ကျွန်တော် ကျွန်မကတို့ကတော့ အင်္ဂလိပ်စာ
အားနည်းပါတယ်။ အခြေခံကစပြီး လေ့လာချင်ပါတယ် ဆိုတဲ့ သူများအတွက် adjectives တွေ သုံးစွဲပုံ
အခြေခံကို ပြောပြချင်ပါတယ်။
adjectives တွေက nouns တွေကို အထူးပြုတယ်။
ဒါကြောင့် adjective ကို noun ရဲ့ ရှေ့မှာ ထားသုံးရတယ်။ ဒီပုံစံလေးမှတ်ထားပါ။
adjective + noun
ဥပမာ-
§ It’s a nice day
today.
ဒီနေ့က သာယာတဲ့ နေ့လေးပဲ။
§ Laura has brown eyes.
လော်ရာမှာ မျက်ဝန်းညိုတွေ ရှိတယ်။
§ There’s a very old bridge in this village.
ဒီရွာမှာ အလွန်အိုဟောင်းနေတဲ့ တံတားတစ်စင်းရှိတယ်။
§ Do you like Italian food?
မင်း အီတလီ အစားအသောက်တွေကို ကြိုက်သလား။
§ I don’t speak any foreign
languages.
ငါက ဘယ်နိုင်ငံခြားဘာသာစကားကိုမှ မပြောတတ်ဘူး။
§ There are some beautiful
yellow flowers in the garden.
ဒီဥယျာဉ်ထဲမှာ လှပတဲ့ ပန်းဝါဝါလေးတွေ
ရှိတယ်။
Adjective က noun ရဲ့ ရှေ့မှာ ရှိတာနော်။
ဒါကြောင့် သူတို့က ခေတ်မီတဲ့ အိမ်မှာ နေတယ်လို့ ပြောချင်ရင် They live in a house
modern. လို့ မပြောရဘူး။ ဒီလိုပြောရတယ်။
§ They live in a modern house.
သူတို့က ခေတ်မီတဲ့ အိမ်မှာ နေကြတယ်။
ဒါဆိုရင် နာမည်ကြီးတဲ့ သူတွေနဲ့ တွေ့ဖူးသလားဆိုရင်
ဘယ်လိုပြောရမလဲ။
Have you met people famous? တော့ မလုပ်ပါနဲ့။
ဒီလိုပြောပါ။
§ Have you met any famous people?
နာမည်ကြီးတဲ့ သူတွေနဲ့ မင်း တွေ့ဖူးသလား။
adjective ရဲ့ အဆုံးသတ်က
အမြဲအတူတူပဲနော်။ မတူတဲ့
နေရာတစ်ခုကို a different place ဆိုပြီး ပြောပေမဲ့ မတူတဲ့နေရာများကို differents
places ဆိုပြီး adjcective ကိုပါ s တွေ ထည့်ဖို့ မလိုပါဘူး။ different places ပဲ ပြောရတယ်။
adjective ကို သုံးတဲ့
နောက်ထပ်ပုံစံတစ်ခုကတော့ be + adjective ပုံစံပါ။ အလွယ်ပြောရရင် be ဆိုတာက am, is, are, was, were ဆိုတဲ့
ပုံစံတွေပါ။ adjective တွေကို ဒါတွေနဲ့ တွဲသုံးလို့ရပါတယ်။
be (am, is, was etc.) + adjective
§
The
weather is
nice today.
§
These
flowers are
beautiful.
ဒီပန်းလေးတွေက
လှတယ်။
§
Are you cold? Shall I close the window?
နင်
အေးနေလား။ ပြတင်းပေါက် ပိတ်ပေးရမလား။
§
I’m hungry.
Can I have something to eat?
ငါဗိုက်ဆာနေတယ်။
စားစရာတစ်ခုခုလောက် ရနိုင်မလား။
§
The
film wasn’t very good. It was boring.
ဒီရုပ်ရှင်ကားက
သိပ်မကောင်းဘူး။ ငြီးငွေ့စရာ။
§
Please
be quiet. I’m
reading.
ကျေးဇူးပြုပြီး
တိတ်တိတ်နေပါကွာ။ ငါစာဖတ်နေတယ်။
look/feel/ smell/ taste/ sound တို့နဲ့လည်း
adjective ကို သုံးနိုင်တယ်။ look/feel/smell/taste/sound တို့ကို ဘာလို့ခေါ်တယ်။ ဘာလို့
adjective နဲ့ သုံးတယ်ဆိုတာ ဒီအဆင့်မှာ အသေးစိတ်မပြောတော့ပါဘူး။ ဒီလို သုံးရတယ်လို့ပဲ
မှတ်ထားလိုက်ပါ။
§
A:
You look
tired.
မင်းပင်ပန်းနေပုံပဲ။
B:
Yes, I feel
tired.
ဟုတ်ကဲ့ ကျွန်တော် ပင်ပန်းနေတယ်။
§
Joe
told me about his new job. It sounds very interesting.
ဂျိုးက
သူ့ရဲ့အလုပ်သစ်အကြောင်း ငါ့ကို ပြောပြတယ်။ အဲဒါက သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ပုံပဲ။
§
I’m
not going to eat this fish. It doesn’t smell good.
ဒီငါးကို
ငါမစားတော့ဘူး။ အနံ့မကောင်းဘူး။
နှိုင်းယှဉ်ကြည့်ပါ။
§
He
is tired.
သူပင်ပန်းနေတယ်။
§
He
feels tired.
သူပင်ပန်းနေတယ်။
§
He
looks tired.
သူပင်ပန်းပုံ
ပေါ်နေတယ်။
§
They
are happy.
သူတို့
ပျော်ကြတယ်။
§
They
look happy.
သူတို့
ပျော်ကြပုံပေါ်တယ်။
§
They
sound happy.
သူတို့
ပျော်ကြပုံပေါ်တယ်။
§
It
is good.
အဲဒါကောင်းတယ်။
§
It
smells good.
အနံ့လေးကောင်းတယ်။
§
It
tastes good.
အရသာ ကောင်းတယ်။
Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press
No comments:
Post a Comment
အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ