နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, February 9, 2019

still, yet, already


still, yet, already

ကျွန်တော်တို့ အခုပြောမယ့်စကားလုံးတွေက still, yet, already သုံးလုံးပါ။ ဒီစကားလုံးတွေ သုံးစွဲပုံကို လေ့လာကြည့်ရအောင်။
still
ပုံလေး အရင်ကြည့်ပါ။ ဒီပုံလေးမှာ လွန်ခဲ့တဲ့ တစ်နာရီက မိုးရွာနေတာ တွေ့တယ်မဟုတ်လား။ ဒါကြောင့် An hour ago it was raining. (လွန်ခဲ့တဲ့ တစ်နာရီက မိုးရွာနေတယ်) ဆိုပြီး ပြောထားတယ်။ ဟော…ဒုတိယပုံကို ကြည့်ပါဦး။ အခုအချိန်ကို ပြောတာ။ ဒါပေမဲ့ မိုးတိတ်ပြီလား။ မတိတ်သေးဘူးလေ။ မိုးရွာနေတုန်းပဲ။ ဒီတော့ It is still raining now. (အခု မိုးရွာနေတုန်းပဲ) လို့ ပြောတာပေါ့။


still = something is the same as before: (တစ်စုံတစ်ခုက အရင်ကနဲ့ အတူတူပဲ။ ဖြစ်နေတုန်း၊ ဖြစ်နေဆဲဆိုတဲ့ အဓိပ္ပာယ်)
§  I had a lot to eat, but I’m still hungry.
ကျွန်တော့်မှာ စားစရာတွေအများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဗိုက်ဆာတုန်းပဲ။ (= ကျွန်တော် အရင်က ဗိုက်ဆာတယ်။ အခုလည်း ဆာနေတုန်းပဲ)
§  “Did you sell your car?” “No, I’ve still got it.”
“မင်းရဲ့ကားကို ရောင်းလိုက်လား။” “ဟင့်အင်း ငါ့မှာ ရှိနေတုန်းပဲ”
§  “Did you still live in Barcelona?” “No, I live in Madrid now.”
“မင်း ဘာစီလိုနာမြို့မှာ နေတုန်းလား” “ဟင့်အင်း ငါ အခု မက်ဒရစ်မြို့မှာ နေတယ်”
yet
yet အကြောင်းကို မပြောခင် ပုံလေးအရင်ကြည့်ပါဦး။ လူနှစ်ထိုင်ပြီး စောင့်နေပုံကို တွေ့တယ်မဟုတ်လား။ ပထမပုံမှာ - လွန်ခဲ့တဲ့ မိနစ် ၂၀ တုန်းက သူတို့နှစ်ယောက်က ဘန် ကို စောင့်နေတယ်။ (Twenty minutes ago they were waiting for Ben.) ဒုတိယပုံကို ကြည့်ပါဦး။ ခုချိန်မှာ သူတို့က ဘန် ကို စောင့်နေတုန်းပဲ။ ဒါပေမဲ့ ဘန် က မရောက်သေးဘူး။ ဒီတော့ ခုလို ပြောထားတယ်။ They are still waiting for Ben. Ben hasn’t come yet. သူတို့က ဘန် ကို စောင့်နေတုန်းပဲ။ ဘန် မလာသေးဘူး။
ဒီပုံကြည့်လိုက်တဲ့အခါ သုံးစွဲပုံလေးကို ရိပ်မိလောက်ပြီ ထင်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ yet ဆိုတာ until now (ခုချိန်ထိ) ကို ရည်ညွှန်းပါတယ်။ ခုချိန်ထိ မလာသေး၊ မစားသေး၊ မလုပ်သေးတာကို ပြောဖို့ yet သုံးနိုင်တာပေါ့။


yet = until now
yet ရဲ့ အဓိပ္ပာယ်သိပြီဆိုရင် သုံးစွဲပုံကိုလည်း ကြည့်ကြမယ်။ yet ကို အငြင်းဝါကျတွေ (negative sentences) တွေနဲ့ မေးခွန်းဝါကျတွေ (questions) မှာ သုံးပါတယ်။ နောက်တစ်ချက် မှတ်ထားသင့်တာက yet ကို ဝါကျရဲ့ အဆုံးမှာ ထားလေ့ရှိပါတယ်။
ဥပမာလေးတွေ ကြည့်ကြရအောင်။
§  A: Where’s Emma?
အမ်မာ ဘယ်မှာလဲ။
B: She isn’t here yet.
သူ ဒီမှာ မရှိသေးဘူး။ (သူဒီမှာ ရှိလိမ့်မယ်။ ဒါပေမဲ့ ခုချိန်ထိတော့ မရောက်လာသေးဘူး)
§  A: What are you doing this evening?
ဒီညနေဘက် ဘာလုပ်မှာလဲ။
B: I don’t know yet.
မသိသေးဘူး။ (နောက်တော့ သိလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ် မသိသေးဘူး)
§  A: Are you ready to go yet?
သွားဖို့ အဆင်သင့်ဖြစ်ပြီလား။
B: Not yet. In a minute.
မဖြစ်သေးဘူး။ တစ်မိနစ်အတွင်း (အဆင်သင့်ဖြစ်မှာပါ)
§  A: Have you finished with the newspaper yet?
ဒီ သတင်းစာ ဖတ်ပြီးပြီလား။
B: No, I’m still reading it.
§  ဟင့်အင်း ဖတ်နေတုန်းပဲ။
yet နဲ့ still ကို နှိုင်းယှဉ်ကြည့်ရအောင်။
o   She hasn’t gone yet. = She’s still here.
သူ မသွားရသေးဘူး။ (သူဒီမှာ ရှိနေသေးတယ်ဆိုတာနဲ့ အဓိပ္ပာယ်တူတူ)
o   I haven’t finished eating yet. = I’m still eating.
ငါ စားလို့ မပြီးသေးဘူး။ (စားနေတုန်းပဲဆိုတာနဲ့ အဓိပ္ပာယ်တူတူ)
already
Already အကြောင်းကိုလည်း ပြောကြစို့။ မြန်မာလို already ဆိုတာ (….) ပြီးနှင့်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ စားပြီးနှင့်ပြီ။ သွားပြီးနှင့်ပြီ စသည်ဖြင့် ပြောချင်ရင် already သုံးရတယ်။ အင်္ဂလိပ်လိုတော့ already ဆိုတာ earlier than expected (မျှော်လင့်ထားတာထက် စောတယ်) ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
already = earlier than expected
§  “What time is Joe coming?” “He’s already here.”
“ဘယ်အချိန် ဂျိုး လာမှာလဲ” “သူ ဒီမှာ ရောက်နှင့်နေပြီ”
§  “I’m going to tell you what happened.” “That’s not necessary. I already know.”
“ဘာဖြစ်ခဲ့တာဆိုတာ ခင်ဗျားကို ကျွန်တော် ပြောပြမယ်” “မလိုပါဘူး။ ငါသိနှင့်ပြီးပြီ”
§  Sarah isn’t coming to the cinema with us. She has already seen the film.
ဆာရာက တို့နဲ့ ရုပ်ရှင်ရုံကို လာမှာ မဟုတ်ဘူး။ သူက ရုပ်ရှင်ကို ကြည့်နှင့်ပြီးပြီ။
ခုဆိုရင် still, yet, already သုံးစွဲပုံ အခြေခံကို နားလည်လောက်ပါပြီ။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။

စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)


No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ