နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, January 15, 2019

Adverbs သုံးစွဲပုံအကြောင်း အခြေခံ



adjectives တွေ သုံးစွဲပုံအကြောင်း ပြောပြီးတဲ့နောက်မှာ adverbs တွေ သုံးစွဲပုံအကြောင်း အခြေခံပြောချင်ပါတယ်။
adverb ဆိုတာ verb ကို အထူးပြုတဲ့အရာပဲလေ။ verb တစ်ခု ဘယ်လိုလုပ်ဆောင်တယ်ဆိုတာ adverb က ဖော်ပြတယ်။ ဒီပုံလေးကို ကြည့်ကြည့်ပါ။



ပထမပုံမှာ ညစာစားနေပုံကို ကြည့်ပါ။ 7:10 မှာ စပြီး စားတယ်။ 7:12 မှာ စားနေတုန်း။ 7:15 မှာ စားလို့ ပြီးသွားတယ်။ သူ့ရဲ့ စားသောက်ပုံကို ပြောကြရအောင်။ သူဘယ်လိုစားသလဲ။ မြန်မြန်စားတယ်ပေါ့။ မြန်မြန် ဆိုတဲ့စကားလုံးက စားတယ် ဆိုတဲ့ စကားလုံးကို အထူးပြုတယ်။ တစ်နည်းပြောရရင် quickly (adverb) က eat (verb) ကို အထူးပြုတာပေါ့။ ဒါဆိုပြောကြည့်ရအောင်။
သူက သူ့ရဲ့ ညစာကို မြန်မြန်စားတယ်။
He ate his dinner quickly.
ဒုတိယတစ်ပုံမှာကျတော့ စင် (shelf) ကို တွေ့မယ်။ အစတုန်းကတော့ စင်က အကောင်းပဲ။ ဟော ရုတ်တရက် စင်ပြုတ်ကျတယ်။ ဒါဆိုရင် ပြုတ်ကျတယ် (fall down) ဆိုတဲ့စကားလုံးကို ရုတ်တရက် (suddenly) ဆိုတဲ့ စကားလုံးက အထူးပြုတာပေါ့။ ဒီတော့ ပြောကြည့်မယ်။
ရုတ်တရက် စင်ပြုတ်ကျတယ်။
Suddenly, the shelf fell down.
quickly နဲ့ suddenly က adverb တွေ ဖြစ်ကြောင်း ပြောခဲ့ပြီးပြီ။
adjective တစ်ခုကို ly ပေါင်းလိုက်ရင် adverb ရနိုင်ပါတယ်။
Adjective + -ly …. Adverb
§  quick ….quickly
§  bad ….. badly
§  sudden …. suddenly
§  careful ….. carefully
§  heavy …. heavily
မှတ်မိအောင် ထပ်ပြောရရင် adverbs တွေက တစ်စုံတစ်ခု ဘယ်လိုဖြစ်တယ် ဒါမှမဟုတ် တစ်စုံတစ်ယောက်က တစ်စုံတစ်ခုကို ဘယ်လိုလုပ်တယ်ဆိုတာ ပြောပြတယ်။
အင်္ဂလိပ်လို မှတ်ချင်ရင် ဒါလေး မှတ်ပါ။
Adverbs tell you how something happens or how somebody does something.
ဒီဥပမာတွေကို ကြည့်ပါ။
§ 

The train stopped suddenly.
ရထားက ရုတ်တရက် ရပ်သွားတယ်။
§  I opened the door slowly.
ကျွန်တော်က တံခါးကို ဖြည်းညှင်းစွာ ဖွင့်ခဲ့တယ်။
§  Please listen carefully.
ကျေးဇူးပြုပြီး ဂရုတစိုက် နားထောင်ပါ။
§  I understand you perfectly.
ငါမင်းကို အပြည့်အဝ နားလည်တယ်။
တစ်ခုခုကို ပိုနားလည်ချင်ရင်၊ ရှင်းလင်းချင်ရင် နှိုင်းယှဉ်ကြည့်ရတာပေါ့။ ကဲ adjective လိုသုံးစွဲပုံနဲ့ adverb လို သုံးစွဲပုံကို နှိုင်းယှဉ်ကြည့်မယ်။

Adjective

§  Sue is very quiet.
ဆူးက သိပ်အေးတယ်။ (စကားမစပ် အနေအေးတာကို cool/ cold တို့ မသုံးရပါဘူး။ quiet သုံးပါ)
§  Be careful!
ဂရုစိုက်ပါ။
§  It was a bad game.
ဒါက ဆိုးတဲ့ကစားနည်းပဲ။
§  I felt nervous. (= I was nervous)
ငါစိတ်လှုပ်ရှားတယ်/ ရင်ဖိုတယ်။

Adverb

§  Sue speaks very quietly.
ဆူးက တိုးတတ်စွာ စကားပြောတယ်။
§  Listen carefully!
ဂရုတစိုက် နားထောင်ပါ။
§  Our team played badly.
တို့ရဲ့အသင်းက ဆိုးဆိုးရွားရွား ကစားခဲ့တယ်။
§  I waited nervously.
ကျွန်တော်က စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့တယ်။

တချို့စာလုံးတွေက adjectives ရော adverbs ရော ဖြစ်နေပြန်တယ်။
§  Sue’s job is very hard.
ဆူးရဲ့အလုပ်က အရမ်းပင်ပန်းတယ်။ (adj လိုသုံး)
She works very hard.
သူက အလွန်ကြိုးကြိုးစားစား အလုပ်လုပ်တယ်။ (adv လိုသုံး)
§  Ben is a fast runner.
ဘန်က မြန်ဆန်တဲ့ အပြေးသမားဖြစ်တယ်။ (adj လိုသုံး)
Ben can run fast.
ဘန်က မြန်မြန်ပြေးနိုင်တယ်။ (adv လိုသုံး)
§  The bus was late/early.
ဘတ်စကားက နောက်ကျတယ်/စောတယ်။ (adj လိုသုံး)
I went to bed late/early.
ကျွန်တော်က နောက်ကျမှ/စောစော အိပ်ရာဝင်တယ်။ (adv လိုသုံး)

နောက်ထပ် သတိထားစရာလေးတစ်ခုက good က adjective ဖြစ်ပေမဲ့ သူ့ရဲ့ adverb ပုံစံက well ပါ။
§  Your English is very good.
မင်းရဲ့ အင်္ဂလိပ်စာ သိပ်ကောင်းတယ်။ (good – adjective)
§  You speak English very well.
မင်းက အင်္ဂလိပ်စကား အင်မတန် ကောင်းကောင်းပြောတတ်တယ်။ (well – adverb)
§  It was a good game.
ဒါက ကစားပွဲကောင်းတစ်ခုပေါ့။ (good – adjective)
§  Our team played very well.
ငါတို့ အသင်းက အင်မတန်ကောင်းကောင်း ကစားခဲ့တယ်။ (well – adverb)

အဲဒီလိုပြောလို့ well ဆိုတိုင်း adverb လို့ မမှတ်ပါနဲ့။ adjective လည်း ဖြစ်နိုင်ပါတယ်။
well (adj) not ill, in good health (ကျန်းမာသော၊ နေကောင်းသော)
§  “How are you?”  “I’m very well, thank you. And you?”
“နေကောင်းလား” “နေကောင်းပါတယ်။ ကျေးဇူးပါ။ ခင်ဗျားရော”


Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ