နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, July 5, 2018

ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


Intermediate steps to understanding စာအုပ်ထဲက L.A Hill ရဲ့ဟာသလေး တစ်ပုဒ်ကိုဖတ်ပြီး အင်္ဂလိပ်စာ လေ့လာကြရအောင်။ ဒီဟာသလေးမှာ အိုက်စလန်နိုင်ငံရဲ့ ထူးခြားတဲ့ အကျဉ်းထောင်စနစ်အကြောင်းကို ဗဟုသုတအဖြစ် မှတ်သားနိုင်ပါတယ်။ ဒါတင်မကသေးဘူး အခြေအနေတစ်ခုဟာ ကိုယ့်ရဲ့ သာမန်အတွေးနဲ့ဆို မှန်နေတတ်ပေမဲ့ လက်တွေ့ဘဝမှာ လွဲချော်နေတတ်တာကိုလည်း  သင်ခန်းစာ ရယူနိုင်ပါတယ်။
ကဲစာပိုဒ်ကို စဖတ်ကြည့်ရအောင်။
There is a prison in Iceland which allows its prisoners to go out without any guards to work every day. They work on the farms near the prison during the day, and come back to have their evening meal and to sleep every evening. Before they are allowed to go out like this, they have to promise to come back every evening. If they do not promise this, they are not let out.
One night one of the prisoners was invited to have meal and drink with the family of the farmer he was working for, so he came back to the prison very late. He had to knock at the gate several times before the guard came to let in.
The guard did not like being disturbed at this time, so he said to the prisoner angrily, "If you come back so late again, I won't let you in."
တစ်ကြောင်းချင်းစီ ဘာသာပြန်ဖတ်ကြမယ်။
There is a prison in Iceland
အိုက်စလန်နိုင်ငံမှာ အကျဉ်းထောင်တစ်ခု ရှိတယ် (ဘယ်လိုအကျဉ်းထောင်လဲ။ ဆက်ဖတ်မယ်)
which allows its prisoners to go out without any guards to work every day.
နေ့စဉ်အလုပ်လုပ်ဖို့အတွက် အကျဉ်းသားတွေကို အစောင့်တွေမပါဘဲ အပြင်ထွက်ခွင့်ပေးတဲ့ (အကျဉ်းထောင်တစ်ခုရှိ)
They work on the farms near the prison during the day,
သူတို့ဟာ နေ့ဘက်မှာ အကျဉ်းထောင်အနီးက စိုက်ပျိုးမွေးမြူရေးခြံမှာ အလုပ်လုပ်တယ်။
and come back to have their evening meal and to sleep every evening.
ပြီးတော့ ညနေစာ စားဖို့နဲ့ ညနေခင်းတိုင်းမှာ အိပ်စက်ဖို့အတွက် ပြန်လာကြတယ်။
Before they are allowed to go out like this,
ဒီလိုမျိုးသူတို့ကို အပြင်ထွက်ခွင့်မပြုခင်မှာ
 they have to promise to come back every evening.
သူတို့ဟာ ညနေတိုင်းပြန်လာပါ့မယ်လို့ ကတိပေးရပါတယ်။
If they do not promise this,
သူတို့ကတိမပေးဘူးဆိုရင်
 they are not let out.
သူတို့ကို အပြင်ထွက်ခွင့် မပေးပါဘူး။
One night one of the prisoners was invited
တစ်ညမှာ အကျဉ်းသားတစ်ယောက်ကို ဖိတ်ပါတယ် (ဘာလုပ်ဖို့လဲ ဆက်ဖတ်မယ်)
 to have meal and drink with the family of the farmer he was working for,
သူအလုပ်လုပ်ပေးနေတဲ့ မိသားစုနဲ့ သောက်ကြ၊ စားကြဖို့ (ဖိတ်ပါတယ်)
so he came back to the prison very late.
ဒါကြောင့် သူက အကျဉ်းထောင်ကို အလွန်နောက်ကျမှ ပြန်လာပါတယ်။
He had to knock at the gate several times before the guard came to let in.
သူက အကြိမ်ပေါင်းများစွာ ဂိတ်ကို ခေါက်မှ အစောင့်ကလာပြီး သူ့ကို ဝင်ခွင့်ပေးပါတယ်။
The guard did not like being disturbed at this time,
ဒီလိုအချိန်မှာ အနှောက်အယှက်ပေးခံရတာကို အစောင့်က မကြိုက်ပါဘူး။
so he said to the prisoner angrily,
ဒါကြောင့်သူက အကျဉ်းသားကို ဒေါသတကြီးပြောတယ်
"If you come back so late again,
"မင်းထပ်ပြီး အပြန်နောက်ကျနေဦးမယ်ဆိုရင်

I won't let you in."
ငါမင်းကို အထဲဝင်ခွင့်မပေးတော့ဘူး"

ဝေါဟာရများ
(1)  prison                (n)      အကျဉ်းထောင်
(2)  prisoner      (n)      အကျဉ်းသား
They are demanding the release of all political prisoners.
သူတို့က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုနေကြတယ်။
(3)  allow          (v)      ခွင့်ပြုသည်
Passengers are not allowed to smoke.
ခရီးသည်တွေကို ဆေးလိပ်သောက်ခွင့် မပြုပါဘူး။
(4)  guard         (n)      အစောင့်
A guard was posted outside the building.
အဆောက်အဦးရဲ့အပြင်ဘက်မှာ အစောင့်တစ်ယောက် တာဝန်ကျနေတယ်။
(5)  farm          (n)      စိုက်ပျိုးမွေးမြူရေးခြံ
(6)  promise      (adv)  ကတိပေးသည်
I can't promise, but I'll do my best.
ကျွန်တော် ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ အကောင်းဆုံးလုပ်ပါမယ်။
(7)  let             (v)      ခွင့်ပြုသည်
Don't let your child play with matches.
မင်းရဲ့ ကလေးကို မီးခြစ်ဆံတွေနဲ့ ကစားခွင့်မပေးနဲ့။
(8)  invite         (v)      ဖိတ်ခေါ်သည်
They invited me to come to their party.
သူတို့က ကျွန်တော့်ကို ပါတီပွဲလာဖို့ ဖိတ်ခေါ်တယ်။
(9)  knock         (v)     ထုသည်။ ခေါက်သည်
(10) gate          (n)      ဝင်းတံခါး။ တံခါးပေါက်။ ဂိတ်
the gates of the city - မြို့တံခါးပေါက်များ
(11) several     (det,pron)      အချို့
Several letters arrived this morning.
ဒီမနက်မှာ စာတချို့ရောက်လာတယ်။

ရှင်းလင်းချက်များ
ပထမဆုံး ဝါကျကို ပြန်ကြည့်ကြရအောင်။
There is a prison in Iceland which allows its prisoners to go out without any guards to work every day.
ဒီဝါကျမှာ which ဟာ အိုက်စလန်နိုင်ငံမှာရှိတဲ့ အကျဉ်းထောင်ကို ရည်ညွှန်းမှန်းသိပြီးရောပေါ့။


which, that, who, whom, whose, what တို့ကို relative pronouns လို့ခေါ်တယ်။ ဒီစကားလုံးတွေနဲ့ ဆက်ထားတဲ့ စကားစုတွေကိုတော့ relative clauses လို့ ခေါ်တယ်။ relative pronoun တစ်ခုဟာ ဘယ်အရာ၊ ဘယ်သူ စတာတွေကို စာရေးသူက ဆိုလိုချင်လဲဆိုတာကို ပြောပြပါတယ်။

          ဒီဆောင်းပါးမှာ relative clauses တွေအားလုံးအကြောင်းမရှင်းတော့ဘဲ which, that တို့နဲ့ ဆက်တဲ့ relative clauses တွေအကြောင်းပဲ အလေးပေးပြောပါ့မယ်။ ဖတ်မှတ်လေ့လာ ဆောင်းပါးတွေရဲ့ ရည်ရွယ်ချက်ကလည်း သဒ္ဒါသက်သက်ရှင်းနေဖို့ပဲ မဟုတ်ဘဲ စာဖတ်ရင်းနဲ့ တွေ့လာရတဲ့ ဝေါဟာရ၊ အသုံးအနှုန်း၊ သဒ္ဒါတွေအားလုံး သက်ဆိုင်တာကိုပဲ ရှင်းပြဖို့ဖြစ်ပါတယ်။ ကဲ… ဆက်ကြည့်ရအောင်။

         
အရာဝတ္ထုတွေအကြောင်းပြောမယ်ဆိုရင် relative clause မှာ which သို့မဟုတ် that ကိုသုံးရပါတယ်။


(1)  I don't like stories that / which have unhappy endings.
    ပျော်စရာမကောင်းတဲ့ အဆုံးသတ်တွေရှိနေတဲ့ ဇာတ်လမ်းတွေကို ငါမကြိုက်ဘူး။
(2)  The machine that / which broke down is working again.
     ပျက်သွားတဲ့ စက်ပြန်အလုပ်လုပ်နေတယ်။

          အရာဝတ္ထုတွေကို ညွှန်းချင်ရင် which သို့မဟုတ် that ကို သုံးရကြောင်း ပြောခဲ့ပြီးပြီ။ ဗဟုသုတအနေနဲ့ တစ်ခုမှတ်စေချင်တာက that ကို အရာဝတ္ထုတွေကိုသာမက လူကိုလည်းပဲ သုံးနိုင်တယ်။ which ကတော့ လူကို သုံးလို့မရဘူး။


ဒီအထိနားလည်ပြီဆိုရင် တစ်ဆင့်တက်ပြီးလေ့လာကြမယ်။ အောက်က ဝါကျလေးတွေကို ဖတ်ကြည့်ပါဦး။
(1)  Barbara works for a company that makes furniture.
     ဘာဘရာက ပရိဘောဂလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။
(2)  We stayed at the hotel that you recommended.
     မင်းထောက်ခံခဲ့တဲ့ ဟိုတယ်မှာ တို့တည်းခဲ့တယ်။

          ပထမဝါကျက that makes furniture ဆိုတဲ့ clause က ဘယ်လိုကုမ္ပဏီလဲဆိုတာ ပြောပြတယ်။
          ဒုတိယဝါကျက that you recommended ဆိုတဲ့ clause က ဘယ်လို ဟိုတယ်လဲဆိုတာ ပြောပြတယ်။
          ဒီလိုမျိုး အဓိပ္ပာယ်ပြန်ဖွင့်ပေးတဲ့ clause တွေကို defining clause လို့ခေါ်တယ်။ defining clause တွေမှာ (,) မသုံးရဘူး။

နောက်ဝါကျတွေကို လေ့လာပါဦး။
Colin told me about his new job, which he's enjoying very much.
ကောလင်းက သူသိပ်ပျော်မွေ့နေတဲ့ အလုပ်အသစ်အကြောင်း ငါ့ကိုပြောပြတယ်။
We stayed at the Park Hotel, which a friend of ours recommended.
တို့မိတ်ဆွေတစ်ယောက်ထောက်ခံခဲ့တဲ့ ပါ့ခ်ဟိုတယ်မှာ တို့တည်းခဲ့တယ်။

ပထမဝါကျမှာ ကောလင်းက သူ့ရဲ့အလုပ်အသစ်အကြောင်းကို ပြောပြနေတယ်လို့ဆိုတယ်။ အလုပ်အသစ်ဆိုမှတော့ ရှင်းနေပြီ။ ထပ်ပြီး အဓိပ္ပာယ်ဖွင့်စရာမလိုတော့ဘူး။ ဒါဆို which he's enjoying very much ဆိုတဲ့ clause ကအပိုသတင်းအချက်ကို ပေးတာလို့နားလည်ရမယ်။
ဒုတိယဝါကျမှာလည်း ပါ့ခ်ဟိုတယ် ဆိုကတည်းက ထပ်ရှင်းပြစရာမလိုတော့ဘူး။ ဒါကြောင့် which a friend of ours recommended ဆိုတာကလည်း အပိုသတင်းအချက်အလက်ပေးတာပါပဲ။

ဒီလိုအပိုသတင်းအချက်အလက် (extra information) ပေးတဲ့ clause တွေကို non-defining clause လို့ ခေါ်တယ်။ non-defining clause တွေနဲ့ဆိုရင် (,) ထည့်ပေးရတယ်။




အခုပြောတဲ့ defining clause နဲ့ non-defining clause ဟာ which / that နှစ်ခုတည်းနဲ့တင် ဆိုင်တာမဟုတ်ဘဲ တခြား relative pronoun တွေနဲ့လည်း ဒီသဘောအတိုင်းသုံးတာကို မှတ်သားရပါမယ်။

လူငယ်များ လေ့ကျင့်ရင်း အင်္ဂလိပ်စာတိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရပါတယ်။

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ