နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Tuesday, January 8, 2019

much, many, little, few, a lot, plenty


ဒီအများကြီးထဲမှာ many, much, little, few ကို အရင် ခွဲထုတ်ကြည့်ရအောင်။

many/much - များ
little/few - နည်း

ဒီလို ယေဘုယျသိထားတာ ရှိလိမ့်မယ်။
အသေးစိတ်ကြည့်ကြတာပေါ့။

much နဲ့ little ကို ရေတွက်လို့ မရတဲ့ နာမ်တွေနဲ့ သုံးတယ်။
ဥပမာ -
much time
much luck
little energy (စွမ်းအင်)
little money

many နဲ့ few ကိုတော့ ရေတွက်လို့ရတဲ့ နာမ်တွေနဲ့ သုံးတယ်။ 
ဥပမာ -
many friends 
many people
few cars
few countries

a lot of / lots of / plenty of လည်း များတာကို ပြောတာပါပဲ။ ဒါပေမဲ့ ဒါတွေကို ရေတွက်လို့ရတဲ့ နာမ်နဲ့ရော ရေတွက်လို့မရတဲ့ နာမ်နဲ့ပါ သုံးတယ်။
ဥပမာ -
a lot of luck (luck က ရေတွက်လို့ မရတဲ့နာမ်)
a lot of friends (friends က ရေတွက်လို့ရတဲ့နာမ်)
lots of time
lots of people
plenty of money
plenty of ideas

အတိုချုပ်ပြန်ကြည့်မယ်။
much/little - ရေတွက်မရ
many/few - ရေတွက်ရ
a lot of/lots of/plenty - ရေတွက်မရ & ရေတွက်ရ
plenty - "ပေါများသော" ဆိုတာ လုံလောက်တာထက် ပိုနေတာ (more than enough) ကို ဆိုလိုပါတယ်။
There's no need to worry. We've got plenty of time.
စိတ်ပူစရာမလိုပါဘူး။ ငါတို့မှာ အချိန်တွေအများကြီး ရှိနေတာပဲ။
ဝါကျအကြောင်းပြောတဲ့အခါ ရိုးရိုး positive sentence ၊ အငြင်း negative sentence ၊ မေးခွန်း question sentence တွေ အကြောင်း သိကြရတယ်မဟုတ်လား။ ခု much အကြောင်းထည့်သွင်းပြီး ကြည့်ကြမယ်။
ရိုးရိုးဝါကျတွေမှာ (အထူးသဖြင့် ပြောစကားတွေမှာ) much ကို သုံးနေကျမဟုတ်ပါဘူး။ ပြောချင်တာက much သုံးလို့ မှားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မသုံးကြဘူးပေါ့။

နှိုင်းယှဉ်ကြည့်မယ်။
အငြင်းဝါကျ >> We didn't spend much money.
တို့ပိုက်ဆံ သိပ်မသုံးခဲ့ဘူး။
(ဒီလို အငြင်းဝါကျမှာ much သုံးတာ ဘာပြဿနာမှ မရှိဘူး။ သုံးလို့ရတယ်။)
ရိုးရိုးဝါကျ >> We spent a lot of money.
တို့ ပိုက်ဆံအများကြီး သုံးခဲ့တယ်။ (We spent much money လို့ မသုံးသင့်ဘူး)
မေးခွန်းဝါကျ >> Do you see David much?
ဒေးဗစ်ကို အများကြီးတွေ့ဖြစ်လား။ (မေးခွန်း ဝါကျမို့ much သုံးလို့ အဆင်ပြေတယ်)
ရိုးရိုးဝါကျ >> I see David a lot.
ငါဒေးဗစ်ကို အများကြီးတွေ့ခဲ့တယ်။

many နဲ့ a lot of ကို ဝါကျပုံစံ အားလုံးမှာ သုံးနိုင်တယ်။
Many people drive too fast. (or) A lot of people drive too fast.
လူတော်တော်များများ ကားမောင်းမြန်လွန်းတယ်။
Do you know many people? (or) Do you know a lot of people?
ခင်ဗျား လူအများကြီးကို သိသလား။
There aren't many tourists here. (or)
There aren't a lot f tourists here.
ဒီမှာ ခရီးသွားတွေအများကြီးမရှိဘူး။

many years/many weeks/ many days လို့ပဲ သုံးပြီး a lot of years စသည်ဖြင့် မသုံးတာ သတိပြုပါ။
We've lived here for many years.
တို့ဒီမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပြီ။
Ref: English Grammar in Use (Raymond Murphy)

🍏 little = not much
🍏
 few = not many

Gary is very busy with his job. He has little time for other things.
ဂယ်ရီက သူ့အလုပ်နဲ့ ရှုပ်နေတယ်။ တခြားကိစ္စတွေအတွက် အချိန်သိပ်မရှိသလောက်ပဲ။
Vicky doesn't like living in London. She has few friends there.
ဗစ်ကီက လန်ဒန်မှာနေရတာကို မကြိုက်ဘူး။ အဲဒ်ီမှာ သူ့မိတ်ဆွေတွေ မရှိသလောက်ပဲလေ။

🍏 very little တို့ very few တို့လည်း ပြောနိုင်ပါတယ်။ ပိုလေးနက်သွားတာပေါ့။
Gary has very little time for other things.
Vicky has very few friends in London.

🍏 a little = some, a small amount
Let's go and have a coffee. We have a little time before the train leaves.
ကော်ဖီတစ်ခွက်လောက် သွားသောက်ရအောင်။ ရထားမထွက်ခင် တို့အချိန်နည်းနည်း ရတယ်။
"Do you speak English?" "A little."
"အင်္ဂလိပ်လို ပြောတတ်လား။" "နည်းနည်းပါ"

🍏 a few = some, a small number
I enjoy my life here. I have a few friends and we meet quite often.
ဒီမှာ ငါ့ဘဝကို ငါပျော်ပါတယ်။ ငါ့မှာမိတ်ဆွေနည်းနည်းရှိတယ်။ ငါတို့ ခဏခဏလည်း တွေ့ဖြစ်ကြတယ်လေ။
"When was the last time you saw Clare?" "A few days ago."
"ကလယ်ရာကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်အချိန်ကလဲ" "လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပါ"

little နဲ့ a little
few နဲ့ a few
နှိုင်းယှဉ်ကြည့်ရအောင်။
အင်္ဂလိပ်လိုတော့ အဓိပ္ပာယ်လေးတွေ ပြောပြီးပြီ။ ပိုမှတ်ရလွယ်အောင် မြန်မာလိုပါ ပြောကြမယ်။

အလွယ်ပြောရမယ်ဆိုရင် -
🍏 little တို့ few တို့က မရှိသလောက် လို့ အဓိပ္ပာယ်ရတယ်။
🍏 a little တို့ a few တို့က အနည်းငယ်လို့ အဓိပ္ပာယ်ရတယ်။
ဝါကျတွေကို ကြည့်ပါ။
He spoke little English, so it was difficult to communicate with him.
သူက အင်္ဂလိပ်စကား မပြောတတ်သလောက်ပဲ။ ဒါကြောင့် သူနဲ့ဆက်သွယ်ဖို့ ခက်တယ်။
He spoke a little English, so we were able to communicate with him.
သူက အင်္ဂလိပ်စကားနည်းနည်း ပြောတတ်တယ်။ ဒါကြောင့် တို့သူနဲ့ ဆက်သွယ်နိုင်ခဲ့တယ်။
She's lucky. She has few problems.
သူက ကံကောင်းတယ်။ သူ့မှာ ပြဿနာတွေ မရှိသလောက်ပဲ။
Things are not going so well for her. She has a few problems.
အခြေအနေတွေက သူ့အတွက်တော့ အဆင်မပြေလှဘူး။ သူ့မှာ ပြဿနာ နည်းနည်း ရှိတယ်။

only a little / only a few တို့လည်း သုံးနိုင်တယ်။
Hurry! We only have a little time.
မြန်မြန်လုပ်။ ငါတို့မှာ အချိန်နည်းနည်းပဲ ရှိတယ်။
The village was very small. There were only a few houses.
ဒီရွာက တော်တော်သေးတယ်။ အိမ်နည်းနည်းပဲ ရှိတယ်။

Ref: English Grammar in Use (Raymond Murphy)


No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ