နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, September 17, 2019

used to + infinitive

တစ်ခါတစ်လေမှာ used to ပါတဲ့ စာကြောင်းတွေ ဖတ်ရတာ နားလည်ရလွဲတတ်တယ်။ ဒီစာကြောင်းလေးတွေ အရင်ဖတ်ကြည့်ပေါ့။
§  I used to go to the beach every day.
§  I used to start work at 9 o'clock.
ကျွန်တော်တို့ အများစုက use ဆိုတာ မြင်တိုင်း အသုံးပြုသည်လို့ ပြောချင်ကြတာမဟုတ်လား။ အခုဝါကျတွေကိုလည်း အဲဒီလိုတွေးပြီး ဘာသာပြန်လို့ကတော့ လွဲပြီပေါ့။ တကယ်က ခုလိုတွေ ပြောချင်တာပါ။
§  I used to go to the beach every day.
ကျွန်တော်က နေ့တိုင်းကမ်းခြေကို သွားလေ့ရှိခဲ့တယ်။
§  I used to start work at 9 o'clock.
ကျွန်မက ကိုးနာရီမှာ အလုပ်စလေ့ရှိခဲ့တယ်။
ခုပြောခဲ့တာကို ပုံစံထုတ်လိုက်ရင် used to + infinitive ပုံစံပေါ့လေ။ ဒီပုံစံကို ဘယ်မှာသုံးမလဲ။
အင်္ဂလိပ်လို အရင် ကျက်မှတ်လိုက်ပါ။
v  Used to + infinitive is only used in the past: it has no present form. We use it to talk about past habits and states which are now finished.
v  used to + infinitive ကို အတိတ်ကာလမှာပဲ သုံးရမယ်။ သူ့မှာ ပစ္စုပ္ပန်ကာလ ပုံစံမရှိဘူး။ တို့က အဲဒါကို အတိတ်ကာလက အလေ့အထအတွေနဲ့ အခုအချိန်မှာ ပြီးသွားတဲ့ အခြေအနေတွေကို ပြောဖို့ သုံးတယ်။
ဒီဥပမာတွေကို ကြည့်ပါ။
§  I used to smoke, but I’ve stopped.
ကျွန်တော်က ဆေးလိပ်သောက်လေ့ရှိခဲ့တယ်။ ဒါပေမဲ့ ရပ်လိုက်ပါပြီ။
§  She used to be very shy.
သူက သိပ်ပြီး ရှက်လေ့ရှိခဲ့တာပေါ့။
ဟုတ်ပြီ။ used to က အတိတ်မှာ လုပ်လေ့လုပ်ထ ရှိခဲ့တဲ့ ကိစ္စတွေအကြောင်း ပြောချင်တာဆိုရင် လက်ရှိ ပစ္စုပ္ပန်ကာလမှာ လုပ်လေ့လုပ်ထရှိတာတွေ၊ အခြေအနေတွေကို ပြောချင်ရင်ကော ဘာသုံးရမလဲ။ ရှင်းပါတယ်။ simple present tense သုံးပါ။ simple present tense က လုပ်လေ့လုပ်ထရှိတာကို ပြောတဲ့အခါမှာ သုံးတယ်နော်။
ဒီဥပမာတွေကို ကြည့်ပါ။
§  He smokes.
သူက ဆေးလိပ်သောက်လေ့ရှိတယ်။ (He uses to smoke. လို့ မသုံးရဘူး)
§  Her sister is still very shy.
သူ့အစ်မက ရှက်တတ်တုန်းပဲ။
ခု ပြောခဲ့တဲ့အဆင့် အထိက ပုံမှန်မှတ်သင့်  မှတ်ထိုက်တာတွေပေါ့။ ဒီတစ်ခါ တဆင့်တိုးပြီး မှတ်ရအောင်။
အင်္ဂလိပ်လိုပဲ အရင်မှတ်ပါမယ်။
v  In a formal style, used to can have the forms of a modal auxiliary verb (questions and negatives without do).
v  အခန့်သုံးတဲ့ ပုံစံမှာ used to က အကူကြိယာပုံစံ ရှိနိုင်ပါတယ်။ (do မသုံးတဲ့ မေးခွန်းနဲ့ အငြင်းပုံစံတွေပါ)
ဒီလိုပြောရုံနဲ့ ရှင်းသွားဖို့တော့ ခက်ပါတယ်။ ဒီတော့ ဥပမာတွေ ကြည့်ရင်းနဲ့ မှတ်ကြမယ်။
ပုံမှန်ပြောနေကျပုံစံ၊ ပေါ့ပေါ့ပါးပါး ပုံစံတွေမှာ မေးခွန်းတွေ၊ အငြင်းဝါကျတွေလုပ်ရင် လုပ်နေကျအတိုင်းပဲ do သုံးပြီး မေးရတာပေါ့။
§  Did you use to play football at school?
ကျောင်းမှာတုန်းက ဘောလုံး ကစားလေ့ရှိခဲ့သလား။
ခုလို informal ပုံစံမှာ Did ….use..? ဆိုပြီး သုံးထားတာ သတိထားမိမယ်နော်။ အခန့်သုံး (formal) ပုံစံမှာဆိုရင်ကော ဘယ်လိုသုံးမလဲ။
§  Used you to play football at school?
ကျောင်းမှာတုန်းက ဘောလုံး ကစားလေ့ရှိခဲ့သလား။
ဒီတစ်ခါကျတော့ did မသုံးတော့ဘဲ used .. to ကို အကူကြိယာအနေနဲ့ သုံးထားတာ တွေ့ရလိမ့်မယ်။ ဒီလိုလည်း သုံးနိုင်တယ်ဆိုတာ သိထားပေါ့နော်။
နောက်ထပ် နှိုင်းယှဉ်ကြည့်ပါဦး။
§  I didn’t use to like opera, but now I do. (informal)
§  I used not to like opera, but now I do. (formal)
ကျွန်မက အော်ပရာပြဇာတ်ကို ကြိုက်လေ့မရှိခဲ့ဘူး။ ဒါပေမဲ့ ခုကြိုက်တယ်။
အတိုချုံ့ထားတဲ့ အငြင်းပုံစံလည်း သုံးလို့ရပါတယ်။
ဥပမာ -
I usedn’t to like….
နောက်တစ်ချက် မှတ်စရာ ပြောရမယ်ဆိုရင် တစ်ခုခု ဘယ်လောက်ကြာတယ်ဆိုတာ၊ ဒါမှမဟုတ် တစ်ခုခု ဘယ်နှစ်ကြိမ်ဖြစ်ပွားတယ်ဆိုတာ ပြောဖို့တော့ used to ကို မသုံးရပါဘူး။
ဥပမာ
§  I lived in Chester for three years.
ကျွန်တော် ချက်စတာမြို့မှာ သုံးနှစ်ကြာအောင် နေခဲ့တယ်။
(ဘယ်လောက်ကြာအောင် နေခဲ့တာကို ပြောတာမို့ I used to live in Chester for three years. ဆိုပြီး ရေးလို့ မရပါဘူး)
နောက်ဥပမာ တစ်ခု ကြည့်ရအောင်။
§  I went to France seven times.
ကျွန်တော် ပြင်သစ်ကို ခုနစ်ကြိမ် သွားခဲ့တယ်။
(ဘယ်နှစ်ကြိမ်သွားခဲ့တယ်ဆိုတာကို ပြောတာမို့ I used to go to France seven times. လို့ မသုံးရပါဘူး)
ခုပြောခဲ့တာတွေက used to + infinitive ပုံစံတွေချည်းပါပဲ။ ဒီပုံစံကို be used to ….ing နဲ့ မရောစေနဲ့နော်။ မရောရဘူးဆိုမှ သိပ်ပြီး မှားတတ်ကြပါတယ်။ ဒီတော့ နည်းနည်းချင်းမှတ်နိုင်အောင် be used to … ing ပုံစံကို သပ်သပ် ထပ်ပြောပြပါမယ်။

Reference:
Basic English Usage (Michael Swan)

1 comment:

  1. Hard Rock Hotel & Casino Ln - Mapyro
    Hard Rock Hotel & Casino Ln is a casino in Ln, 남원 출장안마 WA 오산 출장샵 with a total 통영 출장안마 of 3,500 slot machines, over 80 김천 출장안마 table games, a video poker 서귀포 출장마사지 room and, of course, a hotel

    ReplyDelete

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ