နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, January 15, 2019

Adverbs သုံးစွဲပုံအကြောင်း အခြေခံ



adjectives တွေ သုံးစွဲပုံအကြောင်း ပြောပြီးတဲ့နောက်မှာ adverbs တွေ သုံးစွဲပုံအကြောင်း အခြေခံပြောချင်ပါတယ်။
adverb ဆိုတာ verb ကို အထူးပြုတဲ့အရာပဲလေ။ verb တစ်ခု ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ adverb က ဖော်ပြတယ်။ ဒီပုံလေးကို ကြည့်ကြည့်ပါ။



ပထမပုံမှာ ညစာစားနေပုံကို ကြည့်ပါ။ 7:10 မှာ စပြီး စားတယ်။ 7:12 မှာ စားနေတုန်း။ 7:15 မှာ စားလို့ ပြီးသွားတယ်။ သူ့ရဲ့ စားသောက်ပုံကို ပြောကြရအောင်။ သူဘယ်လိုစားသလဲ။ မြန်မြန်စားတယ်ပေါ့။ မြန်မြန် ဆိုတဲ့စကားလုံးက စားတယ် ဆိုတဲ့ စကားလုံးကို အထူးပြုတယ်။ တစ်နည်းပြောရရင် quickly (adverb) က eat (verb) ကို အထူးပြုတာပေါ့။ ဒါဆိုပြောကြည့်ရအောင်။
သူက သူ့ရဲ့ ညစာကို မြန်မြန်စားတယ်။
He ate his dinner quickly.
ဒုတိယတစ်ပုံမှာကျတော့ စင် (shelf) ကို တွေ့မယ်။ အစတုန်းကတော့ စင်က အကောင်းပဲ။ ဟော ရုတ်တရက် စင်ပြုတ်ကျတယ်။ ဒါဆိုရင် ပြုတ်ကျတယ် (fall down) ဆိုတဲ့စကားလုံးကို ရုတ်တရက် (suddenly) ဆိုတဲ့ စကားလုံးက အထူးပြုတာပေါ့။ ဒီတော့ ပြောကြည့်မယ်။
ရုတ်တရက် စင်ပြုတ်ကျတယ်။
Suddenly, the shelf fell down.
quickly နဲ့ suddenly က adverb တွေ ဖြစ်ကြောင်း ပြောခဲ့ပြီးပြီ။
adjective တစ်ခုကို ly ပေါင်းလိုက်ရင် adverb ရနိုင်ပါတယ်။
Adjective + -ly …. Adverb
§  quick ….quickly
§  bad ….. badly
§  sudden …. suddenly
§  careful ….. carefully
§  heavy …. heavily
မှတ်မိအောင် ထပ်ပြောရရင် adverbs တွေက တစ်စုံတစ်ခု ဘယ်လိုဖြစ်တယ် ဒါမှမဟုတ် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ဘယ်လိုလုပ်တယ်ဆိုတာ ပြောပြတယ်။
အင်္ဂလိပ်လို မှတ်ချင်ရင် ဒါလေး မှတ်ပါ။
Adverbs tell you how something happens or how somebody does something.
ဒီဥပမာတွေကို ကြည့်ပါ။
§ 

The train stopped suddenly.
ရထားက ရုတ်တရက် ရပ်သွားတယ်။
§  I opened the door slowly.
ကျွန်တော်က တံခါးကို ဖြည်းညှင်းစွာ ဖွင့်ခဲ့တယ်။
§  Please listen carefully.
ကျေးဇူးပြုပြီး ဂရုတစိုက် နားထောင်ပါ။
§  I understand you perfectly.
ငါမင်းကို အပြည့်အဝ နားလည်တယ်။
တစ်ခုခုကို ပိုနားလည်ချင်ရင်၊ ရှင်းလင်းချင်ရင် နှိုင်းယှဉ်ကြည့်ရတာပေါ့။ ကဲ adjective လိုသုံးစွဲပုံနဲ့ adverb လို သုံးစွဲပုံကို နှိုင်းယှဉ်ကြည့်မယ်။

Adjective

§  Sue is very quiet.
ဆူးက သိပ်အေးတယ်။ (စကားမစပ် အနေအေးတာကို cool/ cold တို့ မသုံးရပါဘူး။ quiet သုံးပါ)
§  Be careful!
ဂရုစိုက်ပါ။
§  It was a bad game.
ဒါက ဆိုးတဲ့ကစားနည်းပဲ။
§  I felt nervous. (= I was nervous)
ငါစိတ်လှုပ်ရှားတယ်/ ရင်ဖိုတယ်။

Adverb

§  Sue speaks very quietly.
ဆူးက တိုးတတ်စွာ စကားပြောတယ်။
§  Listen carefully!
ဂရုတစိုက် နားထောင်ပါ။
§  Our team played badly.
တို့ရဲ့အသင်းက ဆိုးဆိုးရွားရွား ကစားခဲ့တယ်။
§  I waited nervously.
ကျွန်တော်က စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့တယ်။

တချို့စာလုံးတွေက adjectives ရော adverbs ရော ဖြစ်နေပြန်တယ်။
§  Sue’s job is very hard.
ဆူးရဲ့အလုပ်က အရမ်းပင်ပန်းတယ်။ (adj လိုသုံး)
She works very hard.
သူက အလွန်ကြိုးကြိုးစားစား အလုပ်လုပ်တယ်။ (adv လိုသုံး)
§  Ben is a fast runner.
ဘန်က မြန်ဆန်တဲ့ အပြေးသမားဖြစ်တယ်။ (adj လိုသုံး)
Ben can run fast.
ဘန်က မြန်မြန်ပြေးနိုင်တယ်။ (adv လိုသုံး)
§  The bus was late/early.
ဘတ်စကားက နောက်ကျတယ်/စောတယ်။ (adj လိုသုံး)
I went to bed late/early.
ကျွန်တော်က နောက်ကျမှ/စောစော အိပ်ရာဝင်တယ်။ (adv လိုသုံး)

နောက်ထပ် သတိထားစရာလေးတစ်ခုက good က adjective ဖြစ်ပေမဲ့ သူ့ရဲ့ adverb ပုံစံက well ပါ။
§  Your English is very good.
မင်းရဲ့ အင်္ဂလိပ်စာ သိပ်ကောင်းတယ်။ (good – adjective)
§  You speak English very well.
မင်းက အင်္ဂလိပ်စကား အင်မတန် ကောင်းကောင်းပြောတတ်တယ်။ (well – adverb)
§  It was a good game.
ဒါက ကစားပွဲကောင်းတစ်ခုပေါ့။ (good – adjective)
§  Our team played very well.
ငါတို့ အသင်းက အင်မတန်ကောင်းကောင်း ကစားခဲ့တယ်။ (well – adverb)

အဲဒီလိုပြောလို့ well ဆိုတိုင်း adverb လို့ မမှတ်ပါနဲ့။ adjective လည်း ဖြစ်နိုင်ပါတယ်။
well (adj) not ill, in good health (ကျန်းမာသော၊ နေကောင်းသော)
§  “How are you?”  “I’m very well, thank you. And you?”
“နေကောင်းလား” “နေကောင်းပါတယ်။ ကျေးဇူးပါ။ ခင်ဗျားရော”


Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press

Sunday, January 13, 2019

Adjectives တွေ သုံးစွဲပုံ အခြေခံ

ကျွန်တော် ကျွန်မကတို့ကတော့ အင်္ဂလိပ်စာ အားနည်းပါတယ်။ အခြေခံကစပြီး လေ့လာချင်ပါတယ် ဆိုတဲ့ သူများအတွက် adjectives တွေ သုံးစွဲပုံ အခြေခံကို ပြောပြချင်ပါတယ်။
adjectives တွေက nouns တွေကို အထူးပြုတယ်။ ဒါကြောင့် adjective ကို noun ရဲ့ ရှေ့မှာ ထားသုံးရတယ်။ ဒီပုံစံလေးမှတ်ထားပါ။
adjective + noun
ဥပမာ-
§  It’s a nice day today.
ဒီနေ့က သာယာတဲ့ နေ့လေးပဲ။
§  Laura has brown eyes.
လော်ရာမှာ မျက်ဝန်းညိုတွေ ရှိတယ်။
§  There’s a very old bridge in this village.
ဒီရွာမှာ အလွန်အိုဟောင်းနေတဲ့ တံတားတစ်စင်းရှိတယ်။
§  Do you like Italian food?
မင်း အီတလီ အစားအသောက်တွေကို ကြိုက်သလား။
§  I don’t speak any foreign languages.
ငါက ဘယ်နိုင်ငံခြားဘာသာစကားကိုမှ မပြောတတ်ဘူး။
§  There are some beautiful yellow flowers in the garden.
ဒီဥယျာဉ်ထဲမှာ လှပတဲ့ ပန်းဝါဝါလေးတွေ ရှိတယ်။

Adjective က noun ရဲ့ ရှေ့မှာ ရှိတာနော်။ ဒါကြောင့် သူတို့က ခေတ်မီတဲ့ အိမ်မှာ နေတယ်လို့ ပြောချင်ရင် They live in a house modern. လို့ မပြောရဘူး။ ဒီလိုပြောရတယ်။
§  They live in a modern house.
သူတို့က ခေတ်မီတဲ့ အိမ်မှာ နေကြတယ်။
ဒါဆိုရင် နာမည်ကြီးတဲ့ သူတွေနဲ့ တွေ့ဖူးသလားဆိုရင် ဘယ်လိုပြောရမလဲ။
Have you met people famous? တော့ မလုပ်ပါနဲ့။ ဒီလိုပြောပါ။
§  Have you met any famous people?
နာမည်ကြီးတဲ့ သူတွေနဲ့ မင်း တွေ့ဖူးသလား။

adjective ရဲ့ အဆုံးသတ်က အမြဲအတူတူပဲနော်။ မတူတဲ့ နေရာတစ်ခုကို a different place ဆိုပြီး ပြောပေမဲ့ မတူတဲ့နေရာများကို differents places ဆိုပြီး adjcective ကိုပါ s တွေ ထည့်ဖို့ မလိုပါဘူး။ different places ပဲ ပြောရတယ်။
adjective ကို သုံးတဲ့ နောက်ထပ်ပုံစံတစ်ခုကတော့ be + adjective ပုံစံပါ။ အလွယ်ပြောရရင် be ဆိုတာက am, is, are, was, were ဆိုတဲ့ ပုံစံတွေပါ။ adjective တွေကို ဒါတွေနဲ့ တွဲသုံးလို့ရပါတယ်။
be (am, is, was etc.) + adjective
§  The weather is nice today.

 
ဒီနေ့ ရာသီဥတု သာယာတယ်။
§  These flowers are beautiful.
ဒီပန်းလေးတွေက လှတယ်။
§  Are you cold? Shall I close the window?
နင် အေးနေလား။ ပြတင်းပေါက် ပိတ်ပေးရမလား။
§  I’m hungry. Can I have something to eat?
ငါဗိုက်ဆာနေတယ်။ စားစရာတစ်ခုခုလောက် ရနိုင်မလား။
§  The film wasn’t very good. It was boring.
ဒီရုပ်ရှင်ကားက သိပ်မကောင်းဘူး။ ငြီးငွေ့စရာ။
§  Please be quiet. I’m reading.
ကျေးဇူးပြုပြီး တိတ်တိတ်နေပါကွာ။ ငါစာဖတ်နေတယ်။

look/feel/ smell/ taste/ sound တို့နဲ့လည်း adjective ကို သုံးနိုင်တယ်။ look/feel/smell/taste/sound တို့ကို ဘာလို့ခေါ်တယ်။ ဘာလို့ adjective နဲ့ သုံးတယ်ဆိုတာ ဒီအဆင့်မှာ အသေးစိတ်မပြောတော့ပါဘူး။ ဒီလို သုံးရတယ်လို့ပဲ မှတ်ထားလိုက်ပါ။


§  A: You look tired.
    မင်းပင်ပန်းနေပုံပဲ။
B: Yes, I feel tired.
    ဟုတ်ကဲ့ ကျွန်တော် ပင်ပန်းနေတယ်။
§  Joe told me about his new job. It sounds very interesting.
ဂျိုးက သူ့ရဲ့အလုပ်သစ်အကြောင်း ငါ့ကို ပြောပြတယ်။ အဲဒါက သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ပုံပဲ။
§  I’m not going to eat this fish. It doesn’t smell good.
ဒီငါးကို ငါမစားတော့ဘူး။ အနံ့မကောင်းဘူး။
နှိုင်းယှဉ်ကြည့်ပါ။
§  He is tired.
သူပင်ပန်းနေတယ်။
§  He feels tired.
သူပင်ပန်းနေတယ်။
§  He looks tired.
သူပင်ပန်းပုံ ပေါ်နေတယ်။
§  They are happy.
သူတို့ ပျော်ကြတယ်။
§  They look happy.
သူတို့ ပျော်ကြပုံပေါ်တယ်။
§  They sound happy.
သူတို့ ပျော်ကြပုံပေါ်တယ်။
§  It is good.
အဲဒါကောင်းတယ်။
§  It smells good.
အနံ့လေးကောင်းတယ်။
§  It tastes good.
အရသာ ကောင်းတယ်။

Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press

go ကို ဘယ်လိုမှန်မှန်ကန်ကန် သုံးကြမလဲ

ကျွန်တော်တို့ ကျောင်းသားတွေ စာရေးရင် “သွားတယ်” လို့ ပြောတဲ့အခါ go to… လို့ ပြောမယ့်အစား go လို့ပဲ သုံးမိကြတယ်။ တခြား အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်တာတွေလည်း ရှိပါတယ်။

go ကို အင်္ဂလိပ်စာမှာ သုံးကြတဲ့နေရာ များပါတယ်။ ဒီနေရာမှာတော့ go to…/go on…/ go for…/ go –ing တွေ သုံးပုံကို ကြည့်ကြရအောင်။

ပထမဆုံး go to ကို ကြည့်ရအောင်။ go to ကို go to work/ go to London/go to a concert စသည်ဖြင့် သုံးပါတယ်။

ဥပမာဝါကျတွေကို ကြည့်ပါ။
 What time do you usually go to work?
ရှင်ဘယ်အချိန် အလုပ်ကို သွားလေ့ရှိသလဲ။
 I’m going to China next week.
ကျွန်တော် ရှေ့တစ်ပတ် တရုတ်ကို သွားမယ်။
 Sophie didn’t want to go to the concert.
ဆိုဖီက ဖျော်ဖြေပွဲကို မသွားချင်ခဲ့ဘူး။
 “Where’s Tom?” “He’s gone to bed.”
“တွမ် ဘယ်မှာလဲ” “သူအိပ်ရာဝင်သွားပြီ”
 I went to the dentist yesterday.
ကျွန်တော် မနေ့က သွားဆရာဝန်ဆီ သွားခဲ့တယ်။

go to sleep ဆိုတာက start to sleep (စတင်ပြီး အိပ်တာ) ဖြစ်ပါတယ်။

 I was very tired and went to sleep quickly.
ကျွန်တော် အရမ်းပင်ပန်းနေတော့ မြန်မြန်ပဲ အိပ်ပျော်သွားတယ်။
go home ကိုတော့ to မပါဘဲ သုံးရတယ်။
 I’m going home now.
အခု အိမ်ပြန်တော့မယ်။

go on ကိုတော့ ဒီလို သုံးရပါတယ်။
 go on holiday (အားလပ်ရက်ထွက်)
 go on a trip (ခရီးသွား)
 go on a tour (အလည်ခရီးသွား)
 go on a cruise (အပျော်ရေလမ်းခရီးထွက်)
 go on a strike (သပိတ်မှောက်)

We’re going on holiday next week.
ကျွန်တော်တို့ ရှေ့တစ်ပတ် အားလပ်ရက်ထွက်မယ်။
Children often go on school trips.
ကလေးတွေက မကြာမကြာ ကျောင်းခရီးထွက်လေ့ရှိတယ်။
Workers at the airport have gone on strike.
လေဆိပ်က အလုပ်အသမားတွေ သပိတ်မှောက်ထားကြတယ်။

go for ကို တော့ ဒီလိုနေရာတွေမှာသုံးပါတယ်။
go (somewhere) for a walk
 “Where’s Emma?” “She’s gone for a walk.”
အမ်မာ ဘယ်မှာလဲ။ သူလမ်းလျှောက်ထွက်သွားတယ်။
go (somewhere) for a run
 Do you go for a run every morning?
ခင်ဗျား မနက်တိုင်း ပြေးသလား။
go (somewhere) for a swim
 The water looks nice. I’m going for a swim.
ရေကောင်းတဲ့ ပုံပဲ။ ငါရေသွားကူးဦးမယ်။
go (somewhere) for a drink
 I met Chris in town, so we went for coffee.
မြို့ထဲမှာ ခရစ္စနဲ့ ငါတွေ့ခဲ့တယ်။ ဒါကြောင့် တို့ကော်ဖီသွားသောက်ခဲ့တယ်။
go (somewhere) for a meal
 Shall we go out for a meal? I know a good restaurant.
ငါတို့ အစားအသောက် ထွက်စားကြမလား။ ဆိုင်ကောင်းကောင်း ငါသိတယ်။

Go + -ing
Go + -ing ပုံစံကို အားကစားတွေ (swimming = ရေကူး/ skiing = နှင်းလျှောစီး စတာတွေ) နဲ့ shopping (ဈေးဝယ်ထွက်) တာတွေ အတွက် သုံးတယ်။

ဒီလိုပုံစံလေးတွေပေါ့။
I go shopping.
He is going shopping.
We went fishing.
They have gone skiing.
She wants to go jogging (ဖြေးဖြေးမှန်မှန်ပြေး/ရွရွပြေး).
ဒီဥပမာလေးတွေ ကြည့်ပါ။
Are you going shopping this afternoon?
ဒီမွန်းလွဲပိုင်း နင်ဈေးဝယ်ထွက်မှာလား။
It’s a nice day. Let’s go swimming. (or Let’s go for a swim.)
သာယာတဲ့နေ့လေးပဲ။ ရေသွားကူးကြရအောင်။
Richard has a small boat and he often goes sailing.
ရစ်ချတ်မှာ လှေကလေးရှိတယ်။ သူက မကြာခဏ ရွက်လှေစီးထွက်တယ်။
I went jogging before breakfast this morning.
ဒီမနက် မနက်စာမစားခင် ကျွန်တော်ဖြေးဖြေးမှန်မှန် ပြေးခဲ့တယ်။
ဒီတိုင်းဖတ်တာထက်စာရင် ဝါကျတည်ဆောက်ပုံလေးတွေ မှတ်သားပြီး ကိုယ်ပိုင်ဝါကျလေးတွေ ရေးကြည့်ပြောကြည့်တာက ပိုကောင်းပါတယ်။ အင်္ဂလိပ်စာ တိုးတက်ကြပါစေ။

Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)