နှုတ်ခွန်းဆက်စကား

နှုတ်ခွန်းဆက်စကား

Friday, March 15, 2019

some and any

some နဲ့ any က တခါတလေ မှတ်ရတာ ခက်တတ်ပါတယ်။ ဒီတော့ အဲဒီနှစ်ခုကို နှိုင်းယှဉ် လေ့လာကြည့်ရအောင်။
some ကို မြန်မာလို အချို့။ အနည်းငယ် လို့ အဓိပ္ပာယ်ရကြောင်း သိပြီးမှာပေါ့နော်။ အဲဒီ some ကို ရိုးရိုးဝါကျတွေမှာ သုံးပါတယ်။
ဒီဥပမာတွေကို ကြည့်ပါ။
o   I’m going to buy some clothes.
ကျွန်မ အဝတ်အစား တချို့ဝယ်မယ်။
o   There’s some milk in the fridge.
ရေခဲသေတ္တာထဲမှာ နွားနို့တချို့ရှိတယ်။
o   We made some mistakes.
တို့က အမှားတချို့လုပ်ခဲ့တယ်။
any ကို အငြင်းဝါကျတွေမှာ သုံးပါတယ်။
ဥပမာတွေကို လေ့လာပါဦး။ some ကို သုံးထားပုံနဲ့ပါ နှိုင်းယှဉ်ကြည့်ပါ။
o   I’m not going to buy any clothes.
ကျွန်မက ဘာအဝတ်အစားမှ မဝယ်ဘူး။
o   There isn’t any milk in the fridge.
ရေခဲသေတ္တာထဲမှာ ဘာနွားနို့မှ မရှိဘူး။
o   We didn’t make any mistakes.
တို့က ဘယ်အမှားမှ မလုပ်ခဲ့ဘူး။
some and any in questions
မေးခွန်းအများစုမှာ (အားလုံးတော့ မဟုတ်ဘူးနော်) any ကို သုံးရပါတယ်။ (some ကို မသုံးရဘူး)
o   Is there any milk in the fridge?
ရေခဲသေတ္တာထဲမှာ နွားနို့ရှိလား။
o   Does he have any friends?
သူ့မှာ သူငယ်ချင်းတွေ ရှိသလား။
o   Do you need any help?
မင်းအကူအညီ တစ်ခုခု လိုသလား။
တစ်ခုခုကို ကမ်းလှမ်း (offer) တဲ့အခါ any မသုံးရဘဲ some သုံးရတယ်။ ကမ်းလှမ်းတဲ့ အသုံးအနှုန်းဖြစ်တဲ့ Would you like ….? နဲ့ စပြီး သုံးတာမျိုးပေါ့။
o   A: Would you like some coffee?
ကော်ဖီသောက်ချင်လား။
B: Yes, please.
ဟုတ်ကဲ့ ကျေးဇူးပြုပြီး (ပေးပါ)။
some ကို ကမ်းလှမ်းတဲ့ နေရာမှာ သုံးရုံတင်မက ပစ္စည်းတွေကို တောင်းတဲ့အခါမှာလည်း သုံးတယ်။ Can I have …..? နဲ့ စပြီး ပြောတဲ့စကားမျိုးမှာသုံးတတ်တယ်။
o   A: Can I have some soup, please?
ကျေးဇူးပြုပြီး စွတ်ပြုတ်လေး ရနိုင်မလား။
B: Yes. Help yourself.
ဟုတ်ကဲ့။ ကိုယ့်ဘာသာ ယူလိုက်နော်။
o   A: Can you lend me some money?
ကျွန်တော့်ကို ပိုက်ဆံချေးပေးနိုင်မလား။
B: Sure. How much do you need?
ရတာပေါ့။ ဘယ်လောက်လိုလဲ။
some and any without a noun
ခုထိ ပြောခဲ့တာတွေမှာ some တို့ any တို့ကို noun နဲ့ တွဲသုံးတာတွေချည်းပါပဲ။ some နဲ့ any ကို noun မပါဘဲနဲ့လည်း သုံးနိုင်ပါတယ်။ ဒီဥပမာတွေကို ကြည့်ပါ။
o   I didn’t take any pictures, but Jessica took some. (=some pictures)
ကျွန်တော် ဘာဓာတ်ပုံမှ မရိုက်ခဲ့ဘူး။ ဒါပေမဲ့ ဂျက်ဆီကာကတော့ တချို့ ရိုက်ခဲ့တယ်။ (တချို့ဓာတ်ပုံလို့ ဆိုလို)
o   You can have some coffee, but I don’t have any. (=any coffee)
နင်က ကော်ဖီသောက်လို့ရတယ်။ ဒါပေမဲ့ ငါ့မှာ ဘာမှ မရှိဘူး။ (ဘာကော်ဖီမှ မရှိဘူး)
o   I’ve just made some coffee. Would you like some? (=some coffee)
ကျွန်မခုပဲ ကော်ဖီဖျော်ထားတယ်။ ရှင်သောက်မလား။
o   “Where’s your luggage?” “I don’t have any.” (=any luggage)
“ခင်ဗျားရဲ့ အထုပ်အပိုးတွေ ဘယ်မှာလဲ” “ကျွန်တော့်မှာ ဘာမှမပါပါဘူး”

o   “Are there any biscuits?” “Yes, there are some in the kitchen.” (=some bicuits)
“ဘီစကစ်တွေ ရှိလား” “ဟုတ်ကဲ့ မီးဖိုထဲမှာတော့ တချို့ရှိတယ်”
something/ somebody (someone) နဲ့ anything/ anybody (anyone) တို့ကို သုံးစွဲပုံကလည်း some နဲ့ any ကို သုံးစွဲပုံနဲ့လည်း တူတူပါပဲ။ ဥပမာဝါကျလေးတွေ ကြည့်ကြည့်ပါ။
something/ somebody (someone)
o   She said something.
သူတစ်ခုခုပြောခဲ့တယ်။
o   I saw somebody (someone).
ကျွန်တော် တစ်ယောက်ယောက်ကို တွေ့ခဲ့တယ်။
o   Would you like something to eat?
နင်စားစရာ တစ်ခုခု လိုချင်လား။ (တစ်ခုခု စားချင်လား)
o   Somebody’s at the door.
တစ်ယောက်ယောက်ကတော့ တံခါးမှာ။
anything/ anybody (anyone)
o   She didn’t say anything.
သူက ဘာမှ မပြောခဲ့ဘူး။
o   I didn’t see anybody (anyone).
ကျွန်တော် တစ်ယောက်မှ မတွေ့ခဲ့ဘူး။
o   Are you doing anything tonight?
ဒီည နင်တစ်ခုခု လုပ်မှာလား။
o   Where’s Sue? Has anybody seen her?
ဆူးဘယ်မှာလဲ။ တစ်ယောက်ယောက်များ သူ့ကို တွေ့မိကြသလား။


Saya Sithu Htet
Ref: Essential English Grammar in Use (Raymond Murphy)
4th edition, Cambridge University Press

No comments:

Post a Comment

အပြုသဘောဆောင်သောမှတ်ချက်များကိုကြိုဆိုပါတယ်ခင်ဗျာ