နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Sunday, September 29, 2019

this/that/these/those


this/that/these/those ဆိုတဲ့ စကားလုံးလေးလုံးက စကားလုံးနည်းသလောက် မှတ်ရတာ နည်းနည်း အားစိုက်ရပါတယ်။ ခု တစ်ခုချင်းစီ ကြည့်ပြီး လေ့လာရအောင်။
this နဲ့ these ကို အရင်နှိုင်းယှဉ်လေ့လာကြည့်မယ်။ ပုံလေးကြည့်ပါ။



ပထမပုံထဲမှာ ရုပ်ပုံတစ်ခုကို ပြပြီး မေးတယ်။
§  Do you like this picture?
ဒီပုံကို ကြိုက်လားတဲ့။
ပြန်ကြည့်ပါဦး။ ဘယ်ပုံကို ပြောတာလဲ။ ဒီပုံ။ ဒီနားက ပုံကို ပြောနေတာ။ ဒါကြောင့် အနီးအနားမှာရှိတဲ့ တစ်ခုကိန်း နာမ်တွေကိုပြောတဲ့အခါ this သုံးပြီးပြောရတာကို မှတ်ထားလိုက်ပါ။
ဒုတိယပုံကို ကြည့်မယ်။
§  These flowers are for you.
ဒီပန်းတွေက မင်းအတွက်ပါ။
လက်ထဲက ပန်းတွေ တစ်နည်းပြောရရင် အနီးအနားက ပန်းတွေကိုပြောနေတာပါပဲ။ ဒီတော့ အနီးအနားမှာရှိတဲ့ အများကိန်းနာမ်တွေကို ပြောတဲ့အခါ these သုံးရတာ မှတ်ပါ။
ဒီတော့ this နဲ့ these ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် -
v  this/these နှစ်ခုလုံးက အနီးအနားက အရာတွေကို ညွှန်ပြတယ်။
v  တစ်ခုကိန်းနာမ်ဆိုရင် this ၊ အများကိန်းနာမ်ဆိုရင် these သုံးရတယ်။
this/ these ကိုနားလည်ပြီးဆိုရင် that နဲ့ those ကိုလည်း လွယ်လွယ်နားလည်နိုင်ပြီ။ ပုံလေးနဲ့ ပြန်လေ့လာကြည့်ပါဦး။


ပထမပုံမှာ ဒီလိုမေးထားတယ်။
§  Do you like that picture?
မင်း အဲဒီပုံကို ကြိုက်လား။
ဘယ်ပုံကို ပြောနေတာလဲ။ ဒီနားက ပုံမဟုတ်ဘူး။ ဟိုနားက ပုံ။ တစ်နည်းပြောရင် အဝေးမှာရှိတဲ့ အရာဝတ္ထု။ ဒီလိုမျိုး ကိုယ်နဲ့အဝေးမှာရှိတဲ့ တစ်ခုကိန်းနာမ်ကို ညွှန်ပြချင်ရင် that သုံးရပါတယ်။
ဒုတိယပုံကို ကြည့်မယ်။ ခုလိုမေးထားတယ်။
§  Who are those people?
အဲဒီလူတွေက ဘယ်သူတွေလဲ။
ခပ်လှမ်းလှမ်းက လူတွေကို ညွှန်ပြပြီး ပြောနေတာမဟုတ်လား။ ဒီတော့ ကိုယ်နဲ့အဝေးမှာရှိတဲ့ အများကိန်း နာမ်ကို ညွှန်ပြချင်ရင် those သုံးရပါတယ်။
that နဲ့ those ကို နှိုင်းယှဉ်မှတ်မယ်ဆိုရင် -
v  that/ those နှစ်ခုလုံးက အဝေးက အရာတွေကို ညွှန်ပြတယ်။
v  တစ်ခုကိန်းနာမ်ဆိုရင် that ၊ အများကိန်းနာမ်ဆိုရင် those သုံးရတယ်။
ခုထိပြောပြီးသမျှတွေထဲမှာ this/that/these/those တွေအားလုံးကို noun နဲ့ တွဲသုံးပုံကို ပြောနေတာချည်းပါပဲ။ ခုနောက်တစ်ချက် တိုးပြီး မှတ်ကြမယ်။
We use this/that/these/those with a noun (this picture/ those girls etc.) or without a noun.
v  ကျွန်တော်တို့က this/that/these/those ကို noun နဲ့ (this picture/ those girls စသည်ဖြင့်) ဒါမှမဟုတ် noun မပါဘဲ သုံးတယ်။
ဥပမာတွေ ကြည့်ကြရအောင်။ noun နဲ့ တွဲသုံးပုံတွေ အရင်ပြောပါမယ်။
§  This hotel is very expensive, but it’s very nice.
ဒီ ဟိုတယ်က အရမ်းဈေးကြီးတယ်။ ဒါပေမဲ့ သိပ်ကောင်းပါတယ်။
§  “Who’s that girl?” “I don’t know.”
“ဟိုကောင်မလေးက ဘယ်သူလဲ။” “ကျွန်တော် မသိဘူး။”
§  Do you like these shoes? I bought them last week.
အဲဒီရှူးဖိနပ်တွေကို မင်းကြိုက်သလား။ အဲဒါတွေ ငါပြီးခဲ့တဲ့အပတ်က ဝယ်လာခဲ့တာ။
§  Those apples look nice. Can I have one?
ဟိုပန်းသီးတွေ ကြည့်ရတာ ကောင်းမယ့်ပုံပဲ။ တစ်လုံးလောက် စားလို့ရမလား။
ဒီတစ်ခါ noun နဲ့ မတွဲဘဲ သူ့ချည်းသုံးတဲ့ ပုံစံကို ကြည့်ရအောင်။
§  This is a nice hotel, but it’s very expensive.
ဒါက ဟိုတယ်ကောင်းပါ။ ဒါပေမဲ့ အရမ်းဈေးကြီးတယ်။
§  “Excuse me, is this your bag?” “Oh, yes. Thank you.”
“တဆိတ်လောက်ခင်ဗျာ ဒါ ခင်ဗျားရဲ့ အိပ်လားမသိဘူး” “အို ဟုတ်ပါရဲ့။ ကျေးဇူးပါပဲ”
§  “Who’s that?” (= Who’s that man?)
အဲဒါဘယ်သူလဲ။
§  Which shoes do you prefer these or those?
ဘယ်ရှူးဖိနပ်တွေကို မင်းပိုကြိုက်သလဲ။ ဒါတွေလား ဟိုဟာတွေလား။

v  that က ဖြစ်ခဲ့တဲ့ တစ်စုံတစ်ခု ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတယ်။
v  that = something that has happened

§  “I’m sorry I forgot to phone you.” “That’s all right.”
“ဆောရီးပါပဲ ကျွန်မ ဖုန်းဆက်ဖို့ မေ့သွားတာ” “ရပါတယ်”
§  That was really a nice meal. Thank you very much.
တကယ့်ကို ကောင်းတဲ့ အစားအသောက်ပါပဲ။ ကျေးဇူးအများကြီး တင်ပါတယ်။

v  that က တစ်စုံတစ်ယောက် ခုလေးတင် ပြောခဲ့တဲ့အရာလို့လည်း အဓိပ္ပာယ်ရသေးတယ်။
v  that = what somebody has just said

§  “You’re a teacher, aren’t you?” “That’s right.”
§  “ခင်ဗျားက ဆရာမနော်။ ဟုတ်တယ်မဟုတ်လား” “မှန်ပါတယ်”
§  “Martin has a new job.” “Really? I don’t know that.”
§  “မာတင် အလုပ်သစ်ရထားတယ်တဲ့” “တကယ်ကြီးလား။ ငါအဲဒါမသိဘူး”
§  “I’m going on holiday next week.” “Oh, that’s nice.”
§  “ရှေ့တစ်ပတ် ငါအားလပ်ရက်ထွက်မယ်။” “အို..ကောင်းတာပေါ့”

v  ဖုန်းပြောတဲ့အခါမှာ this is … နဲ့ is that ကို ကျွန်တော်တို့ ပြောကြတယ်။
§  Hi Sarah, this is David. (this = the speaker)
ဟိုင်း ဆာရာရေ။ ငါပါ ဒေးဗစ်ပါ။
§  Is that Sarah? (that = the other person)
ဆာရာလား။

v  လူတွေကို မိတ်ဆက်ပေးဖို့ this is ကို သုံးတယ်။
§  A: Ben, this is Chris.
ဘန်ရေ။ ဒါ ခရစ္စပါ။
§  B: Hello, Chris nice to meet you.
ဟယ်လို ခရစ္စ။ တွေ့ရတာ ၀မ်းသာပါတယ်။
§  A: Hi.
ဟိုင်း။
ခုဆိုရင် this/that/these/those သုံးစွဲပုံ အခြေခံကို နားလည်လောက်ပါပြီ။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။



စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ