နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, November 24, 2017

What is marketing?

ဒီနေ့ခေတ်မှာ လေ့လာသင်ယူလာကြတဲ့အထဲမှာ စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်တွေ၊ စီးပွားရေး ပညာရပ်တွေရေပန်းစားလာတာ သတိထားမိလာပါတယ်။ Marketing တို့ Management တို့ စတဲ့ စကားလုံးတွေ မမြင်ချင်မှအဆုံးတွေ့လာရပါတယ်။ အဲဒီထဲကမှ လူငယ်တွေအတွက် Marketing ဆိုတာကို မိတ်ဆက်ပေးချင်ပါတယ်။ စီးပွားရေးဆိုင်ရာဗဟုသုတအနည်းအကျဉ်းလည်းရ၊ အင်္ဂလိပ်စာလည်းတိုးတက်၊ ဗီဒီယိုဖိုင်ကို ကြည့်ရင်း နားထောင်စွမ်းရည်ပါရ၊ တစ်ချက်ခုတ် သုံးချက်ပြတ်အကျိုးရှိအောင် လေ့လာကြရအောင်။
 
What is marketing?
ဈေးကွက်ထိုးဖောက်ခြင်းဆိုတာ ဘာလဲ။
How would you explain marketing?
ဈေးကွက်ထိုးဖောက်ခြင်းဆိုတာကို ဘယ်လိုရှင်းပြကြမလဲ။
The first few words that usually pop into a person’s head are marketing equals sales.
လူတစ်ယောက်ရဲ့ ခေါင်းထဲကို ဝင်လာလေ့ရှိတဲ့ ပထမဆုံး စကားလုံးနည်းနည်းကတော့ ဈေးကွက် ထိုးဖောက်ခြင်း ဆိုတာ အရောင်းနဲ့ တူတယ်ဆိုပြီးတော့ပါ။
Marketing is not just personal selling or even just advertising.
ဈေးကွက်ထိုးဖောက်ခြင်းဆိုတာ ကိုယ်တိုင် ရောင်းချခြင်းသက်သက် မဟုတ်ပါဘူး။ ကြော်ငြာတာ သက်သက် လည်း မဟုတ်ပါဘူး။
Most people define marketing in a very limited way.
လူအများစုကို ဈေးကွက်ထိုးဖောက်ခြင်းဆိုတာကို အလွန်ကန့်သတ်တဲ့နည်းလမ်းနဲ့ အဓိပာယ်ဖွင့်ကြပါတယ်။
Marketing includes activities such as public relations, sales promotion, advertising, social media, pricing, distribution, and many other functions.
ဈေးကွက်ထိုးဖောက်ခြင်းဆိုတာမှာ အများပြည်သူနဲ့ ဆက်ဆံရေး၊ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်း၊ လူမှုမီဒီယာ၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလိုမျိုးလုပ်ဆောင်ချက်တွေနဲ့ တခြားလုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပါတယ်။
Companies have increased their marketing budgets dramatically.
ကုမဏီတွေက သူတို့ရဲ့ဈေးကွက်ထိုးဖောက်ရေး ဘတ်ဂျတ်ကို သိသိသာသာတိုးမြင့်လာပါတယ်။
For example, it is estimated that companies spend over 15 billion dollars annually on marketing to just kids.
ဥပမာအားဖြင့် ကုမဏီတွေဟာ ကလေးတွေအတွက်ကို ဈေးကွက်ထိုးဖောက်ဖို့ ၁၅ဘီလီယံကျော် နှစ်စဉ်သုံးစွဲတယ်လို့ ခန့်မှန်းရပါတယ်။
This is an increase of over 2.5 times more than they were spending in 1992.
ဒါဟာ ၁၉၉၂ တုန်းက သူတို့သုံးစွဲနေခဲ့တာရဲ့ နှစ်ဆခွဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။
The cumulative function of marketing is to communicate, deliver and create value to the consumer.
တစ်စတစ်စတိုးပွားလာတဲ့ ဈေးကွက်ထိုးဖောက်ခြင်းရဲ့ လုပ်ဆောင်ချက်တွေကတော့ ဆက်သွယ်ရန်၊ ပေးပို့ရန် နဲ့ သုံးစွဲသူတွေအတွက် တန်ဖိုးဖန်တီးပေးရန်ဖြစ်ပါတယ်။
In addition, companies must take consideration their employees, stakeholders, and society.
ဒါ့အပြင် ကုမဏီတွေက သူတို့ရဲ့အလုပ်သမားတွေ၊ အစုရှယ်ယာရှင်တွေနဲ့ လူ့အဖွဲ့အစည်းကို ထည့်သွင်းစဉ်းစားရမှာပါ။
The most successful companies engage in very consumer oriented marketing.
အအောင်မြင်ဆုံး ကုမဏီတွေက သုံးစွဲသူဦးစားပေးတဲ့ ဈေးကွက်ထိုးဖောက်ခြင်းမှာ ပါဝင်ပါတယ်။
They spend enormous amount of time, money and resources examining the everyday lives of their consumers,
သူတို့က အချိန်၊ ငွေ၊ အရင်းအမြစ်ပမာဏ အများကြီးကို သူတို့ဖောက်သည်တွေရဲ့ နေ့စဉ်ဘဝကို စစ်ဆေးရင်းသုံးစွဲကြပါတယ်။
and then create products to fill the needs.
အဲဒီနောက်မှာ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ထုတ်ကုန်တွေကို ဖန်တီးပေးပါတယ်။
Examples of companies that are known for creative, leading-edge marketing are Disney, Pepsi, Apple and Procter & Gamble.
ဖန်တီးနိုင်စွမ်းရှိပြီး ရှေ့တန်းအရောက်ဆုံး ဈေးကွက်ထိုးဖောက်ခြင်းကြောင့် လူသိများကြတဲ့ ကုမဏီဥပမာတွေက ဒစ္စနေ၊ ပက်ပ်စီ နဲ့ P&G တို့ဖြစ်ကြပါတယ်။
Marketing is made up of four elements – Product, Place, Promotion, and Price.
ဈေးကွက်ထိုးဖောက်ခြင်းကို အခြေခံသဘောတရားလေးခုနဲ့ ဖွဲ့စည်းထားပါတယ်။ ထုတ်ကုန်၊ နေရာ၊ အရောင်းမြှင့်တင်ရေး နဲ့ ဈေးနှုန်းတို့ပဲဖြစ်ပါတယ်။
These elements must be used in a cohesive plan to effectively target the consumer.
ဒီအခြေခံသဘောတရားတွေကို သုံးစွဲသူတစ်ယောက်ကို ထိရောက်စွာ ပစ်မှတ်ထားနိုင်ဖို့အတွက် စည်းလုံးတဲ့ အစီအစဉ်တစ်ခုနဲ့ သုံးရပါမယ်။
A product can be either physical product or service.
ထုတ်ကုန်ဆိုတာ ရုပ်ဝတ္ထုထုတ်ကုန်တစ်ခုဖြစ်နိုင်သလို ဝန်ဆောင်မှုလည်း ဖြစ်နိုင်ပါတယ်။
Place is where the product is purchased.
နေရာဆိုတာ ဒီထုတ်ကုန်ကို ဝယ်ယူတဲ့နေရာပဲဖြစ်ပါတယ်။
Price is the amount a consumer pays for the product and promotion consists of the communication tools used to effectively get the company’s message out.
ဈေးနှုန်းဆိုတာ ထုတ်ကုန်တစ်ခုအတွက် သုံးစွဲသူကပေးတဲ့ ပမာဏဖြစ်ပါတယ်။ အရောင်းမြှင့်တင်ခြင်းမှာတော့ ကုမဏီရဲ့သတင်းစကားကို ထိထိရောက်ရောက်ထုတ်ပေးနိုင်တဲ့ ဆက်သွယ်ရေးကိရိယာတွေပါဝင်ပါတယ်။
The official definition of marketing is (that) it is a philosophy whose main focus is providing customer satisfaction.
ဈေးကွက်ထိုးဖောက်ခြင်းရဲ့ တရားဝင်အဓိပာယ်ဖွင့်ဆိုချက်ကတော့ ဖောက်သည်စိတ်ကျေနပ်မှုကို စီစဉ်ပေးနိုင်မှု အပေါ်အဓိကထားတဲ့ ဒဿနပါပဲ။
Marketing is the activity, set of institutions, and processes for creating, communicating, delivering, and exchanging offerings that have value for customers, clients, partners, and society at large.
ဈေးကွက်ထိုးဖောက်ခြင်းဆိုတာ ဖန်တီးခြင်း၊ ဆက်သွယ်ခြင်း၊ ပေးပို့ခြင်း နဲ့ စားသုံးသူတွေ၊ ဖောက်သည်တွေ၊ တွဲဖက်တွေနဲ့ အများစုအနေနဲ့ လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်ချက်၊ ထုံးတမ်းဓလေ့အစု နဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။
Also include in the definition are all the activities to help businesses reach their target markets effectively.
ဒီ အဓိပာယ်ဖွင့်ဆိုချက်မှာ စီးပွားရေးလုပ်ငန်းတွေ သူတို့ရဲ့ဦးတည်ရာဈေးကွက်ကို ထိထိရောက်ရောက် ရောက်ရှိစေဖို့ကူညီတဲ့ လှုပ်ရှားမှုအားလုံးလည်း ပါဝင်ပါတယ်။
The ultimate outcome for marketing is so as successful exchange occurs.
ဈေးကွက်ထိုးဖောက်ခြင်းရဲ့ အဆုံးသတ်ရလာဒ်ကတော့ အောင်မြင်တဲ့ဖလှယ်မှုဖြစ်ပေါ်စေဖို့ပါပဲ။

          ဒီလောက်ဆိုရင် ဗဟုသုတအတော်တိုးမယ်လို့ ထင်ပါတယ်။ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ထပ်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ စာတစ်ခေါက်ဖတ်ပြီးတာနဲ့ ဗီဒီယိုဖိုင်လေးကို စာမကြည့်ဘဲနားထောင်ကြည့်ပါ။ ကိုယ်နားထောင်ထားတာကို စာနဲ့ပြန်တိုက်ဆိုင်ပြီး ဖတ်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ