နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, July 16, 2019

old/older expensive/more expensive


ဘယ်အရာကိုမဆို နှိုင်းယှဉ်နေတာက လူ့သဘာဝပဲ ထင်ပါတယ်။ ကျွန်တော်တို့ လူနှစ်ယောက်၊ ပစ္စည်းနှစ်ခု၊ နေရာ နှစ်နေရာ စတာတွေကို နှိုင်းယှဉ်ပြတတ်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုမှာ နှိုင်းယှဉ်ပြောတဲ့အခါ adjectives တွေကို နှိုင်းယှဉ်တဲ့ ပုံစံသုံးပြီး ပြောလေ့၊ ရေးလေ့ရှိတယ်။ ဒါတွေကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။
ဒီပုံလေးကို ကြည့်ပါ။

ပထမပုံထဲမှာ အဖိုးကြီး အဘွားကြီးနှစ်ယောက်ကို ပြထားတယ်။ အဘိုးကြီးက အသက် ၉၂ နှစ်ဆိုတော့ အသက်ကြီးပြီပေါ့။ old ပါ။ အဘွားကြီးက အသက် ၉၃ ဆိုတော့ အသက်ပိုကြီးသွားပြီ။ ဒါဆို old နဲ့တင် မရတော့။ အသက်ပိုကြီးတယ်ဆိုတဲ့ နှိုင်းယှဉ်ပြတဲ့ စကားလုံး older ဖြစ်ရမယ်။
ဒုတိယ ပုံမှာ အလေးချိန်နှစ်ခုမှာ 40 Kg ရှိတာက လေးတာ heavy ဆိုရင် 50 Kg ရှိတာက heavier ပိုလေးတာ ဖြစ်တာပေါ့။
£ 105 တန် ဖိနပ်က ဈေးကြီးတယ် expensive ဆိုရင် £ 120 တန် ဖိနပ်က ပိုဈေးကြီးတာပေါ့။ more expensive ပါ။
ဒီလို နှိုင်းယှဉ်တဲ့အခါ older/heavier/more expensive တွေ သုံးထားပါတယ်။ ဒါတွေက နှိုင်းယှဉ်တဲ့ပုံစံ comparative form ပါ။
The comparative is –er (older) or more ..(more expensive).
နှိုင်းယှဉ်ပြဆိုတာ တချို့ adjective တွေမှာ -er ထည့်ပေးတဲ့ပုံစံဥပမာ-older ဒါမှမဟုတ် more ကို adjective ရှေ့က ထည့်တဲ့ပုံစံပါ။ ဥပမာ- more expensive
-er တို့ more .. တို့ ထည့်တာတော့ ဟုတ်ပါပြီ။ ဘယ်နေရာမှာ ဘယ်စကားလုံးကို သုံးမှာလဲ။ အသေးစိတ်ကြည့်ရအောင်။
          အသံတိုတဲ့စကားလုံးတွေ (အသံတစ်သံ) ဆိုရင် -er ထည့်ပေးပါ။ ဆိုလိုတာက old ကို အသံထွက်ကြည့်ပါ။ အသံ ဘယ်နှစ်သံ ထွက်လဲ။ အသံတစ်သံပဲ ရှိတယ်မဟုတ်လား။ ဒီလိုမျိုး အသံတိုတဲ့စကားလုံးတွေကို -er လေး ထည့်ပေးရုံပဲ။ older ပေါ့။
စာလုံးလေးတွေတချို့ လေ့လာကြည့်ပါ။
§  old (အိုသော) – older (ပို၍အိုသော)
§  nice (ကောင်းသော) – nicer (ပို၍ကောင်းသော)
§  slow (နှေးသော) – slower (ပို၍နှေးသော)
§  late (နောက်ကျသော) – later (ပို၍နောက်ကျသော)
§  cheap (ဈေးသက်သာသော) – cheaper (ပို၍ဈေးသက်သာသော)
§  big (ကြီးသော) – bigger (ပို၍ကြီးသော)
တချို့ စာလုံးတွေက -er ထည့်ပေးရုံနဲ့ မလုံလောက်ဘူး။ နောက်ဆုံး ဗျည်း (consonant) ကို နှစ်ခါ ထပ်ပေးရတယ်။
ဥပမာ-
§  big (ကြီးသော) – bigger (ပို၍ကြီးသော)
§  hot (ပူသော) – hotter (ပို၍ပူသော)
§  thin (ပိန်သော) – thinner (ပို၍ပိန်သော)
y နဲ့ ဆုံးတဲ့ စကားလုံးတွေကိုတော့ -ier ပေါင်းထည့်ပေးရတယ်။
ဥပမာ-
§  easy (လွယ်ကူသော) – easier (ပို၍လွယ်ကူသော)
§  heavy (လေးလံသော) – heavier (ပို၍လေးလံသော)
§  early(စောသော) – earlier (ပို၍စောသော)
စာတကယ်တတ်ဖို့ဆိုရင်တော့ စည်းမျဉ်းတွေမှာတင် ရပ်နေလို့ မရဘဲ ဝါကျလေးတွေ ဖွဲ့နိုင်ဖို့ အရေးကြီးပါတယ်။ နမူနာ ဝါကျတွေကို အရင်ကြည့်ရအောင်။
§  Rome is old, but Athens is older.
ရောမမြို့က အိုဟောင်းတယ်။ ဒါပေမဲ့ အေသင်မြို့က ပိုအိုဟောင်းတယ်။
§  Is it cheaper to go by car or by train?
ကားနဲ့သွားရတာ ဈေးပိုသက်သာသလား ဒါမှမဟုတ် ရထားနဲ့သွားရတာ ဈေးပိုသက်သာသလား။
§  Helen wants a bigger car.
ဟယ်လင်က ပိုကြီးတဲ့ ကားကိုလိုချင်တယ်။
§  This coat is OK, but I think the other one is nicer.
ဒီကုတ်အင်္ကျီက အဆင်ပြေပါတယ်။ ဒါပေမဲ့ တခြားတစ်ခုက ပိုကောင်းတယ်လို့ ငါထင်တယ်။
§  Don’t take the bus. It’s easier to take a taxi.
ဘတ်စကားမစီးနဲ့။ တက္ကစီ စီးသွားတာ ပိုလွယ်တယ်။
          far (ဝေးသော) ဆိုတာကတော့ further (ပိုဝေးသော) ဆိုပြီး စာလုံးပါ ပြောင်းပေးရပါတယ်။
§  A: How far is it to the station? A mile?
ဘူတာကို ဘယ်လောက်ဝေးလဲ။ တစ်မိုင်လား။
§  B: No, it’s further. About two miles.
ဟင့်အင်း ပိုဝေးတယ်။ နှစ်မိုင်လောက်ပါ။
          အသံရှည်တဲ့ စကားလုံးတွေ (အသံ နှစ်သံ၊ သုံးသံ၊ လေးသံ) နဲ့ဆိုရင် more သုံးပေးရတယ်။ beautiful ကိုပဲ အသံထွက်ကြည့်ပါဦး။ ဗြူး - တစ် - ဖွတ်လ် ဆိုပြီး အသံသုံးသံ ထွက်ရတယ်လေ။ ဒါဆို more beautiful ဖြစ်ရမှာပေါ့။
          ဥပမာ စကားလုံးတွေကို ကြည့်ရအောင်။
§  careful (ဂရုစိုက်သော) – more careful (ပို၍ဂရုစိုက်သော)
§  expensive (ဈေးကြီးသော) – more careful (ပို၍ဂရုစိုက်သော)
§  polite (ယဉ်ကျေးသော) – more polite (ပို၍ယဉ်ကျေးသော)
§  interesting (စိတ်ဝင်စားစရာ ကောင်းသော) – more interesting (ပို၍စိတ်ဝင်စားစရာ ကောင်းသော)
ဥပမာ ဝါကျလေးတွေကို ကြည့်ရအောင်။
§  You must be more careful.
မင်းပိုပြီး ဂရုစိုက်ရမယ်။
§  I don’t like my job. I want to do something more interesting.
ကျွန်တော့်အလုပ်ကို ကျွန်တော်မကြိုက်ဘူး။ ပိုစိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခု ကျွန်တော်လုပ်ချင်တယ်။
§  Is it more expensive to go by car or by train?
ကားနဲ့သွားရတာ ပိုဈေးကြီးလား။ ရထားနဲ့ သွားရတာ ပိုဈေးကြီးလား။
good, well, bad တို့ကျတော့ အခု ပုံစံနဲ့ မရတော့ဘူးနော်။ ဒီလိုတွေ ပြောင်းပေးရမယ်။
§  good/ well (ကောင်းသော/ကောင်းစွာ) – better (ပိုကောင်းသော)
§  bad (ဆိုးသော) – worse (ပိုဆိုးသော)
ဥပမာ ဝါကျတွေ ကြည့်ကြမယ်။
§  The weather wasn’t very good yesterday, but it’s better today.
မနေ့တုန်းက ရာသီဥတု သိပ်မကောင်းခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့တော့ ပိုကောင်းလာတယ်။
§  “Do you feel better today?” “No, I feel worse.”
ဒီနေ့ နေပိုကောင်းလာလား” “ဟင့်အင်း ပိုဆိုးလာတယ်
§  Which is worse – a headache or a toothache.
ခေါင်းကိုက်တာနဲ့ သွားကိုက်တာ ဘယ်ဟာ ပိုဆိုးသလဲ။
ဒီလောက်ဆိုရင် adjective တွေသုံးပြီး နှိုင်းယှဉ်ပြောတဲ့ ပုံစံကို အခြေခံအဆင့် နားလည်ပြီထင်ပါတယ်။  အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ