နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, November 24, 2017

Talking about Free Time and Hobbies

ဒီတစ်ပတ် သင်ခန်းစာမှာတော့ Talking about Free Time and Hobbies ဆိုတဲ့ ခေါင်းစဉ်လေးကို ဆွေးနွေးရအောင်။ စာဖတ်သူတွေကို မေးပါရစေ- What do you like doing in your free time? Do you have any interesting hobbies?

အားလပ်ချိန်အကြောင်း ပြောတာဟာ အင်္ဂလိပ်လို စကားစမြည်စပြောဖို့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ စကားပြောတဲ့အခါ ပြောတဲ့သူတွေအကြားမှာ တူညီတာလေးတွေရှိရင် ပိုပြီးရင်းနှီးတတ်ပါတယ်။ ဆိုပါတော့ အင်္ဂလိပ်စာလေ့လာရတာ စိတ်ဝင်စားတဲ့သူနှစ်ယောက်ဆုံရင် အင်္ဂလိပ်စာအကြောင်း ပြောစရာတွေ အများကြီးရှိတယ်။ ဘောလုံးအားကစားကို စိတ်ဝင်စားရင် ဘောလုံးအကြောင်း ရေပက်မဝင် ပြောစရာတွေရှိတယ်။ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်းနှီးဖို့ တူညီတာတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့် အားလပ်ချိန်အကြောင်း၊ ဝါသနာတွေအကြောင်း အင်္ဂလိပ်လိုပြောတတ်တာဟာ အင်မတန်အကျိုးများပါတယ်။ အင်္ဂလိပ်လို တိုတိုရှင်းရှင်းပြောရရင် ဒီလိုပေါ့။ Talking about your free time is a great way to start a conversation in English or to find things in common when you are speaking to somebody.

Part One: Free time and hobbies vocabulary
အပိုင်းတစ်: အားလပ်ချိန်နဲ့ ဝါသနာအကြောင်း ဝေါဟာရများ
ဝေါဟာရတွေ အရင်စုဆောင်းရအောင်။ အားလပ်ချိန်မှာ လုပ်တတ်တာ ဘာတွေကို သိပါသလဲ။ ဗီဒီယိုထဲမှာ native speaker ဆရာက ဒီလိုပြောပြထားပါတယ်။ နားထောင်ရင်း ဖတ်ကြည့်ပါ။ Some people prefer things you can do at home like watching TV, reading, or cooking. Other people like sports like playing football, playing basketball, playing tennis, going swimming, going jogging, going climbing or maybe doing boxing, doing judo, or doing yoga. Of course many people prefer more social activities. For example hanging out with your friends, relaxing with your family, or going shopping. Or maybe you like to do something more creative like taking photos, painting, or writing stories or writing a blog.
ဒါတွေကို အုပ်စုဖွဲ့ပြီး ဝေါဟာရတွေ စုကြည့်မယ်။
Things you can do at home - အိမ်မှာလုပ်နိုင်တဲ့အရာများ
(1)  watching TV - တီဗီကြည့်ခြင်း
(2)  reading - စာဖတ်ခြင်း
(3)  cooking - ချက်ပြုတ်ခြင်း
Sports - အားကစားများ
(1)  playing football – ဘောလုံးကစားခြင်း
(2)  playing basketball – ဘတ်စကတ်ဘောကစားခြင်း
(3)  playing tennis - တင်းနစ်ကစားခြင်း
(4)  going swimming - ရေကူးခြင်း
(5)  going jogging - ဖြည်းဖြည်းမှန်မှန်ပြေးခြင်း။ ရွရွပြေးခြင်း
(6)  going climbing - တောင်တက်ခြင်း
(7)  doing boxing - လက်ဝှေ့ထိုးခြင်း
(8)  doing judo - ဂျူဒိုကစားခြင်း
(9)  doing yoga - ယောဂကျင့်ခြင်း
Social activities လူမှုလှုပ်ရှားမှုများ
(1)  hanging out with friends - သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်း
(2)  relaxing with family - မိသားစုနဲ့ အပန်းဖြေခြင်း
(3)  going shopping - ဈေးဝယ်ထွက်ခြင်း
Something more creative - ပိုပြီးဖန်တီးနိုင်စွမ်းရှိတဲ့ တစ်စုံတစ်ခု
(1)  taking photos - ဓာတ်ပုံရိုက်ခြင်း
(2)  painting - ပန်းချီဆွဲခြင်း
(3)  writing stories - ဇာတ်လမ်းရေးသားခြင်း
(4)  writing a blog - ဘလော့ဂ် မှာ ရေးသားခြင်း

Part Two: What do you like doing?
အပိုင်းနှစ်: သင်ဘာလုပ်ရတာကို ကြိုက်သလဲ
ကိုယ်လုပ်ရတာ ကြိုက်နှစ်သက်တဲ့အရာကို ပြောချင်ရင် ဒီပုံစံနဲ့ ပြောကြည့်ပါ။ 

In my free time, I like …………
အားလပ်ချိန်မှာ ကျွန်တော်က …… ကြိုက်တယ်။
ဥပမာ-
In my free time, I like playing basketball.
အားလပ်ချိန်မှာ ဘတ်စကတ်ဘော ကစားရတာ ကြိုက်တယ်။
In my free time, I like relaxing with my family.
အားလပ်ချိန်မှာ မိသားစုနဲ့ အပန်းဖြေရတာကို ကြိုက်တယ်။
In my free time, I like reading books.
အားလပ်ချိန်မှာ စာအုပ်တွေဖတ်ရတာ ကြိုက်တယ်။

ဒီနေရာမှာ pattern တစ်ခုကို သတိထားပါ။ like + -ing ပုံစံပါ။
ကိုယ်လုပ်ရတာ ကြိုက်နှစ်သက်တဲ့အရာကို ကိုယ့်ဘာသာ ပြောကြည့်ပါဦး။ ဒါပေမဲ့ like ကိုပဲသုံးရတာက ထပ်နေပြီ။ ငြီးငွေ့စရာဖြစ်ပါသတဲ့။ ဒါကြောင့် ဒီ verb တွေကို လည်း သုံးနိုင်ပါတယ်။
§  I love ….
§  I enjoy …..
§  I hate
ဥပမာ-
I love going swimming. ရေကူးရတာ ကြိုက်တယ်။
I enjoy watching TV. တီဗီကြည့်ရတာ သဘောကျတယ်။
I hate going shopping. ဈေးဝယ်ထွက်ရတာ မုန်းတယ်။

ဒီနေရာမှာလည်း like နဲ့ သုံးစွဲတဲ့ pattern အတူတူပါပဲ။ ဒီလို သုံးရတာပါ-
§  like + -ing
§  love + -ing
§  enjoy + -ing
§  hate + -ing
ဒီစကားလုံးတွေကို မှတ်သားတဲ့အခါ တွဲသုံးတဲ့ play, go, do စတဲ့ Verb တွေပါ သတိထားပြီး မှတ်သားပါ။

really (တကယ့်ကို), sometimes (တစ်ခါတစ်လေ), absolutely (အသေအချာ။ အပြည့်အဝ။ တကယ်) တို့လို စကားလုံးတွေထည့်ပြီး အဓိပာယ်ကို ပိုပြီးအားကောင်းအောင်၊ ဒါမှမဟုတ် အားနည်းအောင် လုပ်နိုင်ပါတယ်။ (You can also add words like really, sometimes, or absolutely to make your meaning stronger or weaker.)

ဥပမာ-
I really like taking photos. ကျွန်တော်က ဓာတ်ပုံရိုက်ရတာ တကယ့်ကို ကြိုက်တယ်။
Sometimes, I enjoy going jogging. တစ်ခါတစ်လေ ကျွန်တော်က ရွရွပြေးရတာ ကြိုက်တယ်။
I absolutely hate playing football. ကျွန်တော်က ဘောလုံးကစားရတာ တကယ်မုန်းတယ်။

ဒီလောက်ဆိုရင် ကိုယ်ကြိုက်တာ၊ မကြိုက်တာကို ပြောတတ်ပြီထင်ပါတယ်။ နောက်ထပ်တစ်ပိုင်းကို ကြည့်ရအောင်။

Part Three: Adding details to your ideas
အပိုင်းသုံး : သင့်ရဲ့စိတ်ကူးတွေမှာ အသေးစိတ်အချက်များထည့်သွင်းခြင်း
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အားလပ်ချိန်လုပ်ဆောင်ချက်တွေကို အကြိမ်ဘယ်လောက် လုပ်သလဲ ဆိုတာကို ပြောကြည့်ရအောင်။

ဥပမာ-
I like playing sport. I play football every Tuesday evening.
ကျွန်တော်က အားကစားလုပ်ရတာ ကြိုက်တယ်။ အင်္ဂါနေ့ညနေတိုင်း ကျွန်တော် ဘောလုံးကစား ပါတယ်။
I absolutely hate going shopping. I only go shopping once or twice a year.
ကျွန်တော်က ဈေးဝယ်ထွက်ရတာ တကယ်မုန်းတယ်။ တစ်နှစ်မှ တစ်ခါနှစ်ခါလောက်ပဲ ဈေးဝယ်ထွက်တယ်။
I really like taking photos, but I don’t get the chance to do it often.
ကျွန်တော် ဓာတ်ပုံရိုက်ရတာ တကယ်ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒါကို မကြာမကြာလုပ်ဖို့ အခွင့်အရေးမရဘူး။

ကိုယ်အကြိမ်ဘယ်လောက်လုပ်သလဲ ပြောချင်ရင် ဒီစကားစုတွေ သုံးပြီးပြောနိုင်ပါတယ်။
♦ every ……
- Every weekend
- Every Saturday afternoon
- Every day
♦ Once/twice a ……
-       Once a week
-       Twice a month
-       Three times a year

နောက်တစ်ဆင့်အနေနဲ့ ဘယ်နေရာမှာလုပ်သလဲဆိုတဲ့ အသေးစိတ်အချက် ထပ်ထည့်ရအောင်။ ဥပမာ-
I like playing sport. I play football every Tuesday evening at the park near my house.
ကျွန်တော် အားကစားလုပ်ရတာ ကြိုက်တယ်။ အင်္ဂါညနေတိုင်း ကျွန်တော့်အိမ်နားက ပန်းခြံမှာ ကျွန်တော်ဘောလုံးကစားတယ်။
I enjoy having coffee with my friends. We go to a café in the city centre once or twice a week.
ကျွန်တော်က သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်ရတာ သဘောကျတယ်။ ကျွန်တော်တို့ တစ်ပတ်ကို တစ်ကြိမ်နှစ်ကြိမ်လောက် မြို့လယ်က ကဖေးဆိုင်ကို သွားကြတယ်။
I really like taking wildlife photos in the forest, but I don’t get the chance to do it often.
ကျွန်တော်က တောထဲမှာ တောရိုင်းတိရိစာန်တွေကို ဓာတ်ပုံရိုက်ရတာ တကယ့်ကိုကြိုက်တယ်။ ဒါပေမဲ့ အဲဒါကို မကြာမကြာလုပ်ဖို့ အခွင့်အရေးသိပ်မရဘူး။

အခုဆိုရင် အကြောင်းအရာတစ်ခုအပေါ်မှာ အသေးစိတ်လေးတွေ ပိုပြီးထည့်ပြောထားတာ တွေ့ပါ လိမ့်မယ်။ ကိုယ်စကားပြောတဲ့အခါမှာလည်း ဒီလိုပဲ ကိုယ့်ရဲ့ စိတ်ကူးလေးတွေမှာ အသေးစိတ် အချက်တွေ ထည့်ပြောတာ ကောင်းပါတယ်။ဒါမှ ကိုယ့်ရဲ့စကားက ပိုပြီးစိတ်ဝင်စားစရာကောင်းပြီး ပိုသဘာဝကျမှာပေါ့။ 

နောက်ထပ်တစ်ခုအနေနဲ့ နောက်ခံအချက်အလက်တွေ ထည့်ပြောတာ ကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ဒါမှမဟုတ်ရင် ထူးခြားတဲ့ဝါသနာ တစ်ခုခုရှိမယ်ဆိုရင် နောက်ခံအချက်တွေထည့်ပြောတော့ ပုံပြီးရုပ်လုံးကြွလာနိုင်ပါတယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဒါကို စလုပ်ခဲ့သလဲဆိုတာကို ပြောနိုင်ပါတယ်။ (You could talk about where and why you stated doing it.)

ဥပမာ-
I stated playing tennis when I was ten.
ကျွန်တော် အသက်ဆယ်နှစ်တုန်းက တင်းနစ်စပြီး ကစားတယ်။
I’ve been learning to paint for six months now.
အခုဆိုရင် ကျွန်တော်ပန်းချီဆွဲသင်တာ ခြောက်လရှိနေပြီ။
I decided to do yoga because I wanted to be healthy.
ကျွန်တော် ကျန်းမာချင်လို့ ယောဂကျင့်ဖို့ဆုံးဖြတ်ခဲ့တယ်။
My French friend got me into climbing.
ကျွန်တော့်ရဲ့ ပြင်သစ်သူငယ်ချင်က ကျွန်တော် တောင်တက်ရတာ စွဲသွားအောင်လုပ်ခဲ့တာ။
Ø   My friend got me into climbing ဆိုတာက သူငယ်ချင်းက ဒီလှုပ်ရှားမှုကို မိတ်ဆက်ပေးခဲ့တယ်. အခု ကျွန်တော်သဘောကျနေပြီဆိုတဲ့ အဓိပာယ်ပါ။ (My friend introduced this activity to me, and now I like it.)

အခုပြောခဲ့တဲ့ နောက်ခံအကြောင်းအရာတွေကို ပြောဆိုပုံကို ပုံစံလေးချပြီး ပြန်ကြည့်ရင် ဒီလိုမျိုး တွေ့ရပါလိမ့်မယ်။
§  I stated …………. when I was ………..
§  I’ve been …………. for ……………
§  I decided to do ……….. because ………..
§  ………. got me into ……….
ဒီဝါကျပုံစံတွေမှာ ကိုယ်နှစ်သက်ရာအကြောင်းအရာတွေကို အစားထိုးသုံးနိုင်ပါတယ်။

Part Four: Saying why you like or dislike something
အပိုင်းလေး : တစ်ခုခုကို ဘာကြောင့်ကြိုက်နှစ်သက်တယ်၊ မကြိုက်နှစ်သက်ဘူးဆိုတာ ပြောကြားခြင်း
တစ်ခုခုကို ဘာလို့ ကြိုက်နှစ်သက်တယ်၊ မကြိုက်နှစ်သက်ဘူးဆိုတာ ပြောဖို့ သရုပ်ဖော်ပြတဲ့ စကားလုံးတွေ သုံးပြီးပြောနိုင်ပါတယ်။
ဥပမာ-
I like climbing because it’s really exciting.
ကျွန်တော်က တောင်တက်ရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ အဲဒါက စိတ်လှုပ်ရှားစရာ ကောင်းတယ်။
I love doing yoga because it’s very relaxing.
ကျွန်မက ယောဂကျင့်ရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ သိပ်ပြီး သက်သောင့်သက်သာ ရှိစေတယ်လေ။
I really like writing stories because it’s creative.
ကျွန်တော်က ဇာတ်လမ်းတွေရေးရတာ တကယ့်ကိုကြိုက်တယ်။ ဘာလိုလဲရှိတော့ အဲဒါက ဖန်တီးနိုင်မှုရှိတယ်လေ။

ကိုယ်မကြိုက်တဲ့အရာတွေအကြောင်း ပြောဖို့ negative adjectives တွေလည်း သုံးနိုင်ပါတယ်။ (You can also use negative adjectives to talk about things you don’t like.)
ဥပမာ-
I don’t like going jogging because it’s tiring.
ကျွန်တော်က ရွရွပြေးရတာ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ပင်ပန်းတယ်လေ။
I hated watching TV because I find it boring.
ကျွန်မက တီဗီကြည့်ရတာ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မငြီးငွေ့တယ်လေ။
I’ve been trying to learn to paint, but it’s too hard.
ကျွန်တော် ပန်းချီသင်ဖို့ကြိုးစားနေတာ။ ဒါပေမဲ့ ခက်လွန်းတယ်။

ကျွန်တော်တဲ့ ကြည့်ခဲ့၊ လေ့လာခဲ့ပြီးသမျှကို စမ်းသုံးကြည့်ပြီး ပိုရှည်တဲ့အဖြေလေး လုပ်ကြည့်ရအောင်။ (Let’s try using everything we look at to make a longer answer.) 

ဥပမာ (၁)
I really like playing tennis. I play every weekend at the park near my house. Sometimes I play with my brother, or sometimes with a friend. My brother got me into it, because he loves sports and he needed someone to play with. I didn’t like it at first, because it was hard and I lost all the time, but now I enjoy it, especially when I beat my brother.
ကျွန်တော်က တင်းနစ်ကစားရတာ ကြိုက်တယ်။ (ဒါက What do you like doing? ဆိုတဲ့ မေးခွန်းအတွက် အဖြေပါ။) ကျွန်တော်တို့ အိမ်နားက ပန်းခြံမှာ စနေ၊ တနင်္ဂနွေတိုင်း ကစားတယ်။ (How often and where? အတွက် အဖြေပါ) တစ်ခါတစ်လေ ကျွန်တော့်အစ်ကိုနဲ့ ကစားတယ်။ တစ်ခါတစ်လေတော့ သူငယ်ချင်းနဲ့ကစားပါတယ်။ကျွန်တော့်ရဲ့အစ်ကိုက ကျွန်တော်အဲဒါ စွဲသွားအောင် လုပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူက အားကစားကို သဘောကျတယ်။ သူနဲ့ကစားဖို့ လူလိုတယ်လေ။ (Add details/background ဆိုတဲ့အချက်အတွက်ပါ) အစတုန်းက ကျွန်တော်အဲဒါကကို မကြိုက်ဘူး။ ဘာလို့လည်းဆိုတော့ ခက်လည်းခက်တယ်။ တစ်ချိန်လုံးလည်းရှုံးနေတယ်လေ။ အခုက ကျွန်တော်အဲဒါကို သဘောကျသွားပြီ။ အထူးသဖြင့် အစ်ကို့ကိုပါ နိုင်တဲ့အချိန်ပေါ့။ (What do you like/ dislike about it? ဆိုတဲ့ မေးခွန်းအတွက် အဖြေပါ။)

နောက်ထပ် ဥပမာလေးတစ်ခု ထပ်ကြည့်ပါ။
ဥပမာ (၂)
I love taking photos. Once or twice a month, I go to different areas of the city and look for interesting pictures to take. I’ve been interested in photography since I was young, when my dad got me a camera for my birthday. I like it because it’s creative and I can express myself through my pictures. Anyone can use a camera, but you need to use your imagination to find good pictures.
ကျွန်တော်က ဓာတ်ပုံရိုက်ရတာ ကြိုက်ပါတယ်။ (What do you like doing? ဆိုတဲ့ မေးခွန်းအတွက် အဖြေပါ။) တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် မြို့ရဲ့နေရာအမျိုးမျိုးကိုသွားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံရိုက်စရာတွေကိုရှာပါတယ်။ (How often and where? အတွက် အဖြေပါ) ကျွန်တော် ငယ်ငယ်ကတည်းက ဓာတ်ပုံပညာမှာ စိတ်ဝင်စားခဲ့ပါတယ်။ ကျွန်တော့်ရဲ့မွေးနေ့အတွက် အဖေက ကင်မရာလေးတစ်လုံး ဝယ်ပေးတဲ့အချိန်က စလို့ပေါ့။ (Add details/background ဆိုတဲ့အချက်အတွက်ပါ) ကျွန်တော်က အဲဒါကို သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဖန်တီးနိုင်မှုရှိတယ်။ နောက်ပြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပုံတွေကတဆင့်ဖော်ပြနိုင်တယ်လေ။ လူတိုင်းကင်မရာကို သုံးတတ်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံကောင်းကောင်းလေးတွေ တွေ့ဖို့တော့ စိတ်ကူားဏ်ကို သုံးဖို့လိုပါတယ်။ (What do you like/ dislike about it? ဆိုတဲ့ မေးခွန်းအတွက် အဖြေပါ။)

          ဒီလောက်ဆိုရင် ပြည့်ပြည့်စုံစုံ နားလည်ပြီလို့ ထင်ပါတယ်။ ကိုယ့်ဘာသာ များများပြောကြည့်ပါ။ ပြီးရင် ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး Oxford Online English က ဆရာ Oli သင်ကြားပို့ချထားတာတွေကို ထပ်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ