နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, May 5, 2020

up, over, through etc.


အင်္ဂလိပ်လို ပြောဆိုရေးသားရာမှာ အသုံးတည့်လှတဲ့ prepositions တွေကို ကျွန်တော်တို့ ကြည့်ကြရအောင်။
ဝါကျသုံးကြောင်းကို အရင်ကြည့်ကြမယ်။
§  Jane is going to France next week.
ဂျိန်းက လာမယ့်အပတ်မှာ ပြင်သစ်ကို သွားမယ်။
§  We walked from the hotel to the station.
ကျွန်တော်တို့က ဟိုတယ်ကနေ ဘူတာကို လမ်းလျှောက်သွားခဲ့တယ်။
§  A lot of English words come from Latin.
အင်္ဂလိပ်စကားလုံးများစွာက လက်တင်က လာတယ်။
ဒီဥပမာဝါကျတွေမှာပါတဲ့ to တို့ from တို့ကို သတိထားကြည့်မယ်ဆိုရင် to (ဆီသို့။ သို့) ဆိုတာက ဦးတည်တဲ့ နေရာတစ်ခုကို ညွှန်းပြီး from (မှ။ က) ဆိုတာကတော့ ထွက်ခွာတဲ့ နေရာကို ညွှန်းမှန်း မြင်သာမယ်နော်။
ပုံလေးကို ကြည့်လိုက်ပါ။

 


နောက်ထပ် ဝါကျတွေ ကြည့်ပါဦး။
§  We jumped into the water.
ကျွန်တော်တို့က ရေထဲကို ခုန်ချခဲ့တယ်။
§  A man came out of the house and got into a car.
လူတစ်ယောက်က အိမ်ထဲကထွက်ပြီး ကားထဲကို ဝင်ခဲ့တယ်။
§  Why are you looking out of the window?
မင်းဘာလို့ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတာလဲ။
§  I took the old batteries out of the radio.
ကျွန်တော်က ရေဒီယိုထဲက ဘက်ထရီအဟောင်းတွေကို ထုတ်ခဲ့တယ်။
          ဒီဥပမာတွေအရ “အတွင်းသို့၊ အထဲသို့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ in/into သုံးပြီး “အပြင်ဘက်သို့၊ မှ…ထွက်” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆို out of သုံးရမယ်ဆိုတာ သိနိုင်တာပေါ့။
“တစ်ခုခုကိုထည့်သည်” လို့ ပြောချင်ရင် put something in ….လို့ပဲ ပြောရပါတယ်။ put something into လို့ မပြောပါဘူး။  
§  I put new batteries in the radio.
ကျွန်တော်က ရေဒီယိုထဲကို ဘက်ထရီအသစ်တွေ ထည့်ခဲ့တယ်။
          ပိုပြီး မြင်သာသွားအောင် ပုံလေးနဲ့ တွဲကြည့်ပါဦး။
 





on, off သုံးစွဲပုံကိုလည်း ဆက်ကြည့်ကြမယ်။
ဥပမာ-
§  Don’t’ put your feet on the table.
မင်းရဲ့ခြေထောက်ကို စားပွဲပေါ်မတင်နဲ့။
§  Please take your feet off the table.
မင်းရဲ့ခြေထောက်ကို စားပွဲပေါ်က ဖယ်လိုက်ပါ။
§  I’m going to hang some pictures on the wall.
ကျွန်တော်က နံရံပေါ်မှာ ပုံတစ်ချို့ ချိတ်မယ်။
§  Be careful! Don’t fall off your bike.
သတိထား။ စက်ဘီးမလဲစေနဲ့။
§  We got on the bus in Princess Street.
ကျွန်တော်တို့က ပရင့်ဆက်လမ်းမှာ ဘတ်စကားပေါ်တက်တယ်။
“အပေါ်တွင်” ဆိုရင် on ၊ ဖယ်ခွာတဲ့သဘောနဲ့ “မှ၊ က” ဆိုရင် off သုံးရတာကို မြင်မယ်ထင်တယ်နော်။ ပိုရှင်းသွားအောင် ပုံလေးလည်း ကြည့်လိုက်ပါဦး။
Text Box:  Text Box:
 




          “အထက်သို့။ အပေါ်ကို” လို့ အဓိပ္ပာယ်ရတဲ့ up နဲ့ “အောက်သို့။ အနိမ့်သို့” လို့ အဓိပ္ပာယ်ရတဲ့ down အကြောင်း ကြည့်ရအောင်။
          ဥပမာဝါကျတွေကို ဖတ်ကြည့်ပါ။
§  We walked up the hill to the house.
ကျွန်တော်တို့က အိမ်ဆီကို တောင်ကုန်းလေးတစ်လျှောက်တက်သွားတယ်။
§  Be careful! Don’t fall down the stairs.
သတိထား။ လှေကားကနေ မကျစေနဲ့။
          ပုံလေးကို ကြည့်ပါဦး။ ပိုရှင်းသွားမယ်နော်။

Text Box:
Text Box:
 




          ဒီတစ်ခါမှာတော့ over နဲ့ under ကို ကြည့်ကြမယ်။
§  The plane flew over the mountains.
လေယာဉ်က တောင်တွေပေါ်က ပျံသွားတယ်။
§  I jumped over the wall into the garden.
ကျွန်တော်က နံရံကိုကျော်ပြီး ဥယျာဉ်ထဲ ခုန်ချခဲ့တယ်။
§  Some people say it is unlucky to walk under a ladder.
လှေကားအောက်ကနေ လျှောက်တာက ကံမကောင်းဘူးလို့ တချို့လူတွေကပြောကြတယ်။
          “အထက်တွင်၊ အပေါ်က။” “ကျော်။ ဖြတ်၍” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် over ကို သုံးပြီး “အောက်။ အောက်သို့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် under သုံးရတယ်။ ဥပမာတွေဖတ်တဲ့အခါ ဒီသဘောကိုတွေ့မယ်နော်။ ပုံလေးလည်း ကြည့်လိုက်ပါ။
Text Box:
Text Box:
 





          through (ဖြတ်)၊ round (ပတ်၍၊ ကွေ့လျက်) ဆိုတဲ့ စကားလုံးတွေကိုလည်း လေ့လာကြည့်ပါဦး။
          ဥပမာများ
§  A bird flew into the room through a window.
ငှက်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲ ပျံဝင်လာတယ်။
§  The old road goes through the village.
လမ်းဟောင်းက ရွာကို ဖြတ်သွားတယ်။
§  The new road goes round the village.
လမ်းသစ်က ရွာကို ပတ်သွားတယ်။
§  The bus stop is just round the corner.
ဘတ်စကားမှတ်တိုင်က လမ်းအကွေ့နားလေးမှာ။
§  I walked round the town and took some photographs.
ကျွန်တော်က မြို့တစ်ပတ်လျှောက်ပြီး ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။
          around ကို သုံးလို့လည်း ရပါတယ်။ round နဲ့ အဓိပ္ပာယ်တူတူပါပဲ။
v  around = round
§  We walked around the town.
ကျွန်တော်တို့က မြို့တစ်ပတ်လျှောက်ခဲ့တယ်။
          သုံးစွဲပုံတွေကို ရှင်းရှင်းလင်းလင်း မြင်အောင် ပုံကြည့်လိုက်ပါဦး။
 







         
along နဲ့ across ကိုလည်း လေ့လာကြတာပေါ့။ ဥပမာဝါကျတွေမှာ ဒီလိုပြောထားတယ်။
§  I was walking along the road with my dog.
ကျွန်တော်က ကျွန်တော့်ရဲ့ ခွေးနဲ့ လမ်းတစ်လျှောက် လမ်းလျှောက်နေတာ။
§  Let’s go for a walk along the river.
မြစ်ကမ်းတစ်လျှောက်မှာ လမ်းလျှောက်ထွက်ကြစို့။
§  The dog swam across the river.
ခွေးက မြစ်ကို ဖြတ်ကူးသွားတယ်။
          “တစ်လျှောက်၊ အတိုင်း” ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုရင် along သုံးပြီးတော့ တစ်ဖက်မှတစ်ဖက်သို့ ဖြတ်သန်းတဲ့ သဘောနဲ့ဆိုရင် across (ဖြတ်၊ ဖြတ်သန်း) သုံးတာ မြင်မယ်ထင်ပါတယ်။
          ဒီပုံလေးတွေနဲ့ တွဲကြည့်ပါ။
Text Box:  Text Box:
 





နောက်ဆုံးတစ်ခုအနေနဲ့ past (ကျော်၊ ဖြတ်) အကြောင်းကို ကြည့်ရအောင်။ ဥပမာ ဝါကျတွေ ဖတ်ပါဦး။
§  They walked past me without speaking.
သူတို့က စကားမပြောဘဲ ငါ့ကို ဖြတ်ပြီး လျှောက်သွားတယ်။
§  A: Excuse me, how do I get to the hospital?
တဆိတ်လောက်ခင်ဗျာ။ ဆေးရုံကို ဘယ်လို သွားရမလဲ။
B: Go along this road, past the cinema, under the bridge and the hospital is on the left.
ဒီလမ်းအတိုင်းသွား၊ ရုပ်ရှင်ရုံကို ကျော်လိုက်။ တံတားအောက်မှာပဲ၊ ဆေးရုံက ဘယ်ဘက်မှာ။
          ပုံလေး ကြည့်ပါဦး။ ရှင်းသွားမယ်နော်။
Text Box:  Text Box:
 






ဒီလောက်ဆိုရင် to, from, into, out of, on, off, up, down, over, under, through, round (around), along, across, past တို့အကြောင်းကို အတော်အသင့် နားလည်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝ တိုးတက်နိုင်ပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ