နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Thursday, February 21, 2019

not as…as


not as…as ပုံစံကို ကိုးတန်း၊ ဆယ်တန်းမှာ သင်ရပါတယ်။ ဒီတော့ ဒီအတန်းတွေကို သင်ပေးချင်ရင်ပဲဖြစ်ဖြစ်၊ သိပြီးသားကို ပြန်နွှေးပြီး အင်္ဂလိပ်စာ ဗဟုသုတတိုးချင်တာပဲဖြစ်ဖြစ် ဒီသင်ခန်းစာလေးက အထောက်အကူ ဖြစ်မှာပါ။ ဒီတော့ not as..as အကြောင်း မပြောခင် ပုံလေး အရင်ကြည့်တာပေါ့။


ပထမပုံမှာ အဘွားကြီးတစ်ယောက်နဲ့ အဘိုးကြီးတစ်ယောက် အသက် ယှဉ်ပြောနေပုံလေး တွေ့မယ်နော်။
အဘွားကြီးက I’m 93. (ကျွန်မအသက်က ၉၃ နှစ်) တဲ့။ အဘိုးကြီးက I’m 96. (ငါ့အသက်က ၉၆ နှစ်) တဲ့။ ဒါဆိုရင် ကျွန်တော်တို့က သူတို့နှစ်ယောက်ကို ဘယ်လို နှိုင်းယှဉ်ပြနိုင်မလဲ။ ဒီလို ပြောကြည့်လို့ ရပါတယ်။
She’s old, but not old as he is. (သူမက အသက်ကြီးပြီ။ ဒါပေမဲ့ သူ့လောက် အသက်မကြီးသေးဘူး)
ဒုတိယပုံမှာတော့ box နှစ်ခု ယှဉ်ပြထားပါတယ်။ box A နဲ့ box B ပေါ့။ ဒါဆို box A ဘက်ကနေ သူတို့ နှစ်ခုကို နှိုင်းယှဉ်ပြချင်ရင် ဘယ်လိုပြောနိုင်မလဲ။
Box A isn’t as big as Box B. (Box A က Box B လောက် မကြီးဘူး)
နောက်ထပ် ဥပမာလေးတွေ ပြောကျင့်ပါမယ်။
o   Rome is not as old as Athens. (= Athens is older)
ရောမမြို့က အေသင်မြို့လောက် သက်တမ်းမကြာဘူး။ (= အေသင်မြို့က သက်တမ်း ပိုကြာတယ်)
o   The Grand Hotel isn’t as expensive as the Europa. (= the Europa is more expensive)
ဿဂရန်းဟိုတယ် က ယူရိုပါဟိုတယ်လောက် ဈေးမကြီးဘူး။ (= ယူရိုပါ ဟိုတယ်က ပို ဈေးကြီးတယ်)
o   I don’t play tennis as often as you. (= you play more often)
ငါက တင်းနစ်ကို မင်းလောက် မကြာမကြာ မကစားဖြစ်ဘူး။ (= မင်းက ပိုပြီးမကြာမကြာ ကစားတယ်)
o   The weather is better than it was yesterday. It isn’t as cold. (= as cold as it was yesterday)
ရာသီဥတုက မနေ့ကထက် ပိုကောင်းတယ်။ အဲဒီလောက်မအေးဘူး။  (= မနေ့ကလောက် မအေးဘူး)
no as much as …/ not as many as…
ဒီပုံစံလေး နှစ်ခုကိုလည်း မှတ်သားရအောင်။ ဥပမာဝါကျတွေ များများကြည့်ပြီး နားလည်အောင် လုပ်တာက အကောင်းဆုံးနည်းလမ်းပါပဲ.
o   I don’t have as much money as you. (= you’ve got more money)
o   ငါ့မှာ မင်းလောက်ပိုက်ဆံအများကြီး မရှိဘူး။ (= မင်းမှာ ပိုက်ဆံပိုများများ ရှိတယ်)
o   I don’t know as many people as you. (= you know more people)
o   ကျွန်တော်က ခင်ဗျားလောက် လူတွေအများကြီးကို မသိဘူး။ (= ခင်ဗျားက လူတွေပိုသိတယ်)
o   I don’t go out as much as you. (= you go out more)
o   ကျွန်မက ရှင့်လောက် အပြင်မထွက်ဘူး။ (= ရှင်က အပြင်ပိုထွက်တယ်)
not as…as နဲ့ than ကို နှိုင်းယှဉ်ကြည့်ပါ။
o   Rome is not as old as Athens. (ရောမမြို့က အေသင်မြို့လောက် သက်တမ်းမကြာဘူး)
ဒီဝါကျမှာ ရောမမြို့နဲ့ အေသင်မြို့ နှိုင်းယှဉ်ထားတာ သတိထားနော်။ ရောမက အေသင်လောက် သက်တမ်းမကြာဘူးဆိုတော့ အပြန်အလှန်ပြန်နှိုင်းယှဉ်မယ်ဆို ဘယ်လိုဖြစ်မလဲ။ အေသင်မြို့က ရောမမြို့ထက် သက်တမ်းပိုကြာတယ် ဖြစ်ရမှာပေါ့။ ရေးကြည့်မယ်။
o   Athens is older than Rome. (အေသင်မြို့က ရောမမြို့ထက် သက်တမ်းပိုကြာတယ်)
ထပ်ကြည့်ကြရအောင်။
o   Tennis isn’t as popular as football. (တင်းနစ်က ဘောလုံးလောက် လူကြိုက်မများဘူး)
o   Football is more popular than tennis. (ဘောလုံးက တင်းနစ်ထက် လူကြိုက်ပိုများတယ်)
o   I don’t go out as much as you. (ငါက မင်းလောက်အပြင်ကို များများ မထွက်ဘူး)
o   You go out more than me. (မင်းက ငါ့ထက် အပြင်ပိုများများ ထွက်တယ်)
as me/ as him/ as her စသည်ဖြင့်လည်း ပြောနိုင်ပါတယ်။ ဒီလို သုံးစွဲရပုံကို မသိတဲ့အခါ ကိုးတန်း၊ ဆယ်တန်းအဆင့် ဝါကျတွေ ပြောင်းလဲရေးခိုင်းတဲ့ လေ့ကျင့်ခန်းတွေမှာ ကိုယ်ဖြေတဲ့အဖြေက တစ်မျိုး၊ ပေးထားတဲ့အဖြေကတစ်မျိုးဖြစ်ပြီး အခက်တွေ့ရတတ်ပါတယ်။ တကယ်က နှစ်မျိုးလုံး မှန်နေတာလည်း ဖြစ်နိုင်ပါတယ်။
o   She’s not as old as him. (or) She’s not as old as he is.
o   သူမက သူ့လောက် အသက်မကြီးဘူး။
o   You don’t work as hard as me. (or) You don’t work as hard as I do.
o   မင်းက ငါ့လောက် အလုပ်မကြိုးစားဘူး။
the same as …. လို့ လည်း သုံးနှုန်းပါတယ်။
o   The weather today is the same as yesterday.
ဒီနေ့ရာသီဥတုက မနေ့ကနဲ့ အတူတူပါပဲ။
o   My hair is the same colour as yours.
ငါ့ရဲ့ဆံပင်က နင့်ရဲ့ဆံပင်နဲ့ အရောင်အတူတူပဲ။
o   I arrived at the same time as Tom.
ကျွန်တော်က တွမ်နဲ့ တစ်ချိန်တည်းမှာ ရောက်ခဲ့တယ်။
ဒီလောက်ဆိုရင် not as…as သုံးနှုန်းပုံ အခြေခံကို သိလောက်ပါပြီ။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။
စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

Monday, February 18, 2019

Give me that book! Give it to me.


give    lend    pass   send   show
ဒီ verbs တွေရဲ့နောက်မှာ ဖြစ်နိုင်တဲ့ ပုံစံနှစ်ခု ရှိပါတယ်။ ပထမတစ်ခုကို အရင် မှတ်ကြရအောင်။
give something to somebody
§  I gave the keys to Sarah.
ကျွန်တော် ဆာရာ့ကို သော့တွေ ပေးခဲ့တယ်။
နောက်ထပ် ပုံစံတစ်ခုက
Give somebody something
§  I gave Sarah the keys.
ကျွန်တော် ဆာရာ့ကို သော့တွေ ပေးခဲ့တယ်။
ပုံစံ နှစ်ခုထဲကမှ ပထမပုံစံကို ဥပမာတွေနဲ့ ထပ်ပြီး ကြည့်ကြပါမယ်။
Give something to somebody
§  That’s my book. Give it to me.
ဒါ ငါ့စာအုပ်ပဲ။ ငါ့ကို ပေးပါ။
§  These are Sue’s keys. Can you give them to her?
ဒါတွေက ဆူးရဲ့ သော့တွေပဲ။ သူ့ကို အဲဒါတွေ ပေး ပေးနိုင်မလား။
§  Can you give these flowers to your mother?
ဒီပန်းတွေကို မင်းရဲ့အမေကို ပေးနိုင်မလား။
§  I lent my car to a friend of mine.
ကျွန်တော်က ကျွန်တော့်ရဲ့ကားကို သူငယ်ချင်းတစ်ယောက်ကို ငှားခဲ့တယ်။
§  Did you send the money to Kate?
ကိတ်ဆီကို နင်ပိုက်ဆံပို့ခဲ့သလား။
§  We’ve seen these photos. You showed them to us.
ဒီပုံတွေကို တို့မြင်ပြီးပြီ။ မင်းတို့ကို ပြခဲ့တာလေ။
Give somebody something
§  Give me that book. It’s mine.
အဲဒီစာအုပ် ငါ့ကို ပေးပါ။ အဲဒါ ငါ့ဟာပါ။
§  Tome gave his mother some flowers.
တွမ်က သူ့ရဲ့အမေကို ပန်းတွေပေးခဲ့တယ်။
§  I lent Joe some money.
ကျွန်တော်က ဂျိုးကို ပိုက်ဆံချေးခဲ့တယ်။
§  How much money did you lend him?
နင်သူ့ကို ပိုက်ဆံ ဘယ်လောက် ချေးခဲ့တာလဲ။
§  I sent you an email. Did you get it?
ကျွန်တော် ခင်ဗျားဆီကို အီးမေးလ် ပို့ခဲ့တယ်။ ခင်ဗျား ရခဲ့သလား။
§  Nicola showed us her holiday photos.
နစ်ကိုလာက သူ့ရဲ့ အားလပ်ရက်ဓာတ်ပုံတွေကို တို့ကို ပြခဲ့တယ်။
§  Can you pass me the salt, please?
ကျေးဇူးပြုပြီး ဆားလေး ကမ်းပေးပါလား။
buy/get somebody something ပုံစံလေးလည်း သုံးနိုင်ပါသေးတယ်။
§  I bought my mother some flowers. (= I bought some flowers for my mother.)
ကျွန်တော့်ရဲ့အမေကို ကျွန်တော် ပန်းတွေဝယ်ပေးခဲ့တယ်။
§  I’m going to the shop. Can I get you anything? (= get anything for you)
ငါဆိုင်ကို သွားမလို့။ တစ်ခုခု ဝယ်လာခဲ့ပေးရမလား။
ဒီလိုပြောနိုင်ပါတယ်။
§  I gave the keys to Sarah.
§  I gave Sarah the keys.
ကျွန်တော် ဆာရာ့ကို သော့တွေ ပေးခဲ့တယ်။
§  That’s my book. Can you give it to me?
ဒါ ငါ့စာအုပ်ပါ။ အဲဒါ ငါ့ကို ပေးနိုင်မလား။
§  Can you give me that book?
ဒါ ငါ့စာအုပ်ပါ။ အဲဒါ ငါ့ကို ပေးနိုင်မလား။
အင်္ဂလိပ်တွေက it ဒါမှမဟုတ် them နဲ့ဆို ပထမပုံစံ (give something to somebody) ကို ပိုပြီး သဘောကျပါသတဲ့။
§  I gave it to her.
ကျွန်တော်သူ့ကို ဒါပေးခဲ့တယ်။
§  Here are the keys. Give them to your father.
ဒီမှာ သော့တွေ။ မင်းရဲ့အဖေကို ပေးလိုက်ပါ။

Monday, February 11, 2019

Verb Constructions 1


A.    Verb + -ing form
တချို့ verb တွေရဲ့ နောက်မှာ -ing ပုံစံလိုက်တယ်။ ဒီလိုသုံးစွဲပုံတွေကိုတော့ ကျွန်တော်တို့က ကျက်မှတ်ထားမှ ရတာပေါ့။
အမေးအဖြေလုပ်ပုံတွေကို ကြည့်ပြီး သုံးစွဲပုံတွေကို လေ့လာမှတ်သားရအောင်။ ကျွန်တော်တို့ စာလုံးတစ်လုံးကို လေ့လာဖို့ အကောင်းဆုံးနည်းကတော့ ဝါကျထဲမှာ သူ့ကို သုံးစွဲထားပုံကို လေ့လာမှတ်သားတဲ့ပုံစံပါ။ ဒါမှသာ ကိုယ်တိုင်လည်း ပြန်သုံးတတ်၊ ပိုပြီးတော့လည်း နားလည်နိုင်မှာပေါ့။ ကဲ….ကြည့်ရအောင်။
§  Do you enjoy studying?
စာလေ့လာရတာ ပျော်လား။
Yes, I do.
ဟုတ်ကဲ့ ပျော်ပါတယ်။
§  Do you mind getting up early?
စောစောထရတာကို စိတ်အနှောက်အယှက်ဖြစ်သလား။
No, I don’t mind at all.
ဟင့်အင်း လုံးဝ စိတ်အနှောက်အယှက်မဖြစ်ပါဘူး။
§  Do you like or dislike having your photograph taken?
ဓာတ်ပုံအရိုက်ခံရတာ ကြိုက်လား၊ မကြိုက်ဘူးလား။
I hate having my picture taken.
ကျွန်တော်ဓာတ်ပုံအရိုက်ခံတာမကြိုက်ဘူး။
§  Do you usually avoid speaking to strangers at parties?
ပါတီပွဲတွေမှာ တစိမ်းတွေနဲ့ စကားပြောရတာကို ရှောင်လေ့ရှိလား။
Yes. I prefer to talk to people that I already know.
ဟုတ်ကဲ့ ကျွန်တော်သိထားပြီးသားသူတွေနဲ့ စကားပြောရတာ ပိုသဘောကျပါတယ်။
§  Can you imagine being without a car?
ကားမရှိဘဲ နေရတဲ့ဘဝကို စိတ်ကူးကြည့်နိုင်သလား။
No, I can’t. I need my car.
မစဉ်းစားနိုင်ပါဘူး။ ကျွန်တော် ကားလိုတယ်။
§  Have you ever considered living in another country?
တခြားတိုင်းပြည်မှာ နေဖို့စိတ်ကူးဖူးသလား။

Yes, many times. I’d like to live abroad.
ဟုတ်ကဲ့ အကြိမ်ပေါင်းများစွာပေါ့။ ကျွန်တော်နိုင်ငံခြားမှာ နေချင်ပါတယ်။
§  Would you recommend having a holiday in the capital city of your country? If so, would you suggest going at a particular time of the year?
ရှင်တို့နိုင်ငံရဲ့ မြို့တော်ကို အားလပ်ရက်ခရီးထွက်ဖို့ ထောက်ခံသလား။ ထောက်ခံတယ်ဆိုရင် တစ်နှစ်တာရဲ့ အချိန်တစ်ခုခုကို အကြံပြုပေးနိုင်မလား။
Yes, I would, and I would suggest going in spring or autumn.
ဟုတ်ကဲ့ ထောက်ခံပါတယ်။ နွေဦးရာသီ ဒါမှမဟုတ် ဆောင်းဦးရာသီမှာ သွားဖို့ အကြံပြုပါတယ်။
ဒီဥပမာဝါကျတွေမှာ ပေးထားတဲ့ Verb + -ing form တွေကို ပြန်စုစည်းကြည့်လိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း ရမယ်။ ဒါကြောင့် ဒီ verb တွေနဲ့ -ing ပုံစံ သုံးလေ့ရှိကြောင်း မှတ်သားသင့်ပါတယ်။
§  enjoy + studying
§  mind + getting
§  like/ dislike + having
§  avoid + speaking
§  imagine + being
§  considered + living
§  recommend + having
B.    Verb + to infinitive
ထုံစံအတိုင်း  နမူနာဝါကျလေးတွေ အရင်ကြည့်လိုက်မယ်။
§  I hope to see them next week.
ကျွန်တော် သူတို့ကို နောက်တစ်ပတ်တွေ့ရဖို့ မျှော်လင့်တယ်။
§  They agreed to help me.
သူတို့က ကျွန်တော့်ကို ကူညီဖို့ သဘောတူတယ်။
§  I intend to leave next month.
ရှေ့လ ထွက်ခွာဖို့ ကျွန်တော် ရည်ရွယ်တယ်။
§  I offered to help them.
သူတို့ကို ကူညီဖို့ ကျွန်တော် ကမ်းလှမ်းခဲ့တယ်။
§  I attempted to cook the dinner, but it was terrible.
ကျွန်မ ညစာချက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒါက အရမ်းဆိုးရွားခဲ့တယ်။
§  I promised to bring her book back.
သူ့ရဲ့စာအုပ် ပြန်ယူလာပေးဖို့ ကျွန်တော် ကတိပေးခဲ့တယ်။
§  The shop assistant was very rude, so I demanded to see the manager.
ဆိုင်အကူက အရမ်းရိုင်းတယ်။ ဒါကြောင့် ကျွန်မက မန်နေဂျာနဲ့ တွေ့ဖို့ တောင်းဆိုခဲ့တယ်။
ဒီမှာပေးထားတဲ့ verb + to infinitive ပုံစံတွေကို ပြန်စုစည်းကြည့်လိုက်ရင် ခုလိုရပါတယ်။
§  hope to
§  agreed to
§  intend to
§  offered to
§  attempted to
§  promised to
§  demanded to
ဒါကြောင့် ဒီစကားလုံးတွေကို ကျက်မှတ်ထားသင့်ပါတယ်။
C.    Verb + (object) + preposition + noun/ -ing
ဒီလို တည်ဆောက်ပုံက နည်းနည်း ရှုပ်ပါတယ်။ ဒါကြောင့် နမူနာဝါကျတွေကို ကျေကျေညက်ညက် အရင်ကြည့်ကြပါမယ်။
A: Jo has just rung and asked me for advice about Turkey. They’re thinking of going there.
    ဂျိုက ငါ့ဆီ ခုပဲဖုန်းဆက်ပြီး တူရကီနိုင်ငံနဲ့ ပတ်သက်တဲ့ အကြာံဏ်တောင်းတယ်။ သူတို့က အဲဒီကို သွားဖို့ စဉ်းစားနေကြတယ်။
B: Well, be careful. They went to India last year on your advice and blamed you for the terrible holiday they had.
    အင်း ဂရုတော့ စိုက်ပေါ့။ နင့်ရဲ့ အကြံပေးချက်နဲ့ မနှစ်က သူတို့ အိန္ဒိယကို သွားတယ်။ ပြီးတော့ သူတို့ကြုံခဲ့တဲ့ ဆိုးရွားတဲ့ အားလပ်ရက်အတွက် နင့်ကို အပြစ်တင်ပါလေရော။
A: That was their fault. They insisted on going in summer when it was far too hot.
ဒါ သူတို့ အပြစ်လေ။ အရမ်းပူတဲ့အချိန် နွေရာသီမှာ သွားပါမယ်လို့ ဇွတ်လုပ်သွားတာကိုး။

ဒါလေးတွေ သိရပြီဆိုရင် ကျွန်တော်တို့ လုပ်သင့်တာက နမူနာဝါကျလေးတွေ ဖတ်မှတ်၊ ကူးရေး။ ပြီးတဲ့အခါ ကိုယ်ပိုင်ဝါကျလေးတွေ ဖွဲ့တာပေါ့။ ကြိုးစားကြည့်ပါဦး။
စည်သူထက်
Ref: English Vocabulary in Use (Stuart Redman)