နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, July 5, 2018

ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ


လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးရတယ်ဆိုတဲ့ စကားကို ကောင်းကောင်းကြားဖူးကြမှာပေါ့။ ကိုယ်အသက်ရှင်နေတဲ့ တစ်လျှောက်မှာ ကိုယ့်ရဲ့သမိုင်းကြောင်းကောင်းအောင်ဂရုပြုဖို့၊ တစ်နည်းပြောရရင် ကိုယ်ပြောခဲ့၊ လုပ်ခဲ့တာတွေမှန်သမျှ အပြစ်ကင်းတဲ့ အရာတွေဖြစ်အောင်ကြိုးစားဖို့ ဒီစကားက သတိပေးချင်တာပါပဲ။ နောင်တစ်ချိန်မှာ ခေါင်းဆောင်တွေဖြစ်လာမယ့် လူငယ်မောင်မယ်တွေအနေနဲ့ ကိုယ့်ရဲ့သမိုင်းကိုကောင်းသထက်ကောင်းအောင် ကြိုးစားဖို့နှိုးဆော်ချင်ပါတယ်။
ခုလ L.A Hill ရဲ့ ဟာသလေးမှာတော့ မဲ့သယူးဟော့(ဘ်)ရဲ့ကျောင်းတက်တဲ့အချိန်က အကျင့်စရိုက်တွေဟာ သူအလုပ်လုပ်ချင်တဲ့အခါ အရေးပါလာတာကို တွေ့ရပါမယ်။ သမိုင်းကြောင်း မကောင်းခဲ့တဲ့သူ့အတွက် ကျောင်းအုပ်ဆရာကြီး ထောက်ခံစာရေးပေးရတာ အခက်တွေ့တဲ့အကြောင်းလည်း တွေ့ရပါဦးမယ်။
ကဲ… စ ဖတ်ကြရအောင်။
Matthew Hobbs was sixteen years old. He had been at the same school for five years, and he had always been a very bad pupil. He was lazy, he fought with other pupils, he was rude to the teachers, and he did not obey the rules of the school. His headmaster tried to make him work and behave better, but he was never successful – and the worst thing was that, as Matthew grew older, he was a bad influence on the younger boys.
Then at last Matthew left school. He tried to get a job with a big company, and the manager wrote to the headmaster to find out what he could say about Matthew.
The headmaster wanted to be honest, but he also did not want to be too hard, so he wrote, “If you can get Matthew Hobbs to work for you, you will be very lucky.”
တစ်ကြောင်းချင်း ဘာသာပြန်ဖတ်ကြမယ်။
Matthew Hobbs was sixteen years old.
မဲ့သယူးဟော့(ဘ်) ဟာ အသက်ဆယ့်ခြောက်နှစ်ရှိပါပြီ
He had been at the same school for five years,
သူကကျောင်းတစ်ကျောင်းတည်းမှာ ငါးနှစ်ကြာတက်ခဲ့ရပါတယ်
 and he had always been a very bad pupil.
ပြီးတော့ သူဟာ အလွန်ဆိုးတဲ့ တပည့်လေးတစ်ယောက်လည်း အမြဲတမ်းဖြစ်ခဲ့ပါတယ်
He was lazy,
သူက ပျင်းတယ်
 he fought with other pupils,
သူက တခြားတပည့်တွေနဲ့ ရန်ဖြစ်တယ်
he was rude to the teachers,
ဆရာ၊ ဆရာမတွေအပေါ်မှာ ရိုင်းပျတယ်
 and he did not obey the rules of the school.
ပြီးတော့ သူက ကျောင်းစည်းကမ်းတွေကို မလိုက်နာပါဘူး
His headmaster tried to make him work and behave better,
သူ့ရဲ့ကျောင်းအုပ်ကြီးက သူ့ကို ပိုမိုအလုပ်လုပ်ပြီး ကောင်းကောင်းပြုမူလာအောင်ကြိုးစားတယ်
 but he was never successful –
ဒါပေမဲ့ ဘယ်တုန်းကမှ သူမအောင်မြင်ခဲ့ပါဘူး
and the worst thing was that,
အဆိုးဆုံးကတော့
 as Matthew grew older,
မဲ့သယူး အသက်ကြီးလာတဲ့အခါ
he was a bad influence on the younger boys.
သူက တခြားကောင်လေးတွေအပေါ်မှာ မကောင်းတဲ့ သြဇာလွှမ်းမိုးမှုရှိလာပါတယ်

Then at last Matthew left school.
အဲဒီနောက် နောက်ဆုံးမှာတော့ မဲ့သယူး ကျောင်းက ထွက်ခွာခဲ့ပါတယ်
 He tried to get a job with a big company,
သူက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရဖို့ကြိုးစားတယ်
and the manager wrote to the headmaster
မန်နေဂျာက ကျောင်းအုပ်ဆရာကြီးဆီ စာရေးတယ်
to find out what he could say about Matthew.
မဲ့သယူးနဲ့ ပတ်သက်ပြီး သူဘာများပြောနိုင်မလဲဆိုတာ တွေ့ရအောင် (ကျောင်းအုပ်ဆရာကြီးဆီ စာရေးတယ်)
The headmaster wanted to be honest,
ကျောင်းအုပ်ဆရာကြီးက ရိုးသားချင်ပါတယ်
 but he also did not want to be too hard,
ဒါပေမဲ့ သူက သိပ်ပြီးတော့လည်း အကြင်နာမကင်းချင်ပါဘူး
so he wrote,
ဒါကြောင့်သူက စာရေးတယ်
“If you can get Matthew Hobbs to work for you,
“မဲ့သယူးဟော့(ဘ်) ကို ခင်ဗျားတို့အတွက် အလုပ်လုပ်ပေးအောင် လုပ်နိုင်မယ်ဆိုရင်
 you will be very lucky.”
ခင်ဗျားတို့ သိပ်ကံကောင်းမှာပါ”
ထောက်ခံစာရေးပေးရတဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ ပါးနပ်မှုကို မြင်တယ်မဟုတ်လား။ သူရေးတဲ့စာမှာ မုသားမပါဘူးလေ။ မဲ့သယူးဟော့(ဘ်)လို သိပ်ဆိုးတဲ့သူဟာ ဘယ်လိုလုပ်ပြီး အလုပ်ကောင်းကောင်းလုပ်မှာလဲ။ ဒါကြောင့် မဲ့သယူးဟော့(ဘ်) ကို အလုပ်လုပ်ခိုင်းနိုင်မယ်ဆို ကံကောင်းမယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ မဲ့သယူးဟော့(ဘ်) ဟာ သိပ်တော်၊ သိပ်ကြိုးစားလို့ သူ့ကိုသာ အလုပ်ခန့်မယ်ဆို ကံကောင်းမယ်လို့လည်း ထင်ယောင်ထင်မှာ ဖြစ်သွားစေတာပေါ့။
ဝေါဟာရများ
(1)  same                     (adj)   တူညီသော
(2)  pupil                  (n)      တပည့်
(3)  fight                  (v)      တိုက်ခိုက်သည်၊ ရန်ဖြစ်သည်
fought (pt), fought (pp)
My little brothers are always fighting.
ကျွန်တော့်ရဲ့ ညီလေးတွေဆို အမြဲရန်ဖြစ်နေတာပဲ။
(4)  rude                   (adj)   ရိုင်းပျသော
Why are you so rude to your mother?
မင်းရဲ့အမေကို မင်းဘာလို့ ရိုင်းရတာလဲ။
(5)  obey                  (v)      လိုက်နာသည်၊ နာခံသည်
Soldiers are trained to obey without question.
စစ်သားတွေကို မေးခွန်းပြန်မထုတ်ဘဲ နာခံတတ်အောင် လေ့ကျင့်ပေးတယ်။
(6)  rule                   (n)      စည်းမျည်း၊ စည်းကမ်း
(7)  headmaster         (n)     ကျောင်းအုပ်ဆရာကြီး
(8)  behave               (v)     ပြုမူသည်
He behaved like a true gentleman.
သူက တကယ့်လူကြီးလုကောင်းတစ်ယောက်လို ပြုမူခဲ့တယ်။
(9)  successful           (adj)  အောင်မြင်သော
(10) worst                        (adj)  အဆိုးဆုံး
good, worse, worst
(11) influence            (n)     လွှမ်းမိုးမှု။ အရှိန်အဝါ
What exactly is the influence of television on children?
ကလေးတွေ အပေါ်မှာ ရုပ်မြင်သံကြားရဲ့ လွှမ်းမိုးမှုက အတိအကျဆိုရင်ဘာလဲ။
(12) leave                (v)      ထွက်ခွာသည်
left (pt), left (pp)
(13) find sth out        (PhrV) လေ့လာတွေ့ရှိသည်၊ စုံစမ်းရရှိသည်

Can you find out what time the train leaves?
ရထားဘယ်အချိန်ထွက်သလဲဆိုတာ မင်းစုံစမ်းလို့ ရပြီးပြီလား။
(14) hard                  (adj)   အကြင်နာကင်းသော။ အသည်းမာသော
       ရှင်းလင်းချက်များ
        ဒီဟာသလေးမှာ past simple ကို အဓိကသုံးထားတာ တွေ့ရလိမ့်မယ်။ past perfect ကိုလည်း သုံးထားပါတယ်။
        ဥပမာ-
        Matthew Hobbs was…….(past simple)
        He had been at the same school…….(past perfect)
        ဒါဆို ဘယ်လိုအခြေအနေတွေမှာ ဒီ tense တွေကို သုံးရမလဲ အသေးစိတ်ကြည့်ရအောင်။
Past Simple
       အတိတ်တစ်ချိန်က ပြီးဆုံးသွားတဲ့ တစ်စုံတစ်ခုကို ဖော်ပြဖို့ past simple ကို သုံးရတယ်။
e.g   
(1) We went to the cinema last Sunday.
      လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရုပ်ရှင်ရုံကို ငါတို့သွားခဲ့တယ်။
(2) Laura passed her examination because she studied very hard.
      လော်ရာက စာမေးပွဲအောင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူပြင်းပြင်းထန်ထန်ကြိုးစားခဲ့တယ်လေ။
        Past simple ရဲ့ ပုံစံက အများအားဖြင့် verb မှာ -ed ထည့်တာပါပဲ။ ဒါပေမဲ့ -ed ထည့်လို့မရတဲ့ verb တွေ ရှိသေးတယ်။ irregular verb (ပုံမမှန်ကြိယာ) လို့ ခေါ်တယ်။ irregular verb တွေကိုတော့ ကျက်မှတ်ထားမှ သေသေချာချာသုံးနိုင်မယ်။
        ဥပမာ-
        သွားသည်         - go (present)          - went (past)
        ထွက်ခွာသည်    - leave (present)      - left (past)
        စာရေးသည်      - write (present)       - wrote (past)
Past Perfect
       အတိတ်က အချိန်တစ်ခုရဲ့အရင် ဖြစ်ပျက်ခဲ့တာကို ပြောချင်ရင် past perfect သုံးရတယ်။
       past perfect ရဲ့ ပုံစံကတော့ had+past participle(V3) ဖြစ်ပါတယ်။ past perfect ရဲ့ အသုံးအနှုန်းကို ပေါ်လွင်အောင် present simple နဲ့ ယှဉ်ပြီးပြောပါမယ်။ ဒီဝါကျလေးကို ကြည့်ပါ။ past simple နဲ့ သုံးထားတယ်။
        Sarah arrived at the party.
        ဆာရာ ပါတီပွဲကို ရောက်လာခဲ့တယ်။
        ဒါက ဆာရာ ပါတီပွဲကို ရောက်လာတဲ့ အချိန်အစပေါ့။ ဒီအချိန်အရင် ဖြစ်ပျက်ခဲ့တာကို ပြောချင်ရင် past perfect ကို သုံးရတယ်။ ဥပမာ ဆာရာက ပါတီပွဲကို ၈ နာရီမှာရောက်လာတယ် ဆိုပါစို့။ ဒီ ၈ နာရီ မတိုင်ခင်မှာ ဖြစ်ပျက်ခဲ့တာကို ပြောချင်ရင် past perfect ကိုသုံးရတယ်။
       When Sarah arrived at the party, Paul had already gone home.
        ဆာရာ ပါတီပွဲကိုရောက်လာတဲ့အခါ ပေါလ်က အိမ်ပြန်နှင့်ပြီ။ (ဆာရာ ရောက်လာတဲ့ အချိန်မတိုင်ခင်က ပြန်တာ)
        ပိုနားလည်သွားအောင် ဥပမာလေးတွေ ထပ်လေ့လာပါ။
e.g
(1) I didn’t know who she was. I had never seen her before.
    သူဘယ်သူလဲဆိုတာ ငါမသိဘူး။ အရင်က သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။
(2) The house was dirty. They had not cleaned it for weeks.
      အိမ်က ညစ်ပတ်နေတာပဲ။ သူတို့အိမ်ကို သန့်ရှင်းရေးမလုပ်တာ ရက်သတ္တပတ်ပေါင်းများစွာကြာပြီ။
(3) Karen didn’t want to go to the cinema with us because she had already seen the film.
     ကာရင် က တို့နဲ့ ရုပ်ရှင်ရုံကို မသွားချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ကို သူကြည့်ပြီးပြီ။

လူငယ်မောင်မယ်များအားလုံး လေ့ကျင့်ရင်း တိုးတက်မှုရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
                                                                       

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ