှတ်တိုင်မှာ တို့ဘတ်စကားပေါ်က ဆင်းရမယ်။။
§  When you leave the hotel, please leave your key at reception. (= at the reception desk)
ဟိုတယ်ကနေ ခင်ဗျားထွက်တဲ့အခါ ကျေးဇူးပြုပြီး သော့ကို ဧည့်ကြိုစားပွဲမှာ ထားပေးပါ။
ဒီတစ်ခါ on အသုံးအနှုန်းကို ဆက်ကြည့်ပါမယ်။ “အပေါ်မှာ” လို့ အဓိပ္ပာယ်ရတာပေါ့။ ပုံလေးကို ကြည့်လိုက်မယ်ဆိုရင် on the ceiling - မျက်နှာကြက်ပေါ်၊ on the door - တံခါးပေါ်၊ on the floor - ကြမ်းပြင်ပေါ်၊ on the table - စားပွဲပေါ်၊ on the wall - နံရံပေါ်၊ on her nose - သူ့နှာခေါင်းပေါ်၊ on a page - စာမျက်နှာပေါ်၊ on an island - ကျွန်းပေါ် စတဲ့ အသုံးအနှုန်းလေးတွေ တွေ့ပါလိမ့်မယ်။

ဥပမာဝါကျတွေ လေ့လာပါဦး။
§  I sat on the floor/on the ground/on the grass/on the beach/on a chair.
ကျွန်တော်က ကြမ်းပြင်ပေါ်မှာ/ မြေပြင်ပေါ်မှာ/ မြက်ခင်းပြင်ပေါ်မှာ/ ကမ်းခြေပေါ်မှာ/ ကုလားထိုင်ပေါ်မှာ ထိုင်ခဲ့တယ်။
§  There’s a dirty mark on the wall/on the ceiling/on your nose/on your shirt.
နံရံပေါ်မှာ/ မျက်နှာကြက်ပေါ်မှာ/ မင်းရဲ့နှာခေါင်းပေါ်မှာ/ မင်းရဲ့ရှပ်အင်္ကျီပေါ်မှာ ညစ်ပတ်နေတဲ့ အမှတ်တစ်ခု ရှိတယ်။
§  Have you seen the notice on the notice board/on the door?
ကြော်ငြာသင်ပုန်းပေါ်မှာ/တံခါးပေါ်မှာ သတိပေးစာကို မင်းတွေ့ပြီးပြီလား။
§  You’ll find details of TV programmes on page seven (of the newspaper).
(သတင်းစာရဲ့)စာမျက်နှာ ခုနစ်မှာ တီဗီအစီအစဉ်တွေရဲ့အသေးစိတ်တွေ နင်တွေ့လိမ့်မယ်။
§  The hotel is on a small island in the middle of a lake.
ဒီဟိုတယ်က ကန်အလယ်က ကျွန်လေးပေါ်မှာရှိတယ်။
အခုဆိုရင် in/at/on သုံးခု သုံးပုံအကြောင်းကို ပြောခဲ့ပြီးပါပြီ။ တစ်ခုခုကို စွဲစွဲမြဲမြဲမှတ်မိချင်ရင် တူရာတူရာမှတ်သားတာတွေ၊ မတူတာတွေနှိုင်းယှဉ်မှတ်သားတာတွေ လုပ်ပေးရပါတယ်။ ဒါကြောင့် အခု  အဲဒါတွေကို နှိုင်းယှဉ်လေ့လာကြည့်ကြပါမယ်။
in နဲ့ at ကို နှိုင်းယှဉ်ကြည့်မယ်။
§  There were a lot of people in the shop. It was very crowded.
ဆိုင်ထဲမှာ လူတွေ အများကြီးရှိတယ်။ အဲဒါက လူတွေပြည့်ကျပ်နေတယ်။ (in the crowded ဆိုတာ သုံးထားတယ်။ ဆိုင်ထဲမှာ/ဆိုင်အတွင်းမှာ လူတွေရှိနေတာလို့ နားလည်ရမယ်)
§  Go along this road, then turn left at the shop.
ဒီလမ်းအတိုင်းသွားပြီး ဆိုင်မှာ (ဆိုင်ရောက်ရင်) ဘယ်ဘက်ချိုးလိုက်ပါ။ (ဒီတစ်ခါတော့ at the shop ဆိုတာက ဆိုင်ထဲဝင်တာကို ပြောချင်တာမဟုတ်ဘူး။ ဆိုင်ကို နေရာတစ်ခုအနေနဲ့ပဲ ပြောထားတာ)
§  I’ll meet you in the hotel lobby.
ကျွန်တော် ခင်ဗျားကို ဟိုတယ်ဧည့်သည်ခန်းမှာ တွေ့မယ်။
§  I’ll meet you at the entrance to the hotel.
ငါမင်းကို ဟိုတယ် ဝင်ပေါက်မှာတွေ့မယ်။
in နဲ့ on နှိုင်းယှဉ်ကြည့်ပါ။
§  There is some water in the bottle.
ပုလင်းထဲမှာ ရေတချို့ရှိတယ်။
§  There is a label on the bottle.
ပုလင်းပေါ်မှာ အညွှန်းစာတစ်ခုရှိတယ်။

at နဲ့ on နှိုင်းယှဉ်ကြည့်ပါ။
§  There is somebody at the door. Shall I go and see who it is?
တစ်ယောက်ယောက် တံခါးမှာရောက်နေတယ်။ ဘယ်သူလဲ သွားကြည့်လိုက်ရမလား။ (တံခါးပေါ်မှာ တက်ထိုင်နေတာမှမဟုတ်တာ။ နေရာတစ်ခုအနေနဲ့ပဲ ပြောလို့)
§  There is a notice on the door. It says “Do not disturb.”
တံခါးပေါ်မှာ သတိပေးစာတစ်ခုရှိတယ်။ “မနှောက်ယှက်ပါနဲ့” တဲ့။ (တံခါးပေါ်မှာ ကပ်ထား/ရေးထား တာလေ)
ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။

စည်သူထက်
Ref: Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ