နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Saturday, February 9, 2019

Word Order 2


Word Order 2

ဝါကျတစ်ခုမှာ စကားလုံးတွေကို မှန်မှန်ကန်ကန် စီစဉ်တဲ့အခါမှာ အရေးကြီးတဲ့ နောက်ထပ် တစ်ချက်အကြောင်းကို ပြောချင်ပါတယ်။ အောက်မှာ ပြထားတဲ့ စကားလုံးတွေကို ဝါကျတစ်ခုရဲ့ အလယ်မှာ verb နဲ့အတူ ထားလေ့ရှိပါတယ်။

တစ်ခုသတိပြုစေချင်တာက လေ့လာစလူတွေ အဆင်ပြေအောင် စာလုံးတွေရဲ့အဓိပ္ပာယ်ကို မြန်မာလိုပေးရပေမဲ့ ဒီအဓိပ္ပာယ်တွေပဲ ရှိတာမဟုတ်ပါဘူး။ စကားအဆက်အစပ်အပေါ်မူတည်ပြီး တခြားအဓိပ္ပာယ်တွေလည်း ရှိနိုင်ပါသေးတယ်။ ကြည့်ကြရအောင်။

§  always          - အမြဲ
§  usually          - ….လေ့ရှိသည်/ ….နေကျ
§  often            - မကြာခဏ
§  sometimes     - တစ်ခါတစ်ရံ၊ ရံဖန်ရံခါ
§  ever             - ….ဖူး (သလား)
§  never            - ဘယ်သောအခါမှ၊ ဘယ်တုန်းကမှ
§  rarely            - ရှားရှားပါးပါး၊ ကြုံတောင့်ကြုံခဲ
§  seldom         - ကြုံတောင့်ကြုံခဲ၊ ဖြစ်တောင့်ဖြစ်ခဲ
§  also              - လည်းပဲ
§  just              - ခုပဲ၊ ခုပင်
§  already         - (ရောက်၊ ရှိ) နေနှင့်ပြီ
§  still               - အထိ။ သေး။ တုန်း
§  all                - အားလုံး
§  both             - နှစ်ယောက်လုံး၊ နှစ်ခုလုံး

ဒီတိုင်းလေး ပြောရုံနဲ့တော့ ဘယ်လိုလုပ်ကျွမ်းကျင်ပါ့မလဲနော်။ ဒါကြောင့် ဥပမာဝါကျတွေနဲ့ တွဲမှတ်ရပါတယ်။ ဥပမာတွေ ကြည့်ပါ။

§  My brother never speaks to me.
ကျွန်တော့်ရဲ့အစ်ကိုက ကျွန်တော့်ကို ဘယ်တော့မှ စကားမပြောဘူး။
§  She’s always late.
သူက အမြဲနောက်ကျတယ်။
§  Do you often go to restaurants?
နင်စားသောက်ဆိုင်တွေကို သွားလေ့ရှိသလား။

§  I sometimes eat too much. (or Sometimes I eat too much.)
ကျွန်တော်က တစ်ခါတစ်လေမှာ အလွန်အကျွံစားတယ်။
§  A: Don’t forget to phone her.
သူ့ဆီဖုန်းဆက်ဖို့ မမေ့နဲ့။
B: I’ve already phoned her.
ငါ့သူ့ဆီဖုန်းဆက်ပြီးနှင့်ပြီ။
§  I’ve got three sisters. They’re all married.
ကျွန်မမှာ အစ်မသုံးယောက်ရှိတယ်။ သူတို့အားလုံးက အိမ်ထောင်ကျနေပြီ။

အခုပြောခဲ့တာက အားလုံးကို ခြုံငုံပြီး ယေဘုယျပြောခဲ့တာပေါ့။ ကဲ…အခု အသေးစိတ် ထပ်ကြည့်ကြပါမယ်။
♦ always, never စတဲ့ စကားလုံးတွေကို verb ရဲ့ အရှေ့မှာ ထားရပါတယ်။

ဥပမာလေးတွေ နဲ့ မှတ်သားရအောင်။
§  I always drink coffee in the morning.
ကျွန်တော် မနက်ခင်းမှာ အမြဲ ကော်ဖီသောက်တယ်။ (always ကို drink ရဲ့ ရှေ့မှာ ထားတာ သတိထားပေးနော်)
§  Helen often goes to London.
ဟယ်လင်က လန်ဒန်ကို မကြာခဏသွားတယ်။ (often က goes ရဲ့ ရှေ့မှာ)
§  You sometimes look unhappy.
နင်က တစ်ခါတစ်လေ စိတ်မချမ်းသာတဲ့ ပုံပေါ်တယ်။
§  They usually heave dinner at 7 o’clock.
သူတို့က ခုနစ်နာရီမှာ ညစာစားလေ့ရှိတယ်။
§  We rarely watch TV. or
တို့က တီဗီကြည့်ခဲတယ် (ဒါမှမဟုတ်)
§  We seldom watch TV.
တို့က တီဗီကြည့်ခဲတယ်။ (အဓိပ္ပာယ် အတူတူပဲနော်။ rarely နဲ့ seldom ခွဲပြီး သုံးပြထားတာ)
§  Richard is a good footballer. He also plays tennis and volleyball.
ရစ်ချတ်က ဘောလုံးသမားကောင်းတစ်ယောက်။ သူက တင်းနစ်နဲ့ ဘော်လီဘောလည်း ကစားတယ်။
§  I’ve got three sisters. They all live in London.
ငါ့မှာ အစ်မသုံးယောက်ရှိတယ်။ သူတို့အားလုံးက လန်ဒန်မှာ နေတယ်။

♦ always, never စတဲ့ စကားလုံးတွေကို ခုလို သုံးနှုန်းရတယ်ဆိုပေမဲ့ am, is, are, was, were စတဲ့ verb တွေနဲ့ကျတော့ အဲဒီ verb တွေရဲ့ အနောက်မှာ ထားရပါတယ်။

ဥပမာလေးတွေ ကြည့်ပါ။
§  I am always tired.
ကျွန်တော်က အမြဲ ပင်ပန်းနေတာ။ (am ရဲ့နောက်မှာ always ထားတာ သတိထားပေးပါ)
§  They are never at home during the day.
§  သူတို့က နေ့ဘက် အိမ်မှာ ဘယ်တုန်းကမှ မရှိဘူး။ (are ရဲ့နောက်မှာ never)
§  It is usually very cold here in winter.
§  ဒီမှာက ဆောင်းရာသီဆိုရင် အရမ်းအေးလေ့ရှိတယ်။
§  When I was a child, I was often late for school.
§  ကျွန်တော် ကလေးဘဝတုန်းက ကျွန်တော် မကြာခဏ ကျောင်းနောက်ကျလေ့ရှိတယ်။
§  A: Where’s Laura?
§  လော်ရာဘယ်မှာလဲ။
§  B: She’s still in bed.
§  သူ အိပ်ရာထဲမှာ ရှိနေတုန်းပဲ။
§  I’ve got two brothers. They’re both doctors.
§  ငါ့မှာ အစ်ကို နှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်လုံးက ဆရာဝန်တွေပါ။
ကျွန်တော်တို့ တဆင့်ချင်းပြောလာတာ အခု နှစ်ချက်ရပြီနော်။ တဆင့်ထပ်တက်ရအောင်။ ဒီတစ်ခါ verb နှစ်ခု ရှိတာတွေနဲ့ ပတ်သက်ပြီး သတိထားကြည့်မယ်။ verb နှစ်ခု ဆိုလို့ တခြားမထင်ပါနဲ့။ have…been တို့ can ….find စတာတွေကို ပြောချင်တာပါ။ ဟုတ်ပြီ…
♦ verb နှစ်ခုရှိတာတွေနဲ့ always, never စတဲ့ စကားလုံးတွေကို သုံးချင်ရင် verb နှစ်ခုကြား ထားပေးပါ။
ဥပမာတွေ ကြည့်ပါ။
§  I will always remember you.
ငါမင်းကို အမြဲသတိရနေမှာပါ။ (will နဲ့ remember ကြားမှာ always)
§  It doesn’t often rain here.
ဒီမှာ မကြာခဏမိုးမရွာဘူး။ (doesn’t နဲ့ rain ကြားမှာ often)
§  Do you usually go to work by car?
မင်းက အလုပ်ကို ကားနဲ့သွားလေ့ရှိသလား။

§  I can never find my keys.
ငါ့ရဲ့သော့တွေ လုံးဝရှာမတွေ့ဘူး။
§  Have you ever been to Egypt?
နင် အီဂျစ်ကို ရောက်ဖူးသလား။
§  A: Where’s Larua?
လော်ရာ ဘယ်မှာလဲ။
B: She’s just gone out.
သူ ခုပဲ အပြင်ထွက်သွားတယ်။
§  My friends have all gone to the cinema.
§  ကျွန်တော့်ရဲ့ သူငယ်ချင်းတွေအားလုံး ရုပ်ရှင်ရုံကို သွားကြပြီ။
ဒီလောက်ဆိုရင် word order ရဲ့ အခြေခံအဆင့်တွေ နားလည်လောက်ပါပြီ။ အင်္ဂလိပ်စာ အသုံးချပြီး ဘဝတိုးတက်အောင်မြင်ကြပါစေ။

စည်သူထက်
Ref: Essential Grammar in Use (Raymond Murphy)

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ