နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, November 24, 2017

တစ်ခုခုကို ပိုကြိုက်တဲ့အကြောင်း၊ ပိုသဘောကျတဲ့အကြောင်းကို အင်္ဂလိပ်လို ဘယ်လိုပြောနိုင်သလဲ

ဒီတစ်ခါမှာတော့ တစ်ခုခုကို ပိုကြိုက်တဲ့အကြောင်း၊ ပိုသဘောကျတဲ့အကြောင်းကို အင်္ဂလိပ်လို ဘယ်လိုပြောနိုင်သလဲဆိုတာ လေ့လာကြရအောင်။ 

          ပိုကြိုက်တယ်၊ ပိုသဘောကျတယ်ဆိုတာကို prefer လို့ခေါ်ပါတယ်။ သူ့ရဲ့ noun ပုံစံက preference ပါ။ တစ်ခုခုကို ပိုကြိုက်တဲ့အကြောင်းကို ပြောချင်ရင် အခုပုံစံလေးသုံးပြီး ပြောလို့၊ ရေးလို့ရပါတယ်။

prefer + Noun Phrase + to + Noun Phrase
သူ့ရဲ့အဓိပာယ်ကို အင်္ဂလိပ်လိုဖွင့်ဆိုပြရရင်တော့ to like something more than something ပါပဲ။ တစ်စုံတစ်ခုကို တခြားတစ်စုံတစ်ခုထက်ပိုကြိုက်တယ်ပေါ့။  မြင်သာသွားအောင် ဥပမာလေးတစ်ခု ထုတ်နှုတ် ပြပါမယ်။

I prefer coffee to tea.
ကျွန်တော်က ကော်ဖီကို လက်ဖက်ရည်ထက်ပိုကြိုက်တယ်။
ဒီဝါကျဟာ I like coffee more than tea. ဆိုတာနဲ့ အတူတူပါပဲ။ နောက်ထပ်ဥပမာတွေကြည့်ပါဦး။

(1)  I prefer rice to pasta.
ကျွန်တော်က ထမင်းကို ပါးစတာ (အီတလီခေါက်ဆွဲခြောက်) ထက်ပိုကြိုက်တယ်။
(2)  I prefer reading to writing.
ကျွန်တော်က စာဖတ်ရတာကို စာရေးရတာထက် ပိုကြိုက်တယ်။
(3)  Mark prefers watching TV to listening to the radio.
မာ့ခ်က တီဗီကြည့်ရတာကို ရေဒီယိုနားထောင်ရတာထက် ပိုသဘောကျတယ်။

ဒီဝါကျတွေမှာ prefer သုံးထားတာကို သတိထားကြည့်ပါဦး။ အားလုံးက simple present tense ပုံစံတွေချည်းပဲနော်။ ဘာလို့လဲဆိုတော့ ဒါတွေက အချက်အလက်တွေကို ပြောတာပါ။ ပိုနားရှင်းအောင် ပြောရရင် အမြဲတမ်းဖြစ်နေတာတွေပါပဲ။ ဒီလိုအခြေအနေမှာ simple present tense သုံးရပါတယ်။ tense အသုံးကို သိပြီးသားဖြစ်မယ်ထင်ပါတယ်။

နောက်ထပ်အသုံးဝင်တဲ့ပုံစံတစ်ခုကတော့-
would prefer + infinitive
infinitive ဆိုတာ verb ရဲ့မူရင်းပုံစံအတိုင်း ဘာမှမပြောင်းလဲဘဲ၊ မပေါင်းထည့်ဘဲ သုံးတဲ့ပုံစံကို ပြောတာပါ။ 

ဒီဝါကျတည်ဆောက်ပုံကို ပစ္စုပန်နဲ့ အနာဂတ်အခြေအနေမှာ ပိုသဘောကျတာတွေကို ဖော်ပြဖို့ သုံးပါတယ်။ ရှင်းလင်းသွားအောင် ဥပမာတွေနဲ့ တွဲကြည့်ပါ။

I would prefer to go to New York.
ငါက နယူးယောက်မြို့ကို သွားရတာ ပိုသဘောကျလိမ့်မယ်။

ဒါက would prefer + infinitive ပုံစံပါပဲ။ အတိုကောက် ဒီလိုပြောလို့လည်း ရသေးတယ်။
I’d prefer to go to New York.
နောက်ထပ်ဥပမာတွေကြည့်ပါဦး။
Mark: Let’s get a taxi.
မာ့ခ်: တက္ကစီ စီးရအောင်။
Jane: I’d prefer to walk.
ဂျိန်း : ငါကတော့ လမ်းလျှောက်ရတာ ပိုသဘောကျတယ်။
အငြင်းဝါကျဆိုရင် ဒီလိုပြောနိုင်တယ်။
Jane: I’d prefer not to get a taxi.
ဂျိန်း: တက္ကစီ မစီးတာကို ငါပိုသဘောကျတယ်။
မေးခွန်းဝါကျကတော့ ဒီလိုပြောပါ။
Mark: Would you prefer to walk?
မာ့ခ်: နင်က လမ်းလျှောက်ရတာကို ပိုသဘောကျတာလား။

ဒီတစ်ခါ ရှည်ရှည်လျားလျားပုံစံတစ်ခုအကြောင်းကို ပြောပါမယ်။ ဒီပုံစံပါ။
would prefer + infinitive + rather than + base form of verb
ဒီပုံစံက ဘာကိုဆိုလိုတာလဲ။ အင်္ဂလိပ်လို မှတ်သားထားလိုက်ပါ။
to want to do something more than another thing (in the present or future) - (ပစ္စုပန် သို့မဟုတ် အနာဂတ်မှာ) တစ်ခုခုကို အခြားတစ်ခုထက်ပိုပြီး လုပ်ချင်တယ်
ဥပမာကြည့်ပါဦး။
I would prefer to go to New York rather than go to Los Angeles.
ကျွန်တော်က လော့စ်အိန်ဂျယ်လိစ်ထက် နယူယောက်ကို ပိုပြီးသွားချင်တယ်။

နောက်ထပ် ဥပမာကြည့်ပါဦး။
Jane: I’d prefer to walk rather than get a taxi.
ဂျိန်း: ငါက တက္ကစီစီးရမှာထက် လမ်းလျှောက်ရတာ ပိုသဘောကျတယ်။

နောက်ထပ် ဝါကျတည်ဆောက်ပုံတစ်ခုကို ကြည့်ပါဦး။
would prefer + object pronoun + infinitive
ဒီပုံစံကတော့ ရှေ့ကပုံစံတွေနဲ့ နည်းနည်းကွာခြားပါတယ်။ (ပစ္စုပန် သို့မဟုတ် အနာဂတ်မှာ) တခြားသူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ပိုသဘောကျတဲ့အကြောင်းဖော်ပြဖို့ သုံးပါတယ် [to describe our preferences for the actions of another person (in the present or future)] ဥပမာလေးနဲ့သာ တွဲပြီးလေ့လာပါ။
I would prefer him to drive.
ငါက သူကားမောင်းတာ ပိုသဘောကျတယ်။

ကိုယ်က ကားမမောင်းချင်ဘူး။ သူမောင်းတာပဲ သဘောကျတယ်။ ဒီလိုသဘောနဲ့ ပြောတဲ့အခါ တခြားသူတစ်ယောက်ကို ရည်ညွှန်းဖို့ object pronoun ဖြစ်တဲ့ him ကို ထည့်ပြီးပြောပါတယ်။ ဒီနေရာမှာ subject pronoun ဖြစ်တဲ့ he သွားထည့်လို့ မရပါဘူး။

အငြင်းဝါကျပုံစံကတော့
I would prefer her not to drive.
အငြင်းဝါကျလုပ်တဲ့အခါ not က object pronoun ရဲ့ နောက်က လိုက်ပေးရပါတယ်။ infinitive ဖြစ်တဲ့ to drive ရဲ့ ရှေ့ပေါ့။ ဆိုလိုချင်တာက သူ(မ)ကို ကားမမောင်းစေချင်ဘူး။ သူ ကားမောင်းတာပဲ ပိုသဘောကျတယ်။

မေးခွန်းပုံစံကတော့ ဒီလိုပါ။
Would you prefer me to drive?
ငါကားမောင်းတာကို မင်းပိုသဘောကျတာလား။ (ငါ့ကိုပဲ ကားမောင်းစေချင်လား ဆိုတဲ့ သဘောပါ)
Would you prefer him to drive?
သူ ကားမောင်းတာကို မင်းပိုသဘောကျတာလား။
Would you prefer her to drive?
သူ(မ) ကားမောင်းတာကို မင်းပိုသဘောကျတာလား။

ခုလောက်ဆိုရင် ပိုသဘောကျတဲ့အကြောင်းကို ပြောပုံတွေ အတော်စုံစုံလင်လင် သိရပါပြီ။ မှားတတ်တာလေးတွေလည်း ကြည့်ကြရအောင်။

Preferences တွေကို ပြောတဲ့အခါမှာ အတွေ့ရများတဲ့ အမှားသုံးခု (3 Common mistakes) ရှိပါတယ်။
ပထမဆုံးတစ်ခုက-
ငါက စာဖတ်ရတာ ပိုကြိုက်တယ်။ ဒီဝါကျကို ရေးတဲ့အခါ
I would prefer read. (â) ဒါဆိုမှားပါတယ်။ အမှန်ဖြစ်ရမှာက
I would prefer to read. (Â)

would prefer ရဲ့ နောက်က to+infinitive လိုက်ပေးရပါတယ်။ base form သက်သက်ဆိုရင် မှားပါတယ်။

ဒုတိယမှားတတ်တာတစ်ခုကတော့ မြန်မာလို တိုက်ရိုက်တွေးလို့ မှားတတ်တဲ့ အမှားမျိုးပါ။ ဆိုပါတော့ ငါက လက်ဖက်ရည်ထက် ကော်ဖီပိုကြိုက်တယ်ဆိုတဲ့ ဝါကျကို ရေးကြည့်မယ်။
I prefer coffee than tea. (â)

ဒီဝါကျက ဘာလို့မှားရသလဲ။ တကယ်တော့ prefer ရဲ့နောက်က to လိုက်ပေးရပါတယ်။ ပုံမှန်စဉ်းစားနေကျ than မထည့်ရပါဘူး။ ဒီလို ပြင်ပြီးရေးကြည့်မယ်။
I prefer coffee to tea. (Â)

အတွေ့ရအင်မတန်များတဲ့ တတိယမြောက် အမှားတစ်ခုက ဒီလိုပါ။
I’d prefer to walk than get a taxi. (â)
I’d prefer to walk rather than get a taxi. (Â)

ဒီလောက်ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။ စာတွေ ဖတ်ပြီးလေ့လာပြီးပြီးဆိုရင် ပြည့်ပြည့်စုံစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရှင်းပြထားတဲ့ ဗီဒီယိုလေးလည်း ကြည့်ပါဦး။

အင်္ဂလိပ်စာလေ့လာရင်း တိုးတက်အောင် ကြိုးစားကြပါစို့။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ