နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, July 5, 2018

ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


Intermediate steps to understanding စာအုပ်ထဲက L.A Hill ရဲ့ဟာသလေး တစ်ပုဒ်ကိုဖတ်ပြီး အင်္ဂလိပ်စာ လေ့လာကြရအောင်။ ဒီဟာသလေးမှာ အိုက်စလန်နိုင်ငံရဲ့ ထူးခြားတဲ့ အကျဉ်းထောင်စနစ်အကြောင်းကို ဗဟုသုတအဖြစ် မှတ်သားနိုင်ပါတယ်။ ဒါတင်မကသေးဘူး အခြေအနေတစ်ခုဟာ ကိုယ့်ရဲ့ သာမန်အတွေးနဲ့ဆို မှန်နေတတ်ပေမဲ့ လက်တွေ့ဘဝမှာ လွဲချော်နေတတ်တာကိုလည်း  သင်ခန်းစာ ရယူနိုင်ပါတယ်။
ကဲစာပိုဒ်ကို စဖတ်ကြည့်ရအောင်။
There is a prison in Iceland which allows its prisoners to go out without any guards to work every day. They work on the farms near the prison during the day, and come back to have their evening meal and to sleep every evening. Before they are allowed to go out like this, they have to promise to come back every evening. If they do not promise this, they are not let out.
One night one of the prisoners was invited to have meal and drink with the family of the farmer he was working for, so he came back to the prison very late. He had to knock at the gate several times before the guard came to let in.
The guard did not like being disturbed at this time, so he said to the prisoner angrily, "If you come back so late again, I won't let you in."
တစ်ကြောင်းချင်းစီ ဘာသာပြန်ဖတ်ကြမယ်။
There is a prison in Iceland
အိုက်စလန်နိုင်ငံမှာ အကျဉ်းထောင်တစ်ခု ရှိတယ် (ဘယ်လိုအကျဉ်းထောင်လဲ။ ဆက်ဖတ်မယ်)
which allows its prisoners to go out without any guards to work every day.
နေ့စဉ်အလုပ်လုပ်ဖို့အတွက် အကျဉ်းသားတွေကို အစောင့်တွေမပါဘဲ အပြင်ထွက်ခွင့်ပေးတဲ့ (အကျဉ်းထောင်တစ်ခုရှိ)
They work on the farms near the prison during the day,
သူတို့ဟာ နေ့ဘက်မှာ အကျဉ်းထောင်အနီးက စိုက်ပျိုးမွေးမြူရေးခြံမှာ အလုပ်လုပ်တယ်။
and come back to have their evening meal and to sleep every evening.
ပြီးတော့ ညနေစာ စားဖို့နဲ့ ညနေခင်းတိုင်းမှာ အိပ်စက်ဖို့အတွက် ပြန်လာကြတယ်။
Before they are allowed to go out like this,
ဒီလိုမျိုးသူတို့ကို အပြင်ထွက်ခွင့်မပြုခင်မှာ
 they have to promise to come back every evening.
သူတို့ဟာ ညနေတိုင်းပြန်လာပါ့မယ်လို့ ကတိပေးရပါတယ်။
If they do not promise this,
သူတို့ကတိမပေးဘူးဆိုရင်
 they are not let out.
သူတို့ကို အပြင်ထွက်ခွင့် မပေးပါဘူး။
One night one of the prisoners was invited
တစ်ညမှာ အကျဉ်းသားတစ်ယောက်ကို ဖိတ်ပါတယ် (ဘာလုပ်ဖို့လဲ ဆက်ဖတ်မယ်)
 to have meal and drink with the family of the farmer he was working for,
သူအလုပ်လုပ်ပေးနေတဲ့ မိသားစုနဲ့ သောက်ကြ၊ စားကြဖို့ (ဖိတ်ပါတယ်)
so he came back to the prison very late.
ဒါကြောင့် သူက အကျဉ်းထောင်ကို အလွန်နောက်ကျမှ ပြန်လာပါတယ်။
He had to knock at the gate several times before the guard came to let in.
သူက အကြိမ်ပေါင်းများစွာ ဂိတ်ကို ခေါက်မှ အစောင့်ကလာပြီး သူ့ကို ဝင်ခွင့်ပေးပါတယ်။
The guard did not like being disturbed at this time,
ဒီလိုအချိန်မှာ အနှောက်အယှက်ပေးခံရတာကို အစောင့်က မကြိုက်ပါဘူး။
so he said to the prisoner angrily,
ဒါကြောင့်သူက အကျဉ်းသားကို ဒေါသတကြီးပြောတယ်
"If you come back so late again,
"မင်းထပ်ပြီး အပြန်နောက်ကျနေဦးမယ်ဆိုရင်

I won't let you in."
ငါမင်းကို အထဲဝင်ခွင့်မပေးတော့ဘူး"

ဝေါဟာရများ
(1)  prison                (n)      အကျဉ်းထောင်
(2)  prisoner      (n)      အကျဉ်းသား
They are demanding the release of all political prisoners.
သူတို့က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုနေကြတယ်။
(3)  allow          (v)      ခွင့်ပြုသည်
Passengers are not allowed to smoke.
ခရီးသည်တွေကို ဆေးလိပ်သောက်ခွင့် မပြုပါဘူး။
(4)  guard         (n)      အစောင့်
A guard was posted outside the building.
အဆောက်အဦးရဲ့အပြင်ဘက်မှာ အစောင့်တစ်ယောက် တာဝန်ကျနေတယ်။
(5)  farm          (n)      စိုက်ပျိုးမွေးမြူရေးခြံ
(6)  promise      (adv)  ကတိပေးသည်
I can't promise, but I'll do my best.
ကျွန်တော် ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ အကောင်းဆုံးလုပ်ပါမယ်။
(7)  let             (v)      ခွင့်ပြုသည်
Don't let your child play with matches.
မင်းရဲ့ ကလေးကို မီးခြစ်ဆံတွေနဲ့ ကစားခွင့်မပေးနဲ့။
(8)  invite         (v)      ဖိတ်ခေါ်သည်
They invited me to come to their party.
သူတို့က ကျွန်တော့်ကို ပါတီပွဲလာဖို့ ဖိတ်ခေါ်တယ်။
(9)  knock         (v)     ထုသည်။ ခေါက်သည်
(10) gate          (n)      ဝင်းတံခါး။ တံခါးပေါက်။ ဂိတ်
the gates of the city - မြို့တံခါးပေါက်များ
(11) several     (det,pron)      အချို့
Several letters arrived this morning.
ဒီမနက်မှာ စာတချို့ရောက်လာတယ်။

ရှင်းလင်းချက်များ
ပထမဆုံး ဝါကျကို ပြန်ကြည့်ကြရအောင်။
There is a prison in Iceland which allows its prisoners to go out without any guards to work every day.
ဒီဝါကျမှာ which ဟာ အိုက်စလန်နိုင်ငံမှာရှိတဲ့ အကျဉ်းထောင်ကို ရည်ညွှန်းမှန်းသိပြီးရောပေါ့။


which, that, who, whom, whose, what တို့ကို relative pronouns လို့ခေါ်တယ်။ ဒီစကားလုံးတွေနဲ့ ဆက်ထားတဲ့ စကားစုတွေကိုတော့ relative clauses လို့ ခေါ်တယ်။ relative pronoun တစ်ခုဟာ ဘယ်အရာ၊ ဘယ်သူ စတာတွေကို စာရေးသူက ဆိုလိုချင်လဲဆိုတာကို ပြောပြပါတယ်။

          ဒီဆောင်းပါးမှာ relative clauses တွေအားလုံးအကြောင်းမရှင်းတော့ဘဲ which, that တို့နဲ့ ဆက်တဲ့ relative clauses တွေအကြောင်းပဲ အလေးပေးပြောပါ့မယ်။ ဖတ်မှတ်လေ့လာ ဆောင်းပါးတွေရဲ့ ရည်ရွယ်ချက်ကလည်း သဒ္ဒါသက်သက်ရှင်းနေဖို့ပဲ မဟုတ်ဘဲ စာဖတ်ရင်းနဲ့ တွေ့လာရတဲ့ ဝေါဟာရ၊ အသုံးအနှုန်း၊ သဒ္ဒါတွေအားလုံး သက်ဆိုင်တာကိုပဲ ရှင်းပြဖို့ဖြစ်ပါတယ်။ ကဲ… ဆက်ကြည့်ရအောင်။

         
အရာဝတ္ထုတွေအကြောင်းပြောမယ်ဆိုရင် relative clause မှာ which သို့မဟုတ် that ကိုသုံးရပါတယ်။


(1)  I don't like stories that / which have unhappy endings.
    ပျော်စရာမကောင်းတဲ့ အဆုံးသတ်တွေရှိနေတဲ့ ဇာတ်လမ်းတွေကို ငါမကြိုက်ဘူး။
(2)  The machine that / which broke down is working again.
     ပျက်သွားတဲ့ စက်ပြန်အလုပ်လုပ်နေတယ်။

          အရာဝတ္ထုတွေကို ညွှန်းချင်ရင် which သို့မဟုတ် that ကို သုံးရကြောင်း ပြောခဲ့ပြီးပြီ။ ဗဟုသုတအနေနဲ့ တစ်ခုမှတ်စေချင်တာက that ကို အရာဝတ္ထုတွေကိုသာမက လူကိုလည်းပဲ သုံးနိုင်တယ်။ which ကတော့ လူကို သုံးလို့မရဘူး။


ဒီအထိနားလည်ပြီဆိုရင် တစ်ဆင့်တက်ပြီးလေ့လာကြမယ်။ အောက်က ဝါကျလေးတွေကို ဖတ်ကြည့်ပါဦး။
(1)  Barbara works for a company that makes furniture.
     ဘာဘရာက ပရိဘောဂလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။
(2)  We stayed at the hotel that you recommended.
     မင်းထောက်ခံခဲ့တဲ့ ဟိုတယ်မှာ တို့တည်းခဲ့တယ်။

          ပထမဝါကျက that makes furniture ဆိုတဲ့ clause က ဘယ်လိုကုမ္ပဏီလဲဆိုတာ ပြောပြတယ်။
          ဒုတိယဝါကျက that you recommended ဆိုတဲ့ clause က ဘယ်လို ဟိုတယ်လဲဆိုတာ ပြောပြတယ်။
          ဒီလိုမျိုး အဓိပ္ပာယ်ပြန်ဖွင့်ပေးတဲ့ clause တွေကို defining clause လို့ခေါ်တယ်။ defining clause တွေမှာ (,) မသုံးရဘူး။

နောက်ဝါကျတွေကို လေ့လာပါဦး။
Colin told me about his new job, which he's enjoying very much.
ကောလင်းက သူသိပ်ပျော်မွေ့နေတဲ့ အလုပ်အသစ်အကြောင်း ငါ့ကိုပြောပြတယ်။
We stayed at the Park Hotel, which a friend of ours recommended.
တို့မိတ်ဆွေတစ်ယောက်ထောက်ခံခဲ့တဲ့ ပါ့ခ်ဟိုတယ်မှာ တို့တည်းခဲ့တယ်။

ပထမဝါကျမှာ ကောလင်းက သူ့ရဲ့အလုပ်အသစ်အကြောင်းကို ပြောပြနေတယ်လို့ဆိုတယ်။ အလုပ်အသစ်ဆိုမှတော့ ရှင်းနေပြီ။ ထပ်ပြီး အဓိပ္ပာယ်ဖွင့်စရာမလိုတော့ဘူး။ ဒါဆို which he's enjoying very much ဆိုတဲ့ clause ကအပိုသတင်းအချက်ကို ပေးတာလို့နားလည်ရမယ်။
ဒုတိယဝါကျမှာလည်း ပါ့ခ်ဟိုတယ် ဆိုကတည်းက ထပ်ရှင်းပြစရာမလိုတော့ဘူး။ ဒါကြောင့် which a friend of ours recommended ဆိုတာကလည်း အပိုသတင်းအချက်အလက်ပေးတာပါပဲ။

ဒီလိုအပိုသတင်းအချက်အလက် (extra information) ပေးတဲ့ clause တွေကို non-defining clause လို့ ခေါ်တယ်။ non-defining clause တွေနဲ့ဆိုရင် (,) ထည့်ပေးရတယ်။




အခုပြောတဲ့ defining clause နဲ့ non-defining clause ဟာ which / that နှစ်ခုတည်းနဲ့တင် ဆိုင်တာမဟုတ်ဘဲ တခြား relative pronoun တွေနဲ့လည်း ဒီသဘောအတိုင်းသုံးတာကို မှတ်သားရပါမယ်။

လူငယ်များ လေ့ကျင့်ရင်း အင်္ဂလိပ်စာတိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရပါတယ်။

ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


စကားလုံးတွေ များများသိရင် Listening, Speaking, Reading, Writing ဘာပဲလုပ်လုပ် ပိုပြီးလွယ်ကူထိရောက်တယ်ဆိုတာ အများသိကြပါတယ်။ ဒီတော့ အင်္ဂလိပ်ဝေါဟာရကြွယ်ဝအောင် ဘယ်လိုလုပ်ကြမလဲ မေးစရာရှိလာပြီပေါ့။
ဝေါဟာရ ကြွယ်ဝစေချင်ရင် သဘာဝကျတဲ့ နည်းလမ်းက စာများများဖတ်၊ များများနားထောင်ပေးတာပါပဲ။ ဒီလိုလုပ်တဲ့အပြင် စကားလုံးအသစ်တွေ တွေ့လာတဲ့အခါ အသုံးဝင်မယ့်စကားလုံးတွေကို အဓိပ္ပာယ်ရှာဖွေပြီး ကျက်ပေးရပါမယ်။ အင်္ဂလိပ်စာလေ့လာစ လူငယ်တွေဆိုရင် အဓိပ္ပာယ်ကို မြန်မာလိုပဲ ကျက်ပါ။ ဒါပေမဲ့ ခပ်လွယ်လွယ် ရေးထားတဲ့ English- English အဘိဓာန်တစ်အုပ်ဆောင်ထားပြီး ကိုယ်မြန်မာလို ကျက်မှတ်ထားတဲ့ စကားလုံးကို အင်္ဂလိပ်လိုလဲဖတ်စေချင်ပါတယ်။ အဘိဓာန်ထဲမှာ ဒီစကားလုံးတွေကို မှတ်ထားပြီး အလျဉ်းသင့်လို့ အဘိဓာန်ကြည့်ဖြစ်တိုင်း မမေ့အောင် ပြန်ပြန်ဖတ်ပေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဝေါဟာရကြွယ်ဝလာမှာ ဖြစ်ပါတယ်။
အခု L.A. Hill ရဲ့ ဟာသလေးကို မဖတ်ခင် ဒီဟာသလေးထဲမှာ သုံးနှုန်းထားတဲ့ စကားလုံးတွေကို အရင်လေ့လာကြည့်ကြမယ်။
ဝေါဟာရများ
(1)  husband                 (n)   ယောင်္ကျား၊ ခင်ပွန်း
(2)  nice                   (adj) ကောင်းသော
One of the nice things about her is her sense of humour.
သူနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အချက်တွေထဲက တစ်ခုက သူ့ရဲ့ ဟာသဥာဏ်ပဲ။ 
(3)  birthday              (n)   မွေးနေ့
(4)  present               (n)   လက်ဆောင်
(5)  tea                    (n)   လက်ဖက်ရည်။ လက်ဖက်ခြောက်
Shall I make tea?
လက်ဖက်ရည်ဖျော်ပေးရမလား။
(6)  order                 (v)   မှာယူသည်
I’ve ordered a new carpet from the store.
စတိုးဆိုင်ကနေ ကျွန်တော် ကော်ဇောအသစ်တစ်ခု မှာထားတယ်။

(7)  wake                  (v)   နိုးသည်။ နှိုးသည်
woke (pt), woken (pp)
(8)  wrap                  (v)   ထုပ်ပိုးသည်
The Christmas presents were wrapped in pretty paper.
ခရစ်စမတ် လက်ဆောင်တွေကို စက္ကူလှလှလေးနဲ့ ထုပ်ပိုးထားတယ်။
(9)  pretty                (adj)  လှသော
(10) package             (n)     အထုပ်
The postman delivered a large package.
စာပို့သမားက အထုပ်ကြီးတစ်ထုပ်ကို ပို့ခဲ့တယ်။
(11) kettle                        (n)     ရေနွေးကရား။ ရေနွေးအိုး
(12) explain              (v)     ရှင်းပြသည်
First, I’ll explain the rules of the game.
ပထမဦးဆုံး ဒီကစားနည်းရဲ့ စည်းမျည်းတွေကို ရှင်းပြပါမယ်။
(13) switch on              -      ခလုတ်ဖွင့်သည်
(ခလုတ်ပိတ်တာကိုတော့ switch off လို့ခေါ်တယ်။)
(14) ring up                  -     ဖုန်းဆက်သည်
(15) perhaps             (adv)  ဖြစ်ကောင်းဖြစ်နိုင်သည်
(16) silly                  (adj)    မိုက်မဲသော။ တုံးသော
(17) confused            (adj)    ရောထွေးသော။ မရှင်းသော

စာပိုဒ်လေးကို စဖတ်ကြရအောင်။ စကားလုံးတွေ သိပြီးပြီဆိုတော့ ဟာသလေးကို အရသာတွေ့ပါလိမ့်မယ်။
        Mary’s mother was nearly seventy, and Mary and her husband wanted to give the old lady a nice birthday present. She liked drinking tea, so Mary ordered an electric machine which made the tea and then woke you up in the morning. She wrapped it up in pretty paper and brought it to her mother on her birthday. Then her mother opened the package. Mary showed her how to use it.
        “Before you go to bed, put the tea in the pot and the water in the kettle,” she explained to the old lady, “and don’t forget to switch the electricity on. Then, when you wake up in the morning, your tea will be ready.”
        After a few days, Mary’s mother rang up and said, “Perhaps I’m being rather silly, but there’s one thing I’m confused about: why do I have to go to bed to make the tea”
တစ်ကြောင်းချင်းစီ ဘာသာပြန်ဖတ်ကြမယ်။
Mary’s mother was nearly seventy,
မယ်ရီ ရဲ့ အမေက အသက်ခုနစ်ဆယ်နီးပါးရှိပါပြီ။
and Mary and her husband wanted to give the old lady a nice birthday present.
မယ်ရီ နဲ့ သူ့ရဲ့ ခင်ပွန်းက ဒီအမျိုးသမီးအိုကြီးကို မွေးနေ့လက်ဆောင်ကောင်းကောင်း ပေးချင်ပါတယ်။
She liked drinking tea,
သူက လက်ဖက်ရည်သောက်ရတာ ကြိုက်တယ်။
so Mary ordered an electric machine
ဒါကြောင့် မယ်ရီက လျှပ်စစ်စက်တစ်လုံးကို မှာခဲ့တယ်။ (ဘယ်လိုစက်မျိုးလဲ။ ဆက်ဖတ်မယ်)
which made the tea and then woke you up in the morning.
လက်ဖက်ရည် ဖျော်ပေးပြီး မနက်ခင်းမှာ နှိုးပေးတဲ့ (လျှပ်စစ်စက်တစ်လုံးကို မှာခဲ့တယ်)
She wrapped it up in pretty paper and brought it to her mother on her birthday.
သူက အဲဒါကို စက္ကူလှလှလေးနဲ့ ထုပ်ပိုးပြီးအမေ့ရဲ့ မွေးနေ့မှာ အမေ့ဆီယူသွားတယ်။
Then her mother opened the package.
အဲဒီနောက် အမေက အထုပ်ကို ဖွင့်တယ်။
Mary showed her how to use it.
မယ်ရီက အဲဒါကို ဘယ်လို အသုံးပြုရမလဲဆိုတာ ပြသပါတယ်။
“Before you go to bed,
“အမေ အိပ်ရာ မဝင်ခင်
put the tea in the pot and the water in the kettle,”
လက်ဖက်ခြောက်ကို အိုးထဲထည့်ပြီး ရေကို ရေနွေးကရားထဲ ထည့်ပါ။”
she explained to the old lady,
သူက အမျိုးသမီးအိုကြီးကို ရှင်းပြတယ်။
“and don’t forget to switch the electricity on.
“ပြီးတော့ လျှပ်စစ်ဖွင့်ထားဖို့လည်း မမေ့နဲ့ဦးနော်။
 Then, when you wake up in the morning,
ပြီးတော့ အမေ မနက်ခင်း အိပ်ရာက နိုးလာတဲ့အခ
 your tea will be ready.”
လက်ဖက်ရည် အဆင်သင့်ဖြစ်နေလိမ့်မယ်။”
After a few days, Mary’s mother rang up and said,
ရက်အနည်းငယ်ကြာတော့ မယ်ရီရဲ့ အမေက ဖုန်းဆက်ပြီးပြောပါတယ်။
 “Perhaps I’m being rather silly,
အမေ့ကိုက အတော်တုံးနေတာ ဖြစ်မှာပါကွယ်။
but there’s one thing I’m confused about:
ဒါပေမဲ့ အမေမရှင်းတာ တစ်ချက်ရှိတယ်။
why do I have to go to bed to make the tea”
လက်ဖက်ရည်ဖျော်ဖို့ကို အမေက ဘာလို့ အိပ်ရာဝင်ရမှာလဲ။

        ဒီဟာသလေးကတော့ ဘယ်အရာကိုမဆို လှေနံဓားထစ်မှတ်တတ်တဲ့သူတွေ အခက်တွေ့တတ်ပုံကို သင်ခန်းစာပေးထားတာပါ။ ဖတ်ခဲ့ပြီးသလိုပဲ ဒီဟာသလေးမှာဆိုရင် မယ်ရီက သူ့အမေလက်ဖက်ရည်ကြိုက်တာသိတော့ မနက်အိပ်ရာထချိန်မှာ အမေလက်ဖက်ရည်သောက်လို့ရအောင် လက်ဖက်ရည်ဖျော်စက်လေး ဝယ်ပေးတယ်။ ပြီးတော့ စက်နဲ့ လက်ဖက်ရည်ဖျော်ပုံဖျော်နည်း သင်ပေးတယ်။ အဘွားကြီးက လက်ဖက်ရည်ကြိုက်တဲ့သူဆိုတော့ အိပ်ရာထချိန်တင်မဟုတ်ဘဲ တခြားအချိန်တွေမှာပါ လက်ဖက်ရည်သောက်ချင်တယ်။ ဒါပေမဲ့ သူ့သမီးသင်ပေးတုန်းက မအိပ်ခင်လုပ်ရမယ်ဆိုတော့ သူက လက်ဖက်ရည်သောက်ဖို့ အိပ်ရာဝင်ရမယ်ချည်းထင်နေပါသတဲ့။ အသေမှတ်ထားတော့ အခက်တွေ့ပြီပေါ့။

ရှင်းလင်းချက်များ
တချို့ verb တွေနောက်မှာ -ing ပုံစံရော to+infinitive ပုံစံရော သုံးလို့ရတယ်။ အဓိပ္ပာယ်တော့ ကွာသွားလိမ့်မယ်။
 ဥပမာ- remember (သတိရသည်။ မှတ်မိသည်) ဆိုပါတော့။
(1) remember+ ing သုံးရင် အတိတ်တစ်ချိန်က ကိုယ်လုပ်ခဲ့တာကို သတိရတာကို ဖော်ပြတယ်။
        I still remember buying my first packet of cigarettes.
        ပထမဦးဆုံး စီးကရက်တစ်ဘူး ဝယ်တာကို ငါမှတ်မိနေတုန်းပဲ။ (မသောက်တတ်ခင် အချိန်က ဝယ်တာ)
(2) ကိုယ်လုပ်စရာရှိတာကို သတိရတာပြောချင်ရင် remember+ to-infinitive သုံးရတယ်။
        I remember to translate the article for the competition.
ပြိုင်ပွဲအတွက် ဆောင်းပါးလေး ဘာသာပြန်ဖို့ သတိရတယ်။ (ဘာသာမပြန်ရသေးဘူး။ ဘာသာပြန်ဖို့ သတိရတာ)
       ခု ဟာသလေးရဲ့ ပထမစာပိုဒ်မှာပါတဲ့ She liked drinking tea. ဆိုတဲ့ စာကြောင်းလေး ပြန်ကြည့်။
ဒီဝါကျမှာပါတဲ့ like  ကိုတော့ -ing ပုံစံနဲ့ရော to-infinitive ပုံစံနဲ့ပါ အဓိပ္ပာယ်မကွာဘဲ သုံးနိုင်တယ်။ အလားတူပဲ အောက်က verb တွေကိုလည်း အဓိပ္ပာယ်မပြောင်းဘဲ -ing ပုံစံနဲ့ရော to-infinitive ပုံစံနဲ့ပါ သုံးနိုင်တယ်။
like     = ကြိုက်နှစ်သက်သည်                                 start          = စတင်သည်
love    = ချစ်သည်။ နှစ်သက်သည်                            attempt      = ကြိုးပမ်းသည်
hate    = မုန်းသည်                                            intend        = ရည်ရွယ်သည်
prefer = ပိုပြီးနှစ်သက်သည်                                          continue      = ဆက်လုပ်သည်
begin         = စတင်သည်                                            can’t bear   = သည်းမခံနိုင်ဖြစ်သည်
ဥပမာလေးတွေကို ကြည့်ပါ။ အဓိပ္ပာယ်အတူတူပါပဲ။
(1)  I hate working/ to work at weekends.
        စနေ၊ တနင်္ဂနွေတွေမှာ အလုပ်လုပ်ရတာကို ငါမုန်းတယ်။
(2)  She began playing/ to play the guitar when she was six.
        သူ့အသက်ခြောက်နှစ်မှာ ဂစ်တာ စ တီးတယ်။
(3)  I intend telling her/ to tell her what I think.
        ကျွန်တော်တွေးမိတာ သူ့ကို ပြောပြဖို့ရည်ရွယ်တယ်။
British English မှာဆိုရင် “like+ing”ကို ကိုယ်လုပ်ရတာ ပျော်မွေ့တဲ့ အရာကို ဖော်ပြဖို့ သုံးပြီး “to-infinitive” ကိုတော့ ရွေးချယ်တာတွေ၊ အလေ့အထတွေကို ဖော်ပြဖို့သုံးပါတယ်။
(1)  I like climbing mountains.
        တောင်တက်ရတာကို ကျွန်တော် ကြိုက်တယ်။ (ကိုယ်ပျော်မွေ့တာကို ပြောတာမို့ like+ing)
(2)  I like to start work early in the morning.
        မနက်စောစော အလုပ်စလုပ်ရတာကို ကျွန်တော်ကြိုက်တယ်။ (ရွေးချယ်မှုကို ပြောတာ။ ကိုယ်စလုပ်ချင်တဲ့အချိန်ကို ရွေးချယ်တာမို့ like+ to)


ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


        ပညာသင်တယ်ဆိုတာ အကြောင်းအရာတွေ၊ အချက်အလက်တွေကို    မှတ်သားဖို့သက်သက် မဟုတ်ပါဘူး။ ကိုယ်သိထားတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး တီထွင်ကြံဆတတ်တဲ့ဥာဏ်၊ အကောင်းအဆိုး ဝေဖန်ခွဲခြားနိုင်တဲ့ဥာဏ်ရဖို့အတွက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လတွေက ဆောင်းပါးတွေမှာ အင်္ဂလိပ်စာဆိုင်ရာအချက်တွေကို ရှင်းပြပေးရုံသာမက စာတွေကိုလည်းအနှစ်ချုပ်သုံးသပ်ပြီး သင်ခန်းစာထုတ်ပေးခဲ့တာပါ။လူငယ်မောင်မယ်တို့လည်း စာဖတ်တဲ့အခါ တတ်နိုင်သမျှကိုယ်ပိုင်ဥာဏ်နဲ့ စာတွေကိုဝေဖန်သုံးသပ်တာတို့၊ သင်ခန်းစာထုတ်နှုတ်တာတို့ လုပ်စေချင်ပါတယ်။
          ကဲ…စလိုက်ကြရအောင်။
Mr Grey was the manager of a small office in London. He lived in the country, and came up to work by train. He liked walking from the station to his office unless it was raining, because it gave him some exercise.
One morning he was walking along the street when a stranger stopped and said to him, “You may not remember me, sir, but seven years ago I came to London without a penny in my pockets. I stopped you in this street and asked you to lend me some money, and you lent me five pounds, because you said that you were willing to take a chance so as to give a man a start on the road to success.”
Mr Grey thought for a few moments and then said, “Yes, I remember you. Go on with your story”
“Well,” answered the stranger, “are you still willing to take a chance?”
ဘာသာပြန်ဖတ်မယ်။
Mr Grey was the manager of a small office in London.
မစ္စတာဂရေးဟာ လန်ဒန်မှာရှိတဲ့ ရုံးလေးတစ်ရုံးရဲ့ မန်နေဂျာဖြစ်ပါတယ်။
 He lived in the country,
သူကကျေးလက်တောရွာလေးတစ်ရွာမှာ နေပါတယ်

and came up to work by train.
ပြီးတော့ အလုပ်ရှိရာကို ရထားနဲ့ တက်လာပါတယ်။
He liked walking from the station to his office
သူက ဘူတာရုံကနေ သူ့ရဲ့ရုံးကို လမ်းလျှောက်သွားရတာကို ကြိုက်ပါတယ်။ (ဘယ်လို အချိန်မှာလဲ ဆက်ဖတ်မယ်)
unless it was raining,
မိုးမရွာနေဘူးဆိုရင် (လမ်းလျှောက်သွားရတာကိုကြိုက်)
because it gave him some exercise.
ဘာဖြစ်လို့လဲဆိုတော့ လမ်းလျှောက်တာက သူ့ကို လေ့ကျင့်ခန်းပေးနေလို့ပဲဖြစ်ပါတယ်။
One morning he was walking along the street
တစ်မနက်မှာ သူက လမ်းတစ်လျှောက် လမ်းလျှောက်လာပါတယ်
 when a stranger stopped and said to him,
လူစိမ်းတစ်ယောက်က သူ့ကိုတားပြီးပြောတဲ့အခါ (သူက လမ်းတစ်လျှောက် လမ်းလျှောက်နေပါတယ်)
 “You may not remember me, sir,
“ဆရာတော့ ကျွန်တော့်ကို မမှတ်မိလောက်ဘူး
but seven years ago
ဒါပေမဲ့ လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက
 I came to London without a penny in my pockets.
ကျွန်တော့်ရဲ့အိပ်ထဲမှာ တစ်ပြားတစ်ချပ်မှမပါဘဲ လန်ဒန်ကိုကျွန်တော်ရောက်လာခဲ့ပါတယ်။
I stopped you in this street
ကျွန်တော်က ဆရာ့ကို ဒီလမ်းထဲမှာတားပြီး

and asked you to lend me some money,
ကျွန်တော့်ကို ပိုက်ဆံနည်းနည်းချေးဖို့တောင်းဆိုခဲ့တယ်
and you lent me five pounds,
ဆရာက ကျွန်တော့်ကို ငါးပေါင်ချေးခဲ့တယ်
because you said that you were willing to take a chance
ဘာလို့လဲဆိုတော့ ဆရာက အခွင့်အလမ်းရချင်လို့ဆိုပြီးပြောခဲ့တယ် (ဘယ်လိုအခွင့်အလမ်းလဲ ဆက်ဖတ်မယ်)
so as to give a man a start on the road to success.”
လူတစ်ယောက်ကို အောင်မြင်မှုလမ်းမပေါ် အစပျိုးပေးနိုင်မယ့် (အခွင့်အလမ်းရချင်လို့ဆိုပြီးပြောခဲ့တယ်)”
Mr Grey thought for a few moments and then said,
မစ္စတာဂရေးက ခဏကြာအောင်စဉ်းစားပြီးနောက်ပြောတယ်။
“Yes, I remember you.
“ဟုတ်ကဲ့ ကျွန်တော်ခင်ဗျားကို မှတ်မိပြီ။
Go on with your story”
ခင်ဗျားရဲ့ဇာတ်လမ်းကို ဆက်ပြောပါဦး”
“Well,” answered the stranger,
“ကောင်းပါပြီ” လို့ လူစိမ်းက ပြန်ဖြေတယ်
“are you still willing to take a chance?”
“ဆရာ အခွင့်အလမ်းရချင်တုန်းပဲလား”
          L.A Hill ရဲ့ ဒီဟာသလေးမှာ မစ္စတာဂရေးဟာ လူတစ်ယောက်သူ့ဆီက ပိုက်ဆံချေးတုန်းက မတွန့်မဆုတ် ချေးခဲ့တယ်။ သူ့ရဲ့ဆန္ဒကတော့ လူတစ်ယောက်အောင်မြင်သွားအောင် ကူညီပေးနိုင်မယ့် အခွင့်အရေး ရချင်လို့ပေါ့။ နောက်တစ်ကြိမ်ပြန်ဆုံလို့ ဒီလူက ဇာတ်လမ်းလေးကို အစဖော်ပေးတဲ့အခါ မစ္စတာဂရေးက ဒီလူအခုတော့အောင်မြင်နေပြီ၊ သူ့ကိုကျေးဇူးဆပ်ချင်လို့လာပြောတာပဲလို့ ကျိန်းသေတွက်မယ်လေ။ ဒါပေမဲ့ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲသွားတယ်။ ဒီလူက သူ့ဆီမှာနောက်ထပ် ပိုက်ဆံချေးချင်လို့ ဖြစ်နေပါရော့လား။
          ဒီဟာသလေးမှာ သင်ခန်းစာရစရာတွေ ပါပါတယ်။ လူ့စရိုက်သဘာဝကိုလည်း မြင်နိုင်ပါတယ်။ မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။

ဝေါဟာရများ
(1)  manager                (n)      မန်နေဂျာ
(2)  office                              (n)      ရုံး
Our office is in the centre of the town.
ကျွန်တော်တို့ရုံးက မြို့လယ်မှာရှိပါတယ်။
(3)  country                 (n)      ကျေးလက်တောရွာ
She lives in the country.
သူက ကျေးလက်တောရွာမှာ နေပါတယ်။
(4)  come up (to…) (from…)         (မြို့ငယ်၊ ရွာငယ်မှ မြို့ကြီးပြကြီးသို့) တက်သည်
She often comes up to London at weekends.
စနေ၊တနင်္ဂနွေတွေမှာ သူကလန်ဒန်ကို တက်လာလေ့ရှိတယ်။
(5)  station                            (n)      ဘူတာရုံ
(6)  exercise                 (n)      ကိုယ်လက်လှုပ်ရှားခြင်း၊ လေ့ကျင့်ခန်း
The doctor advised him to take more exercise.
ဆရာဝန်က သူ့ကို လေ့ကျင့်ခန်းပိုလုပ်ဖို့ အကြံပေးတယ်။
(7)  stranger                (n)      လူစိမ်း
Our dog barks at strangers.
တို့ခွေးက လူစိမ်းတွေကို ဟောင်တယ်။
(8)  stop                    (v)      တားသည်၊ ဟန့်သည်
You can’t stop us from going if we want to.
ငါတို့သွားချင်ပြီဆိုရင် မင်းတားလို့မရပါဘူး။
(9)  remember             (v)      မှတ်မိသည်၊ သတိရသည်

Do you remember where you put the key?
သော့ကို မင်းဘယ်နားထားလိုက်တယ်ဆိုတာ မှတ်မိလား။
(10) pocket                 (n)      အိတ်ကပ်
(11) lend                    (v)      ချေးသည်၊ ငှားသည်
lent (pt), lent (pp)
Can you lend me $5? I’ll pay you back tomorrow.
ငါ့ကို ငါးဒေါ်လာလောက်ချေးနိုင်မလား။ မနက်ဖြန်ပြန်ပေးပါ့မယ်။
(12) willing                  (adj)   လိုလိုလားလားဖြစ်သော
(13) chance                 (n)      အခွင့်အလမ်း
(14) success                (n)      အောင်မြင်မှု
(15) moment               (n)      တဒင်္ဂ၊ ခဏ
Could you wait a moment, please?
ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးနိုင်မလား။
(16) go on                           (Phr V)ဆက်လုပ်သည်
If we don’t finish the work today, we can go on with it tomorrow.
ကျွန်တော်တို့ဒီနေ့ အလုပ်မပြီးဘူးဆိုရင် မနက်ဖြန်ဆက်လုပ်လို့ရပါတယ်။

ရှင်းလင်းချက်များ
·         ပထမစာပိုဒ်မှာသုံးထားတဲ့ unless အသုံးကို အရင်လေ့လာကြည့်ရအောင်။ ပထမစာပိုဒ်က ဝါကျကိုပြန်ဖတ်ပါ။
           He liked walking from the station to his office unless it was raining,….
           မိုးမရွာနေဘူးဆိုရင် သူကဘူတာရုံကနေ သူ့ရဲ့ရုံးကို လမ်းလျှောက်သွားရတာ ကြိုက်တယ်

◊ အခြေအနေ (condition) ကိုဖော်ပြဖို့ unless သုံးတယ်။ unless ဟာ if not နဲ့ အဓိပ္ပာယ်အတူတူပါပဲ။ “မ…လျှင်” လို့ အဓိပ္ပာယ်ရတယ်။

       unless = if not

ဥပမာတွေ လေ့လာကြည့်မယ်။ unless နဲ့ if not နှစ်ခုကို ယှဉ်ကြည့်ပါ။
(1)  I can’t see unless I wear glasses.
I can’t see if I don’t wear glasses.
မျက်မှန်မတပ်ရင် ငါမမြင်ရဘူး။
(2)  Unless you can pay your bills, you’ll have to leave.
If you can’t pay your bills, you’ll have to leave.
မင်းရဲ့ကျသင့်ငွေကို မပေးနိုင်ဘူးဆိုရင် မင်းထွက်သွားရမယ်။
(3)  I wouldn’t say that unless I believed it.
I wouldn’t say that if I didn’t believe it.
ကျွန်တော်သာ မယုံခဲ့ဘူးဆိုရင် ဒါကို ဘယ်ပြောပါ့မလဲ။

·         ဒီတစ်ခါ ဒုတိယစာပိုဒ်က ဝါကျလေးကို ဖတ်ကြည့်ပါဦး။
One morning he was walking along the street when a stranger stopped and said to him,…
တစ်မနက်မှာ သူက လမ်းတစ်လျှောက် လမ်းလျှောက်လာစဉ်မှာ လူစိမ်းတစ်ယောက်က သူ့ကိုတားပြီးပြောတယ်
           ဒီဝါကျမှာ was walking ဆိုတဲ့ past continuous tense နဲ့  stopped, said ဆိုတဲ့ simple past tense နှစ်ခု အတူယှဉ်သုံးထားတာ တွေ့ရမယ်။ မှတ်ထားရမှာက…

◊ တစ်စုံတစ်ခု လုပ်နေ၊ ဖြစ်နေချိန်ရဲ့အလယ်မှာ နောက်ထပ်တစ်စုံတစ်ခုဖြစ်ပွားမယ်ဆိုရင် simple past နဲ့ past continuous ကို တွဲပြီးသုံးနိုင်တယ်

ဥပမာတွေကို လေ့လာကြမယ်။
(1)  Matt phoned while we were having dinner.
တို့ညစာစားနေစဉ်မှာ မတ်(ထ်) က ဖုန်းဆက်တယ်။
(2)  It was raining when I got up.
ကျွန်တော်အိပ်ရာထတော့ မိုးရွာနေတယ်။
(3)  I saw you in the park yesterday. You were sitting on the grass and reading a book.
မနေ့က ခင်ဗျားကို ကျွန်တော်ပန်းခြံထဲမှာ တွေ့ခဲ့တယ်။ ခင်ဗျားက မြက်ခင်းပြင်ပေါ်မှာ ထိုင်ပြီးစာအုပ်ဖတ်နေတယ်လေ။
         ◊ တစ်ခုဖြစ်ပြီးမှ နောက်တစ်ခုဖြစ်မယ်ဆိုရင်တော့ simple past ကိုပဲ သုံးရမယ်။

နှိုင်းယှဉ်ကြည့်ရအောင်။
When Karen arrived, we were having dinner.
ကာရင်ရောက်လာတော့ တို့ညစာစားနေတယ်။
(တို့စားနေချိန်အတွင်းမှာ ကာရင်ရောက်လာတာ)
When Karen arrived, we had dinner.
ကာရင်ရောက်လာတော့ တို့ညနေစာစားတယ်။
(ညစာမစားရသေးဘူး။ ကာရင်ရောက်လာပြီးမှ စားတာ)
လူငယ်မောင်မယ်များအားလုံး လေ့ကျင့်ရင်း တိုးတက်မှုရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။