နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, July 6, 2019

Give me that book! Give it to me!

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဝါကျတွေရေးရင် Object နှစ်ခုဖြစ်နေတဲ့အတွက် ဘယ်ဟာကို အရင် ရေးရမယ်မသိ ဖြစ်နေတတ်တယ်။
ဥပမာ give (ပေးသည်) ပဲ ဆိုပါတော့။ သူက ငါ့ကို လက်ဆောင်တစ်ခု ပေးခဲ့တယ် လို့ ရေးချင်ရင် ဘယ်လိုရေးရမလဲ။
Subject ကတော့ အဆင်ပြေတယ်။ သူ ဆိုတော့ He/She သုံးမယ်။ verb က ပေးခဲ့သည် ဆိုတော့ gaveပေါ့။ ဒါပေမဲ့ Object က နှစ်ခု ဖြစ်နေတယ်။ လက်ဆောင် (present) ကလည်း Object ဖြစ်သလို ငါ့ကို (me) ဆိုတာကလည်း Object ဖြစ်နေတယ်။ ဒီတော့ He gave a present me လို့ ရေးရင် ကောင်းမလား။ ဒါလည်း အဓိပ္ပာယ်မရှိဘူး။ ရေးလို့ မရမှန်းသိနေတယ်။ ဒါမျိုးဆို အတော် ခေါင်းစား ရတယ်နော်။
တကယ်တော့ give (ပေးသည်), lend (ငှားသည်။ ချေးသည်), pass (ကမ်းသည်။ လှမ်းပေးသည်), send (ပို့သည်), show (ပြသည်) ဆိုတဲ့ verbs တွေရဲ့နောက်မှာ ဖြစ်နိုင်တဲ့ ဝါကျပုံစံ နှစ်မျိုးရှိတယ်။ 
ပထမတစ်ခုကို ကြည့်မယ်။
give something to somebody

ဒီပုံစံမှာ give ကို အရင်ရေးမယ်နော်။ ပြီးရင် ပေးတာတော့ ဟုတ်ပြီ။ ဘယ်ဟာကို ပေးတာလဲ။ တစ်ခုခုပေါ့။ အဲဒီ တိုက်ရိုက်သုံးရတဲ့ Obj ကို ရေးမယ်။ ပြီးရင် to ထည့်ပြီးမှ ဘယ်သူ့ကို ပေးတာလဲဆိုတဲ့ သွယ်ဝိုက်ပြီးသုံးတဲ့ Obj ကို ရေးရမယ်။ ဥပမာနဲ့ ကြည့်ပါ။
§  I gave the keys to Sarah.
ကျွန်တော်က ဆာရာကို သော့တွေ ပေးခဲ့တယ်။
ဒုတိယ ပုံစံတစ်ခုကို ကြည့်ကြမယ်။
give somebody something
ဒီပုံစံမှာတော့ give ကို အရင် ရေးပြီးတဲ့အခါ ဘယ်သူ့ကိုပေးတာလဲဆိုတဲ့ သွယ်ဝိုက်သုံးတဲ့ obj ကို ရေးပြီးမှ တိုက်ရိုက် Obj ကို သုံးရမယ်။ to မပါတော့ဘူးနော်။ ဥပမာ ကြည့်ရင် ရှင်းသွားမှာပါ။
§  I gave Sarah the keys.
ကျွန်တော်က ဆာရာကို သော့တွေ ပေးခဲ့တယ်။
ပုံစံတစ်ခုချင်းစီကို ဝါကျတွေ များများနဲ့ လေ့လာလိုက်ရင် ပိုပြီးနားလည် နိုင်ပါတယ်။ ပထမပုံစံကို အရင်ကြည့်ရအောင်။
give something to somebody
§  That’s my book. Give it to me.
ဒါငါ့စာအုပ်။ ငါ့ကို ပေးပါ။ 
§  These are Sue’s keys. Can you give them to her?
ဒါတွေက ဆူးရဲ့ သော့တွေပါ။ သူ့ကို အဲဒါတွေ ပေးပေးနိုင်မလား။
§  Can you give these flowers to your mother?
ဒီပန်းလေးတွေကို မင်းရဲ့အမေကို ပေးပေးနိုင်မလား။
§  I lent my car to a friend of mine.
ကျွန်တော်က ကျွန်တော့်ရဲ့ကားကို သူငယ်ချင်းတစ်ယောက်ကို ငှားခဲ့တယ်။
§  Did you send the money to Kate?
နင် ကိတ် ဆီကို ပိုက်ဆံပို့ခဲ့သလား။
§  We’ve seen these photos. You showed them to us.
ကျွန်တော်တို့ ဒီဓာတ်ပုံတွေ တွေ့ပြီးပြီ။ ခင်ဗျားပဲ အဲဒါတွေကို ကျွန်တော်တို့ကို ပြခဲ့တာလေ။
ဒုတိယပုံစံနဲ့လည်း လေ့လာရအောင်။
give somebody something
§  Give me that book. It’s mine.
ကျွန်တော့်ကို အဲဒီစာအုပ်ပေးပါ။ အဲဒါ ကျွန်တော့်ဟာ။
§  Tom gave his mother some flowers.
တွမ်က သူ့ရဲ့အမေကို ပန်းတချို့ပေးခဲ့တယ်။
§  I lent Joe some money.
ကျွန်တော်က ဂျိုးကို ပိုက်ဆံချေးခဲ့တယ်။
§  How much money did you lend him?
မင်းသူ့ကို ပိုက်ဆံဘယ်လောက် ချေးခဲ့တာလဲ။
§  I sent you an email. Did you get it?
ကျွန်မ ရှင့်ဆီကို အီးမေးလ်တစ်စောင်ပို့ခဲ့တယ်။ ရှင် ရခဲ့သလား။
§  Nicola showed us her holiday photos.
နစ်ကိုလာက တို့ကို သူ့ရဲ့အားလပ်ရက်ထွက်တုန်းက ဓာတ်ပုံတွေ ပြခဲ့တယ်။
§  Can you pass me that salt, please?
ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီဆားလေး ကမ်းပေးပါလား။
buy/get somebody something လို့လည်း ပြောနိုင်ပါသေးတယ်။ တစ်ယောက်ယောက်ကို တစ်ခုခု ဝယ်ပေးသည် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာပါ။
ဥပမာ-
§  I bought my mother some flowers. (= I bought some flowers for my mother.)
ကျွန်တော်က ကျွန်တော့်အမေကို ပန်းတချို့ ဝယ်ပေးခဲ့တယ်။
§  I’m going to the shop. Can I get you anything? (= get anything for you)
ကျွန်မဆိုင်ကို သွားမလို့။ ရှင့်ကို တစ်ခုခု ဝယ်လာပေးရမလား။
ပြန်ချုပ်ပြီး ကြည့်ကြရအောင်။
ကျွန်တော်က ဆာရာကို သော့တွေ ပေးခဲ့တယ် လို့ ပြောချင်ရင် -
§  I gave the keys to Sarah.
I gave Sarah the keys. ဆိုပြီး နှစ်မျိုးပြောနိုင်ပါတယ်။ ဒါပေမဲ့ I gave to Sarah the keys လို့တော့ မပြောနိုင်ဘူး။
ဒါငါ့စာအုပ်။ ငါ့ကို ပေးပါ လို့ ပြောချင်ရင် -
§  That’s my book. Can you give it to me?
§  That’s my book. Can you give me that book? ဆိုပြီး နှစ်မျိုး ပြောနိုင်တယ်။ ဒါပေမဲ့ Can you give to me that book? လို့တော့ ပြောလို့ မရဘူး။
it ဒါမှမဟုတ် them နဲ့ဆိုရင် ပထမဝါကျပုံစံ (give something to somebody ပုံစံ) ကို ပိုသုံးပါတယ်။
I gave it to her.
ငါသူ့ကို အဲဒါ ပေးခဲ့တယ်။
Here are the keys. Give them to your father.
ဒီမှာသော့တွေ။ မင်းရဲ့အဖေကို အဲဒါတွေ ပေးလိုက်ပါ။


No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ