နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, February 7, 2019

Word Order 1


A.  verb + object
စကားလုံးတွေ စီစဉ်ပုံအကြောင်းကို အခြေခံကြည့်မယ်ဆိုရင် verb + object ပုံစံကို အရင် သတိထားသင့်တာပေါ့။ ကဲ…ကြည့်ရအောင်။



§  Sue bought some new shoes yesterday.
ဆူးက မနေ့က ရှူးဖိနစ်အသစ်တွေ ဝယ်ခဲ့တယ်။
ဒီဝါကျကို ပြန်ကြည့်ရင် subject က Sue ဆိုတာ တွေ့မယ်နော်။
verb က bought ပါ။ object က some new shoes ဆိုတဲ့ အတွဲလိုက်။ ဒါကြောင့် verb နဲ့ object အတူတူတွဲရေးရတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ ဒါကို Sue bought yesterday some new shoes လို့ ရေးလို့ မရပါဘူး။
ဥပမာလေးတွေ ထပ်ကြည့်ကြမယ်။
§  He speaks English very well.
သူက အင်္ဂလိပ်စကား တော်တော်ကောင်းကောင်း ပြောတတ်တယ်။
§  I like Italian food very much.
ကျွန်မက အီတလီအစားအစာ အင်မတန်ကြိုက်တယ်။
§  Did you watch TV all evening?
မင်း တီဗီကို တညနေလုံးကြည့်ခဲ့တာလား။
§  Paul often wears a black hat.
ပေါလ်က ဦးထုပ်အနက်ကို ဆောင်းလေ့ရှိတယ်။
§  We invited a lot of people to the party.
တို့က ပါတီပွဲကို လူတွေအများကြီး ဖိတ်ခဲ့တယ်။
§  I opened the door slowly.
ကျွန်တော်က တံခါးကို ဖြည်းဖြည်းဖွင့်ခဲ့တယ်။
§  Why do you always make the same mistake?
နင်က ဘာလို့ ဒီအမှားကိုပဲ အမြဲလုပ်နေတာလဲ။
§  I’m going to borrow some money from a friend.
ကျွန်မ သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံချေးမလို့။
B.  Where and when
စကားလုံးတွေစဉ်တဲ့အခါ နောက်ထပ် အခက်တွေ့နိုင်တာတစ်ခုက အချိန်ပြတဲ့ စကားလုံးနဲ့ နေရာပြတဲ့ စကားလုံး ဘယ်ဟာ အရင်ရေးရမလဲဆိုတာပေါ့။
ဒီအချက်လေး မှတ်သားပါ။
    နေရာ (place) က အချိန် (time) ရဲ့ အရှေ့မှာ လာပါတယ်။
     ဥပမာ-
          We went to a party last night.
          တို့ ပါတီပွဲကို မနေ့ညက သွားခဲ့တယ်။
          to a pary ဆိုတဲ့ နေရာ (place) ကို last night ဆိုတဲ့ အချိန် (time) ရဲ့ ရှေ့မှာ သုံးရတာ တွေ့ပါလိမ့်မယ်။
          ထပ်ကြည့်ကြရအောင်။
§  Lisa walks to work every day.
လီဆာက နေ့တိုင်း အလုပ်ကို လမ်းလျှောက်သွားတယ်။
§  Will you be at home this evening?
ဒီညနေ နင်အိမ်မှာ ရှိမှာလား။
§  I usually go to bed early.
ကျွန်တော် အိပ်ရာစောစောဝင်လေ့ရှိတယ်။
§  We arrived at the airport at 7 o’clock.
ကျွန်တော်တို့ လေဆိပ်ကို ခုနစ်နာရီမှာ ရောက်ခဲ့တယ်။
§  They’ve lived in the same house for twenty years.
သူတို့က ဒီအိမ်မှာပဲနေလာတာ နှစ်နှစ်ဆယ်ကြာပြီ။
§  Joe’s father has been in hospital since June.
ဂျိုးရဲ့အဖေက ဇွန်လကတည်းက ဆေးရုံတက်နေရတာ။
ဒီလောက်ဆိုရင် အခြေခံ word order ရဲ့ ပထမတဆင့်ကို ရပါပြီ။ နောက်ထပ်တစ်ခု ထပ်လာပါမယ်။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။

စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ