နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Wednesday, May 6, 2020

afraid of…, good at …etc. of/at/for etc. (prepositions) + -ing


v  afraid of…/ good at …etc. (adjective + preposition)
ဒီလိုမျိုးသုံးစွဲပုံတွေကို အသေးစိတ်မပြောခင်မှာ ပုံလေးအရင်ကြည့်ပါဦး။

ပထမပုံမှာ ခွေးလိုက်လို့ ပြေးနေတဲ့ ပုံလေး တွေ့မယ်။ ရယ်စရာအနေနဲ့ ခွေးပြောပုံလေး ထည့်ထားတယ်။ He’s afraid of me. (သူက ငါ့ကို ကြောက်တယ်) တဲ့။ afraid of အသုံးလေး မှတ်ထားလိုက်ပါ။
ဒုတိယပုံမှာ သင်္ချာတွက်ရင်း စိတ်ညစ်နေတဲ့ ပုံလေးတွေ့မယ်နော်။ သူပြောတာက I’m not good at maths. (ကျွန်တော်သင်္ချာမတော်ဘူး) တဲ့။ good at အသုံးကို မှတ်ထားလိုက်ပေါ့။
နောက်ဆုံးပုံလေးမှာ အလုပ်လုပ်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ပုံကို တွေ့မှာပေါ့။ သူပြောတာက I’m fed up with my job. (ကျွန်မ ကျွန်မရဲ့အလုပ်ကို စိတ်ကုန်တယ်) တဲ့။ fed up သုံးထားတာ မှတ်ထားပါဦး။
ဒီလိုမျိုး နောက်ထပ်အသုံးအနှုန်းတွေကြည့်ရအောင်။ ဒါလေးတွေက ကျက်မှတ်ထားလိုက်ရင် ကောင်းမယ်။ ဒါမှသာ နောင်အမြဲပြန်သုံးလို့ ရမှာပေါ့။
§  afraid of… / scared of.. (လန့်/ကြောက်သော)
§  angry with somebody (တစ်ယောက်ယောက်ကို စိတ်ဆိုး/ဒေါသဖြစ်သော)
angry about something (တစ်ခုခုကို စိတ်ဆိုးသော)
§  different fromor different to … (မတူသော)
§  fed up with … (စိတ်ပျက်/စိတ်ကုန်သော)
§  full of (ပြည့်သော)
§  good at (တော်သော/ကျွမ်းကျင်သော)
§  interested in … (စိတ်ဝင်စားသော)
§  married to … (လက်ထပ်ထားသော)
§  nice/ kind of somebody to … (တစ်စုံတစ်ယောက်အပေါ် သဘောကောင်းသော/ကြင်နာသော)
be nice/ kind to somebody
§  sorry about a situation (အခြေအနေတစ်ခုကို စိတ်မကောင်းသော)
sorry for/about doing something (တစ်ခုခုကို လုပ်မိလို့ စိတ်မကောင်းဖြစ်သော)
§  be/feel sorry for somebody (တစ်ယောက်ယောက်အတွက် စိတ်မကောင်းဖြစ်သော) 
ဥပမာ ဝါကျတွေကြည့်ပါဦး။ စာတွေမှတ်သားရင် ဥပမာနဲ့တွဲမှတ်တဲ့အခါ ပိုစွဲမြဲပါတယ်။
§  Are you afraid of dogs?
နင်ခွေးတွေကို ကြောက်လား။
§  Why are you angry with me? What have I done?
မင်းငါ့ကို ဘာလို့ စိတ်ဆိုးနေတာလဲ။ ငါဘာလုပ်မိလို့လဲ။
§  Are you angry about last night? ( = something that happened last night)
မနေ့ညက အကြောင်းကို စိတ်ဆိုးနေတာလား။ ( = မနေ့ညက ဖြစ်ခဲ့တဲ့ တစ်စုံတစ်ခု)
§  Lisa is very different from (or to) her sister.
လီဆာက သူ့ရဲ့ညီမနဲ့ တော်တော့်ကို မတူဘူး။
§  I’m fed up with my job. I want to do something different. ( = I’ve had enough of my job)
ငါ့ရဲ့အလုပ်ကို စိတ်ကုန်နေပြီကွာ။ မတူတာ တစ်ခုခု လုပ်ချင်တယ်။
§  The room was full of people.
အခန်းက လူတွေနဲ့ ပြည့်နေတယ်။
§  Are you good at maths?
မင်းက သင်္ချာတော်သလား။
§  I’m not interested in sport.
ကျွန်တော်က အားကစားကို စိတ်မဝင်စားပါဘူး။
§  Sue is married to a dentist. ( = her husband is a dentist)
ဆူးက သွားဆရာဝန်တစ်ယောက်နဲ့ အိမ်ထောင်ပြုထားတယ်။
§  It was kind of you to help us. Thank you very much.
တို့ကို ကူညီပေးတာ မင်းက သိပ်ကြင်နာတတ်တာပဲ။ ကျေးဇူးအများကြီး တင်ပါတယ်။
§  David is very friendly. He’s always very nice to me.
ဒေးဗစ်က သိပ်ဖော်ရွေတာ။ သူက ငါ့အပေါ်အမြဲကောင်းတယ်။
§  I’m afraid I can’t help you. I’m sorry about that.
အားတော့နာပါရဲ့ ကျွန်တော်ခင်ဗျားကို မကူညီနိုင်ဘူး။ အဲဒီအတွက် စိတ်မကောင်းပါဘူး။
§  I’m sorry for/about not phoning you yesterday. (or I’m sorry I didn’t phone you)
မနေ့က နင့်ဆီကို ဖုန်းမဆက်မိတဲ့အတွက် စိတ်မကောင်းပါဘူး။
§  I feel sorry for them. They are in a very difficult situation.
ကျွန်တော် သူတို့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူတို့က ကျပ်တည်းတဲ့ အခြေအနေမှာ။
          နောက်ထပ် တစ်ခုအနေနဲ့ preposition နောက်မှာ verb ကို သုံးစွဲပုံကို သတိထားကြည့်ရအောင်။
of/at/for (etc.) + -ing
·         After a preposition (of/at/for etc.), a verb ends in –ing.
Preposition တစ်ခုရဲ့နောက်မှာ verb က -ing နဲ့ အဆုံးသတ်ပါတယ်။
§  I’m not very good at telling stories.
ကျွန်တော်က ဇာတ်လမ်းတွေပြောတာမှာ သိပ်မတော်ဘူး။
§  Are you fed up with doing the same thing every day?
နေ့တိုင်း တစ်မျိုးတည်းကို လုပ်နေရတာ ခင်ဗျား စိတ်ပျက်သလား။
§  I’m sorry for not phoning you yesterday.
မနေ့က နင့်ဆီကို ဖုန်းမဆက်မိတဲ့အတွက် စိတ်မကောင်းပါဘူး။
§  Thank you for helping me.
ကျွန်တော့်ကို ကူညီတဲ့အတွက် ကျေးဇူးပါ။
§  Mark is thinking of buying a new car.
မာ့ခ်က ကားသစ်တစ်စီးကို ဝယ်ဖို့ စဉ်းစားနေတယ်။
§  Tom left without saying goodbye. ( = he didn’t say goodbye)
တွမ်က နှုတ်မဆက်ဘဲ ထွက်ခွာခဲ့တယ်။
§  After doing the shopping, they went home.
ဈေးဝယ်ထွက်ပြီးတဲ့နောက်မှာ သူတို့က အိမ်ပြန်ခဲ့တယ်။
ဒီလောက်ဆိုရင် adjective + preposition ပုံစံ နဲ့ preposition + -ing ပုံစံကို အထိုက်အလျောက် နားလည်ပြီ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝ တိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ