နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Monday, February 11, 2019

Verb Constructions 1


A.    Verb + -ing form
တချို့ verb တွေရဲ့ နောက်မှာ -ing ပုံစံလိုက်တယ်။ ဒီလိုသုံးစွဲပုံတွေကိုတော့ ကျွန်တော်တို့က ကျက်မှတ်ထားမှ ရတာပေါ့။
အမေးအဖြေလုပ်ပုံတွေကို ကြည့်ပြီး သုံးစွဲပုံတွေကို လေ့လာမှတ်သားရအောင်။ ကျွန်တော်တို့ စာလုံးတစ်လုံးကို လေ့လာဖို့ အကောင်းဆုံးနည်းကတော့ ဝါကျထဲမှာ သူ့ကို သုံးစွဲထားပုံကို လေ့လာမှတ်သားတဲ့ပုံစံပါ။ ဒါမှသာ ကိုယ်တိုင်လည်း ပြန်သုံးတတ်၊ ပိုပြီးတော့လည်း နားလည်နိုင်မှာပေါ့။ ကဲ….ကြည့်ရအောင်။
§  Do you enjoy studying?
စာလေ့လာရတာ ပျော်လား။
Yes, I do.
ဟုတ်ကဲ့ ပျော်ပါတယ်။
§  Do you mind getting up early?
စောစောထရတာကို စိတ်အနှောက်အယှက်ဖြစ်သလား။
No, I don’t mind at all.
ဟင့်အင်း လုံးဝ စိတ်အနှောက်အယှက်မဖြစ်ပါဘူး။
§  Do you like or dislike having your photograph taken?
ဓာတ်ပုံအရိုက်ခံရတာ ကြိုက်လား၊ မကြိုက်ဘူးလား။
I hate having my picture taken.
ကျွန်တော်ဓာတ်ပုံအရိုက်ခံတာမကြိုက်ဘူး။
§  Do you usually avoid speaking to strangers at parties?
ပါတီပွဲတွေမှာ တစိမ်းတွေနဲ့ စကားပြောရတာကို ရှောင်လေ့ရှိလား။
Yes. I prefer to talk to people that I already know.
ဟုတ်ကဲ့ ကျွန်တော်သိထားပြီးသားသူတွေနဲ့ စကားပြောရတာ ပိုသဘောကျပါတယ်။
§  Can you imagine being without a car?
ကားမရှိဘဲ နေရတဲ့ဘဝကို စိတ်ကူးကြည့်နိုင်သလား။
No, I can’t. I need my car.
မစဉ်းစားနိုင်ပါဘူး။ ကျွန်တော် ကားလိုတယ်။
§  Have you ever considered living in another country?
တခြားတိုင်းပြည်မှာ နေဖို့စိတ်ကူးဖူးသလား။

Yes, many times. I’d like to live abroad.
ဟုတ်ကဲ့ အကြိမ်ပေါင်းများစွာပေါ့။ ကျွန်တော်နိုင်ငံခြားမှာ နေချင်ပါတယ်။
§  Would you recommend having a holiday in the capital city of your country? If so, would you suggest going at a particular time of the year?
ရှင်တို့နိုင်ငံရဲ့ မြို့တော်ကို အားလပ်ရက်ခရီးထွက်ဖို့ ထောက်ခံသလား။ ထောက်ခံတယ်ဆိုရင် တစ်နှစ်တာရဲ့ အချိန်တစ်ခုခုကို အကြံပြုပေးနိုင်မလား။
Yes, I would, and I would suggest going in spring or autumn.
ဟုတ်ကဲ့ ထောက်ခံပါတယ်။ နွေဦးရာသီ ဒါမှမဟုတ် ဆောင်းဦးရာသီမှာ သွားဖို့ အကြံပြုပါတယ်။
ဒီဥပမာဝါကျတွေမှာ ပေးထားတဲ့ Verb + -ing form တွေကို ပြန်စုစည်းကြည့်လိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း ရမယ်။ ဒါကြောင့် ဒီ verb တွေနဲ့ -ing ပုံစံ သုံးလေ့ရှိကြောင်း မှတ်သားသင့်ပါတယ်။
§  enjoy + studying
§  mind + getting
§  like/ dislike + having
§  avoid + speaking
§  imagine + being
§  considered + living
§  recommend + having
B.    Verb + to infinitive
ထုံစံအတိုင်း  နမူနာဝါကျလေးတွေ အရင်ကြည့်လိုက်မယ်။
§  I hope to see them next week.
ကျွန်တော် သူတို့ကို နောက်တစ်ပတ်တွေ့ရဖို့ မျှော်လင့်တယ်။
§  They agreed to help me.
သူတို့က ကျွန်တော့်ကို ကူညီဖို့ သဘောတူတယ်။
§  I intend to leave next month.
ရှေ့လ ထွက်ခွာဖို့ ကျွန်တော် ရည်ရွယ်တယ်။
§  I offered to help them.
သူတို့ကို ကူညီဖို့ ကျွန်တော် ကမ်းလှမ်းခဲ့တယ်။
§  I attempted to cook the dinner, but it was terrible.
ကျွန်မ ညစာချက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲဒါက အရမ်းဆိုးရွားခဲ့တယ်။
§  I promised to bring her book back.
သူ့ရဲ့စာအုပ် ပြန်ယူလာပေးဖို့ ကျွန်တော် ကတိပေးခဲ့တယ်။
§  The shop assistant was very rude, so I demanded to see the manager.
ဆိုင်အကူက အရမ်းရိုင်းတယ်။ ဒါကြောင့် ကျွန်မက မန်နေဂျာနဲ့ တွေ့ဖို့ တောင်းဆိုခဲ့တယ်။
ဒီမှာပေးထားတဲ့ verb + to infinitive ပုံစံတွေကို ပြန်စုစည်းကြည့်လိုက်ရင် ခုလိုရပါတယ်။
§  hope to
§  agreed to
§  intend to
§  offered to
§  attempted to
§  promised to
§  demanded to
ဒါကြောင့် ဒီစကားလုံးတွေကို ကျက်မှတ်ထားသင့်ပါတယ်။
C.    Verb + (object) + preposition + noun/ -ing
ဒီလို တည်ဆောက်ပုံက နည်းနည်း ရှုပ်ပါတယ်။ ဒါကြောင့် နမူနာဝါကျတွေကို ကျေကျေညက်ညက် အရင်ကြည့်ကြပါမယ်။
A: Jo has just rung and asked me for advice about Turkey. They’re thinking of going there.
    ဂျိုက ငါ့ဆီ ခုပဲဖုန်းဆက်ပြီး တူရကီနိုင်ငံနဲ့ ပတ်သက်တဲ့ အကြာံဏ်တောင်းတယ်။ သူတို့က အဲဒီကို သွားဖို့ စဉ်းစားနေကြတယ်။
B: Well, be careful. They went to India last year on your advice and blamed you for the terrible holiday they had.
    အင်း ဂရုတော့ စိုက်ပေါ့။ နင့်ရဲ့ အကြံပေးချက်နဲ့ မနှစ်က သူတို့ အိန္ဒိယကို သွားတယ်။ ပြီးတော့ သူတို့ကြုံခဲ့တဲ့ ဆိုးရွားတဲ့ အားလပ်ရက်အတွက် နင့်ကို အပြစ်တင်ပါလေရော။
A: That was their fault. They insisted on going in summer when it was far too hot.
ဒါ သူတို့ အပြစ်လေ။ အရမ်းပူတဲ့အချိန် နွေရာသီမှာ သွားပါမယ်လို့ ဇွတ်လုပ်သွားတာကိုး။

ဒါလေးတွေ သိရပြီဆိုရင် ကျွန်တော်တို့ လုပ်သင့်တာက နမူနာဝါကျလေးတွေ ဖတ်မှတ်၊ ကူးရေး။ ပြီးတဲ့အခါ ကိုယ်ပိုင်ဝါကျလေးတွေ ဖွဲ့တာပေါ့။ ကြိုးစားကြည့်ပါဦး။
စည်သူထက်
Ref: English Vocabulary in Use (Stuart Redman)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ