နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, November 24, 2017

movies တွေ၊ TV shows တွေကြည့်ပြီး အင်္ဂလိပ်စာဘယ်လိုတိုးတက်အောင် လုပ်နိုင်သလဲ

အင်္ဂလိပ်စာလေ့လာတဲ့အခါ တချို့လေ့လာသူတွေဟာ အင်မတန်ဝိရိယ ကောင်းပါတယ်။ အင်္ဂလိပ်စာ များများဖတ်၊ သင်ခန်းစာအသစ်တွေလေ့လာ၊ အင်္ဂလိပ်စာနားထောင်တဲ့လေ့ကျင့်ခန်းတွေလုပ် စသည်ဖြင့် တစ်နေ့တစ်နေ့ကို အချိန်အများကြီး ပေးပြီး တိုးတက်တာမြန်အောင် လုပ်နိုင်ကြပါတယ်။ အများစုကတော့ ဒီလောက်ဝိရိယ ကောင်းမယ်မထင်ပါဘူး။ အဲဒီလိုလူတွေထဲမှာ ကိုယ်ဟာ ဝိရိယကောင်းတဲ့အထဲမှာ ပါသည်ဖြစ်စေ၊ ပျင်းတဲ့အထဲမှာပါသည်ဖြစ်စေ ခေတ်အခြေအနေအရ ကိုယ်ရဲ့ အင်္ဂလိပ်စာ ကောင်းနေဖို့လိုတာကလည်း အမှန်ပဲမဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာကို ပင်ပင်ပန်းပန်း လေ့လာနေတာ မဟုတ်ဘဲ အင်္ဂလိပ်စာတော်အောင် လုပ်တဲ့ နည်းလမ်းတွေသိထားရင် အဆင်ပြေတာပါပဲ။ နည်းလမ်းတွေထဲက တစ်ခုကတော့ အင်္ဂလိပ်ရုပ်ရှင်တွေ၊ TV ကြည့်တဲ့နည်းလမ်းပါ။ 

movies တွေ TV shows တွေကြည့်ပြီး အင်္ဂလိပ်စာဘယ်လိုတိုးတက်အောင် လုပ်နိုင်သလဲဆိုတာ စူးစမ်းကြည့်ကြရအောင်။ Oxford Online English က ဆရာ Oli ကတော့ ဒီလိုပြောထားပါတယ်။

Using movies or TV shows obviously is a great way to learn. It’s fun. It’s useful but you need to do how to do it.

ရုပ်ရှင်တွေ၊ TV shows တွေသုံးတာက လေ့လာဖို့အတွက် နည်းလမ်းကောင်းတစ်ခုဆိုတာ သိသာ ပါတယ်။ အဲဒါက ပျော်စရာဖြစ်တယ်။ အသုံးဝင်တယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ သိဖို့တော့ လိုပါတယ်။

Point 1
Oli က ဒီလိုပြောထားပါတယ်။
“Find something you like. Yeah.. OK. Of course, it’s obvious but it’s really important if you use TV or movies to help you learn English. It should be fun and interesting. If it isn’t, why do it. Find something you would watch even if it wasn’t helping your English. Find something you would watch anyway and use it to improve your English.”

“ကိုယ်ကြိုက်တာ တစ်ခုခုကို ရှာပါ။ အိုကေ။ တကယ်တော့ အဲဒါကသိသာပါတယ်လေ။ ဒါပေမဲ့ TV တို့ movies တို့ကို အင်္ဂလိပ်စာလေ့လာဖို့မှာသုံးမယ်ဆိုရင် အဲဒီအချက်က တကယ့်ကို အရေးကြီးတာနော်။ အဲဒါက ပျော်စရာကောင်းပြီး စိတ်ဝင်စားစရာ ကောင်းသင့်တယ်။ အဲဒီလိုသာမဖြစ်ဘူးဆိုရင် ဘာလို့လုပ်နေတော့မှာလဲ။ ကိုယ့်ရဲ့ အင်္ဂလိပ်စာကို မကူညီပေးဘူးဆိုရင်တောင် ကိုယ်ကြည့်ဖြစ်မယ့် တစ်ခုခုကို ရှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြည့်ဖြစ်မယ့် တစ်ခုခုကိုရှာပြီး ကိုယ့်ရဲ့အင်္ဂလိပ်စာ တိုးတက်အောင်သုံးပါ။”

သူပြောတဲ့အချက်က မှတ်သားစရာကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အင်္ဂလိပ်လို ပြောနေတာတွေ အမြဲကြားရဖို့ခက်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ဆို ကျွန်တော့်ရဲ့ အင်္ဂလိပ်စာ နားထောင်စွမ်းရည် တိုးအောင်၊ တခြားစွမ်းရည်တွေတိုးအောင် အင်္ဂလိပ်ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ အင်္ဂလိပ်ဇာတ်ကားတွေ series အလိုက်၊ တစ်ကားချင်းအလိုက်ဝယ်ပြီး တစ်နေ့ကို အပိုင်းတွေအများကြီး ကြည့်ပစ်လိုက်တာပဲ။ တကယ်တော့ အင်္ဂလိပ်စာလုပ်ဖို့မဟုတ်လဲ ဒီဇာတ်ကားတွေကို ကြည့်ဖြစ်မှာပဲလေ။ ဒီလိုနည်းနဲ့ အင်္ဂလိပ်စာ လေ့ကျင့်ဖြစ်ပါတယ်။ သူပြောတဲ့နည်းလမ်းနဲ့ အံကိုက်ပေါ့။

Oli ပြောတဲ့အချက်တွေကို အကျဉ်းချုပ်ပြီး ဒီလိုမှတ်ပါ။
1.   Find something you enjoy (= something you would watch anyway, not just for English)

ကိုယ်သဘောကျတဲ့ တစ်စုံတစ်ခုကို ရှာပါ (= အင်္ဂလိပ်စာ သက်သက်အတွက် မဟုတ်ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြည့်ဖြစ်မယ့် တစ်ခုခုပေါ့)

Point 2
Oli ပြောတဲ့ ဒုတိယအချက်ကို ကြည့်ပါ။
“Choose something you can understand 70 to 90% of. If you understand everything, you won’t learn much. If you understand less than half, you won’t learn much. You need to find something you can understand most of without subtitles, but not all. That’s the right level to help you improve your English.”

“ခင်ဗျားတို့ 70% ကနေ 90% လောက်အထိ နားလည်နိုင်တဲ့ တစ်ခုခုကို ရွေးပါ။ အကုန်လုံးကို နားလည်နေရင် သိပ်အများကြီး တတ်မှာမဟုတ်ဘူး။ တစ်ဝက်အောက်လောက်ကိုပဲ နားလည်နေရင်လည်း သိပ်အများကြီးတတ်မှာ မဟုတ်ပြန်ဘူး။ စာတမ်းထိုးမပါဘဲ အများစု (ဒါပေမဲ့ အကုန်မဟုတ်) ကို နားလည်နိုင်တဲ့ တစ်ခုခုကို ရှာပါ။ ဒါဟာ ခင်ဗျားတို့ရဲ့ အင်္ဂလိပ်စာတိုးတက်ဖို့ မှန်ကန်တဲ့ အဆင့်ပါပဲ။”

ဒီအချက်မှာ စဉ်းစားစရာ ပါပါတယ်။ သူပြောထားတာ မှန်ကန်တဲ့ ရွေးချယ်နည်းလမ်းပါပဲ။ ဒါပေမဲ့ ဇာတ်ကားတွေဆိုရင် ပြောတာတွေ သိပ်မြန်တဲ့အတွက် တစ်ဝက်လောက်တောင် နားလည်မှာမဟုတ်ပါဘူး။ ဒီတော့ ကာတွန်းကားလိုမျိုးက နားလည်နိုင်ခြေ များပါတယ်။ နောက်ပြီး တီဗီအစီအစဉ်တချို့လည်း ကိုယ့်ရဲ့အဆင့်နဲ့ကိုက်ညီမယ့်အထဲမှာ ပါနိုင်ပါတယ်။ သင့်တော်မယ်ထင်တာကိုာဏ်နဲ့ ရွေးချယ်ပြီး ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

ဒီလိုအကျဉ်းမှတ်ထားပါ။
2.   Choose something you can understand 70-90% of (without subtitles or other help)

(စာတမ်းထိုး ဒါမှမဟုတ် တခြားအကူအညီမပါဘဲ) ၇၀ ကနေ ၉၀% လောက်အထိ နားလည်နိုင်လောက်မယ့် တစ်စုံတစ်ခုကို ရွေးချယ်ပါ။

Point 3
Oli ပြောတဲ့ တတိယအချက်
“Don’t use subtitles in your own language. I’ve had many students tell me they use English language movies to study English but with subtitles in their own language. Sorry, but if you have subtitles in your language, you are not thinking in English. You’re thinking in your language. So, it doesn’t really matter that the film is in English. It might be OK to use English subtitles but it’s best to watch without any subtitles at all.”

 “ကိုယ့်ရဲ့ဘာသာစကားနဲ့ စာတမ်းထိုးတာတွေ မသုံးပါနဲ့။ ကျွန်တော့်ရဲ့ ကျောင်းသားတွေအများက သူတို့ အင်္ဂလိပ်စာလေ့လာဖို့ အင်္ဂလိပ်ဇာတ်ကားတွေသုံးတယ်လို့ လာပြောကြတယ်။ ဒါပေမဲ့ သူတို့ဘာသာစကားနဲ့ စာတမ်းထိုးထားတာတွေတဲ့။ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ဘာသာစကားနဲ့ စာတမ်းထိုးထားတာဆိုရင် ခင်ဗျားတို့ အင်္ဂလိပ်လိုတွေးနေတော့မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ဘာသာစကားနဲ့ပဲ တွေးနေမှာလေ။ ဒါကြောင့် ဇာတ်ကားက အင်္ဂလိပ်လိုဖြစ်နေရင်တောင် တကယ့်ကို အရေးပါတော့မှာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာတမ်းထိုးသုံးတာက အဆင်ပြေရင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ စာတမ်းထိုး လုံးဝမပါဘဲကြည့်တာကတော့ အကောင်းဆုံးပါပဲ။”

ဒီအချက်ကတော့ အင်္ဂလိပ်စာ တကယ်တတ်ချင်ရင် လိုက်နာရမယ့်အချက်ပါပဲ။ ကျွန်တော်တို့ ဇာတ်ကားတွေကြည့်လို့ မြန်မာစာတမ်းမထိုးတဲ့အခါ လုံးစေ့ပတ်စေ့ နားလည်ချင်မှ နားလည်မယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ကားတွေများလာတဲ့အခါ ဇာတ်လမ်းတွေ နားလည်လာပါလိမ့်မယ်။ မြန်မာ စာတမ်းထိုးနဲ့ကြည့်တဲ့အခါ အတိုင်းအတာတစ်ခုထိ အကျိုးရှိပေမဲ့ အင်္ဂလိပ်စာတကယ်တတ်ဖို့ အထိရောက်ဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။

အကျဉ်းချုပ်မှတ်သားစရာ-
3.   Don’t use subtitles in your own language!

သင့်ရဲ့ဘာသာစကားနဲ့ စာတမ်းထိုးထားတာတွေ မသုံးပါနဲ့။

Point 4

“Watch it several times. Remember when you were a child, did you watch the same TV shows again and again and again and again. Actually when you were a child, you had the right idea. Watching something or listening several times is a great way to learn and remember. Find 10 minutes of a TV show or movie which you find difficult to understand. Watch it once with English subtitles then watch it again without any subtitles. Watch it again the next day and then again. After a week, you’ll be surprised how much you can remember and how easy it is to remember the words and phrases that you see.”

“အကြိမ်ပေါင်းများစွာကြည့်ပါ။ သတိရသလားမသိ.. ခင်ဗျားတို့ ကလေးဘဝတုန်းက TV shows တစ်မျိုးတည်းကို ထပ်ခါ ထပ်ခါ ထပ်ခါ ကြည့်သလား။ တကယ်တော့ ခင်ဗျားတို့ကလေးဘဝတုန်းက ခင်ဗျားတို့မှာ မှန်ကန်တဲ့စိတ်ကူးရှိခဲ့တယ်ဗျ။ တစ်ခုခုကို အကြိမ်ပေါင်းများစွာ ကြည့်တာ၊ နားထောင်တာက လေ့လာပြီး မှတ်မိဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ခင်ဗျားတို့ နားလည်ဖို့ခက်တဲ့ ဆယ်မိနစ်စာ TV show ဒါမှမဟုတ် ဇာတ်ကားကို ရှာပါ။ အဲဒါကို အင်္ဂလိပ်စာတမ်းထိုးနဲ့ တစ်ကြိမ်ကြည့်ပါ။ ပြီးတော့ စာတမ်းထိုးမပါဘဲ ပြန်ကြည့်ပါ။ နောက်တစ်နေ့မှာ အဲဒါကို ထပ်ကြည့်ပါ။ ပြီးတော့ ထပ်ကြည့်ပါ။ တစ်ပတ်ကျော်မှာတော့ ခင်ဗျားတို့ ဘယ်လောက်မှတ်မိနေနိုင်ပြီဆိုတာနဲ့၊ တွေ့တဲ့ စာလုံးတွေ၊ စကားစုတွေ ဘယ်လောက် မှတ်မိဖို့လွယ်နေလဲဆိုတာ အံ့သြစရာတွေ့လိမ့်မယ်။”

အကျဉ်းချုပ်မှတ်ရန်
4.   Watch several times

အကြိမ်ပေါင်းများစွာကြည့်ပါ

Start with English subtitles, then watch again without subtitles

အင်္ဂလိပ်စာတန်းထိုးနဲ့စကြည့်ပါ။ အဲဒီနောက် စာတမ်းထိုးမပါဘဲ ပြန်ကြည့်ပါ။

Watch it again in a day, a week or a month, and see how much you remember

တစ်နေ့၊ တစ်ပတ်၊ သို့မဟုတ် တစ်လအတွင်းမှာ ပြန်ကြည့်ပြီး ဘယ်လောက်မှတ်မိသလဲဆိုတာ ကြည့်ပါ။

Point 5
“Don’t think you have to spend hours watching TV. I understand watching a two-hour movie or maybe even a forty-five TV show could seem like it’s too much. Okay, if you are an advanced student, no problem. But, if you haven’t been studying English for long, you might find it difficult to watch a whole TV show or a whole movie. So, don’t. Just watch 5 to 10 minutes every day. For example, watch 5 minutes the first day but watch the same five minutes two to three times with the same thing again with English subtitles if you need. Day two. Watch the first five minutes and the next five minutes. Watch the second part again if you need to learn some new words. Day three. Watch the first ten minutes and watch another five minutes and so on . You’ll find your English gets better very very quickly.”

“ခင်ဗျားတို့ တီဗီကြည့်ပြီး နာရီပေါင်းများစွာ အချိန်ကုန်ခံရလိမ့်မယ်လို့ မတွေးပါနဲ့။ နှစ်နာရီစာဇာတ်ကား ဒါမှမဟုတ် လေးဆယ့်ငါးမိနစ်စာ TV show တောင် များလွန်းတယ်လို့ ထင်စရာရှိတာ ကျွန်တော်နားလည်ပါတယ်။ အိုကေ..ခင်ဗျားက အဆင့်မြင့်ကျောင်းသားဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ အင်္ဂလိပ်စာလေ့လာတာ မကြာသေးဘူးဆိုရင်  TV show တစ်ခုလုံး ဒါမှမဟုတ် ရုပ်ရှင်တစ်ခုလုံး ကြည့်ဖို့ခက်ပါလိမ့်မယ်။ ဒါကြောင့် မလုပ်ပါနဲ့။ နေ့တိုင်း ငါးမိနစ်ကနေ ဆယ်မိနစ်ကြည့်ပေးပါ။ ဥပမာ ပထမနေ့မှာ ငါးမိနစ်လောက်ကြည့်ပါ။ ဒါပေမဲ့ အဲဒီ တူညီတဲ့အကြောင်းအရာနဲ့ ငါးမိနစ်စာကိုပဲ နှစ်ကြိမ်သုံးကြိမ် ထပ်ကြည့်ပါ။ လိုအပ်ရင် အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ပါ။ ဒုတိယနေ့။ ပထမဆုံးငါးမိနစ်ကို ကြည့်ပါ။ ပြီးတော့ နောက်ထပ် ငါးမိနစ်ကို ကြည့်ပါ။  စကားလုံးအသစ်တွေ လေ့လာဖို့လိုရင် ဒုတိယအပိုင်းကို ထပ်ကြည့်ပါ။ တတိယနေ့။ ပထမဆုံးဆယ်မိနစ်ကို ကြည့်ပါ။ ပြီးရင် နောက်ထပ်ငါးမိနစ်ကို ကြည့်ပါ စသည်ဖြင့်ပေါ့။ သင့်ရဲ့အင်္ဂလိပ်စာ အင်မတန့်အင်မတန် မြန်မြန်ကောင်းလာတာ တွေ့ပါလိမ့်မယ်။”

ဒီနေရာမှာ ဗီဒီယိုတွေကို အပိုင်းခွဲပြီး ကြည့်ဖို့နည်းလမ်းပေးထားတာ တွေ့ပါလိမ့်မယ်။ လေးဆယ့်ငါးမိနစ်ပဲကြာကြာ၊ တစ်နာရီပဲကြာကြာ အပြီးထိတစ်ထိုင်တည်း ကြည့်ဖို့ခက်လိမ့်မယ်။ ဒါကြောင့် တစ်နေ့ ငါးမိနစ်စာ အထပ်ထပ်ကြည့်။ နောက်နေ့မှာ ကြည့်ပြီးသားငါးမိနစ်ရယ် အသစ် ငါးမိနစ်စာရယ်ပြန်ကြည့်။ နောက်တစ်နေ့မှာတော့ အရင်နှစ်ရက်ကကြည့်ပြီးသား ဆယ်မိနစ်စာပြန်ကြည့်ပြီးမှ အသစ်ငါးမိနစ်ထပ်ကြည့် စသည်ဖြင့် ရေရှည်စွဲစွဲမြဲမြဲလုပ်သွားဖို့၊ ဒီလိုလုပ်မယ်ဆိုရင် အင်္ဂလိပ်စာ ကောင်းလာလိမ့်မယ်ဆိုတာ လမ်းညွှန်ထားတာပါ။

အကျဉ်းချုပ်မှတ်ရန်-
5.   You don’t have to spend a lot of time – ten minutes a day is better than nothing.

သင်ဟာ အချိန်အကြာကြီး သုံးစရာမလိုပါဘူး။ တစ်နေ့ဆယ်မိနစ်ဆိုတာ ဘာမှမလုပ်တာထက် ပိုကောင်းပါတယ်။ 

ဒီလောက်ဆိုရင် TV show တွေ၊ ရုပ်ရှင်တွေကြည့်ပြိး အင်္ဂလိပ်စာဘယ်လိုတိုးတက်အောင် လုပ်ရမလဲ နည်းလမ်းရပြီထင်ပါတယ်။ အစအဆုံးအကျဉ်းချုပ်လေးတွေ ပြန်လေ့လာပါဦး။

1.    Find something you enjoy (= something you would watch anyway, not just for English)

ကိုယ်သဘောကျတဲ့ တစ်စုံတစ်ခုကို ရှာပါ (= အင်္ဂလိပ်စာ သက်သက်အတွက် မဟုတ်ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြည့်ဖြစ်မယ့် တစ်ခုခုပေါ့)

4.    Choose something you can understand 70-90% of (without subtitles or other help)

(စာတမ်းထိုး ဒါမှမဟုတ် တခြားအကူအညီမပါဘဲ) ၇၀ ကနေ ၉၀% လောက်အထိ နားလည်နိုင်လောက်မယ့် တစ်စုံတစ်ခုကို ရွေးချယ်ပါ။

5.    Don’t use subtitles in your own language!

သင့်ရဲ့ဘာသာစကားနဲ့ စာတမ်းထိုးထားတာတွေ မသုံးပါနဲ့။

6.    Watch several times

အကြိမ်ပေါင်းများစွာကြည့်ပါ

Start with English subtitles, then watch again without subtitles

အင်္ဂလိပ်စာတန်းထိုးနဲ့စကြည့်ပါ။ အဲဒီနောက် စာတမ်းထိုးမပါဘဲ ပြန်ကြည့်ပါ။

Watch it again in a day, a week or a month, and see how much you remember

တစ်နေ့၊ တစ်ပတ်၊ သို့မဟုတ် တစ်လအတွင်းမှာ ပြန်ကြည့်ပြီး ဘယ်လောက်မှတ်မိသလဲဆိုတာ ကြည့်ပါ။

7.    You don’t have to spend a lot of time – ten minutes a day is better than nothing.

သင်ဟာ အချိန်အကြာကြီး သုံးစရာမလိုပါဘူး။ တစ်နေ့ဆယ်မိနစ်ဆိုတာ ဘာမှမလုပ်တာထက် ပိုကောင်းပါတယ်။ 

 ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး Oxford Online English က ဆရာ Oli သင်ကြားပို့ချထားတာတွေကို ထပ်လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။ အဆင်ပြေပါစေချင်ဗျာ။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ