နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, July 25, 2019

The oldest the most expensive


ကျွန်တော်တို့ ဒီတစ်ခါမှာ လူတွေ၊ အရာဝတ္ထုစတာတွေကို နှိုင်းယှဉ်တဲ့အခါ အသာဆုံး၊ အမြင့်ဆုံး စတာတွေကို ဘယ်လိုပြောရမလဲဆိုတာ ကြည့်ကြပါမယ်။

စည်းမျဉ်းတွေပြောတာထက် ဒီအတိုင်း ပေါ့ပေါ့ပါးပါးလေး နားလည်သွားအောင် ပုံလေးကို အရင်ကြည့်ကြမယ်။

 


ဒီပုံမှာ Box A, Box B, Box C, Box D ဆိုပြီး သေတ္တာလေး လေးလုံးတွေ့မှာပေါ့။ ဟုတ်ပြီ Box A နဲ့ B ကို နှိုင်းယှဉ်ကြည့်ရအောင်။

Box A က Box B ထက် ပိုကြီးတာပေါ့။ ဒါဆို နှိုင်းယှဉ်တဲ့ ပုံစံလေးသုံးပြီး ရေးမယ်။

§  Box A is bigger than Box B.

Box A နဲ့ တခြား box တွေအားလုံး နှိုင်းယှဉ်ကြည့်ရင်ရော ဘယ်လိုနေမလဲ။ Box A က တခြား box အာလုံးထက် ပိုကြီးနေတာပါပဲ။ ဒီလိုရေးမယ်။

§  Box A is bigger than all the other boxes.

ဒါဆိုရင် Box A က ဘယ်လို box မျိုးလဲ။ အကြီးဆုံး box ပေါ့။ ခုလို ရေးပါ။။

§  Box A is the biggest box.

နောက်ထပ် ဥပမာလေးတစ်ခုကို ကြည့်ရအောင်။ ပုံကိုပဲ ကြည့်ပါ။





ဒီပုံလေးမှာတော့ အင်္ဂလန်နိုင်ငံက မြို့လေးတစ်ခုဖြစ်တဲ့ ကင်းတန်မှာရှိတဲ့ ဟိုတယ်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြထားတာပါ။

Europa ဟိုတယ် နဲ့ Grand ဟိုတယ် ဘယ်သူက ဈေးပိုကြီးလဲ။ ယှဉ်ကြည့်ပါ။ Europa Hotel က ပိုဈေးကြီးတာပေါ့။ ဒီလိုပြောလို့ရပါတယ်။

§  The Europa Hotel is more expensive than the Grand.

Europa ဟိုတယ်နဲ့ မြို့ထဲကကျန်တဲ့ ဟိုတယ်တွေအားလုံး နှိုင်းယှဉ်မယ်ဆိုရင်ရော။ Europa ဟိုတယ်ကပဲ ဈေးကြီးတာပဲ။ ဒီလိုပြောပါ။

§  The Europa Hotel is more expensive than all the other hotels in the city.

ဒါဆို Europa ဟိုတယ်က ဒီမြို့မှာ ဈေးအကြီးဆုံးပေါ့။ ဒီလိုပြောနိုင်ပါတယ်။

§  The Europa Hotel is the most expensive hotel in the city.

နမူနာဝါကျတွေမှာပါတဲ့ စာလုံးတွေကို ပြန်ကြည့်မယ်ဆိုရင်

§  bigger နဲ့ most expensive စတာ တို့က နှိုင်းယှဉ်တဲ့ပုံစံ (comparative form)

§  biggest နဲ့ most expensive စတာ တို့က အသာလွန်ဆုံးပုံစံ (superlative form) ဆိုတာ တွေ့ပါလိမ့်မယ်။

ကျွန်တော်တို့ အခု အသာလွန်ဆုံး၊ အမြင့်ဆုံး စတဲ့ superlative form တွေအကြောင်းကို အဓိကပြောချင်တာမို့ အသေးစိတ် ပြန်ပြောကြပါမယ်။

♦ အသာလွန်ဆုံးပုံစံ (superlative form) ဆိုတာ -est သို့မဟုတ် most ထည့်ထားတဲ့ ပုံစံဖြစ်ပါတယ်။

♦ စကားလုံးတိုတွေ (old/cheap/nice) စတာတွေနဲ့ဆိုရင် the –est ပုံစံ သုံးပါ။

§  old (အိုသော) – the oldest (အအိုဆုံး)

§  cheap (ဈေးပေါသော) – the cheapest (ဈေးအပေါဆုံး)

§  nice (ကောင်းသော) – the nicest (အကောင်းဆုံး)

♦ စကားလုံးတိုပေမဲ့ ဒီစကားလုံးတွေကိုတော့ -est မထည့်ရဘူး။ ပြောင်းပေးရမယ်။

§  good (ကောင်းသော) – the best (အကောင်းဆုံး)

§  bad (ဆိုးသော) – the worst (အဆိုးဆုံး)

♦ ဒီစကားလုံးတွေကိုတော့ အဆုံးသတ်ဗျည်းကို နှစ်ခါထပ်ပေးရမယ်။

§  big (ကြီးသော) – the biggest (အကြီးဆုံး)

§  hot (ပူသော) - the hottest (အပူဆုံး)

y နဲ့ ဆုံးတဲ့စကားလုံးတွေ (easy, heavy စသည်ဖြင့်) ဆိုရင် the –iest

§  easy (လွယ်ကူသော) – the easiest (အလွယ်ကူဆုံး)

§  heavy (လေးလံသော) – the heaviest (အလေးလံဆုံး)

§  pretty (လှပသော) – the prettiest (အလှပဆုံး)

♦ ရှည်တဲ့စကားလုံးတွေ (careful, expensive, interesting စတာတွေ) ဆိုရင် the most ..သုံးပါ။

§  careful (ဂရုစိုက်သော) – the most careful (ဂရုအစိုက်ဆုံး)

§  interesting (စိတ်ဝင်စားစရာကောင်းသော) – the most interesting (စိတ်ဝင်စားစရာ အကောင်းဆုံး)

အသာလွန်ဆုံး၊ အမြင့်ဆုံးအဆင့် (superlative) ကို ပြောတဲ့အခါ the –est / the most .. စသည်ဖြင့် the ထည့်သုံးပေးရတာ သတိထားနော်။

ဥပမာ ဝါကျတွေကို ကြည့်ပါ။

§  The church is very old. It’s the oldest building in the town.

§  ဒီဘုရားကျောင်းက သက်တမ်းသိပ်ကြာနေပြီ။ အဲဒါက ဒီမြို့မှာ သက်တမ်းအကြာဆုံး အဆောက်အဦးပဲ။

§  What is the longest river in the world?

§  ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ်က ဘာမြစ်လဲ။

§  Money is important, but it isn’t the most important thing in life.

§  ပိုက်ဆံက အရေးကြီးတယ်။ ဒါပေမဲ့ အဲဒါက ဘဝမှာ အရေးအကြီးဆုံး အရာမဟုတ်ဘူး။

§  Excuse me, where is the nearest bank?

§  တဆိတ်လောက်ခင်ဗျာအနီးဆုံးဘဏ်က ဘယ်မှာရှိလဲ။

the oldest/ the best/ the most expensive စတာတွေကို noun မပါဘဲ သုံးနိုင်ပါတယ်။

§  Luke is a good player, but he isn’t the best in the team.

လုခ် က ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ သူက အသင်းထဲမှာ အကောင်းဆုံးတော့ မဟုတ်ဘူး။ (the best = the best player)

superlative + I’ve ever…/you’ve ever …စတဲ့ပုံစံကို သုံးနိုင်ပါတယ်။

§  The film was very bad. I think it’s the worst film I’ve ever seen.

ဒီရုပ်ရှင်က တော်တော်ဆိုးတယ်။ ငါကြည့်ဖူးသမျှထဲမှာ အဆိုးဆုံး ရုပ်ရှင်လို့ ငါထင်တယ်။

§  What is the most unusual thing you’ve ever done?

မင်းလုပ်ဖူးသမျှထဲမှာ အထူးခြားဆုံးအရာက ဘာလဲ။

ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။



စည်သူထက်

Ref: Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ