နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, August 17, 2019

(a) little (a) few


(a) little နဲ့ (a) few ဟာ အတော်မှားတတ်၊ ရောထွေးတတ်တဲ့ စကားလုံးတွေပါ။ ဒါတွေကို သေချာလေ့လာကြည့်ထားမယ်ဆိုရင် အကျိုးရှိပါတယ်။
(a) little ကို ရေတွက်လို့မရတဲ့နာမ် (uncountable noun) နဲ့ သုံးရပါတယ်။
Ø  (a) little + uncountable noun
တချို့နာမ်တွေက အင်္ဂလိပ်စာမှာ ရေတွက်လို့ မရဘူးနော်။ ရေတို့၊ လေတို့၊ ဆန်တို့ စတဲ့စကားလုံးတွေ အားလုံးက ရေတွက်လို့ မရတဲ့ နာမ်တွေချည်းပါပဲ။ ဒါတွေကို a little နဲ့ သုံးရပါတယ်။
ဥပမာတွေကို ကြည့်ပါ။
§  (a) little water (ရေနည်းနည်း)
§  (a) little time (အချိန်နည်းနည်း)
§  (a) little money (ပိုက်ဆံနည်းနည်း)
§  (a) little soup (စွတ်ပြုတ်နည်းနည်း)
(a) few ကို အများကိန်းနာမ်တွေနဲ့ သုံးရပါတယ်။
Ø  (a) few + plural noun
§  (a) few books (စာအုပ်နည်းနည်း)
§  (a) few questions (မေးခွန်းနည်းနည်း)
§  (a) few people (လူနည်းနည်း)
§  (a) few days (ရက်နည်းနည်း)
(a) little / (a) few စသည်ဖြင့် ကွင်းစကွင်းပိတ်လေးတွေနဲ့ ထည့်ထားတာ သတိထားမိမယ်နော်။ ဘာလို့ ဒီလိုရေးထားတာလဲဆိုတော့ a little နဲ့ little , a few နဲ့ few မတူပါဘူး။ ကျွန်တော်တို့ တစ်ခုချင်း ကြည့်ကြတာပေါ့။
Ø  a little = some but not much
a little ဆိုရင် တချို့တလေတော့ ရှိတယ်။ သိပ်မများဘူး။ နည်းနည်းဆိုတဲ့ သဘောပေါ့။ ဥပမာလေးတွေနဲ့ တွဲကြည့်ပါ။
§  She didn’t eat anything, but she drank a little water.
သူက ဘာမှမစားဘူး။ ဒါပေမဲ့ ရေနည်းနည်းတော့ သောက်ခဲ့တယ်။
§  I speak a little Spanish.
ကျွန်တော် စပိန်လိုနည်းနည်း ပြောတတ်တယ်။

§  A: Can you speak Spanish?
ခင်ဗျား စပိန်လိုပြောတတ်လား။
§  B: A little.
နည်းနည်းပါ။

Ø  a few = some but not many
a few လည်း တချို့တလေရှိတယ်၊ သိပ်မများဘူးဆိုတဲ့ သဘောပါပဲ။ a little နဲ့ a few အဓိပ္ပာယ်တူပေမဲ့ ကွာတာတစ်ချက်က a little က ရေတွက်လို့ မရတဲ့ နာမ်တွေနဲ့ သုံးပြီး a few ကို ရေတွက်လို့ ရတဲ့ နာမ်တွေနဲ့ တွဲသုံးတာနော်။
ဥပမာတွေ ကြည့်ရအောင်။
§  Excuse me, I have to make a few phone calls.
တဆိတ်လောက်ခင်ဗျာ..ကျွန်တော် ဖုန်းလေးနည်းနည်း ခေါ်ရမှာမို့ပါ။
§  We’re going away for a few days.
ကျွန်တော်တို့ ရက်နည်းနည်းလောက် တခြားသွားမယ်။
§  I speak a few words of Spanish.
ကျွန်တော် စပိန်စာလုံးနည်းနည်း ပြောတတ်တယ်။
§  A: Are there any shops near here?
ဒီနားမှာ ဆိုင်တွေ ရှိလား။
§  B: Yes, a few.
ဟုတ်ကဲ့ နည်းနည်း ရှိပါတယ်။
ခုလောက်ထိ နားလည်ပြီဆိုရင် တဆင့်တက်မယ်နော်။  a little တို့  a few တို့က အနည်းငယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတာတော့ ဟုတ်ပါပြီ။ ဒီစကားလုံးတွေမှာ a ဖြုတ်ပြီး little တို့ few တို့ ဆိုရင်ကော ဘယ်လို ဖြစ်သွားနိုင်မလဲ။ ကျွန်တော်တို့ ကြည့်ကြရအောင်။
Ø  little (without a) = nearly no or nearly nothing
little ကို မြန်မာလိုဆိုရင် မရှိသလောက်လို့ ဘာသာပြန်ပြောနိုင်ပါတယ်။ a little နဲ့ နည်းနည်း အဓိပ္ပာယ်ကွာသွားတယ်နော်။ ဒါကို သတိထားပါ။
ဥပမာလေးတွေနဲ့ ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။
§  There was little food in the fridge. It was nearly empty.
ရေခဲသေတ္တာထဲမှာ အစားအသောက် မရှိသလောက်ပဲ။ အဲဒါက အလွတ်နီးပါး ဖြစ်နေပြီ။

Very little လို့လည်း ပြောနိုင်ပါတယ်။ ပိုလေးနက်တာပေါ့။
§  Dan is very thin because he eats very little. (=nearly nothing)
ဒန်က အရမ်းပိန်တယ်။ ဘာလို့လဲဆိုတော့ သူက ဘာမှမစားသလောက်ပဲ။
Ø  few (without a)= nearly no
few လည်းပဲ မရှိသလောက်လို့ အဓိပ္ပာယ်ရတယ်နော်။ ဥပမာတွေနဲ့ တွဲကြည့်ကြမယ်။
§  There were few people in the theatre. It was nearly empty.
ပြဇာတ်ရုံထဲမှာ လူမရှိသလောက်ပဲ။ အဲဒါက ဗလာနီးပါး ဖြစ်နေတယ်။
Very few လို့လည်း ပြောနိုင်ပါသေးတယ်။
§  Your English is very good. You make few mistakes.
မင်းရဲ့ အင်္ဂလိပ်စာက သိပ်ကောင်းတယ်။ မင်းအမှားမလုပ်သလောက်ပဲ။
တစ်ခုချင်းစီကို ရှင်းပြပြီးပြီဆိုတော့ ဒီတစ်ခါ နှိုင်းယှဉ်ကြည့်ရအောင်။
little နဲ့ a little ကို အရင် နှိုင်းယှဉ်ကြမယ်။
§  They have a little money, so they’re not poor. (= they have some money)
သူတို့မှာ ပိုက်ဆံနည်းနည်းရှိတယ်။ ဒါကြောင့် သူတို့က မဆင်းရဲဘူး။


§  They have little money. They are very poor. (=nearly no money)
သူတို့မှာ ပိုက်ဆံမရှိသလောက်ပဲ။ သူတို့ သိပ်ဆင်းရဲတယ်။
few နဲ့ a few ကိုလည်း နှိုင်းယှဉ်ကြည့်ပါဦးမယ်။
§  I have a few friends, so I’m not lonely. (= I have some friends)
ကျွန်တော့်မှာ မိတ်ဆွေနည်းနည်းရှိတယ်။ ဒါကြောင့် ကျွန်တော် အထီးမကျန်ဘူး။



§  I’m sad and I’m lonely. I have few friends. (= nearly no friends)
ကျွန်မက ဝမ်းနည်းပြီး အထီးကျန်တယ်။ ကျွန်မမှာ မိတ်ဆွေ မရှိသလောက်ပဲ။
ဒီလောက်ဆိုရင် (a) little, (a) few တို့ အကြောင်း နားလည်လောက်ပြီထင်ပါတယ်။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ